အီဂျစ်၏ သမိုင်းဝင်မြို့တော် အလက်ဇန္နရီးယား

 142

Pika (NP News) - မတ် ၆

အလက်ဇန္ဒရီးယားမြို့သည် အီဂျစ်နိုင်ငံတွင်းတွင် အဓိကမြို့တစ်မြို့ဖြစ်ပြီး ရှေးခေတ်ကမ္ဘာကြီး ၏ အံ့ဖွယ်(၇)ပါးထဲမှတစ်ခုဖြစ်သည့် အလက်ဇန္ဒရီးယားမီးပြတိုက် (pharos) နှင့် အလယ်ခေတ်၏ အံ့ ဖွယ်(၇)ပါးထဲမှတစ်ခုဖြစ်သော Catacombs of Kom El Shoqafa သမိုင်းဝင်အထိမ်းအမှတ် နေရာအ တွက် နာမည်ကျော်ကြားသည့်မြို့တစ်မြို့လည်းဖြစ်သည်။ အလက်ဇန္ဒရီးယားမြို့သည် နိုင်းမြစ်ဝကျွန်း ပေါ်ဒေသ၏ အနောက်ဘက်စွန်းတွင် တည်ရှိပြီး အီဂျစ်နိုင်ငံ၏မြောက်ဘက်ကမ်းရိုးတန်း တစ်လျှောက် (၄ဝ) ကီလိုမီတာခန့်ကျယ်ပြန့်ကြောင်း သိရသည်။ အလက်ဇန္ဒရီးယားမြို့သည် အီဂျစ်နိုင်ငံ၏ အဓိက ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်ပြီး ကိုင်ရိုမြို့ပြီးလျှင် ဒုတိယမြောက်အကြီးဆုံးနှင့် မြေထဲပင်လယ် ကမ်းရိုးတန်း တွင် အကြီးဆုံးမြို့တစ်မြို့လည်းဖြစ်သည်။ ဘီစီ(၃၃၁)ခုနှစ်တွင် Alexander the Great ဘုရင်ကြီးက စတင်တည်ထောင်ခဲ့သော အလက်ဇန္ဒရီးယားမြို့သည် ရှေးခေတ်ကာလတွင် အကြီးဆုံးနှင့် အရေး အကြီးဆုံးမြို့များထဲမှတစ်မြို့ဖြစ်ပြီး သိပ္ပံ၊ ယဉ်ကျေးမှုနှင့် ပညာရပ်ဆိုင်ရာ အချက်အချာနေရာတစ်ခု လည်း ဖြစ်သည်။
မြေထဲပင်လယ်၏သတို့သမီးနှင့် မြေထဲ ပင်လယ်ကမ်းရိုးတန်း၏ပုလဲအဖြစ် တင်စားခံရလေ့ ရှိ သော အလက်ဇန္ဒရီးယားမြို့သည် လူကြိုက်များသောခရီးသွားနေရာတစ်ခုနှင့် အဓိကစက်မှုလုပ်ငန်း အချက်အချာနေရာတစ်ခုလည်းဖြစ်သည်။ အာရပ်ကမ္ဘာနှင့် အရှေ့အလယ်ပိုင်းဒေသတွင် (၆) ခုမြောက် အကြီးဆုံးမြို့ဖြစ်ပြီး အာဖရိကတွင် (၁၁)ခုမြောက် အကြီးမြို့နှင့် မြို့ပြဧရိယာတစ်ခုဖြစ်ကြောင်းလည်း သိရသည်။ ထို့ပြင် အလက်ဇန္ဒရီးယားမြို့သည် စက်မှုလုပ်ငန်းဆိုင်ရာအချက်အချာနေရာတစ်ခုလည်း ဖြစ်ပြီး အလက်ဇန္ဒရီးယားသင်္ဘောကျင်းတည် ရှိရာနေရာလည်းဖြစ်သည်။ မြို့တွင် ကြီးမားသော ဘဏ္ဍာ ရေးကဏ္ဍတစ်ခုလည်းရှိပြီး ၎င်း၏ ရှေးဟောင်း ဆိပ်ကမ်းအလက်ဇန္ဒရီးယားသည် နိုင်ငံတွင်းတွင် အ လုပ်အများဆုံးဆိပ်ကမ်းများထဲမှ တစ်ခုလည်းဖြစ်သည်။ အလက်ဇန္ဒရီးယား အော်ပရာဟောက်စ်၊ အ လက်ဇန္ဒရီးယား အနုပညာပြတိုက်နှင့် အလက်ဇန္ဒရီးယား အမျိုးသားပြတိုက်တို့၏နေအိမ်လည်းဖြစ် ပြီး အားကစားပွဲများစွာကိုလည်း မြို့တွင် လက်ခံကျင်းပ လျက်ရှိကြောင်းသိရသည်။ အလက်ဇန္ဒရီးယား မြို့ ၏ အကျယ်အဝန်းမှာ (၁၆၆၁)စတုရန်းကီလိုမီတာရှိပြီး စုစုပေါင်းနေထိုင်သူလူဦးရေမှာ (၅၃၆၂၅၂၇)ဦးရှိ ကြောင်းသိရသည်။
အလက်ဇန္ဒရီးယားမြို့ကို ယခင်က Rhacotis အမည်ဖြင့် ရှေးခေတ်အီဂျစ်အခြေချနေထိုင်ရာ နေရာတစ်ခုအဖြစ် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအချိန်အတွင်း Rhacotis မြို့သည် Ptolemaic နိုင်ငံတော်၏မြို့တော်ဖြစ်ခဲ့ပြီး Hellenistic ခေတ်နှင့် နှောင်းပိုင်းခေတ်အများစုအတွက် အဓိကကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအချက် အချာနေရာတစ်ခုဖြစ်ခဲ့ကြောင်းသိရသည်။ အလက် ဇန္ဒရီးယားမြို့သည် ရှေးခေတ်ကမ္ဘာ့အံ့ဖွယ်(၇)ပါး တွင် တစ်ခုအပါအဝင်ဖြစ်သော အလက်ဇန္ဒရီးယား မီးပြတိုက်(Pharos) ၊ ရှေးခေတ်ကမ္ဘာတွင် အကြီးဆုံးဖြစ်သော ၎င်း၏ မဟာစာကြည့်တိုက်နှင့် အလယ် ခေတ်၏ အံ့ဖွယ်ခုနစ်ပါးတွင်တစ်ခုဖြစ်သည့် Cata­combs of Kom El Shoqafa တို့အတွက် လူသိများ သည့်မြို့တစ်မြို့လည်းဖြစ်သည်။
ထို့ပြင် အလက်ဇန္ဒရီးယားမြို့သည် မြေထဲ ပင်လယ်ကမ္ဘာ၏ ဦးဆောင်မြို့များထဲမှတစ်မြို့အဖြစ် ထောင်စုနှစ်တစ်ခုနီးပါးကြာအောင် ရပ်တည်နိုင်ခဲ့ပြီး ကိုင်ရိုမြို့မပေါ်ပေါက်လာခင်အချိန်အထိ အီဂျစ်မြို့ တော်အဖြစ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ (၇) ရာစုအလယ်ပိုင်းတွင် အလက်ဇန္ဒရီးယားမြို့ကို ကုန် သွယ်ရေးဆိုင်ရာအချက်အချာနေရာနှင့် ရေတပ်အခြေစိုက်စခန်းတစ်ခုအဖြစ်ဆောင်ရွက်ခဲ့ပြီး (၁၈) ရာစု နှောင်းပိုင်းမှစတင်ကာ ၎င်းသည် နိုင်ငံတကာ သင်္ဘောလုပ်ငန်း၏ အဓိအချက်အချာတစ်ခု ဖြစ်လာခဲ့ကာ မြေထဲပင်လယ်နှင့် ပင်လယ်နီကြား ဆက်သွယ်မှုလွယ်ကူခြင်း၊ အီဂျစ်ချည်မျှင်တွင် အကျိုးအမြတ်များ သောကုန်သွယ်မှုကြောင့် ကမ္ဘာပေါ်တွင် အရေးအကြီး ဆုံးကုန်သွယ်ရေးစင်တာများထဲမှ တစ်ခုဖြစ်လာ ခဲ့ကြောင်းသိရသည်။ အလက်ဇန္ဒရီးယားမြို့၏ ပြန် လည်မွေးဖွားလာမှုသည် (၁၉)ရာစု အစောပိုင်းတွင် အခြေခံအဆောက်အအုံစီမံကိန်းများနှင့် ခေတ်မီ အောင်လုပ်ဆောင်ခြင်းလုပ်ငန်းများကို အကောင်အ ထည်ဖော်ခဲ့သော ခေတ်သစ်အီဂျစ်၏ တည်ထောင်သူဟုယူဆရသည့် မိုဟာမက် အလီလက်ထက်တွင် စတင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

စီးပွားရေး

အလက်ဇန္ဒရီးယားမြို့သည် Egypt Vision (၂ဝ၃ဝ)ပရောဂျက်၏ အဓိကပံ့ပိုးကူညီသူတစ်ဦး အဖြစ် သတ်မှတ်ခံထားရသည့်မြို့လည်းဖြစ်သည်။ မြို့၏စီးပွားရေးသည် အဓိကစက်မှုအချက် အချာ နေရာအဖြစ် ၎င်း၏အခန်းကဏ္ဍအပေါ်အခြေခံထားပြီး ဓာတုဗေဒပစ္စည်းများ၊ သတ္တုနှင့် အထည်အလိပ် ကဲ့သို့သောကဏ္ဍများတွင် အီဂျစ်နိုင်ငံ၏ စုစုပေါင်းစက်မှုထွက်ကုန်၏ (၄ဝ)ရာခိုင်နှုန်းခန့်ရှိသည့်အပြင် အီဂျစ်၏ အကြီးဆုံးဆိပ်ကမ်း၊ ပြည်တွင်းခရီး သွားလုပ်ငန်းနှင့် ကြီးထွားလာသော အိမ်ခြံမြေဈေးကွက် ၏ အဓိကနေရာတစ်ခုလည်းဖြစ်သည်။ အလက် ဇန္ဒရီးယားမြို့၏စီးပွားရေးကို စွန့်ဦးတီထွင်မှုကိုမြှင့်တင် ပေးသည့် ကြီးမားသောအခြေခံ အဆောက်အအုံစီမံကိန်းများဖြင့် ထောက်ပံ့ပေးထားပြီး အခြား အဓိက အီဂျစ်မြို့များနှင့်နှိုင်းယှဉ်ပါက နေထိုင်စရိတ်နည်းပါးကြောင်းသိရသည်။ အထူးသဖြင့် စိမ်းလန်းသော နည်းပညာနှင့် ခရီးသွားလုပ်ငန်းတွင် စတင်တည်ထောင်သူများအတွက် လေ့ကျင့်ရေးနှင့် အတိုင်ပင်ခံ ဝန်ဆောင်မှုများကို အာရုံစိုက်သော လုပ်ဆောင်မှုများဖြင့် စွန့်ဦးတီထွင်မှုကဏ္ဍကို တက်ြွကစွာ ပံ့ပိုးပေး သည့်မြို့တစ်မြို့လည်းဖြစ်သည်။ ထို့ပြင် အလက်ဇန္ဒရီးယားလွတ်လပ်ဇုန်သည် အီဂျစ်တွင် အကြီးဆုံး လွတ်လပ်ဇုန်ဖြစ်ပြီး အဝတ်အထည်၊ ဓာတုပစ္စည်းများ၊ သံနှင့်သံမဏိထုတ်လုပ်မှုလုပ်ငန်းများအတွက် အခွန်ကင်းလွတ်ခွင့်များပေးဆောင်ထားကြောင်းသိရသည်။

