ရုရှားအတွက် လုံခြုံရေးအာမခံချက်ပေးဖို့ နေတိုးအဖွဲ့ကို ပြင်သစ်သမ္မတ မက်ခရွန် တောင်းဆို

 795

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၄

ပြင်သစ်သမ္မတ မက်ခရွန်က နေတိုးမဟာမိတ်အဖွဲ့အနေနဲ့ ယူကရိန်းစစ်ပွဲကိုဖြေရှင်းနိုင်ရေးအတွက် ရုရှားရဲ့လုံခြုံရေးအတွက် အာမခံချက်ပေးဖို့ စဉ်းစားလုပ်ဆောင်ရမှာဖြစ်ကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မက်ခရွန်ဟာ အီးယူနိုင်ငံတွေထဲမှာ ဒုတိယခေါင်းဆောင်တစ်ဦးဖြစ်ပြီး ရုရှားနဲ့ ဥရောပရဲ့အနာဂတ် ဆက်ဆံရေးအတွက် ပွင့်လင်းစွာဆွေးနွေးဖို့ ဆန္ဒရှိနေသူဖြစ်တယ်လို့ သိရပါတယ်။

မက်ခရွန်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့တွေ့ဆုံဆွေးနွေးခဲ့ရာ အဲဒီဆွေးနွေးမှု အောင်မြင်ခဲ့ကြောင်း၊ ယူကရိန်းနဲ့ ရုရှားကြားဖြစ်နေတဲ့ စစ်ပွဲအဆုံးသတ်ရေးနဲ့
ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

နေတိုးအဖွဲ့က ရုရှားနိုင်ငံနားမှာ စစ်လက်နက်ပစ္စည်းများဖြန့်ကြတ်ချထားမှာကို ရုရှားသမ္မတ ပူတင်က စိုးရိမ်မှုမြင့်တက်လျက်ရှိနေကြောင်း၊ အမေရိကန်ဦးဆောင်တဲ့နေတိုးအုပ်စုဟာ ရုရှားနိုင်ငံရဲ့လုံခြုံရေးကို အာမခံချက်ပေးနိုင်အောင် ပြင်ဆင်ဖို့ လိုအပ်ကြောင်း ပြင်သစ်သမ္မတမက်ခရွန် က ပြောပါတယ်။

ပြင်သစ်သမ္မတက ငြိမ်းချမ်းရေးအတွက် စေ့စပ်ဆွေးနွေးနိုင်အောင်ကြိုးပမ်းရမှာဖြစ်သလိုအခြားတစ်ဖက်မှာလည်း ယူကရိန်းရဲ့စစ်ရေးစွမ်းဆောင်ရည် ပိုမိုကောင်းမွန်စေဖို့ ကူညီထောက်ပံ့ပေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ယူကရိန်းဟာ ရုရှားနဲ့ ဧပြီလမှာ နောက်ဆုံးဆွေးနွေးခဲ့ပြီး အဲဒီနောက်ပိုင်းကတည်းက ဆွေးနွေးခြင်းများ မရှိတော့ဘူးလို့ သိရပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက
ရုရှားဟာ ယူကရိန်းနဲ့ ဆွေးနွေးမှုတွေပြန်လုပ်ဖို့ လမ်းကြောင်းဖွင့်ထားတယ်လို့ ဆိုထားပါတယ်။

ရုရှားဟာ ယူကရိန်းကို စတင်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းပိုင်နက်လေးခုကို သိမ်းပိုက်ကာ ဆန္ဒခံယူပွဲကျင်းပပြီး ရုရှားနဲ့ပေါင်းစည်းဖို့ ခွင့်ပြုထားတယ်လို့ သိရပါတယ်။ ရုရှားဟာ အဆိုပါ သိမ်းယူထားတဲ့ပိုင်နက်လေးခုကို ရုရှားပိုင်နက်အဖြစ် သတ်မှတ်ပေးမယ်ဆိုရင် ယူကရိန်းနဲ့ ဆွေးနွေးမှုတွေ လုပ်ဖွယ်ရှိနေကြောင်း သတင်းများလည်း ထွက်ပေါ်နေပါတယ်။

Zawgyi Version;
႐ုရွားအတြက္ လုံၿခဳံေရးအာမခံခ်က္ေပးဖို႔ ေနတိုးအဖြဲ႕ကို ျပင္သစ္သမၼတ မက္ခ႐ြန္ ေတာင္းဆို
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၄

