စင်ကာပူနိုင်ငံ၊ ပွန်ဂေါလမ်းမတွေပေါ်မှာ မောင်းသူမဲ့ ရှောက်တဲလ်ဘတ်စ်ကားများ စတင်ပြေးဆွဲမည်

175

ရောင်နီ (NP News) - မတ် ၆
စင်ကာပူနိုင်ငံ၊ ပွန်ဂေါ မှာ ခရီးသည်တွေအနေနဲ့ လာမယ့်နှစ်မှစ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ကွန်ရက်ရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် မောင်းသူမဲ့ ရှောက်တဲလ်ဘတ်စ်ကားတွေကို စီးနင်းနိုင်တော့မှာဖြစ်တယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီး ချီဟောင်တက် က ဗုဒ္ဓဟူးနေ့ (မတ်လ ၅ ရက်) မှာ ကြေညာခဲ့ပါတယ်။
ဝန်ကြီးဌာန ဘတ်ဂျက်ဆိုင်ရာ လွှတ်တော်တွင်း ဆွေးနွေးမှုမှာ မစ္စတာချီက က ဝန်ဆောင်မှုသစ်ဟာ မြို့ပြ ပတ်ဝန်းကျင်မှာ အလိုအလျောက်မောင်းနှင်တဲ့ နည်းပညာ (AV) ကို အသုံးပြုပြီး အများပြည်သူ သယ်ယူ ပို့ဆောင်ရေးစနစ်အတွင်း ပေါင်းစည်းဖို့ စင်ကာပူရဲ့ကြိုးပမ်းအားထုတ်မှု မှတ်တိုင်တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါ တယ်။ အဆိုပါ မောင်းသူမဲ့ ဘတ်စ်ကားတွေဟာ ပွန်ဂေါဒေသအတွင်းရှိ အဓိကနေရာတွေဖြစ်တဲ့ Punggol Coast MRT ဘူတာ၊ Singapore Institute of Technology (SIT) နယ်မြေ နဲ့ Punggol Digital District တို့ကို ဆက်သွယ်ပေးမှာဖြစ်ပြီး ခရီးသည်တွေဟာ လက်ရှိ အများပြည်သူသုံး ဘတ်စ်ကားနဲ့ ရထားစီးနင်းခနှုန်းထားတွေ အတိုင်း ပေးဆောင်နိုင်မယ်လို့ သိရပါတယ်။
နည်းပညာအရ မောင်းသူမဲ့ဖြစ်ပေမယ့် ဘေးကင်းလုံခြုံရေးအတွက် လေ့ကျင့်ထားတဲ့ "Safety Operator" တစ်ဦး ယာဉ်ပေါ်မှာ အမြဲတမ်းပါရှိနေမှာဖြစ်ကာ လိုအပ်ရင် ယာဉ်ကို ထိန်းချုပ်မောင်းနှင်ပေးမယ်လို့ ဆိုပါတယ်။
အဲဒီဝန်ဆောင်မှုကို အကောင်အထည်မဖော်မီ လမ်းမတွေပေါ်မှာ အရှိန်အဟုန်မြှင့် စမ်းသပ်မှုတွေ ပြုလုပ်သွားမယ် လို့ ဆိုပါတယ်။ မစ္စတာ ချီ က AV နည်းပညာဟာ ရေရှည်မှာ လူသားယာဉ်မောင်းတွေအပေါ် မှီခိုနေရမှုကို လျှော့ချပေးနိုင်ပြီး လုပ်ငန်းလည်ပတ်မှု စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်မယ်လို့ ဆိုပါတယ်။ အဆိုပါဝန်ဆောင်မှုကို ဘတ်စ်ကားလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး၊ လာမယ့် လတွေအတွင်း လမ်းကြောင်းနဲ့ အချိန်ဇယားဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ပေးသွားမယ်လို့ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (LTA) က ဆိုပါတယ်။

