(၂၀၄၇) အိန္ဒိယကို မြန်မာ့ဟန်ဖြင့် လေ့လာခြင်း (အပိုင်း-၂)

 233

မျိုးမင်း(မကျည်းလဟာ) (NP News) - အောက်တိုဘာ ၂၈

RIS ကို လေ့လာခြင်း
အရှေ့တောင်အာရှလိုမျိုး ဖွံ့ဖြိုးဆဲနိုင်ငံငယ်တွေကို လေ့လာသုတေသနလုပ်တဲ့ အိန္ဒိယ RIS ဟာ ဘာကြောင့် အိန္ဒိယ ဖွံ့ဖြိုးတိုးတက်လာရသလဲဆိုတာကိုသက်သေပြနေတဲ့အဖွဲ့အစည်းတွေထဲက တစ် ခုဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မူဝါဒအောက်ကနေ (၁၉၈၃) ခုနှစ်မှာဖွဲ့စည်းလိုက်တဲ့ အဖွဲ့အစည်းဖြစ်သလို အိန္ဒိယအစိုးရအတွက် လိုအပ်တဲ့သုတေသနပြုမှု၊ အကြံပြုချက်ပေးအပ်နိုင်မှု အပါ အဝင် နိုင်ငံတကာဆိုင်ရာ အဖွဲ့အစည်းတွေ၊ အစိုးရ တွေနဲ့ သုတေသနအဖွဲ့တွေကြားမှာ မဟာမိတ်ဆက် ဆံရေး၊ တီထွင်ဖန်တီးမှု၊ ဖွံ့ဖြိုးတိုးတက်မှုတွေအပေါ် အာရုံစိုက်တဲ့ အဖွဲ့အစည်းပါ။ အထူးသဖြင့် အာရှ၊ အာဖရိက နှင့် လတ်တလောဖွံ့ဖြိုးလာတဲ့နိုင်ငံတွေကြားမှာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာ စေဖို့ အာရုံစိုက်တဲ့ think tank အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။ အာဆီယံဒေသက ဂျာနယ်လစ်တွေနဲ့ တွေ့ဆုံမှုမှာ RIS ရဲ့သမိုင်းကြောင်းတွေကို ရှင်းပြနေသလို ကမ္ဘာကြီးတစ်ခုလုံးကို သူတို့စောင့်ကြည့်နေ ကြောင်းအသိပေးပါတယ်။ ကမ္ဘာမှာခေတ်စားလာတဲ့ Global South အယူအဆလိုမျိုး အကြောင်းအရာ တွေကလည်း ထည့်သွင်းသုတေသနပြုရမယ့်ကိစ္စဖြစ်သလို South-South သုံးနားညီပူးပေါင်းဆောင်ရွက် မှုကိုလည်းပြောပါတယ်။ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေးနဲ့နည်းပညာဆိုပြီး ကဏ္ဍလေးခုခွဲ လေ့လာသုတေသနပြုနေသလို အမေရိကန်လို ကမ္ဘာ့နံပါတ်တစ်နိုင်ငံရဲ့ နံပါတ်တစ်ဖြစ်ရခြင်းကိုလည်း လေ့လာကြပါတယ်။ အလားတူ မြန်မာလိုမျိုး အိမ်နီးချင်းနိုင်ငံရဲ့အနေအထားကိုပါ လေ့လာမှာသေချာပါ တယ်။ မြန်မာအပါအဝင် အာဆီယံနိုင်ငံတွေဟာ အိန္ဒိယနဲ့ယှဉ်ရင် တစ်ဆင့်နိမ့်နိုင်ငံအဖြစ်ရှိနေတယ် ဆိုတာ လက်ခံရမှာဖြစ်ပေမယ့် ဂျာနယ်လစ်တွေကတော့ ရှိန်နေတာမျိုးမရှိဘဲ မေးစရာရှိတာမေးကြပါ တယ်။ မြန်မာတစ်ယောက်အနေနဲ့ကတော့ RIS ဟာ မြန်မာနိုင်ငံအကြောင်း သေချာလေ့လာထားလိမ့် မယ်လို့ ယုံကြည်ထားသလို မေးရင်လည်း အပေါ်ယံလောက်သာဖြေဆိုမယ်လို့နားလည်ထားပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံဟာ ရေခံမြေခံကောင်းပေမယ့်အတွင်း ကြိတ်ဖြစ်နေတဲ့ ပြဿနာတွေရဲ့ ဆိုး ကျိုး သံသရာကို နှစ်ပေါင်း(၇၀)ကျော်ခံစားနေရတယ်ဆိုတာမျိုး RIS က နားလည်ထားပုံရပါတယ်။ အိန္ဒိယ အတွက်တော့ မြန်မာနိုင်ငံဟာ ပြိုင်စရာမဟုတ်သလို ထည့်စဉ်းစားစ ရာမလိုတဲ့အဆင့်မှာပဲ ရှိနေ မယ်လို့ယူဆနိုင်တာပါ။ သို့ သော်လည်း မြန်မာက MISIS (Myanmar Insti­tute of Strategic and International Studies) နဲ့ နားလည်မှုစာချွန်လွှာထိုးထားတယ်လို့ RIS အကြီးအကဲတစ်ဦးကပြောလာ တဲ့အတွက် ခေါင်းတော့ထောင်သွားမိပါတယ်။ ဘာကြောင့်လဲဆိုတော့ အခြားသောအာဆီယံနိုင်ငံတွေနဲ့ ခပ်များများ လက်မှတ်ထိုးထားတာမရှိပါဘူး။ မြန်မာက MISIS ဟာ ပေါ်ပေါက်လာတာ သက်တမ်း တို ပေမယ့် အဆင့်အတန်းတစ်ခုထားပြီး ဆက်ဆံခံရတယ်လို့ဆိုနိုင်တာပါ။ ကမ္ဘာလုံးဆိုင်ရာ Global South အယူအဆအတွက် နိုင်ငံ(၈၉)ခုက ပညာရှင်ပေါင်း (၁၅၄)ဦးနဲ့ လက်မှတ်ရေးထိုးပြီး အပြန်အလှန် သုတေ သန ဖလှယ်ကြသလို DAKSHIN လို့အမည်ပေးထားတဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာ မျှဝေခြင်း အစီအစဉ်အတွက် Institution (၇)ခုနဲ့ ပါတနာတွေ ဖြစ်ထားပါတယ်။ မြန်မာလည်း တစ်ခုအပါအဝင်ပါ။ ဂျာနယ်လစ်တွေထဲမှာ အရှေ့တီမောကမေးတဲ့မေးခွန်းကိုတော့ နည်းနည်းပြုံးမိသလိုဖြစ်သွားခဲ့ပါတယ်။ အောက်တိုဘာလထဲမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ် မှာမို့လို့ အရှေ့တီမောနဲ့ RIS တို့အကြား ပူးပေါင်း ဆောင်ရွက်မှုတွေရှိနိုင်မလဲလို့မေးခဲ့သလို တစ်ဖက်ကလည်း အစိုးရတွေချင်း ချိတ်ဆက်ဆောင်ရွက်မှု မြင့်မားလာတာနဲ့အမျှ နောက်ဆက်တွဲလုပ်ငန်းစဉ်တွေ ရှိလာရင် ပူးပေါင်းဆောင်ရွက်မှုတွေလည်း ဖြစ် လာနိုင်ပါတယ်လို့ပြန်ဖြေခဲ့ပါတယ်။ အမေရိကန်က အိန္ဒိယကို အခွန်တိုးမြှင့်ကောက်ခံမှုအတွက် မေးခွန်း မေးချိန်မှာတော့ တစ်နှစ်ကို ဒေါ်လာ(၂၄)ဘီလျံဖိုးလောက် ဖုန်းနဲ့ ဆက်စပ်ပစ္စည်းတွေ အမေရိကန်နိုင်ငံ ဆီ တင်ပို့နေခြင်းက ကုန်သွယ်မှုမှာ အမေရိကန်တို့ အခွန်တိုးကောက်ဖို့ဖြစ်လာရခြင်းအကြောင်းအရာ တွေထဲက တစ်ခုဖြစ်တယ်လို့ပြောပါတယ်။ RIS အ ကြောင်းနားထောင်နေရင်းနဲ့ နားမလည်တာလည်း ရှိ သလို နားလည်မိတာလည်းရှိပါတယ်။ တွေးမိလာတဲ့ အတွေးကတော့ နိုင်ငံတွေအင်အားကြီးထွားလာရ ခြင်းရဲ့နောက်ကွယ်မှာ တိုင်းပြည်ကိုတကယ်ချစ်မြတ်နိုးတဲ့ ပညာတတ်တွေပေါများလာမှုနဲ့ သုတေသန ကို ထိထိရောက်ရောက် ကောင်းကောင်းမွန်မွန်အားထည့်လုပ်ကိုင်မှုကလည်း အခရာကျမယ်ဆိုတဲ့ အချက်ပါ။ အထူးသဖြင့် မြန်မာ MISIS ကအဖွဲ့ဝင်တွေဟာ အိန္ဒိယ RIS က ပုဂ္ဂိုလ်တွေလောက်လုပ်နိုင်ပြီ လားလို့ တိတ်တိတ်လေးတွေးနေမိပါတယ်။

CDRI ရဲ့ ဆွေးနွေးခန်းကို လေ့လာခြင်း
သဘာဝဘေးအန္တရာယ်တွေနဲ့ပတ်သက်ပြီး CDRI ရဲ့ဆွေးနွေးချက်တွေကို နားထောင်ခွင့်ရတာက လည်း မြန်မာဂျာနယ်လစ်တစ်ယောက်အတွက်တော့ ကံကောင်းခြင်းတစ်ခုပါပဲ။ CDRI (Coal­ition for Disaster Resilient Infrastructure) ဟာ ကမ္ဘာလုံးဆိုင်ရာ သဘာဝဘေးအန္တရာယ်တွေကို လေ့လာ စောင့်ကြည့်၊ သုတေသနပြုရင်း လိုအပ်တဲ့ အကြံဉာဏ်တွေပေးအပ်တဲ့အဖွဲ့အစည်းပါ။ ရာသီဥတုနဲ့ သဘာဝ ဘေးအန္တရာယ်တွေကိုဆန့်ကျင်တဲ့ အခြေခံအဆောက်အအုံခံနိုင်ရည် အားကောင်းစေဖို့ ရည် ရွယ်ဖော်ဆောင်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်အဖွဲ့လည်းဖြစ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံပေါင်း (၅၀)၊ မိတ်ဖက်အဖွဲ့အစည်း(၁၀)ခုနဲ့ အသိပညာဖလှယ်ခြင်း၊ သုတေသနလုပ်ငန်းကိုတွန်းအားပေးခြင်းနဲ့ ဘေး အန္တရာယ် ခံနိုင်ရည်ရှိတဲ့ အခြေခံအဆောက်အအုံတွေကိုသာ ရင်းနှီးမြှုပ်နှံကြဖို့အတွက် အစိုးရတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အကြံပြုနေပါတယ်။ CDRI ရဲ့ရည်မှန်းချက် ဟာ (၂၀၅၀) ပြည့်နှစ်ရောက်ရင် ရှိပြီးသားအဆောက်အအုံတွေနဲ့ အသစ်ဖြစ်လာမယ့် အဆောက်အအုံ တွေဟာ လူသန်းပေါင်း(၃၀ဝဝ)ကျော်ထက်မနည်းကို သဘာဝဘေးအန္တရာယ်ကနေရှောင်ရှားစေနိုင်မယ့် လမ်းညွှန်မှု ပေးနိုင်ရေးပါ။ သက်တမ်း (၆)နှစ်ပဲရှိနေသေးပေမယ့် ဝန်ကြီးချုပ်မိုဒီကိုယ်တိုင်လမ်း ညွှန်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် ထင်ရှားတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ သဘာဝဘေးဟာ လူသားတွေ ရှာဖွေ စုဆောင်းထားတဲ့ပိုင်ဆိုင်မှုတွေနဲ့ တည်ဆောက်မှုတွေထဲက သုံးပုံနှစ်ပုံကို တိုက်စား ဖျက်ဆီးပစ် လေ့ရှိတယ်လို့ CDRI ကညွှန်းဆိုထားပါတယ်။ တစ်ကမ္ဘာလုံးဟာ သဘာဝဘေးကြောင့် ဒေါ်လာ (၇၀ဝ) ဘီလျံကနေ ဘီလျံ(၈၀ဝ)ကျော်အထိ နှစ် စဉ်ဆုံးရှုံးနေတယ်လို့ လာမယ့်နှစ်(၂၀)အတွင်းမှာလည်း ဒီထက် ဆိုးရွားတာတွေရင်ဆိုင်ရနိုင်ခြေရှိ တယ်လို့တွက်ချက်ထားပါတယ်။ လွန်ခဲ့တဲ့နှစ်(၂၀ဝ)အတွင်းက တည် ဆောက်ခဲ့တဲ့ လူသားတွေရဲ့အမွေအနှစ်တွေဟာ လာမယ့် နှစ်ပေါင်း(၂၀)အတွင်းမှာ ဘယ်လောက်ပဲ ကျန် ရှိတော့မလဲဆိုတာမသိနိုင်ပါဘူး။ ဆိုလိုတာက သဘာဝဘေးဒဏ်ရဲ့ဖျက်ဆီးခြင်းကို ခံရမှာ သေချာတယ် လို့ ခန့်မှန်းထားတာပါ။ သူတို့ပြောသမျှကို အားလုံးနားမလည်ပေမယ့် နားလည်မိလိုက်တာ တချို့နဲ့ မြန်မာနိုင်ငံအတွက်လှမ်းတွေးမိလိုက်တာ ကတော့ မြန်မာတွေရဲ့ ယဉ်ကျေးမှုအမွေအနှစ် တွေကော ဘယ်လောက်ကျန်နိုင်ဦးမလဲဆိုတာပါပဲ။ ပြီးတော့ CDRI ဟာ မြန်မာနိုင်ငံနဲ့ချိတ်ဆက်မှု မရှိသေးသလို မြန်မာကလည်း သွားရောက်ချိတ်ဆက် ခြင်းမရှိသေးပါဘူး။ လွန်ခဲ့တဲ့လပိုင်းကမှခံစားခဲ့ရတဲ့ ငလျင် ဒဏ် ကြောင့် မြန်မာတို့ တွန့်ကြေနေချိန်မှာ CDRI လိုအဖွဲ့အစည်းနဲ့ ချိတ်ဆက်နိုင်မှုမရှိသေးတာ ဟာ ဘယ် လောက် နစ်နာသလဲဆိုတာ စဉ်းစားကြည့် နိုင်ပါတယ်။ ဆွေးနွေးပွဲထဲမှာ တွေးနေမိတဲ့အတွေး တွေက လတ်တလောရင်ဆိုင်ထားရတဲ့ငလျင်နဲ့ စစ်ဘေးဒဏ်တွေဟာ မြန်မာတွေရဲ့အမွေအနှစ်တချို့ကို ပယ် ပယ် နှယ်နှယ်ဖျက်ဆီးနေပြီဆိုတာပါပဲ။ လက်ရှိ နောက်ဆုံးလေးနှစ်အတွင်း မြန်မာတွေရင်ဆိုင်လိုက် ရတာက မိုခါမုန်တိုင်း၊ ရေဘေး၊ ငလျင်ဘေးနဲ့ စစ်မက်ဖြစ်ပွားမှုတွေဟာ နိုင်ငံသားတွေရဲ့ ပိုင်ဆိုင်မှုငွေ ကြေး ကျပ်ဘီလျံ(၁၀ဝဝဝ)ထက်မနည်းဆုံးရှုံးထား ပြီးသားဖြစ်နေသလို ပျက်စီးသွားတဲ့အမွေအနှစ်တချို့ ကတော့ တန်ဖိုးတွက်ချက်မှုမလုပ်ရဲအောင်ပါပဲ။ မြန်မာက လူကယ်ပြန်ဝန်ကြီးဌာနဟာ အိန္ဒိယ CDRI ကို ချိတ်ဆက်ဖြစ်ခဲ့ရင်ကောင်းမယ်လို့တွေးမိသလို CDRI ဆီကနေ အကြံဉာဏ်တွေ၊ နည်းပညာအထောက် အကူ ပေးမှုတွေနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်ဆိုင်ရာ အတွေးအခေါ် အယူအဆတွေရလိမ့်မယ် လို့ ယုံကြည်ပါတယ်။ ငလျင်ကြောင့်ပျက်စီး သွားတဲ့ နေပြည်တော်က အစိုးရအိမ်ရာတွေတောင် အခုထိ ပြင်ဆင်ထိန်းသိမ်းလို့မပြီးသေးဘူးမဟုတ်ပါလား။

CII ကို လေ့လာမိသောအခါ
စက်တင်ဘာ(၂၄)ရက်အတွက် နောက်ဆုံးလေ့လာရမယ့်အဖွဲ့အစည်းက CII ပါ။ Confederation of Indian Industry (CII) ဟာ မြန်မာနိုင်ငံက ကုန်သည်စက်မှုအသင်းချုပ့် UMFCCI လိုမျိုး စီးပွားရေး အဖွဲ့အစည်းကြီးပါပဲ။ သို့သော်လည်း မြန်မာကုန်သည်စက်မှုအသင်းချုပ်ထက်တော့ ဘယ်ရှုထောင့်က ဖြစ်ဖြစ် သာကိုသာနေလိမ့်မယ်ဆိုတာ ပြောစရာမလိုဘူးထင်ပါတယ်။ တစ်နေ့တာလုံးမှာ ပထမဆုံး သတိထားမိသွားလိုက်တာက (၂၀၄၇) ခုနှစ်မှာ အိန္ဒိယရဲ့စီးပွားရေးဟာ ကမ္ဘာ့ထိပ်သီးစူပါပါဝါ အဆင့်ကို တက်လှမ်းနိုင်စေဖို့ ရည်မှန်းထားတယ်ဆိုတဲ့အချက်ပါ။ ဖွံ့ဖြိုးမှုအမြင့်ဆုံးတိုင်းပြည်ဖြစ်ဖို့ ရည်မှန်းချက် ထားတယ်လို့သိရပါတယ်။ (၂၀၄၇) ခုနှစ်လို့ သူတို့ခေါင်းစဉ်တပ်ရခြင်းက ဘာကြောင့်လဲဆိုတာ စဉ်းစား မရဖြစ်ခဲ့ပါသေးတယ်။ (၂၀၅၀)တို့ ဘာတို့ဆိုရင်တောင် အဟုတ်သား။ သို့သော်လည်း (၂၀၄၇) ခုနှစ်ဟာ အိန္ဒိယတို့ ဗြိတိန်ကျွန်ဘဝက လွတ် မြောက်ခြင်း နှစ်(၁၀ဝ)ပြည့်ကာလဖြစ်သလို နိုင်ငံကြီးတစ်ခု ပြန် လည် တည်ဆောက်ရခြင်း နှစ်(၁၀ဝ)ပြည့် ကာလပါပဲ။ ဒါကြောင့် (၂၀၄၇)လို့ သူတို့ ရည်မှန်းနေတာပါ။ CII ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံအသီးသီးက စီးပွားရေးအသင်းအဖွဲ့တွေနဲ့ ချိတ်ဆက်ထားသလို စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်တွေ၊ အစည်းအဝေးတွေ၊ သီးသန့်တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်ဆောင် ပါတယ်။ အထူးသဖြင့် အိန္ဒိယနိုင်ငံ ဘယ်လိုအကျိုးရှိ နိုင်မလဲဆိုတဲ့ရှုထောင့်ကနေ ချဉ်းကပ် စဉ်းစားလုပ် ဆောင်သလို အိန္ဒိယ စီးပွားရေးတိုးတက်ဖို့အတွက် နည်းလမ်းပေါင်းစုံကနေ ကြိုးစားတယ်လို့ဆိုပါတယ်။ အိန္ဒိယ ထုတ်ကုန်တွေ ကမ္ဘာတစ်လွှားမှာပျံ့နှံ့စေဖို့ကြိုး စားသလို အိန္ဒိယကိုဝင်လာမယ့် ကုန်ပစ္စည်း မျိုးစုံ အတွက်လည်း လမ်းကြောင်းရှာဖွေပေးပါတယ်။ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေရှာဖွေပေးသလို ရင်းနှီး မြှုပ်နှံလို သူတွေအတွက်လည်း နေရာရှာပေးပါတယ်။ မြန်မာနိုင်ငံက UMFCCI နဲ့ MCF ဟာ CII နဲ့ MOU ထိုးထားတယ်လို့သိရပါတယ်။ တစ်နည်းအားဖြင့် တစ်နိုင်ငံနဲ့တစ်နိုင်ငံ စီးပွားရေးလုပ်ငန်းတွေ လုပ် ဆောင်ရာမှာ အပြန်အလှန်ချိတ်ဆက်လုပ်ဆောင်ကြဖို့နဲ့ အပြန်အလှန်ကူညီအားဖြည့်ကြဖို့ ရည်ရွယ်ပုံ ရပါတယ်။ CII ရဲ့ဒါရိုက်တာတစ်ယောက်ကို အနီးကပ်သွားစကားပြောဖြစ်တာမှာတော့ မြန်မာနိုင်ငံဟာ သူတို့စိတ်ဝင်စားမှုမြင့်မြင့်မားမားထားရတဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တယ်လို့ပြောခဲ့သလို CII နဲ့ မြန်မာပြည် ကို သူကိုယ်တိုင်လာရောက်ခဲ့ဖူးတယ်လို့ပြောပါတယ်။ UMFCCI နဲ့ နီးနီးကပ်ကပ် ဆက်ဆံသလို အိန္ဒိယ ရဲ့ အဓိကမိတ်ဖက်တစ်ခုလည်းဖြစ်တယ်လို့ဆိုပါတယ်။ သူတို့နဲ့ အာဆီယံဂျာနယ်လစ်တွေရဲ့တွေ့ဆုံမှုက တော့ နည်းနည်းငြီး ငွေ့ဖွယ်ကောင်းပါတယ်။ တစ်နည်းအားဖြင့် ဂျာနယ်လစ်တွေက နည်းနည်းလေး ပင်ပန်း လာကြတာကြောင့်လည်းပါဝင်ပါတယ်။ မေးခွန်းမေးကြတဲ့အခါမှာလည်း သက်ဆိုင်ရာနိုင်ငံဂျာ နယ်လစ်တွေက သူတို့နိုင်ငံရဲ့စီးပွားရေးအတွက် CII နဲ့ ပူးပေါင်းဆောင်ရွက်မှုအကြောင်းတွေ၊ စီးပွားရေး ပေါ်လစီချမှတ်မှုအကြောင်းတွေနဲ့ အိန္ဒိယ-အမေရိ ကန်ကြား အခွန်တိုးကောက်ခြင်းပြဿနာတွေက မေးစရာ ဖြေစရာတွေဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ CII ကတော့ အိန္ဒိယအစိုးရကို ထိခိုက်စေနိုင်တဲ့အဖြေမျိုးကို ဘယ်တုန်းကမှမပေးခဲ့သလို ဂျာနယ်လစ်တွေအကြိုက် စကားလုံးတွေကိုသုံးနှုန်းဖို့ရှောင်ရှားပါတယ်။ တစ်နည်းအားဖြင့် မြင်မိသမျှ ပွင့်ပွင့်လင်းလင်းပြောရရင် ဂျာနယ်လစ်တွေကို CII တာဝန်ရှိသူတွေက သိပ်သဘောတွေ့ပုံမရပါဘူး။ အဖြေတွေဟာ ပေါ့နေသလို မျက်လုံးတွေက တာဝန်အရဖြေနေရကြောင်း ဝန်ခံနေကြပါတယ်။ မလေးရှားနဲ့ထိုင်းက သတင်းထောက် တွေကတော့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ မေးခွန်းတွေ အမြဲရှိနေတာမြင်ရကြောင်းပါ။ CII နဲ့ ဆွေးနွေးမှုအပြီးမှာတော့ Dilli Haat လို့ခေါ်တဲ့ နယူး ဒေလီရဲ့ အသည်းနှလုံးဆိုပြီးတင်စားကြတဲ့ ဈေးတန်းကိုရောက်ခဲ့ပါသေးတယ်။ (၂၀၁၆)ခုနှစ်တုန်းက တစ်ကြိမ်ရောက်ခဲ့ဖူးလေတော့ သတိကြီး ကြီးထားစရာတွေရှိခဲ့ပြန်ပါတယ်။ ပြောရရင် အိန္ဒိယ အစိုးရ ရဲ့ခရီးစဉ်တိုင်းလိုလိုမှာ ဒီနေရာကို အရောက်ပို့ လေ့ရှိပါတယ်။ ဈေးဝယ်ချင်ရင် ဒီမှာဝယ်ဆိုတဲ့သဘော ပါ။ တကယ်လည်း လေ့လာဖြစ်ခဲ့ပါတယ်။ ကမ္ဘောဒီးယားကသတင်းထောက်ကိုတော့ ကျွန်တော်ပြော ဖြစ်ပါသေးတယ်။ ဈေးဝယ်မယ်ဆိုရင် သူတို့ပြောတဲ့ဈေးရဲ့ ထက်ဝက်လောက်မဟုတ်ရင်တောင် သုံးချိုး တစ်ချိုး လောက်ရအောင်ဈေးဆစ်ပါလို့။ ကျွန်တော်ကိုယ်တိုင်လည်း အမေ့အတွက်အိတ်တစ်လုံးနဲ့ အိမ် အတွက် စားစရာတချို့ဝယ်ဖြစ်ခဲ့ပါတယ်။ ဈေးကတော့ သုံးချိုးတစ်ချိုးဆစ်တာမရလို့ လေးပုံတစ်ပုံ လောက် လျော့အောင်ဆစ်ခဲ့ရပါသေးတယ်။ တခြားသောဂျာနယ်လစ်တွေကလည်း ဝယ်ချင်တာလေး တွေဝယ်ကြသလို တစ်နာရီနီးပါးကြာအောင် ဈေးကို တစ်ပတ်ပတ်လိုက်ရပါတယ်။ ဒီလိုနဲ့ တစ်ရက် ကုန်ဆုံးသွားခဲ့သလို ဟိုတယ်အပြန်ကားပေါ်မှာတော့ အတွေးကိုယ်စီနဲ့ပါပဲ။ ကျွန်တော်ကတော့ K Comedy ပြောဖို့အတွက် တွေးလာခဲ့ရတယ်ပေါ့လေ။
