ဆန္ဒပြပွဲတွေကြောင့် အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများ နှောင့်နှေးမှုမရှိအောင် စစ်သားတွေကို အစားထိုးအသုံးပြုဖို့စီစဉ်နေကြောင်း ဗြိတိန်အာဏာရပါတီအကြီးအကဲပြော

 548

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၅

ဗြိတိန်အစိုးရဟာ နိုင်ငံအတွင်းဖြစ်နေတဲ့ဆန္ဒပြမှုတွေကို လျော့နည်းအောင်လုပ်ဆောင်ဖို့အတွက် အများပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်စေဖို့ စစ်သားတွေကို အသုံးပြုခေါ်ယူသွားဖွယ်ရှိနေကြောင်း ဗြိတိန်အာဏာရကွန်ဆာဗေးတစ်ပါတီဥက္ကဋ္ဌ က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဗြိတိန်နိုင်ငံမှာ ရှင်သန်နေထိုင်မှုစရိတ်မြင့်မားခြင်းအပြင် စီးပွားရေးကျဆင်းခြင်းများကို မကျေနပ်တဲ့အတွက် အလုပ်သမားသမဂ္ဂတွေနဲ့ ပြည်သူတွေဟာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ လုပ်ဆောင်လျက်ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါဆန္ဒပြပွဲတွေထဲကို ဗြိတိန်နိုင်ငံရဲ့အဓိကလုပ်ငန်းတွေဖြစ်တဲ့ ကျန်းမာရေးဝန်ဆောင်မှု ဝန်ထမ်းများ၊ အရေးပေါ်ကား ဝန်ဆောင်မှုလုပ်ငန်းများ ပါဝင်လာမယ်ဆိုရင် အဆိုပါလုပ်ငန်းများကိုနှောင့်နှေးမှုမရှိအောင် စစ်သားတွေကို အစားထိုးအသုံးပြုဖို့ စီစဉ်နေခြင်းဖြစ်ကြောင်း ဗြိတိန်မီဒီယာတွေက ဆိုပါတယ်။

ကွန်ဆာဗေးတစ်ပါတီဥက္ကဋ္ဌဖြစ်သူ နက်ဟင်း ဇာဟာဝီက "အလုပ်သမားသမဂ္ဂကို သတင်းစကားပါးလိုတယ်။ လက်ရှိအချိန်က ဆန္ဒပြရမယ့်အချိန်မျိုး မဟုတ်ဘူး၊ စေ့စပ်ဆွေးနွေးတာမျိုး လုပ်ဆောင်ရမယ့်အချိန်ဖြစ်တယ်။ ဆန္ဒပြပွဲတွေမှာ ပါဝင်နေတဲ့အလုပ်သမားတွေဟာ စေ့စပ်ဆွေးနွေးဖို့ ပျက်ကွက်နေတယ်။ အလုပ်သမားတွေရဲ့ လုပ်ငန်းလုပ်ကိုင်မှု ပျက်ကွက်နေမှုတွေ ရှိနေတယ်။ အစိုးရဟာ အလုပ်သမားတွေ လုပ်ငန်းတွေ မလုပ်ကိုင်ပဲ ပျက်ကွက်နေမှုများအတွက် တာဝန်ယူခြင်း၊ တာဝန်ခံခြင်းများ ရှိရတော့မှာဖြစ်တယ်။ ကျွန်တော်တို့ဟာ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အစားထိုးလုပ်ကိုင်စေဖို့ စစ်သားတွေကို ပစ်မှတ်ထားနေတယ်။ ကျန်းမာရေးဝန်ဆောင်မှုအတွက် အရေးပေါ်ကားဝန်ဆောင်မှုတွေနဲ့ အများပြည်သူနဲ့သက်ဆိုင်တဲ့ အခြားဝန်ဆောင်မှုတွေမှာ လုပ်ငန်းများ နှောင့်နှေးမှုမရှိအောင် ကြိုးစားရမှာဖြစ်တယ်" လို့ပြောပါတယ်။

ဗြိတိန်အာဏာရ ကွန်ဆာဗေးတစ်ပါတီဥက္ကဋ္ဌက စီးပွားရေးကျဆင်းနေရခြင်းဟာ ယူကရိန်းကို ရုရှားတပ်ဖွဲ့တွေ တိုက်ခိုက်ခြင်းကြောင့်ဖြစ်ပြီး အဲဒီတိုက်ခိုက်မှုတွေက စွမ်းအင်ကုန်ကျစရိတ်တွေကို မြင့်တက်လာစေခဲ့ကြောင်း ဆိုပါတယ်။

Zawgyi Version;
ဆႏၵျပပြဲေတြေၾကာင့္ အမ်ားျပည္သူဝန္ေဆာင္မႈလုပ္ငန္းမ်ား ေႏွာင့္ေႏွးမႈမရွိေအာင္ စစ္သားေတြကို အစားထိုးအသုံးျပဳဖို႔စီစဥ္ေနေၾကာင္း ၿဗိတိန္အာဏာရပါတီအႀကီးအကဲေျပာ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၅