Zawgyi Version;
စင္ကာပူႏိုင္ငံ၊ ပြန္ေဂါလမ္းမေတြေပၚမွာ ေမာင္းသူမဲ့ ေရွာက္တဲလ္ဘတ္စ္ကားမ်ား စတင္ေျပးဆြဲမည္
ေရာင္နီ (NP News) - မတ္ ၆
စင္ကာပူႏိုင္ငံ၊ ပြန္ေဂါ မွာ ခရီးသည္ေတြအေနနဲ႔ လာမယ့္ႏွစ္မွစ အမ်ားျပည္သူသုံး သယ္ယူပို႔ေဆာင္ေရး ကြန္ရက္ရဲ႕အစိတ္အပိုင္းတစ္ခုအျဖစ္ ေမာင္းသူမဲ့ ေရွာက္တဲလ္ဘတ္စ္ကားေတြကို စီးနင္းႏိုင္ေတာ့မွာျဖစ္တယ္လို႔ သယ္ယူပို႔ေဆာင္ေရးဝန္ႀကီး ခ်ီေဟာင္တက္ က ဗုဒၶဟူးေန႔ (မတ္လ ၅ ရက္) မွာ ေၾကညာခဲ့ပါတယ္။
ဝန္ႀကီးဌာန ဘတ္ဂ်က္ဆိုင္ရာ လႊတ္ေတာ္တြင္း ေဆြးေႏြးမႈမွာ မစၥတာခ်ီက က ဝန္ေဆာင္မႈသစ္ဟာ ၿမိဳ႕ျပ ပတ္ဝန္းက်င္မွာ အလိုအေလ်ာက္ေမာင္းႏွင္တဲ့ နည္းပညာ (AV) ကို အသုံးျပဳၿပီး အမ်ားျပည္သူ သယ္ယူ ပို႔ေဆာင္ေရးစနစ္အတြင္း ေပါင္းစည္းဖို႔ စင္ကာပူရဲ႕ႀကိဳးပမ္းအားထုတ္မႈ မွတ္တိုင္တစ္ခုျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါ တယ္။ အဆိုပါ ေမာင္းသူမဲ့ ဘတ္စ္ကားေတြဟာ ပြန္ေဂါေဒသအတြင္းရွိ အဓိကေနရာေတြျဖစ္တဲ့ Punggol Coast MRT ဘူတာ၊ Singapore Institute of Technology (SIT) နယ္ေျမ နဲ႔ Punggol Digital District တို႔ကို ဆက္သြယ္ေပးမွာျဖစ္ၿပီး ခရီးသည္ေတြဟာ လက္ရွိ အမ်ားျပည္သူသုံး ဘတ္စ္ကားနဲ႔ ရထားစီးနင္းခႏႈန္းထားေတြ အတိုင္း ေပးေဆာင္ႏိုင္မယ္လို႔ သိရပါတယ္။
နည္းပညာအရ ေမာင္းသူမဲ့ျဖစ္ေပမယ့္ ေဘးကင္းလုံၿခဳံေရးအတြက္ ေလ့က်င့္ထားတဲ့ "Safety Operator" တစ္ဦး ယာဥ္ေပၚမွာ အၿမဲတမ္းပါရွိေနမွာျဖစ္ကာ လိုအပ္ရင္ ယာဥ္ကို ထိန္းခ်ဳပ္ေမာင္းႏွင္ေပးမယ္လို႔ ဆိုပါတယ္။
အဲဒီဝန္ေဆာင္မႈကို အေကာင္အထည္မေဖာ္မီ လမ္းမေတြေပၚမွာ အရွိန္အဟုန္ျမႇင့္ စမ္းသပ္မႈေတြ ျပဳလုပ္သြားမယ္ လို႔ ဆိုပါတယ္။ မစၥတာ ခ်ီ က AV နည္းပညာဟာ ေရရွည္မွာ လူသားယာဥ္ေမာင္းေတြအေပၚ မွီခိုေနရမႈကို ေလွ်ာ့ခ်ေပးႏိုင္ၿပီး လုပ္ငန္းလည္ပတ္မႈ စြမ္းေဆာင္ရည္ ျမႇင့္တင္ေပးႏိုင္မယ္လို႔ ဆိုပါတယ္။ အဆိုပါဝန္ေဆာင္မႈကို ဘတ္စ္ကားလုပ္ငန္းလုပ္ကိုင္သူေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္သြားမွာျဖစ္ၿပီး၊ လာမယ့္ လေတြအတြင္း လမ္းေၾကာင္းနဲ႔ အခ်ိန္ဇယားဆိုင္ရာ အေသးစိတ္အခ်က္အလက္ေတြကို ထုတ္ျပန္ေပးသြားမယ္လို႔ ကုန္းလမ္းသယ္ယူပို႔ေဆာင္ေရး အာဏာပိုင္အဖြဲ႕ (LTA) က ဆိုပါတယ္။