အမေရိကန်၏ ကမ္ဘာမြေစိမ်းလန်းရေး အမတော်ကြေး နှင့် ငွေကြေးဖောင်းပွမှုလျှော့ချရေး အက်ဥပဒေကြောင့် ဥရောပသမဂ္ဂ အခက်တွေ့နေ

 669

Htay Oung (NP News) - ဒီဇင်ဘာ ၂ဝ

အမေရိကန်နိုင်ငံအတွင်း ကမ္ဘာမြေစိမ်းလန်ရေးထောက်ပံ့ကြေးများကို အလုံးအရင်းနဲ့ ထုတ်ပေးနေခြင်းဟာ (အဲဒီလို ချက်ချင်း လိုက်မလုပ်နိုင်တဲ့) ဥရောပနိုင်ငံများအတွက် သတိပေးချက်ဖြစ်လာပါတယ်။ အဖွဲ့အတွင်း နိုင်ငံ များရဲ့ဖိအားပေးမှုကို ချွေးသိပ်တဲ့အနေနဲ့ ဝါရှင်တန်ရဲ့အထောက်အပံ့များနဲ့ဆီလျော်ပြီး အဖွဲ့ဝင်တိုင်းပြည် တစ်ခု ချင်းအလိုက် အကူအညီဖြစ်လောက်တဲ့အထိ စည်းမျဉ်းတွေကို လျော့ပေါးပေးမှာဖြစ်ကြောင်း ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယန်က ပြောပြတယ်လို့ Finical Time က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ရေးသား ဖော်ပြခဲ့ပါတယ်။

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုတားဆီးဖို့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုလျော့ချပြီး သန့်ရှင်းစက်မှုလုပ်ငန်းဖွံ့ဖြိုးရေး၊ ရေရှည်တည်တန့်တဲ့ထုတ်လုပ်မှုနဲ့ သုံးစွဲမှုမြှင့်တင်ရေးအတွက် ကမ္ဘာတစ်ဝန်း အစိမ်းရောင်ထောက်ပံ့ကြေပေးဖို့ မြှင့်တင်ဆောင်ရွက်နေကြပါတယ်။ ၂ဝ၂ဝ ပြည့်နှစ် အမေရိကန်ဟာ အဲဒီအတွက် ကန်ဒေါ်လာ ၆၃၄ ဘီလျံခန့် သုံးစွဲ ခဲ့ပြီး ရုပ်ကြွင်းလောင်စာအသုံးပြုမှုလျော့ချရေးအတွက် ၇ဝ ရာခိုင်နှုန်း ပါဝင်ပါတယ်။

အဲဒါအပြင် သမ္မတဂျိုးဘိုင်ဒင်ရဲ့ ဒေါ်လာ ၃၆၉ ဘီလျံတန် ငွေကြေးဖောင်းပွမှုလျော့ချရေး အက်ဥပဒေ (IRA) ဟာ ရာသီဥတုပြောင်းလဲရေးတားဆီးရာမှာ ရေရှည်တည်တန့်ဖို့မဖြစ်နိုင်တဲ့ စီးပွားရေးအခြေအနေတွေကို ဖန်တီးပေးရာ ရောက်ရှိလိမ့်မယ်လို့ ယခုလ စောစောပိုင်း ဘယ်လ်ဂျီယန် ဘရူးဂတ်စ်တက္ကသိုလ်ကျောင်းသားများနဲ့ တွေ့ဆုံစဉ် အီးယူကော်မရှင်ဥက္ကဋ္ဌက ထင်မြင်ချက်ပေးပါတယ်။

