ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်စ်အဖွဲ့ကို အစ္စရေးတို့ လေကြောင်းမှ တိုက်ခိုက်မှုများပြုလုပ်

 478

Pika (NP News) - ဒီဇင်ဘာ ၄

ကမ်းရိုးတန်းဒေသမှ အစ္စရေးပိုင်နက်နယ်မြေထဲကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများရှိခဲ့ပြီးနောက် အစ္စရေးလေတပ်သည် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်လက်နက်ကိုင်အဖွဲ့၏ စခန်းများကို ညတွင်းချင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အစ္စရေးသည် နိုင်ငံတောင်ပိုင်းကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုအပေါ် လက်တုံ့ပြန်မှုအဖြစ် လေကြောင်းတိုက်ခိုက်မှုများကို လုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အစ္စရေးနိုင်ငံထဲကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ဆိုသည့်အချက်ကို ရှင်းရှင်းလင်းလင်းမသိရသေးသလို တာဝန်ယူပြောဆိုခြင်းမျိုး မရှိကြောင်းလည်း သိရသည်။

အစ္စရေးစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် လူအသေအပျောက်လည်း မရှိခဲ့ကြောင်း သိရသည်။ အစ္စရေးစစ်တပ်က "အဲဒီ ဒုံးကျည်ပစ်ခတ်မှုကိုတုံ့ပြန်တဲ့အနေနဲ့ ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ဟားမက်စ် ပိုင်ဆိုင် တဲ့ လက်နက်ထုတ်လုပ်တဲ့နေရာတွေကို အစ္စရေးစစ်တပ်ရဲ့တိုက်လေယာဥ်တွေက ညတွင်းချင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်" ဟု ပြောဆိုခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းရှိ Khan Younis နှင့် Rafah မြို့များ၏ အနောက်ဖက်တွင် အစ္စရေးစစ်တပ်၏ ဒရုန်းများနှင့် တိုက်လေယာဥ်များ ပျံသန်းနေသည်ကိုတွေ့ရှိခဲ့ပြီး ပေါက်ကွဲသံများကြားခဲ့ရကြောင်း မျက်မြင်သက်သေများက ပြောဆိုခဲ့သည်။

ဟားမက်စ်အဖွဲ့ နှင့် Palestinian Islamic Jihad (PIJ) လက်နက်ကိုင်အဖွဲ့တို့အပေါ် အစ္စရေးလေတပ်၏ ပစ်မှတ်ထားတိုက်ခိုက်မှုအတွင်း သေဆုံးမှု (သို့မဟုတ်) ထိခိုက်ဒဏ်ရာရရှိမှုများ မရှိခဲ့ကြောင်း ပါလက်စတိုင်း ဆေးဘက်ဆိုင်ရာသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

Zawgyi Version;
ဂါဇာကမ္းေျမာင္ေဒသရွိ ဟားမက္စ္အဖြဲ႕ကို အစၥေရးတို႔ ေလေၾကာင္းမွ တိုက္ခိုက္မႈမ်ားျပဳလုပ္
Pika (NP News) - ဒီဇင္ဘာ ၄

ကမ္း႐ိုးတန္းေဒသမွ အစၥေရးပိုင္နက္နယ္ေျမထဲကို ဒုံးက်ည္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ျခင္းမ်ားရွိခဲ့ၿပီးေနာက္ အစၥေရးေလတပ္သည္ ဂါဇာကမ္းေျမာင္ေဒသရွိ ဟားမတ္လက္နက္ကိုင္အဖြဲ႕၏ စခန္းမ်ားကို ညတြင္းခ်င္း ေလေၾကာင္းမွ ဗုံးႀကဲတိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

အစၥေရးသည္ ႏိုင္ငံေတာင္ပိုင္းကို ဒုံးက်ည္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခံရမႈအေပၚ လက္တုံ႔ျပန္မႈအျဖစ္ ေလေၾကာင္းတိုက္ခိုက္မႈမ်ားကို လုပ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ အစၥေရးႏိုင္ငံထဲကို ဒုံးက်ည္မ်ားျဖင့္ ပစ္ခတ္တိုက္မႈကို မည္သည့္အဖြဲ႕က လုပ္ေဆာင္ခဲ့သည္ဆိုသည့္အခ်က္ကို ရွင္းရွင္းလင္းလင္းမသိရေသးသလို တာဝန္ယူေျပာဆိုျခင္းမ်ိဳး မရွိေၾကာင္းလည္း သိရသည္။

အစၥေရးစစ္တပ္၏ ေလေၾကာင္းတိုက္ခိုက္မႈမ်ားေၾကာင့္ လူအေသအေပ်ာက္လည္း မရွိခဲ့ေၾကာင္း သိရသည္။ အစၥေရးစစ္တပ္က "အဲဒီ ဒုံးက်ည္ပစ္ခတ္မႈကိုတုံ႔ျပန္တဲ့အေနနဲ႔ ဂါဇာကမ္းေျမာင္ေဒသမွာရွိတဲ့ ဟားမက္စ္ ပိုင္ဆိုင္ တဲ့ လက္နက္ထုတ္လုပ္တဲ့ေနရာေတြကို အစၥေရးစစ္တပ္ရဲ႕တိုက္ေလယာဥ္ေတြက ညတြင္းခ်င္း ဗုံးႀကဲတိုက္ခိုက္ခဲ့ပါတယ္" ဟု ေျပာဆိုခဲ့သည္။

ဂါဇာကမ္းေျမာင္ေဒသေတာင္ပိုင္းရွိ Khan Younis ႏွင့္ Rafah ၿမိဳ႕မ်ား၏ အေနာက္ဖက္တြင္ အစၥေရးစစ္တပ္၏ ဒ႐ုန္းမ်ားႏွင့္ တိုက္ေလယာဥ္မ်ား ပ်ံသန္းေနသည္ကိုေတြ႕ရွိခဲ့ၿပီး ေပါက္ကြဲသံမ်ားၾကားခဲ့ရေၾကာင္း မ်က္ျမင္သက္ေသမ်ားက ေျပာဆိုခဲ့သည္။

ဟားမက္စ္အဖြဲ႕ ႏွင့္ Palestinian Islamic Jihad (PIJ) လက္နက္ကိုင္အဖြဲ႕တို႔အေပၚ အစၥေရးေလတပ္၏ ပစ္မွတ္ထားတိုက္ခိုက္မႈအတြင္း ေသဆုံးမႈ (သို႔မဟုတ္) ထိခိုက္ဒဏ္ရာရရွိမႈမ်ား မရွိခဲ့ေၾကာင္း ပါလက္စတိုင္း ေဆးဘက္ဆိုင္ရာသတင္းရင္းျမစ္မ်ားက ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.