ဇမ်ဘီယာမှာ အဓိကရေအားလျှပ်စစ်ထုတ်လုပ်ရာ ကာရီဘာ ရေကန်မှာ ရေခမ်းလာခြင်းကြောင့် ဆောင်းရာသီ ဓာတ်အားပြတ်တောက်မှုများ ဖြစ်လာနိုင်

 607

ရောင်နီ (NP News) - ဒီဇင်ဘာ ၄

ဇမ်ဘီယာမှာ အဓိက ရေအားလျှပ်စစ်ထုတ်လုပ်ရာ ကာရီဘာကန်မှာ ရေပမာဏ ကြီးမားစွာ ကျဆင်းသွားတာ ကြောင့် ဒီဇင်ဘာ ၁၅ ရက်မှစ ပြည်တွင်းစားသုံးသူများအတွက် လျှပ်စစ်ဓာတ်အားကို ခွဲတမ်းနဲ့ စတင်ပေးမှာဖြစ် ကြောင်း စွမ်းအင်ဝန်ကြီးက ပြောကြားပါတယ်။

ဇမ်ဘီယာနဲ့ ကာရီဘာဆည်ကို ပူးတွဲပိုင်ဆိုင်တဲ့ အိမ်နီးချင်း ဇင်ဘာဘွေရှိ အရာရှိများက လွန်ခဲ့တဲ့ရက်သတ္တပတ်က ရေပမာဏဟာ ၎င်းတို့လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ဖို့အတွက် အလွန် နည်းပါးကြောင်း ပြောကြားခဲ့ပါတယ်။ ကာရီဘာ ဟာ နှစ်နိုင်ငံလုံးအတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့ အဓိက အရင်းအမြစ် ဖြစ်ပါတယ်။

ဇမ်ဘီယာရှိ ကာရီဘာ North Bank ဓာတ်အားပေးစက်ရုံနဲ့ ဇင်ဘာဘွေနိုင်ငံရှိ ကာရီဘာ South Bank အတွက် အသုံးပြုနိုင်တဲ့ ရေသိုလှောင်မှုရဲ့ ၄.၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း ဇမ်ဘီယာစွမ်းအင်ဝန်ကြီး ပီတာကာပါ လာ က ပြောကြားပါတယ်။ ကာရီဘာ ကန်ရဲ့ ရေမျက်နှာပြင် နိမ့်ကျမှုအခြေအနေဟာ ကာရီဘာ North Bank ရေအားလျှပ်စစ်စခန်းနဲ့ ကာရီဘာ South Bank ရေအားလျှပ်စစ်စခန်း နှစ်ခုလုံးမှ ဓာတ်အားထုတ်လုပ်ရေးအတွက် ခြိမ်းခြောက်မှုဖြစ်နေပါတယ်။

ဇမ်ဘီယာနဲ့ ဇင်ဘာဘွေရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကုမ္ပဏီများက ဇမ်ဘီယာနဲ့ ဇင်ဘာဘွေရှိ မြစ်လက် တက်များမှ စီးဝင်မှုလျော့ကျသွားခြင်းကြောင့် ကန်အတွင်းရှိ ရေပမာဏ ကျဆင်းသွားခဲ့တာဖြစ်တယ်လို့ ဆိုပါ တယ်။

ရေအားလျှပ်စစ်ဟာ ဇမ်ဘီယာနိုင်ငံရဲ့ဓာတ်အားထုတ်လုပ်မှု ၇၅ ရာခိုင်နှုန်းကျော်ကို ပံ့ပိုးပေးပါတယ်။ လက်ရှိ ရေကို ဆက်လက်သုံးစွဲမယ်ဆိုရင် ဓာတ်အားထုတ်လုပ်ရေးအတွက် ကျန်ရေများဟာ လုံလောက်မှာ မဟုတ် ကြောင်း ကာပါလာ က ဆိုပါတယ်။ ရေခမ်းလာတာကြောင့် ဓာတ်အားပေးစက်ရုံနှစ်ရုံကို လုံးဝပိတ်ပစ်ခြင်းမှ ရှောင်ရှားဖို့ ဇမ်ဘီဇီမြစ်အာဏာပိုင်က ဇင်ဘာဘွေမှာ ထုတ်လုပ်မှုပမာဏ အများဆုံး ၃ဝဝ မဂ္ဂါဝပ်နဲ့ ဇမ်ဘီယာမှ အများဆုံး ၈ဝဝ မဂ္ဂါဝပ်အထိသာ ထုတ်လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ကာရီဘာ North Bank ဓာတ်အားပေးစက်ရုံဟာ တပ်ဆင်ဓာတ်အား ၁ဝ၈ဝ မဂ္ဂါဝပ်ရှိပြီး ဇင်ဘာဘွေရှိ ကာရီဘာ South Bank ဓာတ်အားပေးစက်ရုံဟာ တပ်ဆင်ဓာတ်အား ၁ဝ၅ဝ မဂ္ဂါဝပ်ရှိတယ်လို့ သိရပါတယ်။

Zawgyi Version;
ဇမ္ဘီယာမွာ အဓိကေရအားလွ်ပ္စစ္ထုတ္လုပ္ရာ ကာရီဘာ ေရကန္မွာ ေရခမ္းလာျခင္းေၾကာင့္ ေဆာင္းရာသီ ဓာတ္အားျပတ္ေတာက္မႈမ်ား ျဖစ္လာႏိုင္
ေရာင္နီ (NP News) - ဒီဇင္ဘာ ၄