အနာဂတ်ရင်းနှီးမြှုပ်နှံဖို့အတွက် အမေရိကန်ကို ပြောင်းရွှေ့ဖို့အထိ စဉ်းစားနေကြတဲ့ ဥရောပ ကုန်ထုတ်လုပ်သူတွေ ဇာတ်လမ်းမျိုးစုံကိုလည်း ကြားသိနေရကြောင်း၊ ဆန်းသစ်တဲ့နည်းလမ်းများကို ရှာဖွေနေစဉ် အဖွဲ့ကြီးအတွင်း ထောက်ပံ့မှုတွေအပေါ် ကန့်သတ်ချက်တွေကိုဖြေလျော့ပေးဖို့ အီးယူအနေနဲ့ အသင့်ရှိနေကြောင်း ဆက်လက်ပြော ဆိုခဲ့ပါတယ်။

အမေရိကန်နဲ့ အီးယူတို့အကြား စောစောပိုင်း သံတမန်ရေးချဉ်းကပ်မှုတွေဟာ သြဂုတ်လ အမေရိကန်နိုင်ငံမှာ အတည်ပြုလိုက်တဲ့ ငွေကြေးဖောင်းပွမှုလျော့ချရေး အက်ဥပဒေ (IRA) က ဝါရှင်တန်ရဲ့လမ်းကြောင်းကို ပြောင်းလဲဖို့ အလုပ်မဖြစ်ကြောင်း ထင်ရှားတဲ့အမှတ်အသားတစ်ခုဖြစ်ပါတယ်။ အီးယူအနေနဲ့လည်း ဂျိုးဘိုင်ဒင်အစိုးရ လုပ်ဆောင်တဲ့အတိုင်းအတာအတိုင်း လိုက်ပါဆောင်ရွက်ဖို့ လက်တွေ့မှာ အလွန်ခက်ပါတယ်။

ငွေကြေးဖောင်းပွမှု တိုက်ဖျက်ရေးဥပဒေမှာ ထောက်ပံ့ကြေးများနဲ့ အခွန်ဆိုင်းငံ့ခွင့်များ ရောနှောပါဝင်နေပါတယ်။ ဒါပေမဲ့ ဥရောပသမဂ္ဂအဖွဲ့ကြီးတစ်ခုလုံးအနေနဲ့ အခွန်ဆိုင်းငံ့ဖို့ ပြဋ္ဌာန်းချက် ရှိမနေဘဲ တစ်နိုင်ငံချင်းစီရဲ့ အခွန် မူဝါဒနဲ့သာ သက်ဆိုင်နေပါတယ်။

ထောက်ပံ့ကြေးများနဲ့ပတ်သက်လာရင် အဖွဲ့ဝင်တစ်နိုင်ငံဟာ သူရရှိတဲ့ နိုင်ငံတော်အဆင့် ထောက်ပံ့ကြေးတွေကို အဖွဲ့ကြီးအပေါ် အားနည်းချက်ဖြစ်စေတဲ့ အခြားနေရာမှ ကုမ္ပဏီများထံ ပြိုင်ဘက်အဖြစ် ပေးကမ်းခြင်း မပြုဖို့ စည်းမျဉ်းစည်းကမ်းများနဲ့ သတ်မှတ်ထားပါတယ်။

ဒါ့အပြင်၊ မြောက်အမေရိက မော်တော်ကားများအတွက် ဒေါ်လာ ၇၅ဝဝ ခန့်ရှိတဲ့ စားသုံးသူသက်သာခွင့်ကို ငွေကြေးဖောင်းပွမှုတိုက်ဖျက်ရေးဥပဒေအရ ပြည်တွင်းထုတ်လုပ်သူများအတွက် ထောက်ပံ့ပေးမှုကို ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ WTO က ကန့်ကွက်နေပါတယ်။

