ရန်ကုန်-ဒူဘိုင်း-ရန်ကုန်ခရီးစဉ်ကို ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်နေ

 126

Pearl (NP News) - မတ် ၇

ရန်ကုန်-ဒူဘိုင်း-ရန်ကုန် ခရီးစဉ်ကို ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း ယူအေအီးနိုင်ငံ အဘူဒါဘီမြို့ရှိ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။
အရှေ့အလယ်ပိုင်းဒေသတွင်း လတ်တလော ဖြစ်ပွားလျက်ရှိသည့် အခြေအနေများကြောင့် ယူအေအီးနိုင်ငံ၌ ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် မိမိနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရေးနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း (Myanmar Airways International - MAI) မှ ယူအေအီးနိုင်ငံ မြို့ပြလေကြောင်း အာဏာပိုင်နှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့မှုအရ ရန်ကုန်-ဒူဘိုင်း-ရန်ကုန် ခရီးစဉ်ကို မတ်လ ၆ရက်က စတင်ပြေးဆွဲခဲ့ကြောင်း သိရသည်။
اMAI လေကြောင်းလိုင်းအနေဖြင့် လာမည့် မတ်လ ၈ ရက် ၊ ၁၁ ရက် နှင့် ၁၃ ရက်များ၌ ပျံသန်းပြေးဆွဲရန်ရှိပြီး၊ အလားတူ အခြားလေကြောင်းလိုင်းများလည်း ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
ထို့ကြောင့် ဒေသတွင်းနှင့် ယူအေအီးနိုင်ငံရှိမြန်မာနိုင်ငံသားများအနေဖြင့် မိမိနိုင်ငံသို့အကြောင်းအမျိုးမျိုးဖြင့် ပြန်လည်ထွက်ခွာလိုပါက သက်ဆိုင်ရာလေကြောင်းလိုင်းမှ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်များနှင့် တိုက်ရိုက်ဆက်သွယ်နိုင်ပါကြောင်း နှင့် အခက်အခဲများရှိပါက မြန်မာသံရုံးသို့ဆက်သွယ်အကူအညီတောင်းခံ နိုင်ကြောင်း အသိပေးထားသည်။

