ဒူဘိုင်း အာဏာပိုင်များ၏ ခွင့်ပြုချက်အရ MAI က ယနေ့ တွင် ရန်ကုန် - ဒူဘိုင်း ခရီးစဉ် ပျံသန်း ပြေးဆွဲ

372

သုတကျော် (NP News) - မတ် ၆
ဒူဘိုင်း အာဏာပိုင်များ၏ ခွင့်ပြုချက်အရ Myanmar Airways International (MAI) က ယနေ့ (မတ်လ ၆ ရက်) တွင် ရန်ကုန် - ဒူဘိုင်း လေယာဉ် ခရီးစဉ် ပျံသန်း ပြေးဆွဲကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။
ဒေသတွင်း လေကြောင်းလမ်းပိတ်ဆို့မှုများကြောင့် ဒူဘိုင်းလေယာဉ်ခရီးစဉ်ကို ဖျက်သိမ်းထားကြောင်း MAI က ကြေညာထားခဲ့သည်။
MAI အနေဖြင့် ဒေသတွင်း လေကြောင်းပိုင်နက်ဆိုင်ရာ နောက်ဆုံးအခြေအနေများနှင့် ဒူဘိုင်းသက်ဆိုင်ရာ အာဏာပိုင်များ၏ ခွင့်ပြုချက်အရ မတ်လ (၆) ရက်နေ့တွင် ဒူဘိုင်းသို့ အသွားအပြန်တစ်ကြိမ် ပျံသန်းပြေးဆွဲသွားမည် ဖြစ်ကြောင်း အသိပေးထားခြင်း ဖြစ်သည်။
အဆိုပါ လမ်းကြောင်းအတွက် နောက်ထပ် ခရီးစဉ်များ ပျံသန်းနိုင်ရေးမှာ သက်ဆိုင်ရာ အာဏာပိုင်များ၏ ထပ်မံခွင့်ပြုချက်အပေါ်တွင် မူတည်နေမည်ဖြစ်ကြောင်း ကြိုတင်အသိပေးထားသည်။
“ဒူဘိုင်းကတော့ ဒီနေ့ Flight က Operate လုပ်ပါတယ်။ ဒီနေ့ ပြီးတဲ့နောက်အစောဆုံး Flight က (၈) ရက်ပါ” ဟု NP News က MAI သို့ ဆက်သွယ်မေးမြန်းထားချက်အရ သိရသည်။
ခရီးသည်များနှင့် လေယာဉ်အဖွဲ့သားများ၏ ဘေးကင်းလုံခြုံရေးနှင့် သာယာဝပြောရေးကို အစဉ်အမြဲ ဦးစားပေး ဆောင်ရွက်လျက်ရှိသည်ဟု MAI ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Zawgyi Version:
ဒူဘိုင္း အာဏာပိုင္မ်ား၏ ခြင့္ျပဳခ်က္အရ MAI က ယေန႔ တြင္ ရန္ကုန္ - ဒူဘိုင္း ခရီးစဥ္ ပ်ံသန္း ေျပးဆြဲ
သုတေက်ာ္ (NP News) - မတ္ ၆
ဒူဘိုင္း အာဏာပိုင္မ်ား၏ ခြင့္ျပဳခ်က္အရ Myanmar Airways International (MAI) က ယေန႔ (မတ္လ ၆ ရက္) တြင္ ရန္ကုန္ - ဒူဘိုင္း ေလယာဥ္ ခရီးစဥ္ ပ်ံသန္း ေျပးဆြဲေၾကာင္း ထုတ္ျပန္ထားခ်က္အရ သိရသည္။
ေဒသတြင္း ေလေၾကာင္းလမ္းပိတ္ဆို႔မႈမ်ားေၾကာင့္ ဒူဘိုင္းေလယာဥ္ခရီးစဥ္ကို ဖ်က္သိမ္းထားေၾကာင္း MAI က ေၾကညာထားခဲ့သည္။
MAI အေနျဖင့္ ေဒသတြင္း ေလေၾကာင္းပိုင္နက္ဆိုင္ရာ ေနာက္ဆုံးအေျခအေနမ်ားႏွင့္ ဒူဘိုင္းသက္ဆိုင္ရာ အာဏာပိုင္မ်ား၏ ခြင့္ျပဳခ်က္အရ မတ္လ (၆) ရက္ေန႔တြင္ ဒူဘိုင္းသို႔ အသြားအျပန္တစ္ႀကိမ္ ပ်ံသန္းေျပးဆြဲသြားမည္ ျဖစ္ေၾကာင္း အသိေပးထားျခင္း ျဖစ္သည္။
အဆိုပါ လမ္းေၾကာင္းအတြက္ ေနာက္ထပ္ ခရီးစဥ္မ်ား ပ်ံသန္းႏိုင္ေရးမွာ သက္ဆိုင္ရာ အာဏာပိုင္မ်ား၏ ထပ္မံခြင့္ျပဳခ်က္အေပၚတြင္ မူတည္ေနမည္ျဖစ္ေၾကာင္း ႀကိဳတင္အသိေပးထားသည္။
“ဒူဘိုင္းကေတာ့ ဒီေန႔ Flight က Operate လုပ္ပါတယ္။ ဒီေန႔ ၿပီးတဲ့ေနာက္အေစာဆုံး Flight က (၈) ရက္ပါ” ဟု NP News က MAI သို႔ ဆက္သြယ္ေမးျမန္းထားခ်က္အရ သိရသည္။
ခရီးသည္မ်ားႏွင့္ ေလယာဥ္အဖြဲ႕သားမ်ား၏ ေဘးကင္းလုံၿခဳံေရးႏွင့္ သာယာဝေျပာေရးကို အစဥ္အၿမဲ ဦးစားေပး ေဆာင္႐ြက္လ်က္ရွိသည္ဟု MAI ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။