အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းဖို့တောင်းဆိုခဲ့တာကြောင့် သမ္မတဟောင်းဒေါ်နယ်ထရမ့် ဝေဖန်ခံနေရ

 662

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၅

အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချို့အချက်များကို ဖျက်သိမ်းဖို့တောင်းဆိုခဲ့တာနဲ့ပတ်သက်ပြီး ဝေဖန်ပြစ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။

၂ဝ၂ဝ ပြည့်နှစ်က ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ မဲလိမ်မဲခိုးမှုများဖြစ်ပွားခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအချို့ကိုဖျက်သိမ်းဖို့ မကြာသေးမီက တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ လာမယ့်အမေရိကန်ရွေးကောက်ပွဲကို ထပ်မံယှဉ်ပြိင်ဖို့စီစဉ်နေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချို့အချက်တွေကိုဖျက်သိမ်းဖို့ ၄င်းရဲ့ကိုယ်ပိုင်လူမှုကွန်ရက် Truth Social တဆင့် တောင်းဆိုသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်နယ်ထရမ့်က "ကြီးမားတဲ့လိမ်လည်မှုတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာရှိနေတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖျက်သိမ်းဖို့ တွန်းအားပေးနေသလိုမျိုးဖြစ်နေတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို စတင်ရေးဆွဲခဲ့သူတွေဟာ မဲလိမ်လည်မှုဖြစ်ပွားစေတဲ့ရွေးကောက်ပွဲကို လိုလားမှာမဟုတ်ဘူး" လို့ပြောပါတယ်။

ဒီမိုကရက်ပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ ဟာကီ ဂျက်ဖရီစ့်က အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ ပြောဆိုချက်တွေဟာ ထူးဆန်းအံအားသင့်မိကြောင်း ပြောဆိုခဲ့သလို ရီပတ်ဘလီကန်ပါတီဟာ ဒေါ်နယ်ထရမ့်ရဲ့ ဒီမိုကရက်တစ်ဆန့်ကျင်ရေးအမြင်တွေကို ဆက်လက်အားပေးထောက်ခံသင့်/မသင့်ဆိုတာကို ရွေးချယ်သင့်တယ်လို့ ဆိုပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ၂ဝ၂ဝ ပြည့်နှစ်က ကျင်းပတဲ့ရွေးကောက်ပွဲမှာ လက်ရှိသမ္မတဂျိုးဘိုင်ဒန်နဲ့ ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့် ပြီး အဆိုပါရှုံးနိမ့်မှုက မဲလိမ်လည်မှုများကြောင့်ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။ ဒေါ်နယ်ထရမ့်ကို အားပေး ထောက်ခံသူများဟာ ရွေးကောက်ပွဲမှာ မဲလိမ်လည်မှုများရှိတယ်ဆိုပြီး အမေရိကန်လွှတ်တော်အဆောက်အဦးကို စီးနင်းတိုက်ခိုက်ခြင်းများရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ အန်ဒရူးဘာတီးစ့်က "အမေရိကန်နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေက နိုင်ငံကို ဂရိတ်နိုင်ငံဖြစ်စေဖို့ နဲ့ တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်ခွင့်တွေအပြည့်အဝပေးထားတဲ့ နှစ်ပေါင်း ၂ဝဝ ကျော် သက်တမ်းရှိနေတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုတိုက်ခိုက်တာက ကျွန်တော်တို့နိုင်ငံရဲ့စိတ်ဝိဉာဉ်တွေကို မကောင်းပြောဆိုလိုက်တာပဲ" လို့ပြောပါတယ်။

Zawgyi Version;
အေမရိကန္ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဖ်က္သိမ္းဖို႔ေတာင္းဆိုခဲ့တာေၾကာင့္ သမၼတေဟာင္းေဒၚနယ္ထရမ့္ ေဝဖန္ခံေနရ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၅

အေမရိကန္သမၼတေဟာင္းေဒၚနယ္ထရမ့္ဟာ ဖြဲ႕စည္းပုံအေျခခံဥပေဒပါ အခ်ိဳ႕အခ်က္မ်ားကို ဖ်က္သိမ္းဖို႔ေတာင္းဆိုခဲ့တာနဲ႔ပတ္သက္ၿပီး ေဝဖန္ျပစ္မႈေတြနဲ႔ရင္ဆိုင္ခဲ့ရတယ္လို႔ သိရပါတယ္။

