မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုအတွက် အမေရိကန်က ဟေတီအရာရှိတွေကို ပိတ်ဆို့အရေးယူမှုအသစ်တွေချမှတ်

 462

ရောင်နီ (NP News) - ဒီဇင်ဘာ ၃

အမေရိကန်နဲ့ ၎င်းရဲ့မဟာမိတ်များဟာ အကြမ်းဖက်မှုများနဲ့ ရင်ဆိုင်နေရတဲ့ ကာရေဘီယံနိုင်ငံမှာ အကျင့်ပျက်ခြစားမှုကို ပစ်မှတ်ထား စုံစမ်းစစ်ဆေးနေပြီး မူးယစ်ဆေး ဝါးကုန်ကူးမှုမှာပါဝင်တယ်လို့ စွပ်စွဲခံထားရတဲ့ ဟေတီအရာရှိများကို ပိတ်ဆို့အရေး ယူမှုအသစ်များ ချမှတ်ခဲ့ပါတယ်။

ပိတ်ဆို့အရေးယူမှုများဟာ ဟေတီယန် အထက်လွှတ်တော်အမတ် ရိုနီစီလီစတင်း နဲ့ အထက်လွှတ်တော်အမတ်ဟောင်း ရစ်ချက်လီနင်ဟာဗက်ဖော်ကမ့် တို့ကို ပစ် မှတ်ထားတယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနက သောကြာနေ့ (ဒီဇင်ဘာလ ၂ ရက်)မှာ ပြောကြားခဲ့ပါတယ်။ ရိုနီစီလီစတင်း နဲ့ ရစ်ချက်ဖောကမ့်တို့ဟာ ဒေသတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ဖို့အတွက် ၎င်းတို့ရဲ့အာဏာကို အလွဲသုံးစားလုပ်နေကြတာကြာင့် ဒီပိတ်ဆို့အရေး ယူမှုဟာ ဥပမာဖြစ်တယ်လို့ ဘဏ္ဍာရေးအရာရှိ ဘရီယန်အဲနယ်လ်ဆွန်က ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

“ဘဏ္ဍာရေးဌာနဟာ ဟေတီကို မတည်မငြိမ်ဖြစ်စေတဲ့ တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုအတွက် တာဝန်ရှိတဲ့ အကျင့်ပျက် အရာရှိများကို ဆက် လက်ထိန်းသိမ်းထားမှာဖြစ်တယ်"လို့ ၎င်းက ဆိုပါတယ်။ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုများဟာ ပစ်မှတ်ထားသူ တစ်ဦးချင်းစီရဲ့ ပိုင်ဆိုင်မှုများကို ထိန်းသိမ်းမည်ဖြစ်ပြီး အမေရိကန်မှာ ၎င်းတို့နဲ့ စီးပွားရေးလုပ်ခြင်းဟာ တရားမဝင်ဘူးလို့ပြောပါတယ်။ ပြီးခဲ့တဲ့လက အမေရိကန်နဲ့ ကနေဒါမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက် ကားမှုများ ပြုလုပ်တယ်လို့ စွပ်စွဲခံထားရတဲ့ အခြားဟေတီနိုင်ငံရေးသမားနှစ်ဦးကို လည်း ပေါင်းစပ်ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ပါတယ်။

ဟေတီဟာ ၂ဝ၂၁ ခုနှစ် ဇူလိုင်လ၊ သမ္မတ ဂျိုဗီနယ်လ်မိုစီ လုပ်ကြံခံရမှုပြီးနောက် အင်အားကြီးဂိုဏ်းများရဲ့ လပေါင်းများစွာ အကြမ်းဖက်မှုများ ကြုံတွေ့ခဲ့ရပါတယ်။ နိုင်ငံဟာ ကာလဝမ်းရောဂါဖြစ်ပွားမှုနဲ့ ငတ်မွတ်မှု၊ အာဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်နေရပြီး မြို့တော် ပေါ်အော်ပရင့်စ်ရှိ အဓိကလောင်စာဆီဆိုင်တစ်ခုမှာ သီတင်းတစ်ပတ်ကြာ သူပုန်များရဲ့ အုပ်စုဖွဲ့ပိတ်ဆို့ထားမှုကြောင့် လျှပ်စစ်မီးနဲ့ ရေပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ ဟေတီရှိ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး ယူရီကာရစ်ချက်ဆွန်က လက်နက်ကိုင်ဂိုဏ်းများဟာ ပေါ့အော်ပရင့်ရှိ နယ်မြေ (၆ဝ) ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားပြီး နေထိုင်သူများကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပြုလုပ်နေကြောင်း ပြီးခဲ့တဲ့လက ပြောကြားခဲ့ပါတယ်။

zawgyi version
မူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားမႈအတြက္ အေမရိကန္က ေဟတီအရာရွိေတြကို ပိတ္ဆို႔အေရးယူမႈအသစ္ေတြခ်မွတ္
ေရာင္နီ (NP News) - ဒီဇင္ဘာ ၃