ျပင္သစ္သမၼတ မက္ခ႐ြန္က ေနတိုးမဟာမိတ္အဖြဲ႕အေနနဲ႔ ယူကရိန္းစစ္ပြဲကိုေျဖရွင္းႏိုင္ေရးအတြက္ ႐ုရွားရဲ႕လုံၿခဳံေရးအတြက္ အာမခံခ်က္ေပးဖို႔ စဥ္းစားလုပ္ေဆာင္ရမွာျဖစ္ေၾကာင္းထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

မက္ခ႐ြန္ဟာ အီးယူႏိုင္ငံေတြထဲမွာ ဒုတိယေခါင္းေဆာင္တစ္ဦးျဖစ္ၿပီး ႐ုရွားနဲ႔ ဥေရာပရဲ႕အနာဂတ္ ဆက္ဆံေရးအတြက္ ပြင့္လင္းစြာေဆြးေႏြးဖို႔ ဆႏၵရွိေနသူျဖစ္တယ္လို႔ သိရပါတယ္။

မက္ခ႐ြန္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္နဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့ရာ အဲဒီေဆြးေႏြးမႈ ေအာင္ျမင္ခဲ့ေၾကာင္း၊ ယူကရိန္းနဲ႔ ႐ုရွားၾကားျဖစ္ေနတဲ့ စစ္ပြဲအဆုံးသတ္ေရးနဲ႔
ၿငိမ္းခ်မ္းေရးအတြက္ ေဆြးေႏြးခဲ့တယ္လို႔ ဆိုပါတယ္။

ေနတိုးအဖြဲ႕က ႐ုရွားႏိုင္ငံနားမွာ စစ္လက္နက္ပစၥည္းမ်ားျဖန႔္ၾကတ္ခ်ထားမွာကို ႐ုရွားသမၼတ ပူတင္က စိုးရိမ္မႈျမင့္တက္လ်က္ရွိေနေၾကာင္း၊ အေမရိကန္ဦးေဆာင္တဲ့ေနတိုးအုပ္စုဟာ ႐ုရွားႏိုင္ငံရဲ႕လုံၿခဳံေရးကို အာမခံခ်က္ေပးႏိုင္ေအာင္ ျပင္ဆင္ဖို႔ လိုအပ္ေၾကာင္း ျပင္သစ္သမၼတမက္ခ႐ြန္ က ေျပာပါတယ္။

ျပင္သစ္သမၼတက ၿငိမ္းခ်မ္းေရးအတြက္ ေစ့စပ္ေဆြးေႏြးႏိုင္ေအာင္ႀကိဳးပမ္းရမွာျဖစ္သလိုအျခားတစ္ဖက္မွာလည္း ယူကရိန္းရဲ႕စစ္ေရးစြမ္းေဆာင္ရည္ ပိုမိုေကာင္းမြန္ေစဖို႔ ကူညီေထာက္ပံ့ေပးရမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ယူကရိန္းဟာ ႐ုရွားနဲ႔ ဧၿပီလမွာ ေနာက္ဆုံးေဆြးေႏြးခဲ့ၿပီး အဲဒီေနာက္ပိုင္းကတည္းက ေဆြးေႏြးျခင္းမ်ား မရွိေတာ့ဘူးလို႔ သိရပါတယ္။ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက
႐ုရွားဟာ ယူကရိန္းနဲ႔ ေဆြးေႏြးမႈေတြျပန္လုပ္ဖို႔ လမ္းေၾကာင္းဖြင့္ထားတယ္လို႔ ဆိုထားပါတယ္။

႐ုရွားဟာ ယူကရိန္းကို စတင္တိုက္ခိုက္ခဲ့ၿပီးေနာက္ပိုင္း ယူကရိန္းပိုင္နက္ေလးခုကို သိမ္းပိုက္ကာ ဆႏၵခံယူပြဲက်င္းပၿပီး ႐ုရွားနဲ႔ေပါင္းစည္းဖို႔ ခြင့္ျပဳထားတယ္လို႔ သိရပါတယ္။ ႐ုရွားဟာ အဆိုပါ သိမ္းယူထားတဲ့ပိုင္နက္ေလးခုကို ႐ုရွားပိုင္နက္အျဖစ္ သတ္မွတ္ေပးမယ္ဆိုရင္ ယူကရိန္းနဲ႔ ေဆြးေႏြးမႈေတြ လုပ္ဖြယ္ရွိေနေၾကာင္း သတင္းမ်ားလည္း ထြက္ေပၚေနပါတယ္။

Related news

© 2021. All rights reserved.