၂ဝ၂ဝ ျပည့္ႏွစ္က က်င္းပခဲ့တဲ့ အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ မဲလိမ္မဲခိုးမႈမ်ားျဖစ္ပြားခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္ဟာ ဖြဲ႕စည္းပုံအေျခခံဥပေဒအခ်ိဳ႕ကိုဖ်က္သိမ္းဖို႔ မၾကာေသးမီက ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။ ေဒၚနယ္ထရမ့္ဟာ လာမယ့္အေမရိကန္ေ႐ြးေကာက္ပြဲကို ထပ္မံယွဥ္ၿပိင္ဖို႔စီစဥ္ေနၿပီး ဖြဲ႕စည္းပုံအေျခခံဥပေဒပါ အခ်ိဳ႕အခ်က္ေတြကိုဖ်က္သိမ္းဖို႔ ၄င္းရဲ႕ကိုယ္ပိုင္လူမႈကြန္ရက္ Truth Social တဆင့္ ေတာင္းဆိုသြားခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

ေဒၚနယ္ထရမ့္က "ႀကီးမားတဲ့လိမ္လည္မႈေတြဟာ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာရွိေနတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို ဖ်က္သိမ္းဖို႔ တြန္းအားေပးေနသလိုမ်ိဳးျဖစ္ေနတယ္။ ဖြဲ႕စည္းပုံအေျခခံဥပေဒေတြကို စတင္ေရးဆြဲခဲ့သူေတြဟာ မဲလိမ္လည္မႈျဖစ္ပြားေစတဲ့ေ႐ြးေကာက္ပြဲကို လိုလားမွာမဟုတ္ဘူး" လို႔ေျပာပါတယ္။

ဒီမိုကရက္ပါတီေခါင္းေဆာင္တစ္ဦးျဖစ္သူ ဟာကီ ဂ်က္ဖရီစ့္က အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္ရဲ႕ ေျပာဆိုခ်က္ေတြဟာ ထူးဆန္းအံအားသင့္မိေၾကာင္း ေျပာဆိုခဲ့သလို ရီပတ္ဘလီကန္ပါတီဟာ ေဒၚနယ္ထရမ့္ရဲ႕ ဒီမိုကရက္တစ္ဆန႔္က်င္ေရးအျမင္ေတြကို ဆက္လက္အားေပးေထာက္ခံသင့္/မသင့္ဆိုတာကို ေ႐ြးခ်ယ္သင့္တယ္လို႔ ဆိုပါတယ္။

ေဒၚနယ္ထရမ့္ဟာ ၂ဝ၂ဝ ျပည့္ႏွစ္က က်င္းပတဲ့ေ႐ြးေကာက္ပြဲမွာ လက္ရွိသမၼတဂ်ိဳးဘိုင္ဒန္နဲ႔ ယွဥ္ၿပိဳင္ခဲ့ရာ ရႈံးနိမ့္ ၿပီး အဆိုပါရႈံးနိမ့္မႈက မဲလိမ္လည္မႈမ်ားေၾကာင့္ျဖစ္တယ္လို႔ ေဝဖန္ထားပါတယ္။ ေဒၚနယ္ထရမ့္ကို အားေပး ေထာက္ခံသူမ်ားဟာ ေ႐ြးေကာက္ပြဲမွာ မဲလိမ္လည္မႈမ်ားရွိတယ္ဆိုၿပီး အေမရိကန္လႊတ္ေတာ္အေဆာက္အဦးကို စီးနင္းတိုက္ခိုက္ျခင္းမ်ားရွိခဲ့ဖူးတယ္လို႔ သိရပါတယ္။

အေမရိကန္အစိုးရတာဝန္ရွိသူတစ္ဦးျဖစ္တဲ့ အန္ဒ႐ူးဘာတီးစ့္က "အေမရိကန္ႏိုင္ငံရဲ႕ဖြဲ႕စည္းပုံအေျခခံဥပေဒက ႏိုင္ငံကို ဂရိတ္ႏိုင္ငံျဖစ္ေစဖို႔ နဲ႔ တရားဥပေဒစိုးမိုးေရး၊ လြတ္လပ္ခြင့္ေတြအျပည့္အဝေပးထားတဲ့ ႏွစ္ေပါင္း ၂ဝဝ ေက်ာ္ သက္တမ္းရွိေနတယ္။ ဖြဲ႕စည္းပုံအေျခခံဥပေဒကိုတိုက္ခိုက္တာက ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕စိတ္ဝိဉာဥ္ေတြကို မေကာင္းေျပာဆိုလိုက္တာပဲ" လို႔ေျပာပါတယ္။

Related news

© 2021. All rights reserved.