အေမရိကန္နဲ႔ ၎ရဲ႕မဟာမိတ္မ်ားဟာ အၾကမ္းဖက္မႈမ်ားနဲ႔ ရင္ဆိုင္ေနရတဲ့ ကာေရဘီယံႏိုင္ငံမွာ အက်င့္ပ်က္ျခစားမႈကို ပစ္မွတ္ထား စုံစမ္းစစ္ေဆးေနၿပီး မူးယစ္ေဆး ဝါးကုန္ကူးမႈမွာပါဝင္တယ္လို႔ စြပ္စြဲခံထားရတဲ့ ေဟတီအရာရွိမ်ားကို ပိတ္ဆို႔အေရး ယူမႈအသစ္မ်ား ခ်မွတ္ခဲ့ပါတယ္။

ပိတ္ဆို႔အေရးယူမႈမ်ားဟာ ေဟတီယန္ အထက္လႊတ္ေတာ္အမတ္ ႐ိုနီစီလီစတင္း နဲ႔ အထက္လႊတ္ေတာ္အမတ္ေဟာင္း ရစ္ခ်က္လီနင္ဟာဗက္ေဖာ္ကမ့္ တို႔ကို ပစ္ မွတ္ထားတယ္လို႔ အေမရိကန္ဘ႑ာေရးဌာနက ေသာၾကာေန႔ (ဒီဇင္ဘာလ ၂ ရက္)မွာ ေျပာၾကားခဲ့ပါတယ္။ ႐ိုနီစီလီစတင္း နဲ႔ ရစ္ခ်က္ေဖာကမ့္တို႔ဟာ ေဒသတြင္း မူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားမႈ လုပ္ငန္းမ်ား ဆက္လက္လုပ္ေဆာင္ဖို႔အတြက္ ၎တို႔ရဲ႕အာဏာကို အလြဲသုံးစားလုပ္ေနၾကတာၾကာင့္ ဒီပိတ္ဆို႔အေရး ယူမႈဟာ ဥပမာျဖစ္တယ္လို႔ ဘ႑ာေရးအရာရွိ ဘရီယန္အဲနယ္လ္ဆြန္က ထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။

“ဘ႑ာေရးဌာနဟာ ေဟတီကို မတည္မၿငိမ္ျဖစ္ေစတဲ့ တရားမဝင္ မူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားမႈအတြက္ တာဝန္ရွိတဲ့ အက်င့္ပ်က္ အရာရွိမ်ားကို ဆက္ လက္ထိန္းသိမ္းထားမွာျဖစ္တယ္"လို႔ ၎က ဆိုပါတယ္။ အေမရိကန္ရဲ႕ ပိတ္ဆို႔အေရးယူမႈမ်ားဟာ ပစ္မွတ္ထားသူ တစ္ဦးခ်င္းစီရဲ႕ ပိုင္ဆိုင္မႈမ်ားကို ထိန္းသိမ္းမည္ျဖစ္ၿပီး အေမရိကန္မွာ ၎တို႔နဲ႔ စီးပြားေရးလုပ္ျခင္းဟာ တရားမဝင္ဘူးလို႔ေျပာပါတယ္။ ၿပီးခဲ့တဲ့လက အေမရိကန္နဲ႔ ကေနဒါမွာ မူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ ကားမႈမ်ား ျပဳလုပ္တယ္လို႔ စြပ္စြဲခံထားရတဲ့ အျခားေဟတီႏိုင္ငံေရးသမားႏွစ္ဦးကို လည္း ေပါင္းစပ္ပိတ္ဆို႔အေရးယူမႈမ်ား ခ်မွတ္ခဲ့ပါတယ္။

ေဟတီဟာ ၂ဝ၂၁ ခုႏွစ္ ဇူလိုင္လ၊ သမၼတ ဂ်ိဳဗီနယ္လ္မိုစီ လုပ္ႀကံခံရမႈၿပီးေနာက္ အင္အားႀကီးဂိုဏ္းမ်ားရဲ႕ လေပါင္းမ်ားစြာ အၾကမ္းဖက္မႈမ်ား ႀကဳံေတြ႕ခဲ့ရပါတယ္။ ႏိုင္ငံဟာ ကာလဝမ္းေရာဂါျဖစ္ပြားမႈနဲ႔ ငတ္မြတ္မႈ၊ အာဟာရခ်ိဳ႕တဲ့မႈနဲ႔ ရင္ဆိုင္ေနရၿပီး ၿမိဳ႕ေတာ္ ေပၚေအာ္ပရင့္စ္ရွိ အဓိကေလာင္စာဆီဆိုင္တစ္ခုမွာ သီတင္းတစ္ပတ္ၾကာ သူပုန္မ်ားရဲ႕ အုပ္စုဖြဲ႕ပိတ္ဆို႔ထားမႈေၾကာင့္ လွ်ပ္စစ္မီးနဲ႔ ေရျပတ္ေတာက္မႈမ်ား ျဖစ္ေပၚခဲ့ပါတယ္။ ေဟတီရွိ ကုလသမဂၢ လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ ညႇိႏႈိင္းေရးမႉး ယူရီကာရစ္ခ်က္ဆြန္က လက္နက္ကိုင္ဂိုဏ္းမ်ားဟာ ေပါ့ေအာ္ပရင့္ရွိ နယ္ေျမ (၆ဝ) ရာခိုင္ႏႈန္းခန႔္ကို ထိန္းခ်ဳပ္ထားၿပီး ေနထိုင္သူမ်ားကို လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈ ျပဳလုပ္ေနေၾကာင္း ၿပီးခဲ့တဲ့လက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.