ၿဗိတိန္အစိုးရဟာ ႏိုင္ငံအတြင္းျဖစ္ေနတဲ့ဆႏၵျပမႈေတြကို ေလ်ာ့နည္းေအာင္လုပ္ေဆာင္ဖို႔အတြက္ အမ်ားျပည္သူဝန္ေဆာင္မႈလုပ္ငန္းေတြမွာ ပါဝင္လုပ္ကိုင္ေစဖို႔ စစ္သားေတြကို အသုံးျပဳေခၚယူသြားဖြယ္ရွိေနေၾကာင္း ၿဗိတိန္အာဏာရကြန္ဆာေဗးတစ္ပါတီဥကၠ႒ က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ၿဗိတိန္ႏိုင္ငံမွာ ရွင္သန္ေနထိုင္မႈစရိတ္ျမင့္မားျခင္းအျပင္ စီးပြားေရးက်ဆင္းျခင္းမ်ားကို မေက်နပ္တဲ့အတြက္ အလုပ္သမားသမဂၢေတြနဲ႔ ျပည္သူေတြဟာ အစိုးရဆန႔္က်င္ေရးဆႏၵျပပြဲေတြ လုပ္ေဆာင္လ်က္ရွိေနတယ္လို႔ သိရပါတယ္။

အဆိုပါဆႏၵျပပြဲေတြထဲကို ၿဗိတိန္ႏိုင္ငံရဲ႕အဓိကလုပ္ငန္းေတြျဖစ္တဲ့ က်န္းမာေရးဝန္ေဆာင္မႈ ဝန္ထမ္းမ်ား၊ အေရးေပၚကား ဝန္ေဆာင္မႈလုပ္ငန္းမ်ား ပါဝင္လာမယ္ဆိုရင္ အဆိုပါလုပ္ငန္းမ်ားကိုေႏွာင့္ေႏွးမႈမရွိေအာင္ စစ္သားေတြကို အစားထိုးအသုံးျပဳဖို႔ စီစဥ္ေနျခင္းျဖစ္ေၾကာင္း ၿဗိတိန္မီဒီယာေတြက ဆိုပါတယ္။

ကြန္ဆာေဗးတစ္ပါတီဥကၠ႒ျဖစ္သူ နက္ဟင္း ဇာဟာဝီက "အလုပ္သမားသမဂၢကို သတင္းစကားပါးလိုတယ္။ လက္ရွိအခ်ိန္က ဆႏၵျပရမယ့္အခ်ိန္မ်ိဳး မဟုတ္ဘူး၊ ေစ့စပ္ေဆြးေႏြးတာမ်ိဳး လုပ္ေဆာင္ရမယ့္အခ်ိန္ျဖစ္တယ္။ ဆႏၵျပပြဲေတြမွာ ပါဝင္ေနတဲ့အလုပ္သမားေတြဟာ ေစ့စပ္ေဆြးေႏြးဖို႔ ပ်က္ကြက္ေနတယ္။ အလုပ္သမားေတြရဲ႕ လုပ္ငန္းလုပ္ကိုင္မႈ ပ်က္ကြက္ေနမႈေတြ ရွိေနတယ္။ အစိုးရဟာ အလုပ္သမားေတြ လုပ္ငန္းေတြ မလုပ္ကိုင္ပဲ ပ်က္ကြက္ေနမႈမ်ားအတြက္ တာဝန္ယူျခင္း၊ တာဝန္ခံျခင္းမ်ား ရွိရေတာ့မွာျဖစ္တယ္။ ကြၽန္ေတာ္တို႔ဟာ ဝန္ေဆာင္မႈလုပ္ငန္းေတြမွာ အစားထိုးလုပ္ကိုင္ေစဖို႔ စစ္သားေတြကို ပစ္မွတ္ထားေနတယ္။ က်န္းမာေရးဝန္ေဆာင္မႈအတြက္ အေရးေပၚကားဝန္ေဆာင္မႈေတြနဲ႔ အမ်ားျပည္သူနဲ႔သက္ဆိုင္တဲ့ အျခားဝန္ေဆာင္မႈေတြမွာ လုပ္ငန္းမ်ား ေႏွာင့္ေႏွးမႈမရွိေအာင္ ႀကိဳးစားရမွာျဖစ္တယ္" လို႔ေျပာပါတယ္။

ၿဗိတိန္အာဏာရ ကြန္ဆာေဗးတစ္ပါတီဥကၠ႒က စီးပြားေရးက်ဆင္းေနရျခင္းဟာ ယူကရိန္းကို ႐ုရွားတပ္ဖြဲ႕ေတြ တိုက္ခိုက္ျခင္းေၾကာင့္ျဖစ္ၿပီး အဲဒီတိုက္ခိုက္မႈေတြက စြမ္းအင္ကုန္က်စရိတ္ေတြကို ျမင့္တက္လာေစခဲ့ေၾကာင္း ဆိုပါတယ္။

Related news

© 2021. All rights reserved.