(အပိုင်း(၃) ဆက်ရန်)

Zawgyi Version:
(၂၀၄၇) အိႏၵိယကို ျမန္မာ့ဟန္ျဖင့္ ေလ့လာျခင္း (အပိုင္း-၂)
မ်ိဳးမင္း(မက်ည္းလဟာ) (NP News) - ေအာက္တိုဘာ ၂၈

RIS ကို ေလ့လာျခင္း
အေရွ႕ေတာင္အာရွလိုမ်ိဳး ဖြံ႕ၿဖိဳးဆဲႏိုင္ငံငယ္ေတြကို ေလ့လာသုေတသနလုပ္တဲ့ အိႏၵိယ RIS ဟာ ဘာေၾကာင့္ အိႏၵိယ ဖြံ႕ၿဖိဳးတိုးတက္လာရသလဲဆိုတာကိုသက္ေသျပေနတဲ့အဖြဲ႕အစည္းေတြထဲက တစ္ ခုျဖစ္ပါတယ္။ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ မူဝါဒေအာက္ကေန (၁၉၈၃) ခုႏွစ္မွာဖြဲ႕စည္းလိုက္တဲ့ အဖြဲ႕အစည္းျဖစ္သလို အိႏၵိယအစိုးရအတြက္ လိုအပ္တဲ့သုေတသနျပဳမႈ၊ အႀကံျပဳခ်က္ေပးအပ္ႏိုင္မႈ အပါ အဝင္ ႏိုင္ငံတကာဆိုင္ရာ အဖြဲ႕အစည္းေတြ၊ အစိုးရ ေတြနဲ႔ သုေတသနအဖြဲ႕ေတြၾကားမွာ မဟာမိတ္ဆက္ ဆံေရး၊ တီထြင္ဖန္တီးမႈ၊ ဖြံ႕ၿဖိဳးတိုးတက္မႈေတြအေပၚ အာ႐ုံစိုက္တဲ့ အဖြဲ႕အစည္းပါ။ အထူးသျဖင့္ အာရွ၊ အာဖရိက ႏွင့္ လတ္တေလာဖြံ႕ၿဖိဳးလာတဲ့ႏိုင္ငံေတြၾကားမွာ ပူးေပါင္းေဆာင္႐ြက္မႈ ပိုမိုအားေကာင္းလာ ေစဖို႔ အာ႐ုံစိုက္တဲ့ think tank အဖြဲ႕တစ္ခုလည္း ျဖစ္ပါတယ္။ အာဆီယံေဒသက ဂ်ာနယ္လစ္ေတြနဲ႔ ေတြ႕ဆုံမႈမွာ RIS ရဲ႕သမိုင္းေၾကာင္းေတြကို ရွင္းျပေနသလို ကမာၻႀကီးတစ္ခုလုံးကို သူတို႔ေစာင့္ၾကည့္ေန ေၾကာင္းအသိေပးပါတယ္။ ကမာၻမွာေခတ္စားလာတဲ့ Global South အယူအဆလိုမ်ိဳး အေၾကာင္းအရာ ေတြကလည္း ထည့္သြင္းသုေတသနျပဳရမယ့္ကိစၥျဖစ္သလို South-South သုံးနားညီပူးေပါင္းေဆာင္႐ြက္ မႈကိုလည္းေျပာပါတယ္။ ကုန္သြယ္ေရး၊ ရင္းႏွီးျမႇဳပ္ႏွံမႈ၊ ဘ႑ာေရးနဲ႔နည္းပညာဆိုၿပီး က႑ေလးခုခြဲ ေလ့လာသုေတသနျပဳေနသလို အေမရိကန္လို ကမာၻ႔နံပါတ္တစ္ႏိုင္ငံရဲ႕ နံပါတ္တစ္ျဖစ္ရျခင္းကိုလည္း ေလ့လာၾကပါတယ္။ အလားတူ ျမန္မာလိုမ်ိဳး အိမ္နီးခ်င္းႏိုင္ငံရဲ႕အေနအထားကိုပါ ေလ့လာမွာေသခ်ာပါ တယ္။ ျမန္မာအပါအဝင္ အာဆီယံႏိုင္ငံေတြဟာ အိႏၵိယနဲ႔ယွဥ္ရင္ တစ္ဆင့္နိမ့္ႏိုင္ငံအျဖစ္ရွိေနတယ္ ဆိုတာ လက္ခံရမွာျဖစ္ေပမယ့္ ဂ်ာနယ္လစ္ေတြကေတာ့ ရွိန္ေနတာမ်ိဳးမရွိဘဲ ေမးစရာရွိတာေမးၾကပါ တယ္။ ျမန္မာတစ္ေယာက္အေနနဲ႔ကေတာ့ RIS ဟာ ျမန္မာႏိုင္ငံအေၾကာင္း ေသခ်ာေလ့လာထားလိမ့္ မယ္လို႔ ယုံၾကည္ထားသလို ေမးရင္လည္း အေပၚယံေလာက္သာေျဖဆိုမယ္လို႔နားလည္ထားပါတယ္။ အထူးသျဖင့္ ျမန္မာႏိုင္ငံဟာ ေရခံေျမခံေကာင္းေပမယ့္အတြင္း ႀကိတ္ျဖစ္ေနတဲ့ ျပႆနာေတြရဲ႕ ဆိုး က်ိဳး သံသရာကို ႏွစ္ေပါင္း(၇၀)ေက်ာ္ခံစားေနရတယ္ဆိုတာမ်ိဳး RIS က နားလည္ထားပုံရပါတယ္။ အိႏၵိယ အတြက္ေတာ့ ျမန္မာႏိုင္ငံဟာ ၿပိဳင္စရာမဟုတ္သလို ထည့္စဥ္းစားစ ရာမလိုတဲ့အဆင့္မွာပဲ ရွိေန မယ္လို႔ယူဆႏိုင္တာပါ။ သို႔ ေသာ္လည္း ျမန္မာက MISIS (Myanmar Insti­tute of Strategic and International Studies) နဲ႔ နားလည္မႈစာခြၽန္လႊာထိုးထားတယ္လို႔ RIS အႀကီးအကဲတစ္ဦးကေျပာလာ တဲ့အတြက္ ေခါင္းေတာ့ေထာင္သြားမိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အျခားေသာအာဆီယံႏိုင္ငံေတြနဲ႔ ခပ္မ်ားမ်ား လက္မွတ္ထိုးထားတာမရွိပါဘူး။ ျမန္မာက MISIS ဟာ ေပၚေပါက္လာတာ သက္တမ္း တို ေပမယ့္ အဆင့္အတန္းတစ္ခုထားၿပီး ဆက္ဆံခံရတယ္လို႔ဆိုႏိုင္တာပါ။ ကမာၻလုံးဆိုင္ရာ Global South အယူအဆအတြက္ ႏိုင္ငံ(၈၉)ခုက ပညာရွင္ေပါင္း (၁၅၄)ဦးနဲ႔ လက္မွတ္ေရးထိုးၿပီး အျပန္အလွန္ သုေတ သန ဖလွယ္ၾကသလို DAKSHIN လို႔အမည္ေပးထားတဲ့ ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာ အသိပညာ မွ်ေဝျခင္း အစီအစဥ္အတြက္ Institution (၇)ခုနဲ႔ ပါတနာေတြ ျဖစ္ထားပါတယ္။ ျမန္မာလည္း တစ္ခုအပါအဝင္ပါ။ ဂ်ာနယ္လစ္ေတြထဲမွာ အေရွ႕တီေမာကေမးတဲ့ေမးခြန္းကိုေတာ့ နည္းနည္းၿပဳံးမိသလိုျဖစ္သြားခဲ့ပါတယ္။ ေအာက္တိုဘာလထဲမွာ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံျဖစ္ မွာမို႔လို႔ အေရွ႕တီေမာနဲ႔ RIS တို႔အၾကား ပူးေပါင္း ေဆာင္႐ြက္မႈေတြရွိႏိုင္မလဲလို႔ေမးခဲ့သလို တစ္ဖက္ကလည္း အစိုးရေတြခ်င္း ခ်ိတ္ဆက္ေဆာင္႐ြက္မႈ ျမင့္မားလာတာနဲ႔အမွ် ေနာက္ဆက္တြဲလုပ္ငန္းစဥ္ေတြ ရွိလာရင္ ပူးေပါင္းေဆာင္႐ြက္မႈေတြလည္း ျဖစ္ လာႏိုင္ပါတယ္လို႔ျပန္ေျဖခဲ့ပါတယ္။ အေမရိကန္က အိႏၵိယကို အခြန္တိုးျမႇင့္ေကာက္ခံမႈအတြက္ ေမးခြန္း ေမးခ်ိန္မွာေတာ့ တစ္ႏွစ္ကို ေဒၚလာ(၂၄)ဘီလ်ံဖိုးေလာက္ ဖုန္းနဲ႔ ဆက္စပ္ပစၥည္းေတြ အေမရိကန္ႏိုင္ငံ ဆီ တင္ပို႔ေနျခင္းက ကုန္သြယ္မႈမွာ အေမရိကန္တို႔ အခြန္တိုးေကာက္ဖို႔ျဖစ္လာရျခင္းအေၾကာင္းအရာ ေတြထဲက တစ္ခုျဖစ္တယ္လို႔ေျပာပါတယ္။ RIS အ ေၾကာင္းနားေထာင္ေနရင္းနဲ႔ နားမလည္တာလည္း ရွိ သလို နားလည္မိတာလည္းရွိပါတယ္။ ေတြးမိလာတဲ့ အေတြးကေတာ့ ႏိုင္ငံေတြအင္အားႀကီးထြားလာရ ျခင္းရဲ႕ေနာက္ကြယ္မွာ တိုင္းျပည္ကိုတကယ္ခ်စ္ျမတ္ႏိုးတဲ့ ပညာတတ္ေတြေပါမ်ားလာမႈနဲ႔ သုေတသန ကို ထိထိေရာက္ေရာက္ ေကာင္းေကာင္းမြန္မြန္အားထည့္လုပ္ကိုင္မႈကလည္း အခရာက်မယ္ဆိုတဲ့ အခ်က္ပါ။ အထူးသျဖင့္ ျမန္မာ MISIS ကအဖြဲ႕ဝင္ေတြဟာ အိႏၵိယ RIS က ပုဂၢိဳလ္ေတြေလာက္လုပ္ႏိုင္ၿပီ လားလို႔ တိတ္တိတ္ေလးေတြးေနမိပါတယ္။

CDRI ရဲ႕ ေဆြးေႏြးခန္းကို ေလ့လာျခင္း
သဘာဝေဘးအႏၲရာယ္ေတြနဲ႔ပတ္သက္ၿပီး CDRI ရဲ႕ေဆြးေႏြးခ်က္ေတြကို နားေထာင္ခြင့္ရတာက လည္း ျမန္မာဂ်ာနယ္လစ္တစ္ေယာက္အတြက္ေတာ့ ကံေကာင္းျခင္းတစ္ခုပါပဲ။ CDRI (Coal­ition for Disaster Resilient Infrastructure) ဟာ ကမာၻလုံးဆိုင္ရာ သဘာဝေဘးအႏၲရာယ္ေတြကို ေလ့လာ ေစာင့္ၾကည့္၊ သုေတသနျပဳရင္း လိုအပ္တဲ့ အႀကံဉာဏ္ေတြေပးအပ္တဲ့အဖြဲ႕အစည္းပါ။ ရာသီဥတုနဲ႔ သဘာဝ ေဘးအႏၲရာယ္ေတြကိုဆန႔္က်င္တဲ့ အေျခခံအေဆာက္အအုံခံႏိုင္ရည္ အားေကာင္းေစဖို႔ ရည္ ႐ြယ္ေဖာ္ေဆာင္ေနတဲ့ ကမာၻလုံးဆိုင္ရာ မဟာမိတ္အဖြဲ႕လည္းျဖစ္ပါတယ္။ အဖြဲ႕ဝင္ႏိုင္ငံေပါင္း (၅၀)၊ မိတ္ဖက္အဖြဲ႕အစည္း(၁၀)ခုနဲ႔ အသိပညာဖလွယ္ျခင္း၊ သုေတသနလုပ္ငန္းကိုတြန္းအားေပးျခင္းနဲ႔ ေဘး အႏၲရာယ္ ခံႏိုင္ရည္ရွိတဲ့ အေျခခံအေဆာက္အအုံေတြကိုသာ ရင္းႏွီးျမႇဳပ္ႏွံၾကဖို႔အတြက္ အစိုးရေတြ၊ ႏိုင္ငံတကာအဖြဲ႕အစည္းေတြနဲ႔ စီးပြားေရးလုပ္ငန္းေတြကို အႀကံျပဳေနပါတယ္။ CDRI ရဲ႕ရည္မွန္းခ်က္ ဟာ (၂၀၅၀) ျပည့္ႏွစ္ေရာက္ရင္ ရွိၿပီးသားအေဆာက္အအုံေတြနဲ႔ အသစ္ျဖစ္လာမယ့္ အေဆာက္အအုံ ေတြဟာ လူသန္းေပါင္း(၃၀ဝဝ)ေက်ာ္ထက္မနည္းကို သဘာဝေဘးအႏၲရာယ္ကေနေရွာင္ရွားေစႏိုင္မယ့္ လမ္းၫႊန္မႈ ေပးႏိုင္ေရးပါ။ သက္တမ္း (၆)ႏွစ္ပဲရွိေနေသးေပမယ့္ ဝန္ႀကီးခ်ဳပ္မိုဒီကိုယ္တိုင္လမ္း ၫႊန္ခဲ့တဲ့ အဖြဲ႕အစည္းျဖစ္တာေၾကာင့္ ထင္ရွားတဲ့ အဖြဲ႕အစည္းလည္း ျဖစ္ပါတယ္။ သဘာဝေဘးဟာ လူသားေတြ ရွာေဖြ စုေဆာင္းထားတဲ့ပိုင္ဆိုင္မႈေတြနဲ႔ တည္ေဆာက္မႈေတြထဲက သုံးပုံႏွစ္ပုံကို တိုက္စား ဖ်က္ဆီးပစ္ ေလ့ရွိတယ္လို႔ CDRI ကၫႊန္းဆိုထားပါတယ္။ တစ္ကမာၻလုံးဟာ သဘာဝေဘးေၾကာင့္ ေဒၚလာ (၇၀ဝ) ဘီလ်ံကေန ဘီလ်ံ(၈၀ဝ)ေက်ာ္အထိ ႏွစ္ စဥ္ဆုံးရႈံးေနတယ္လို႔ လာမယ့္ႏွစ္(၂၀)အတြင္းမွာလည္း ဒီထက္ ဆိုး႐ြားတာေတြရင္ဆိုင္ရႏိုင္ေျခရွိ တယ္လို႔တြက္ခ်က္ထားပါတယ္။ လြန္ခဲ့တဲ့ႏွစ္(၂၀ဝ)အတြင္းက တည္ ေဆာက္ခဲ့တဲ့ လူသားေတြရဲ႕အေမြအႏွစ္ေတြဟာ လာမယ့္ ႏွစ္ေပါင္း(၂၀)အတြင္းမွာ ဘယ္ေလာက္ပဲ က်န္ ရွိေတာ့မလဲဆိုတာမသိႏိုင္ပါဘူး။ ဆိုလိုတာက သဘာဝေဘးဒဏ္ရဲ႕ဖ်က္ဆီးျခင္းကို ခံရမွာ ေသခ်ာတယ္ လို႔ ခန႔္မွန္းထားတာပါ။ သူတို႔ေျပာသမွ်ကို အားလုံးနားမလည္ေပမယ့္ နားလည္မိလိုက္တာ တခ်ိဳ႕နဲ႔ ျမန္မာႏိုင္ငံအတြက္လွမ္းေတြးမိလိုက္တာ ကေတာ့ ျမန္မာေတြရဲ႕ ယဥ္ေက်းမႈအေမြအႏွစ္ ေတြေကာ ဘယ္ေလာက္က်န္ႏိုင္ဦးမလဲဆိုတာပါပဲ။ ၿပီးေတာ့ CDRI ဟာ ျမန္မာႏိုင္ငံနဲ႔ခ်ိတ္ဆက္မႈ မရွိေသးသလို ျမန္မာကလည္း သြားေရာက္ခ်ိတ္ဆက္ ျခင္းမရွိေသးပါဘူး။ လြန္ခဲ့တဲ့လပိုင္းကမွခံစားခဲ့ရတဲ့ ငလ်င္ ဒဏ္ ေၾကာင့္ ျမန္မာတို႔ တြန႔္ေၾကေနခ်ိန္မွာ CDRI လိုအဖြဲ႕အစည္းနဲ႔ ခ်ိတ္ဆက္ႏိုင္မႈမရွိေသးတာ ဟာ ဘယ္ ေလာက္ နစ္နာသလဲဆိုတာ စဥ္းစားၾကည့္ ႏိုင္ပါတယ္။ ေဆြးေႏြးပြဲထဲမွာ ေတြးေနမိတဲ့အေတြး ေတြက လတ္တေလာရင္ဆိုင္ထားရတဲ့ငလ်င္နဲ႔ စစ္ေဘးဒဏ္ေတြဟာ ျမန္မာေတြရဲ႕အေမြအႏွစ္တခ်ိဳ႕ကို ပယ္ ပယ္ ႏွယ္ႏွယ္ဖ်က္ဆီးေနၿပီဆိုတာပါပဲ။ လက္ရွိ ေနာက္ဆုံးေလးႏွစ္အတြင္း ျမန္မာေတြရင္ဆိုင္လိုက္ ရတာက မိုခါမုန္တိုင္း၊ ေရေဘး၊ ငလ်င္ေဘးနဲ႔ စစ္မက္ျဖစ္ပြားမႈေတြဟာ ႏိုင္ငံသားေတြရဲ႕ ပိုင္ဆိုင္မႈေငြ ေၾကး က်ပ္ဘီလ်ံ(၁၀ဝဝဝ)ထက္မနည္းဆုံးရႈံးထား ၿပီးသားျဖစ္ေနသလို ပ်က္စီးသြားတဲ့အေမြအႏွစ္တခ်ိဳ႕ ကေတာ့ တန္ဖိုးတြက္ခ်က္မႈမလုပ္ရဲေအာင္ပါပဲ။ ျမန္မာက လူကယ္ျပန္ဝန္ႀကီးဌာနဟာ အိႏၵိယ CDRI ကို ခ်ိတ္ဆက္ျဖစ္ခဲ့ရင္ေကာင္းမယ္လို႔ေတြးမိသလို CDRI ဆီကေန အႀကံဉာဏ္ေတြ၊ နည္းပညာအေထာက္ အကူ ေပးမႈေတြနဲ႔ ျပန္လည္ထူေထာင္ေရး လုပ္ငန္းစဥ္ဆိုင္ရာ အေတြးအေခၚ အယူအဆေတြရလိမ့္မယ္ လို႔ ယုံၾကည္ပါတယ္။ ငလ်င္ေၾကာင့္ပ်က္စီး သြားတဲ့ ေနျပည္ေတာ္က အစိုးရအိမ္ရာေတြေတာင္ အခုထိ ျပင္ဆင္ထိန္းသိမ္းလို႔မၿပီးေသးဘူးမဟုတ္ပါလား။
CII ကို ေလ့လာမိေသာအခါ
စက္တင္ဘာ(၂၄)ရက္အတြက္ ေနာက္ဆုံးေလ့လာရမယ့္အဖြဲ႕အစည္းက CII ပါ။ Confederation of Indian Industry (CII) ဟာ ျမန္မာႏိုင္ငံက ကုန္သည္စက္မႈအသင္းခ်ဳပ့္ UMFCCI လိုမ်ိဳး စီးပြားေရး အဖြဲ႕အစည္းႀကီးပါပဲ။ သို႔ေသာ္လည္း ျမန္မာကုန္သည္စက္မႈအသင္းခ်ဳပ္ထက္ေတာ့ ဘယ္ရႈေထာင့္က ျဖစ္ျဖစ္ သာကိုသာေနလိမ့္မယ္ဆိုတာ ေျပာစရာမလိုဘူးထင္ပါတယ္။ တစ္ေန႔တာလုံးမွာ ပထမဆုံး သတိထားမိသြားလိုက္တာက (၂၀၄၇) ခုႏွစ္မွာ အိႏၵိယရဲ႕စီးပြားေရးဟာ ကမာၻ႔ထိပ္သီးစူပါပါဝါ အဆင့္ကို တက္လွမ္းႏိုင္ေစဖို႔ ရည္မွန္းထားတယ္ဆိုတဲ့အခ်က္ပါ။ ဖြံ႕ၿဖိဳးမႈအျမင့္ဆုံးတိုင္းျပည္ျဖစ္ဖို႔ ရည္မွန္းခ်က္ ထားတယ္လို႔သိရပါတယ္။ (၂၀၄၇) ခုႏွစ္လို႔ သူတို႔ေခါင္းစဥ္တပ္ရျခင္းက ဘာေၾကာင့္လဲဆိုတာ စဥ္းစား မရျဖစ္ခဲ့ပါေသးတယ္။ (၂၀၅၀)တို႔ ဘာတို႔ဆိုရင္ေတာင္ အဟုတ္သား။ သို႔ေသာ္လည္း (၂၀၄၇) ခုႏွစ္ဟာ အိႏၵိယတို႔ ၿဗိတိန္ကြၽန္ဘဝက လြတ္ ေျမာက္ျခင္း ႏွစ္(၁၀ဝ)ျပည့္ကာလျဖစ္သလို ႏိုင္ငံႀကီးတစ္ခု ျပန္ လည္ တည္ေဆာက္ရျခင္း ႏွစ္(၁၀ဝ)ျပည့္ ကာလပါပဲ။ ဒါေၾကာင့္ (၂၀၄၇)လို႔ သူတို႔ ရည္မွန္းေနတာပါ။ CII ဟာ တစ္ကမာၻလုံးမွာရွိတဲ့ ႏိုင္ငံအသီးသီးက စီးပြားေရးအသင္းအဖြဲ႕ေတြနဲ႔ ခ်ိတ္ဆက္ထားသလို စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈဖိုရမ္ေတြ၊ အစည္းအေဝးေတြ၊ သီးသန႔္ေတြ႕ဆုံညႇိႏႈိင္းမႈေတြ လုပ္ေဆာင္ ပါတယ္။ အထူးသျဖင့္ အိႏၵိယႏိုင္ငံ ဘယ္လိုအက်ိဳးရွိ ႏိုင္မလဲဆိုတဲ့ရႈေထာင့္ကေန ခ်ဥ္းကပ္ စဥ္းစားလုပ္ ေဆာင္သလို အိႏၵိယ စီးပြားေရးတိုးတက္ဖို႔အတြက္ နည္းလမ္းေပါင္းစုံကေန ႀကိဳးစားတယ္လို႔ဆိုပါတယ္။ အိႏၵိယ ထုတ္ကုန္ေတြ ကမာၻတစ္လႊားမွာပ်ံ႕ႏွံ႔ေစဖို႔ႀကိဳး စားသလို အိႏၵိယကိုဝင္လာမယ့္ ကုန္ပစၥည္း မ်ိဳးစုံ အတြက္လည္း လမ္းေၾကာင္းရွာေဖြေပးပါတယ္။ ရင္းႏွီးျမႇဳပ္ႏွံမႈအခြင့္အလမ္းေတြရွာေဖြေပးသလို ရင္းႏွီး ျမႇဳပ္ႏွံလို သူေတြအတြက္လည္း ေနရာရွာေပးပါတယ္။ ျမန္မာႏိုင္ငံက UMFCCI နဲ႔ MCF ဟာ CII နဲ႔ MOU ထိုးထားတယ္လို႔သိရပါတယ္။ တစ္နည္းအားျဖင့္ တစ္ႏိုင္ငံနဲ႔တစ္ႏိုင္ငံ စီးပြားေရးလုပ္ငန္းေတြ လုပ္ ေဆာင္ရာမွာ အျပန္အလွန္ခ်ိတ္ဆက္လုပ္ေဆာင္ၾကဖို႔နဲ႔ အျပန္အလွန္ကူညီအားျဖည့္ၾကဖို႔ ရည္႐ြယ္ပုံ ရပါတယ္။ CII ရဲ႕ဒါ႐ိုက္တာတစ္ေယာက္ကို အနီးကပ္သြားစကားေျပာျဖစ္တာမွာေတာ့ ျမန္မာႏိုင္ငံဟာ သူတို႔စိတ္ဝင္စားမႈျမင့္ျမင့္မားမားထားရတဲ့ အိမ္နီးခ်င္း ႏိုင္ငံျဖစ္တယ္လို႔ေျပာခဲ့သလို CII နဲ႔ ျမန္မာျပည္ ကို သူကိုယ္တိုင္လာေရာက္ခဲ့ဖူးတယ္လို႔ေျပာပါတယ္။ UMFCCI နဲ႔ နီးနီးကပ္ကပ္ ဆက္ဆံသလို အိႏၵိယ ရဲ႕ အဓိကမိတ္ဖက္တစ္ခုလည္းျဖစ္တယ္လို႔ဆိုပါတယ္။ သူတို႔နဲ႔ အာဆီယံဂ်ာနယ္လစ္ေတြရဲ႕ေတြ႕ဆုံမႈက ေတာ့ နည္းနည္းၿငီး ေငြ႕ဖြယ္ေကာင္းပါတယ္။ တစ္နည္းအားျဖင့္ ဂ်ာနယ္လစ္ေတြက နည္းနည္းေလး ပင္ပန္း လာၾကတာေၾကာင့္လည္းပါဝင္ပါတယ္။ ေမးခြန္းေမးၾကတဲ့အခါမွာလည္း သက္ဆိုင္ရာႏိုင္ငံဂ်ာ နယ္လစ္ေတြက သူတို႔ႏိုင္ငံရဲ႕စီးပြားေရးအတြက္ CII နဲ႔ ပူးေပါင္းေဆာင္႐ြက္မႈအေၾကာင္းေတြ၊ စီးပြားေရး ေပၚလစီခ်မွတ္မႈအေၾကာင္းေတြနဲ႔ အိႏၵိယ-အေမရိ ကန္ၾကား အခြန္တိုးေကာက္ျခင္းျပႆနာေတြက ေမးစရာ ေျဖစရာေတြျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ CII ကေတာ့ အိႏၵိယအစိုးရကို ထိခိုက္ေစႏိုင္တဲ့အေျဖမ်ိဳးကို ဘယ္တုန္းကမွမေပးခဲ့သလို ဂ်ာနယ္လစ္ေတြအႀကိဳက္ စကားလုံးေတြကိုသုံးႏႈန္းဖို႔ေရွာင္ရွားပါတယ္။ တစ္နည္းအားျဖင့္ ျမင္မိသမွ် ပြင့္ပြင့္လင္းလင္းေျပာရရင္ ဂ်ာနယ္လစ္ေတြကို CII တာဝန္ရွိသူေတြက သိပ္သေဘာေတြ႕ပုံမရပါဘူး။ အေျဖေတြဟာ ေပါ့ေနသလို မ်က္လုံးေတြက တာဝန္အရေျဖေနရေၾကာင္း ဝန္ခံေနၾကပါတယ္။ မေလးရွားနဲ႔ထိုင္းက သတင္းေထာက္ ေတြကေတာ့ ဟုတ္ေသာ္ရွိ မဟုတ္ေသာ္ရွိ ေမးခြန္းေတြ အၿမဲရွိေနတာျမင္ရေၾကာင္းပါ။ CII နဲ႔ ေဆြးေႏြးမႈအၿပီးမွာေတာ့ Dilli Haat လို႔ေခၚတဲ့ နယူး ေဒလီရဲ႕ အသည္းႏွလုံးဆိုၿပီးတင္စားၾကတဲ့ ေဈးတန္းကိုေရာက္ခဲ့ပါေသးတယ္။ (၂၀၁၆)ခုႏွစ္တုန္းက တစ္ႀကိမ္ေရာက္ခဲ့ဖူးေလေတာ့ သတိႀကီး ႀကီးထားစရာေတြရွိခဲ့ျပန္ပါတယ္။ ေျပာရရင္ အိႏၵိယ အစိုးရ ရဲ႕ခရီးစဥ္တိုင္းလိုလိုမွာ ဒီေနရာကို အေရာက္ပို႔ ေလ့ရွိပါတယ္။ ေဈးဝယ္ခ်င္ရင္ ဒီမွာဝယ္ဆိုတဲ့သေဘာ ပါ။ တကယ္လည္း ေလ့လာျဖစ္ခဲ့ပါတယ္။ ကေမာၻဒီးယားကသတင္းေထာက္ကိုေတာ့ ကြၽန္ေတာ္ေျပာ ျဖစ္ပါေသးတယ္။ ေဈးဝယ္မယ္ဆိုရင္ သူတို႔ေျပာတဲ့ေဈးရဲ႕ ထက္ဝက္ေလာက္မဟုတ္ရင္ေတာင္ သုံးခ်ိဳး တစ္ခ်ိဳး ေလာက္ရေအာင္ေဈးဆစ္ပါလို႔။ ကြၽန္ေတာ္ကိုယ္တိုင္လည္း အေမ့အတြက္အိတ္တစ္လုံးနဲ႔ အိမ္ အတြက္ စားစရာတခ်ိဳ႕ဝယ္ျဖစ္ခဲ့ပါတယ္။ ေဈးကေတာ့ သုံးခ်ိဳးတစ္ခ်ိဳးဆစ္တာမရလို႔ ေလးပုံတစ္ပုံ ေလာက္ ေလ်ာ့ေအာင္ဆစ္ခဲ့ရပါေသးတယ္။ တျခားေသာဂ်ာနယ္လစ္ေတြကလည္း ဝယ္ခ်င္တာေလး ေတြဝယ္ၾကသလို တစ္နာရီနီးပါးၾကာေအာင္ ေဈးကို တစ္ပတ္ပတ္လိုက္ရပါတယ္။ ဒီလိုနဲ႔ တစ္ရက္ ကုန္ဆုံးသြားခဲ့သလို ဟိုတယ္အျပန္ကားေပၚမွာေတာ့ အေတြးကိုယ္စီနဲ႔ပါပဲ။ ကြၽန္ေတာ္ကေတာ့ K Comedy ေျပာဖို႔အတြက္ ေတြးလာခဲ့ရတယ္ေပါ့ေလ။
(အပိုင္း(၃) ဆက္ရန္)

Related news

© 2021. All rights reserved.