ရေနံ

အလက်ဇန္ဒရီးယားမြို့သည် အီဂျစ်၏ ရေနံလုပ်ငန်းအတွက် အဓိက ရေနံချက်စက်ရုံ၊ ထုတ်လုပ်မှု နှင့် ပြုပြင်ထိန်းသိမ်းမှုစက်ရုံများတည် ရှိရာ အချက်အချာနေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရသည့်မြို့ လည်းဖြစ်သည်။ (၂ဝ၂၅)ခုနှစ် နှောင်းပိုင်းအထိ အလက်ဇန္ဒရီးယားမြို့သည် ရေနံစိမ်းကိုသန့်စင်ခြင်းနှင့် အထူးပြုရေနံထွက်ကုန်များထုတ်လုပ်ခြင်းအတွက် အဓိကအချက်အချာနေရာတစ်ခုအဖြစ် ဆောင်ရွက် လျက်ရှိကြောင်းလည်း သိရသည်။ ထို့ပြင် ရေနံစိမ်းသန့်စင်ခြင်း၊ လောင်စာဆီနှင့် အခြေခံဆီများထုတ် လုပ်ခြင်းတို့ကို အာရုံစိုက်သည့် ရေနံချက်စက်ရုံ၊ ရေနံသန့် စင်စက်ရုံများ အခြေစိုက်ရာနေရာတစ်ခုလည်း ဖြစ်သည်။ အလက်ဇန္ဒရီးယားမြို့တွင် နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီစေရန် အသိအမှတ်ပြုရေနံ စမ်း သပ်မှုနှင့် ခွဲခြမ်းစိတ်ဖြာမှုများကိုပံ့ပိုးပေးသည့် TankOil Group ကဲ့သို့ သော အဆင့်မြင့်ဓာတ်ခွဲခန်းများ ရှိကြောင်းလည်းသိရသည်။

ခရီးသွားလုပ်ငန်း

နွေးထွေးသောရာသီဥတု၊ ကမ်းခြေများ၊ရှေးဟောင်းသုတေသနနေရာများနှင့် ဖျော်ဖြေရေး နေရာ များအပါအဝင် ခရီးသွားဆွဲဆောင်မှုနေရာများ စွာနှင့်အတူ ခရီးသွားလုပ်ငန်းသည် အလက်ဇန္ဒရီးယားမြို့ ၏ စီးပွားရေးတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်ကြောင်းသိရသည်။ (၂ဝ၁၈)ခုနှစ်တွင် အလက်ဇန္ဒရီး ယားမြို့တွင် အဆင့်သတ်မှတ်ချက်အမျိုးမျိုးရှိသော ဟိုတယ် (၄ဝ)ခုရှိပြီး ယဉ်ကျေးမှုခရီးသွားလုပ်ငန်း အစီအစဉ်များသည် မြို့၏ ခရီးသွားလုပ်ငန်းကဏ္ဍအတွက် အဓိကပံ့ပိုးကူညီမှုတစ်ခုအဖြစ်လည်း သတ် မှတ်ခံထားရသည်။