Zawgyi Version;
ရန္ကုန္-ဒူဘိုင္း-ရန္ကုန္ခရီးစဥ္ကို ပုံမွန္အတိုင္း ျပန္လည္ေျပးဆြဲႏိုင္ေရး စီစဥ္ေဆာင္႐ြက္ေန
Pearl (NP News) - မတ္ ၇
ရန္ကုန္-ဒူဘိုင္း-ရန္ကုန္ ခရီးစဥ္ကို ပုံမွန္အတိုင္း ျပန္လည္ေျပးဆြဲႏိုင္ေရး စီစဥ္ေဆာင္႐ြက္ေနေၾကာင္း ယူေအအီးႏိုင္ငံ အဘူဒါဘီၿမိဳ႕ရွိ ျမန္မာသံ႐ုံးက အသိေပးထုတ္ျပန္ထားသည္။
အေရွ႕အလယ္ပိုင္းေဒသတြင္း လတ္တေလာ ျဖစ္ပြားလ်က္ရွိသည့္ အေျခအေနမ်ားေၾကာင့္ ယူေအအီးႏိုင္ငံ၌ ေရာက္ရွိေနေသာ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ မိမိႏိုင္ငံသို႔ ျပန္လည္ထြက္ခြာႏိုင္ေရးႏွင့္စပ္လ်ဥ္း၍ အျပည္ျပည္ဆိုင္ရာျမန္မာ့ေလေၾကာင္းလိုင္း (Myanmar Airways International - MAI) မွ ယူေအအီးႏိုင္ငံ ၿမိဳ႕ျပေလေၾကာင္း အာဏာပိုင္ႏွင့္ခ်ိတ္ဆက္ေဆာင္႐ြက္ႏိုင္ခဲ့မႈအရ ရန္ကုန္-ဒူဘိုင္း-ရန္ကုန္ ခရီးစဥ္ကို မတ္လ ၆ရက္က စတင္ေျပးဆြဲခဲ့ေၾကာင္း သိရသည္။
اMAI ေလေၾကာင္းလိုင္းအေနျဖင့္ လာမည့္ မတ္လ ၈ ရက္ ၊ ၁၁ ရက္ ႏွင့္ ၁၃ ရက္မ်ား၌ ပ်ံသန္းေျပးဆြဲရန္ရွိၿပီး၊ အလားတူ အျခားေလေၾကာင္းလိုင္းမ်ားလည္း ပုံမွန္အတိုင္း ျပန္လည္ေျပးဆြဲႏိုင္ေရး စီစဥ္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေဒသတြင္းႏွင့္ ယူေအအီးႏိုင္ငံရွိျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ မိမိႏိုင္ငံသို႔အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ျပန္လည္ထြက္ခြာလိုပါက သက္ဆိုင္ရာေလေၾကာင္းလိုင္းမွ ေလယာဥ္လက္မွတ္ အေရာင္းကိုယ္စားလွယ္မ်ားႏွင့္ တိုက္႐ိုက္ဆက္သြယ္ႏိုင္ပါေၾကာင္း ႏွင့္ အခက္အခဲမ်ားရွိပါက ျမန္မာသံ႐ုံးသို႔ဆက္သြယ္အကူအညီေတာင္းခံ ႏိုင္ေၾကာင္း အသိေပးထားသည္။
==============
အီရန္ကို လက္နက္ခ်မႈက လြဲၿပီး အျခား သေဘာတူညီခ်က္ မေပးေတာ့ဟု အေမရိကန္သမၼတ ရာဇသံေပး
ဂ်န္ဇက္ (NP News) - မတ္ ၇
​အေရွ႕အလယ္ပိုင္းေဒသ စစ္ေရးပဋိပကၡေတြ အျမင့္ဆုံးအေျခအေနကို ေရာက္ရွိေနခ်ိန္မွာ အီရန္အစိုးရအေနနဲ႔ "ႁခြင္းခ်က္မရွိ လက္နက္ခ်ျခင္း" မွလြဲ၍ အျခား မည္သည့္သေဘာတူညီခ်က္ကိုမွ်လက္ခံမည္မဟုတ္ေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ျပင္းထန္စြာ သတိေပးေျပာၾကားလိုက္ပါတယ္။
အီရန္ဘက္မွ စစ္ပြဲရပ္တန႔္ရန္ ႏိုင္ငံအခ်ိဳ႕မွတဆင့္ ၾကားဝင္ေစ့စပ္ရန္ ႀကိဳးပမ္းေနေၾကာင္း သတင္းမ်ားထြက္ေပၚေနခ်ိန္မွာ အေမရိကန္ သမၼတက အခုလိုမ်ိဳး ထပ္မံ သတိေပးလိုက္တာ ျဖစ္ပါတယ္။ အီရန္အစိုးရအေနနဲ႔ ႁခြင္းခ်က္မရွိ လက္နက္ခ်ၿပီးပါက လက္ခံႏိုင္ဖြယ္ရွိတဲ့ ေခါင္းေဆာင္သစ္မ်ား" ကို ေ႐ြးခ်ယ္ရမယ္လို႔ အေမရိကန္ သမၼထရမ့္က ဆိုပါတယ္။အီရန္ႏိုင္ငံမွာ လက္ရွိအစိုးရအေျပာင္းအလဲျပဳလုပ္ဖို႔ အေမရိကန္က ရည္႐ြယ္ထားေၾကာင္းကို ပိုမိုထင္ရွားေစပါတယ္။

​ အဆိုပါ အေျပာင္းအလဲမ်ား ျဖစ္ေပၚလာပါက အေမရိကန္နဲ႔ ၎ရဲ႕မဟာမိတ္ႏိုင္ငံမ်ား ပူးေပါင္းကာ အီရန္ႏိုင္ငံရဲ႕ပ်က္စီးယိုယြင္းေနတဲ့အေျခအေနမွ ကယ္တင္ကာ စီးပြားေရးအရ ယခင္ထက္ ပိုမိုေကာင္းမြန္ေအာင္ ကူညီေပးမယ္လို႔ အေမရိကန္သမၼတ က ကတိျပဳထားပါတယ္။ အေမရိကန္ သမၼတရဲ႕ ရာဇသံေပးမႈဟာ အေမရိကန္ႏွင့္ အစၥေရးတို႔ ပူးေပါင္းကာ အီရန္ႏိုင္ငံအေပၚ တိုက္ခိုက္မႈမ်ား စတင္ခဲ့ၿပီးေနာက္ သီတင္းပတ္ တစ္ပတ္ခန႔္အၾကာတြင္ ထြက္ေပၚလာျခင္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.