သမီးရည်းစားချိန်းတွေ့ရာမှ မီးရှို့ခံခဲ့ရသော မိန်းကလေး မီးလောင်ဒဏ်ရာများကြောင့် (၁)ပတ်အကြာတွင် သေဆုံး

1006

NP News - ဒီဇင်ဘာ ၁၃
စစ်ကိုင်းမြို့၊ ဒါးဝယ်ဈေးရပ်ကွက်ရှိ ဘော်ဂါရပ်ကွက်တွင် သမီးရည်းစားချိန်းတွေ့ရာမှ ဓာတ်ဆီလောင်း၍ မီးရှို့ခံခဲ့ရသော မိန်းကလေး သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ ပြီးခဲ့သည့် ဒီဇင်ဘာလ (၅)ရက်တွင် သမီးရည်းစားချိန်းတွေ့ရာ ယောကျာ်းလေးဖြစ်သူက မိန်းကလေးထံမှ ကာမရယူရန် ကြိုးစားရာမှ ရုတ်ရင်းဆန်ခတ်ဖြစ်ခဲ့ပြီးနောက် ယောကျာ်းလေးဖြစ်သူက မိန်းကလေးဖြစ်သူအား ဓာတ်ဆီလောင်း၍ မီးရှို့ခဲ့ခြင်းဖြစ်သည်။
မီးရှို့ခံရမှုကြောင့် မိန်းကလေးတွင် မီးလောင်ဒဏ်ရာများရရှိခဲ့ပြီး ၎င်းအား မြန်မာ နိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ အိုးဘိုမှ စစ်ကိုင်းပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မိန်းကလေးအား အချိန်မီဆေးရုံသို့ ပို့ခဲ့သော်လည်း မီးလောင်ဒဏ်ရာများကြောင့် မိန်းကလေးသည် ယမန်နေ့(ဒီဇင်ဘာလ ၁၂ ရက်) ညနေဘက်တွင် သေဆုံးခဲ့ကြောင်း သိရသည်။
“ဟုတ်ပါတယ် ကောင်မလေးက မနေ့ညနေကဆုံးသွားပါတယ်။ ဆေးရုံမှာပဲဆုံးသွားတာပါ။ မီးလောင်ဒဏ်ရာတွေကြောင့်လို့ ပြောလို့ရတာပေါ့” ဟု စစ်ကိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။
သေဆုံးသူမိန်းကလေးသည် စစ်ကိုင်းမြို့၊ ပညာရေးတက္ကသိုလ်မှ ဖြစ်ပြီး အသက် (၃ဝ) ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

zawgyi version
သမီးရည္းစားခ်ိန္းေတြ႕ရာမွ မီးရႈိ႕ခံခဲ့ရေသာ မိန္းကေလး မီးေလာင္ဒဏ္ရာမ်ားေၾကာင့္ (၁)ပတ္အၾကာတြင္ ေသဆုံး
NP News - ဒီဇင္ဘာ ၁၃
စစ္ကိုင္းၿမိဳ႕၊ ဒါးဝယ္ေဈးရပ္ကြက္ရွိ ေဘာ္ဂါရပ္ကြက္တြင္ သမီးရည္းစားခ်ိန္းေတြ႕ရာမွ ဓာတ္ဆီေလာင္း၍ မီးရႈိ႕ခံခဲ့ရေသာ မိန္းကေလး ေသဆုံးသြားၿပီျဖစ္ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဒီဇင္ဘာလ (၅)ရက္တြင္ သမီးရည္းစားခ်ိန္းေတြ႕ရာ ေယာက်ာ္းေလးျဖစ္သူက မိန္းကေလးထံမွ ကာမရယူရန္ ႀကိဳးစားရာမွ ႐ုတ္ရင္းဆန္ခတ္ျဖစ္ခဲ့ၿပီးေနာက္ ေယာက်ာ္းေလးျဖစ္သူက မိန္းကေလးျဖစ္သူအား ဓာတ္ဆီေလာင္း၍ မီးရႈိ႕ခဲ့ျခင္းျဖစ္သည္။
မီးရႈိ႕ခံရမႈေၾကာင့္ မိန္းကေလးတြင္ မီးေလာင္ဒဏ္ရာမ်ားရရွိခဲ့ၿပီး ၎အား ျမန္မာ ႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ အိုးဘိုမွ စစ္ကိုင္းျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
အဆိုပါ မိန္းကေလးအား အခ်ိန္မီေဆး႐ုံသို႔ ပို႔ခဲ့ေသာ္လည္း မီးေလာင္ဒဏ္ရာမ်ားေၾကာင့္ မိန္းကေလးသည္ ယမန္ေန႔(ဒီဇင္ဘာလ ၁၂ ရက္) ညေနဘက္တြင္ ေသဆုံးခဲ့ေၾကာင္း သိရသည္။
“ဟုတ္ပါတယ္ ေကာင္မေလးက မေန႔ညေနကဆုံးသြားပါတယ္။ ေဆး႐ုံမွာပဲဆုံးသြားတာပါ။ မီးေလာင္ဒဏ္ရာေတြေၾကာင့္လို႔ ေျပာလို႔ရတာေပါ့” ဟု စစ္ကိုင္းအေရးေပၚကယ္ဆယ္ေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို အတည္ျပဳေျပာဆိုထားသည္။
ေသဆုံးသူမိန္းကေလးသည္ စစ္ကိုင္းၿမိဳ႕၊ ပညာေရးတကၠသိုလ္မွ ျဖစ္ၿပီး အသက္ (၃ဝ) ဝန္းက်င္ခန႔္ရွိေၾကာင္း သိရသည္။