Zawgyi Version;
အီဂ်စ္၏ သမိုင္းဝင္ၿမိဳ႕ေတာ္ အလက္ဇႏၷရီးယား
Pika (NP News) - မတ္ ၆
အလက္ဇႏၵရီးယားၿမိဳ႕သည္ အီဂ်စ္ႏိုင္ငံတြင္းတြင္ အဓိကၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ေရွးေခတ္ကမာၻႀကီး ၏ အံ့ဖြယ္(၇)ပါးထဲမွတစ္ခုျဖစ္သည့္ အလက္ဇႏၵရီးယားမီးျပတိုက္ (pharos) ႏွင့္ အလယ္ေခတ္၏ အံ့ ဖြယ္(၇)ပါးထဲမွတစ္ခုျဖစ္ေသာ Catacombs of Kom El Shoqafa သမိုင္းဝင္အထိမ္းအမွတ္ ေနရာအ တြက္ နာမည္ေက်ာ္ၾကားသည့္ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္သည္။ အလက္ဇႏၵရီးယားၿမိဳ႕သည္ ႏိုင္းျမစ္ဝကြၽန္း ေပၚေဒသ၏ အေနာက္ဘက္စြန္းတြင္ တည္ရွိၿပီး အီဂ်စ္ႏိုင္ငံ၏ေျမာက္ဘက္ကမ္း႐ိုးတန္း တစ္ေလွ်ာက္ (၄ဝ) ကီလိုမီတာခန႔္က်ယ္ျပန႔္ေၾကာင္း သိရသည္။ အလက္ဇႏၵရီးယားၿမိဳ႕သည္ အီဂ်စ္ႏိုင္ငံ၏ အဓိက ဆိပ္ကမ္းၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ကိုင္႐ိုၿမိဳ႕ၿပီးလွ်င္ ဒုတိယေျမာက္အႀကီးဆုံးႏွင့္ ေျမထဲပင္လယ္ ကမ္း႐ိုးတန္း တြင္ အႀကီးဆုံးၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္သည္။ ဘီစီ(၃၃၁)ခုႏွစ္တြင္ Alexander the Great ဘုရင္ႀကီးက စတင္တည္ေထာင္ခဲ့ေသာ အလက္ဇႏၵရီးယားၿမိဳ႕သည္ ေရွးေခတ္ကာလတြင္ အႀကီးဆုံးႏွင့္ အေရး အႀကီးဆုံးၿမိဳ႕မ်ားထဲမွတစ္ၿမိဳ႕ျဖစ္ၿပီး သိပၸံ၊ ယဥ္ေက်းမႈႏွင့္ ပညာရပ္ဆိုင္ရာ အခ်က္အခ်ာေနရာတစ္ခု လည္း ျဖစ္သည္။
ေျမထဲပင္လယ္၏သတို႔သမီးႏွင့္ ေျမထဲ ပင္လယ္ကမ္း႐ိုးတန္း၏ပုလဲအျဖစ္ တင္စားခံရေလ့ ရွိ ေသာ အလက္ဇႏၵရီးယားၿမိဳ႕သည္ လူႀကိဳက္မ်ားေသာခရီးသြားေနရာတစ္ခုႏွင့္ အဓိကစက္မႈလုပ္ငန္း အခ်က္အခ်ာေနရာတစ္ခုလည္းျဖစ္သည္။ အာရပ္ကမာၻႏွင့္ အေရွ႕အလယ္ပိုင္းေဒသတြင္ (၆) ခုေျမာက္ အႀကီးဆုံးၿမိဳ႕ျဖစ္ၿပီး အာဖရိကတြင္ (၁၁)ခုေျမာက္ အႀကီးၿမိဳ႕ႏွင့္ ၿမိဳ႕ျပဧရိယာတစ္ခုျဖစ္ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ အလက္ဇႏၵရီးယားၿမိဳ႕သည္ စက္မႈလုပ္ငန္းဆိုင္ရာအခ်က္အခ်ာေနရာတစ္ခုလည္း ျဖစ္ၿပီး အလက္ဇႏၵရီးယားသေဘၤာက်င္းတည္ ရွိရာေနရာလည္းျဖစ္သည္။ ၿမိဳ႕တြင္ ႀကီးမားေသာ ဘ႑ာ ေရးက႑တစ္ခုလည္းရွိၿပီး ၎၏ ေရွးေဟာင္း ဆိပ္ကမ္းအလက္ဇႏၵရီးယားသည္ ႏိုင္ငံတြင္းတြင္ အ လုပ္အမ်ားဆုံးဆိပ္ကမ္းမ်ားထဲမွ တစ္ခုလည္းျဖစ္သည္။ အလက္ဇႏၵရီးယား ေအာ္ပရာေဟာက္စ္၊ အ လက္ဇႏၵရီးယား အႏုပညာျပတိုက္ႏွင့္ အလက္ဇႏၵရီးယား အမ်ိဳးသားျပတိုက္တို႔၏ေနအိမ္လည္းျဖစ္ ၿပီး အားကစားပြဲမ်ားစြာကိုလည္း ၿမိဳ႕တြင္ လက္ခံက်င္းပ လ်က္ရွိေၾကာင္းသိရသည္။ အလက္ဇႏၵရီးယား ၿမိဳ႕ ၏ အက်ယ္အဝန္းမွာ (၁၆၆၁)စတုရန္းကီလိုမီတာရွိၿပီး စုစုေပါင္းေနထိုင္သူလူဦးေရမွာ (၅၃၆၂၅၂၇)ဦးရွိ ေၾကာင္းသိရသည္။