ဇမ္ဘီယာမွာ အဓိက ေရအားလွ်ပ္စစ္ထုတ္လုပ္ရာ ကာရီဘာကန္မွာ ေရပမာဏ ႀကီးမားစြာ က်ဆင္းသြားတာ ေၾကာင့္ ဒီဇင္ဘာ ၁၅ ရက္မွစ ျပည္တြင္းစားသုံးသူမ်ားအတြက္ လွ်ပ္စစ္ဓာတ္အားကို ခြဲတမ္းနဲ႔ စတင္ေပးမွာျဖစ္ ေၾကာင္း စြမ္းအင္ဝန္ႀကီးက ေျပာၾကားပါတယ္။

ဇမ္ဘီယာနဲ႔ ကာရီဘာဆည္ကို ပူးတြဲပိုင္ဆိုင္တဲ့ အိမ္နီးခ်င္း ဇင္ဘာေဘြရွိ အရာရွိမ်ားက လြန္ခဲ့တဲ့ရက္သတၱပတ္က ေရပမာဏဟာ ၎တို႔လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ေရးလုပ္ငန္းမ်ား ဆက္လက္လုပ္ေဆာင္ဖို႔အတြက္ အလြန္ နည္းပါးေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ကာရီဘာ ဟာ ႏွစ္ႏိုင္ငံလုံးအတြက္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္တဲ့ အဓိက အရင္းအျမစ္ ျဖစ္ပါတယ္။

ဇမ္ဘီယာရွိ ကာရီဘာ North Bank ဓာတ္အားေပးစက္႐ုံနဲ႔ ဇင္ဘာေဘြႏိုင္ငံရွိ ကာရီဘာ South Bank အတြက္ အသုံးျပဳႏိုင္တဲ့ ေရသိုေလွာင္မႈရဲ႕ ၄.၁ ရာခိုင္ႏႈန္းအထိ က်ဆင္းသြားေၾကာင္း ဇမ္ဘီယာစြမ္းအင္ဝန္ႀကီး ပီတာကာပါ လာ က ေျပာၾကားပါတယ္။ ကာရီဘာ ကန္ရဲ႕ ေရမ်က္ႏွာျပင္ နိမ့္က်မႈအေျခအေနဟာ ကာရီဘာ North Bank ေရအားလွ်ပ္စစ္စခန္းနဲ႔ ကာရီဘာ South Bank ေရအားလွ်ပ္စစ္စခန္း ႏွစ္ခုလုံးမွ ဓာတ္အားထုတ္လုပ္ေရးအတြက္ ၿခိမ္းေျခာက္မႈျဖစ္ေနပါတယ္။

ဇမ္ဘီယာနဲ႔ ဇင္ဘာေဘြရွိ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရးကုမၸဏီမ်ားက ဇမ္ဘီယာနဲ႔ ဇင္ဘာေဘြရွိ ျမစ္လက္ တက္မ်ားမွ စီးဝင္မႈေလ်ာ့က်သြားျခင္းေၾကာင့္ ကန္အတြင္းရွိ ေရပမာဏ က်ဆင္းသြားခဲ့တာျဖစ္တယ္လို႔ ဆိုပါ တယ္။

ေရအားလွ်ပ္စစ္ဟာ ဇမ္ဘီယာႏိုင္ငံရဲ႕ဓာတ္အားထုတ္လုပ္မႈ ၇၅ ရာခိုင္ႏႈန္းေက်ာ္ကို ပံ့ပိုးေပးပါတယ္။ လက္ရွိ ေရကို ဆက္လက္သုံးစြဲမယ္ဆိုရင္ ဓာတ္အားထုတ္လုပ္ေရးအတြက္ က်န္ေရမ်ားဟာ လုံေလာက္မွာ မဟုတ္ ေၾကာင္း ကာပါလာ က ဆိုပါတယ္။ ေရခမ္းလာတာေၾကာင့္ ဓာတ္အားေပးစက္႐ုံႏွစ္႐ုံကို လုံးဝပိတ္ပစ္ျခင္းမွ ေရွာင္ရွားဖို႔ ဇမ္ဘီဇီျမစ္အာဏာပိုင္က ဇင္ဘာေဘြမွာ ထုတ္လုပ္မႈပမာဏ အမ်ားဆုံး ၃ဝဝ မဂၢါဝပ္နဲ႔ ဇမ္ဘီယာမွ အမ်ားဆုံး ၈ဝဝ မဂၢါဝပ္အထိသာ ထုတ္လုပ္ဖို႔ တိုက္တြန္းခဲ့ပါတယ္။

ကာရီဘာ North Bank ဓာတ္အားေပးစက္႐ုံဟာ တပ္ဆင္ဓာတ္အား ၁ဝ၈ဝ မဂၢါဝပ္ရွိၿပီး ဇင္ဘာေဘြရွိ ကာရီဘာ South Bank ဓာတ္အားေပးစက္႐ုံဟာ တပ္ဆင္ဓာတ္အား ၁ဝ၅ဝ မဂၢါဝပ္ရွိတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.