ကန့်သတ်ထားသော ခရီးဆောင်အိတ် သယ်ယူခွင့်များကို ပြန်ပေးတော့မည်ဟု MAI အသိပေး

 169

စော (NP News) - မတ် ၂၅

နိုင်ငံတကာ ခရီးစဉ်များ အတွက် ကန့်သတ်ထားသော ခရီးဆောင်အိတ် သယ်ယူခွင့်များကို ပြန်ပေးတော့မည် ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) က အသိပေးထားသည်။
နိုင်ငံတကာခရီးစဉ်များအတွက် ကန့်သတ်ထားသော ခရီးဆောင်အိတ်သယ်ယူခွင့်များကို မနက်ဖြန် မတ်လ (၂၆ ရက်) မှစ၍ ယခင်မူလအတိုင်းပြန်လည်သယ်ဆောင်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားခြင်းဖြစ်သည်။
MAI မှ ပြေးဆွဲနေသည့်နိုင်ငံတကာခရီးစဉ်များအတွက် ခရီးဆောင်အိတ်သယ်ဆောင်ခွင့်များမှာ Economy Class အတွက် 30KG အထိ၊ Business Class အတွက် 40KG အထိ ပြန်လည်သယ်ဆောင်နိုင်ပြီဖြစ်ကာ 𝐒𝐤𝐲 𝐒𝐦𝐢𝐥𝐞 (𝐑𝐮𝐛𝐲 & 𝐃𝐢𝐚𝐦𝐨𝐧𝐝) အဖွဲ့ဝင်များအနေဖြင့် အပိုခရီးဆောင်အိတ်သယ်ယူခွင့်များကို မူလအကျိုးခံစားခွင့်များအတိုင်း ပြန်လည်၍ ပေးအပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
“ထို့အပြင် MAI မှ operationalအခြေအနေများကြောင့် ယခင်ကရပ်နားခဲ့ရသော ပြည်တွင်းခရီးစဉ်များအားလုံးကိုလည်း မူလပုံမှန်အတိုင်း ပြန်လည်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ပါသည်” ဟု ရေးသားထားသည်။

မတ်လ ၂၂ ရက်မှ ၂၅ ရက်အတွင်း အသစ်ပြောင်းလဲသတ်မှတ်လိုက်သော ခရီးဆောင်အိတ်သယ်ယူခွင့် ယာယီကန့်သတ်ချက်များကြောင့် KG ဆုံးရှုံးနစ်နာခဲ့ရသည့်ခရီးသည်များကို MAI မှ ခရီးဆောင်အိတ်သယ် ဆောင်ခွင့်အလေးချိန် 10KG နှင့်တန်ဖိုးညီမျှသည့် Travel Voucher တစ်စောင်ကိုလည်း ပြန်လည်ပေးအပ်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ Travel Voucher ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ (၃၀) ရက်အထိ အသုံးပြုနိုင်မည်ဖြစ်ပြီး အခြားသူအားလွှဲပြောင်းခြင်း သို့မဟုတ် refund ပြန်လည်ထုတ်ယူခြင်းများ ခွင့်မပြုကြောင်း နှင့် Travel Voucher ရယူရန် Google Link ကို ဖြည့်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ကန႔္သတ္ထားေသာ ခရီးေဆာင္အိတ္ သယ္ယူခြင့္မ်ားကို ျပန္ေပးေတာ့မည္ဟု MAI အသိေပး
ေစာ (NP News) - မတ္ ၂၅

ႏိုင္ငံတကာ ခရီးစဥ္မ်ား အတြက္ ကန႔္သတ္ထားေသာ ခရီးေဆာင္အိတ္ သယ္ယူခြင့္မ်ားကို ျပန္ေပးေတာ့မည္ ျဖစ္ေၾကာင္း အျပည္ျပည္ဆိုင္ရာ ျမန္မာ့ေလေၾကာင္း (MAI) က အသိေပးထားသည္။
ႏိုင္ငံတကာခရီးစဥ္မ်ားအတြက္ ကန႔္သတ္ထားေသာ ခရီးေဆာင္အိတ္သယ္ယူခြင့္မ်ားကို မနက္ျဖန္ မတ္လ (၂၆ ရက္) မွစ၍ ယခင္မူလအတိုင္းျပန္လည္သယ္ေဆာင္ခြင့္ေပးသြားမည္ျဖစ္ေၾကာင္း ေဖာ္ျပထားျခင္းျဖစ္သည္။
MAI မွ ေျပးဆြဲေနသည့္ႏိုင္ငံတကာခရီးစဥ္မ်ားအတြက္ ခရီးေဆာင္အိတ္သယ္ေဆာင္ခြင့္မ်ားမွာ Economy Class အတြက္ 30KG အထိ၊ Business Class အတြက္ 40KG အထိ ျပန္လည္သယ္ေဆာင္ႏိုင္ၿပီျဖစ္ကာ 𝐒𝐤𝐲 𝐒𝐦𝐢𝐥𝐞 (𝐑𝐮𝐛𝐲 & 𝐃𝐢𝐚𝐦𝐨𝐧𝐝) အဖြဲ႕ဝင္မ်ားအေနျဖင့္ အပိုခရီးေဆာင္အိတ္သယ္ယူခြင့္မ်ားကို မူလအက်ိဳးခံစားခြင့္မ်ားအတိုင္း ျပန္လည္၍ ေပးအပ္သြားမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
“ထို႔အျပင္ MAI မွ operationalအေျခအေနမ်ားေၾကာင့္ ယခင္ကရပ္နားခဲ့ရေသာ ျပည္တြင္းခရီးစဥ္မ်ားအားလုံးကိုလည္း မူလပုံမွန္အတိုင္း ျပန္လည္ပ်ံသန္းေျပးဆြဲေပးသြားမည္ျဖစ္ပါသည္” ဟု ေရးသားထားသည္။

မတ္လ ၂၂ ရက္မွ ၂၅ ရက္အတြင္း အသစ္ေျပာင္းလဲသတ္မွတ္လိုက္ေသာ ခရီးေဆာင္အိတ္သယ္ယူခြင့္ ယာယီကန္႔သတ္ခ်က္မ်ားေၾကာင့္ KG ဆုံးရႈံးနစ္နာခဲ့ရသည့္ခရီးသည္မ်ားကို MAI မွ ခရီးေဆာင္အိတ္သယ္ ေဆာင္ခြင့္အေလးခ်ိန္ 10KG ႏွင့္တန္ဖိုးညီမွ်သည့္ Travel Voucher တစ္ေစာင္ကိုလည္း ျပန္လည္ေပးအပ္သြားမည္ ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
အဆိုပါ Travel Voucher ကို ၂၀၂၆ ခုႏွစ္၊ ဇြန္လ (၃၀) ရက္အထိ အသုံးျပဳႏိုင္မည္ျဖစ္ၿပီး အျခားသူအားလႊဲေျပာင္းျခင္း သို႔မဟုတ္ refund ျပန္လည္ထုတ္ယူျခင္းမ်ား ခြင့္မျပဳေၾကာင္း ႏွင့္ Travel Voucher ရယူရန္ Google Link ကို ျဖည့္ေပးရန္ လိုအပ္မည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.