အလက္ဇႏၵရီးယားၿမိဳ႕ကို ယခင္က Rhacotis အမည္ျဖင့္ ေရွးေခတ္အီဂ်စ္အေျခခ်ေနထိုင္ရာ ေနရာတစ္ခုအျဖစ္ စတင္တည္ေထာင္ခဲ့ျခင္းျဖစ္သည္။ အဆိုပါအခ်ိန္အတြင္း Rhacotis ၿမိဳ႕သည္ Ptolemaic ႏိုင္ငံေတာ္၏ၿမိဳ႕ေတာ္ျဖစ္ခဲ့ၿပီး Hellenistic ေခတ္ႏွင့္ ေႏွာင္းပိုင္းေခတ္အမ်ားစုအတြက္ အဓိကကုန္သြယ္ေရးႏွင့္ ယဥ္ေက်းမႈဆိုင္ရာအခ်က္ အခ်ာေနရာတစ္ခုျဖစ္ခဲ့ေၾကာင္းသိရသည္။ အလက္ ဇႏၵရီးယားၿမိဳ႕သည္ ေရွးေခတ္ကမာၻ႔အံ့ဖြယ္(၇)ပါး တြင္ တစ္ခုအပါအဝင္ျဖစ္ေသာ အလက္ဇႏၵရီးယား မီးျပတိုက္(Pharos) ၊ ေရွးေခတ္ကမာၻတြင္ အႀကီးဆုံးျဖစ္ေသာ ၎၏ မဟာစာၾကည့္တိုက္ႏွင့္ အလယ္ ေခတ္၏ အံ့ဖြယ္ခုနစ္ပါးတြင္တစ္ခုျဖစ္သည့္ Cata­combs of Kom El Shoqafa တို႔အတြက္ လူသိမ်ား သည့္ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္သည္။
ထို႔ျပင္ အလက္ဇႏၵရီးယားၿမိဳ႕သည္ ေျမထဲ ပင္လယ္ကမာၻ၏ ဦးေဆာင္ၿမိဳ႕မ်ားထဲမွတစ္ၿမိဳ႕အျဖစ္ ေထာင္စုႏွစ္တစ္ခုနီးပါးၾကာေအာင္ ရပ္တည္ႏိုင္ခဲ့ၿပီး ကိုင္႐ိုၿမိဳ႕မေပၚေပါက္လာခင္အခ်ိန္အထိ အီဂ်စ္ၿမိဳ႕ ေတာ္အျဖစ္ ေဆာင္႐ြက္ခဲ့ေၾကာင္းသိရသည္။ (၇) ရာစုအလယ္ပိုင္းတြင္ အလက္ဇႏၵရီးယားၿမိဳ႕ကို ကုန္ သြယ္ေရးဆိုင္ရာအခ်က္အခ်ာေနရာႏွင့္ ေရတပ္အေျခစိုက္စခန္းတစ္ခုအျဖစ္ေဆာင္႐ြက္ခဲ့ၿပီး (၁၈) ရာစု ေႏွာင္းပိုင္းမွစတင္ကာ ၎သည္ ႏိုင္ငံတကာ သေဘၤာလုပ္ငန္း၏ အဓိအခ်က္အခ်ာတစ္ခု ျဖစ္လာခဲ့ကာ ေျမထဲပင္လယ္ႏွင့္ ပင္လယ္နီၾကား ဆက္သြယ္မႈလြယ္ကူျခင္း၊ အီဂ်စ္ခ်ည္မွ်င္တြင္ အက်ိဳးအျမတ္မ်ား ေသာကုန္သြယ္မႈေၾကာင့္ ကမာၻေပၚတြင္ အေရးအႀကီး ဆုံးကုန္သြယ္ေရးစင္တာမ်ားထဲမွ တစ္ခုျဖစ္လာ ခဲ့ေၾကာင္းသိရသည္။ အလက္ဇႏၵရီးယားၿမိဳ႕၏ ျပန္ လည္ေမြးဖြားလာမႈသည္ (၁၉)ရာစု အေစာပိုင္းတြင္ အေျခခံအေဆာက္အအုံစီမံကိန္းမ်ားႏွင့္ ေခတ္မီ ေအာင္လုပ္ေဆာင္ျခင္းလုပ္ငန္းမ်ားကို အေကာင္အ ထည္ေဖာ္ခဲ့ေသာ ေခတ္သစ္အီဂ်စ္၏ တည္ေထာင္သူဟုယူဆရသည့္ မိုဟာမက္ အလီလက္ထက္တြင္ စတင္ခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

စီးပြားေရး

အလက္ဇႏၵရီးယားၿမိဳ႕သည္ Egypt Vision (၂ဝ၃ဝ)ပေရာဂ်က္၏ အဓိကပံ့ပိုးကူညီသူတစ္ဦး အျဖစ္ သတ္မွတ္ခံထားရသည့္ၿမိဳ႕လည္းျဖစ္သည္။ ၿမိဳ႕၏စီးပြားေရးသည္ အဓိကစက္မႈအခ်က္ အခ်ာ ေနရာအျဖစ္ ၎၏အခန္းက႑အေပၚအေျခခံထားၿပီး ဓာတုေဗဒပစၥည္းမ်ား၊ သတၱဳႏွင့္ အထည္အလိပ္ ကဲ့သို႔ေသာက႑မ်ားတြင္ အီဂ်စ္ႏိုင္ငံ၏ စုစုေပါင္းစက္မႈထြက္ကုန္၏ (၄ဝ)ရာခိုင္ႏႈန္းခန႔္ရွိသည့္အျပင္ အီဂ်စ္၏ အႀကီးဆုံးဆိပ္ကမ္း၊ ျပည္တြင္းခရီး သြားလုပ္ငန္းႏွင့္ ႀကီးထြားလာေသာ အိမ္ၿခံေျမေဈးကြက္ ၏ အဓိကေနရာတစ္ခုလည္းျဖစ္သည္။ အလက္ ဇႏၵရီးယားၿမိဳ႕၏စီးပြားေရးကို စြန႔္ဦးတီထြင္မႈကိုျမႇင့္တင္ ေပးသည့္ ႀကီးမားေသာအေျခခံ အေဆာက္အအုံစီမံကိန္းမ်ားျဖင့္ ေထာက္ပံ့ေပးထားၿပီး အျခား အဓိက အီဂ်စ္ၿမိဳ႕မ်ားႏွင့္ႏႈိင္းယွဥ္ပါက ေနထိုင္စရိတ္နည္းပါးေၾကာင္းသိရသည္။ အထူးသျဖင့္ စိမ္းလန္းေသာ နည္းပညာႏွင့္ ခရီးသြားလုပ္ငန္းတြင္ စတင္တည္ေထာင္သူမ်ားအတြက္ ေလ့က်င့္ေရးႏွင့္ အတိုင္ပင္ခံ ဝန္ေဆာင္မႈမ်ားကို အာ႐ုံစိုက္ေသာ လုပ္ေဆာင္မႈမ်ားျဖင့္ စြန႔္ဦးတီထြင္မႈက႑ကို တက္ျြကစြာ ပံ့ပိုးေပး သည့္ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္သည္။ ထို႔ျပင္ အလက္ဇႏၵရီးယားလြတ္လပ္ဇုန္သည္ အီဂ်စ္တြင္ အႀကီးဆုံး လြတ္လပ္ဇုန္ျဖစ္ၿပီး အဝတ္အထည္၊ ဓာတုပစၥည္းမ်ား၊ သံႏွင့္သံမဏိထုတ္လုပ္မႈလုပ္ငန္းမ်ားအတြက္ အခြန္ကင္းလြတ္ခြင့္မ်ားေပးေဆာင္ထားေၾကာင္းသိရသည္။

ေရနံ

အလက္ဇႏၵရီးယားၿမိဳ႕သည္ အီဂ်စ္၏ ေရနံလုပ္ငန္းအတြက္ အဓိက ေရနံခ်က္စက္႐ုံ၊ ထုတ္လုပ္မႈ ႏွင့္ ျပဳျပင္ထိန္းသိမ္းမႈစက္႐ုံမ်ားတည္ ရွိရာ အခ်က္အခ်ာေနရာတစ္ခုအျဖစ္ သတ္မွတ္ခံထားရသည့္ၿမိဳ႕ လည္းျဖစ္သည္။ (၂ဝ၂၅)ခုႏွစ္ ေႏွာင္းပိုင္းအထိ အလက္ဇႏၵရီးယားၿမိဳ႕သည္ ေရနံစိမ္းကိုသန႔္စင္ျခင္းႏွင့္ အထူးျပဳေရနံထြက္ကုန္မ်ားထုတ္လုပ္ျခင္းအတြက္ အဓိကအခ်က္အခ်ာေနရာတစ္ခုအျဖစ္ ေဆာင္႐ြက္ လ်က္ရွိေၾကာင္းလည္း သိရသည္။ ထို႔ျပင္ ေရနံစိမ္းသန႔္စင္ျခင္း၊ ေလာင္စာဆီႏွင့္ အေျခခံဆီမ်ားထုတ္ လုပ္ျခင္းတို႔ကို အာ႐ုံစိုက္သည့္ ေရနံခ်က္စက္႐ုံ၊ ေရနံသန႔္ စင္စက္႐ုံမ်ား အေျခစိုက္ရာေနရာတစ္ခုလည္း ျဖစ္သည္။ အလက္ဇႏၵရီးယားၿမိဳ႕တြင္ ႏိုင္ငံတကာစံႏႈန္းမ်ားႏွင့္ကိုက္ညီေစရန္ အသိအမွတ္ျပဳေရနံ စမ္း သပ္မႈႏွင့္ ခြဲျခမ္းစိတ္ျဖာမႈမ်ားကိုပံ့ပိုးေပးသည့္ TankOil Group ကဲ့သို႔ ေသာ အဆင့္ျမင့္ဓာတ္ခြဲခန္းမ်ား ရွိေၾကာင္းလည္းသိရသည္။

ခရီးသြားလုပ္ငန္း

ေႏြးေထြးေသာရာသီဥတု၊ ကမ္းေျခမ်ား၊ေရွးေဟာင္းသုေတသနေနရာမ်ားႏွင့္ ေဖ်ာ္ေျဖေရး ေနရာ မ်ားအပါအဝင္ ခရီးသြားဆြဲေဆာင္မႈေနရာမ်ား စြာႏွင့္အတူ ခရီးသြားလုပ္ငန္းသည္ အလက္ဇႏၵရီးယားၿမိဳ႕ ၏ စီးပြားေရးတြင္ အေရးပါေသာအခန္းက႑မွပါဝင္ေၾကာင္းသိရသည္။ (၂ဝ၁၈)ခုႏွစ္တြင္ အလက္ဇႏၵရီး ယားၿမိဳ႕တြင္ အဆင့္သတ္မွတ္ခ်က္အမ်ိဳးမ်ိဳးရွိေသာ ဟိုတယ္ (၄ဝ)ခုရွိၿပီး ယဥ္ေက်းမႈခရီးသြားလုပ္ငန္း အစီအစဥ္မ်ားသည္ ၿမိဳ႕၏ ခရီးသြားလုပ္ငန္းက႑အတြက္ အဓိကပံ့ပိုးကူညီမႈတစ္ခုအျဖစ္လည္း သတ္ မွတ္ခံထားရသည္။

Related news

© 2021. All rights reserved.