ဂျိုးဘိုင်ဒင်အစိုးရကတော့ ကုန်သွယ်ရေးဆိုင်ရာ နိုင်ငံတကာစည်းမျဉ်းတွေကို လျစ်လျူရှုဖို့ ဆန္ဒရှိနေပေမယ့် အီးယူ မူဝါဒချမှတ်သူ အများအပြားတို့အနေနဲ့ စည်းကမ်းချိုးဖောက်ဖို့ အလွန် တွန့်ဆုတ်နေရပါတယ်။ အဲဒီအတွက် အမေရိကန်ရဲ့ အစိမ်းရောင် အမတော်ကြေးများကို ကာမိဖို့ သွင်းကုန်ပစ္စည်းတိုးချဲ့ဖို့ စိန်ခေါ်မှုဖြစ်ပေါ်လာရပါ တယ်။ WTO ရဲ့ ရှု့ထောင့်ဟာ အလွန်အန္တရာယ်များပြီး အမြင့်ဆုံး စီရင်ဆုံးဖြတ်မှုများနဲ့ နိုင်ငံရေးအတားအဆီးတွေ ရင်ဆိုင်ရနိုင်ကြောင်း ဘယ်လ်ဂျီယန် ကင်းအင်န်စပဲယ်ဒင်း ဥပဒေအကျိုးဆောင်ဖွဲ့က ထောက်ပြပါတယ်။

အဖွဲ့ဝင်နိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ စီးပွားရေးလုပ်ငန်းများကို ချုပ်ကိုင်ထားနိုင်တဲ့ အစိုးရများက တရားမျှတမှု မရှိတဲ့ အခွင့်ကောင်းများ အသုံးချပြီး သူတို့ကုမ္ပဏီများအတွက် ပေးဆောင်ခြင်းမျိုးကိုလည်း အီးယူအနေနဲ့ တားဆီးနေရ ပါတယ်။

အမေရိကန်မှာလိုပဲ ဥရောပရှိ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုတားဆီးရေး အစိမ်းရောင်နည်းပညာများမှာ ရင်းနှီးမြှုပ်နှံ ရေးဆွဲဆောင်ဖို့အတွက် ယာယီအကျပ်အတည်းနဲ့ အသွင်ကူးပြောင်းရေး မူဘောင်တစ်ခုကို ဖန်တီးကြည့်နေတယ် လို့ ဥရောပသမဂ္ဂ ဈေးကွက်ပြိုင်ဆိုင်မှုဆိုင်ရာကော်မရှင်နာမင်းကြီးက ယခုလမှာ ပြောခဲ့ဖူးပါတယ်။

ဒါပေမဲ့ အဖွဲ့ဝင်နိုင်ငံအများအပြားတို့မှာ ပြည်သူ့ဘဏ္ဍာငွေကို ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး အစိုးရရဲ့ငွေသားတွေကို အရေးကြီး စက်မှုလုပ်ငန်းများအဖြစ်သို့ ပြောင်းလဲပစ်ထာမျိုးကိုလည်း ကန့်သတ်ထားပါတယ်။ အပြိုင်အဆိုင် ထောက်ပံ့ကြေး ပေးကြဖို့ဆိုတာကလည်း ဈေးကြီးရုံသာဖြစ်ပြီး ထိရောက်မှု မရှိနိုင်ဘူးလို့ သိရပါတယ်။

ဥရောပရဲ့တစ်ခုတည်းသော မူလဈေးကွက်အဖြစ် ထိန်းသိမ်းဖို့ဆိုရင် အီးယူအနေနဲ့ အစိမ်းရောင်အကူးအပြောင်း အတွက် ရန်ပုံငွေ ထပ်မံပံ့ပိုးပေးနိုင်ဖို့ လိုအပ်ပါတယ်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ GDP ပြည်တွင်းထုတ်ကုန် စုစုပေါင်း ၂ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ယူရို ၃၅ဝ ဘီလျံကို ဘုံအဖြစ် ထည့်ဝင်ကြပြီး အဲ့ဒီရန်ပုံငွေတစ်စိတ်တစ်ပိုင်းမှ ထောက်ပံ့ကြဖို့ အီးယူပြည်တွင်းဈေးကွက် ကော်မရှင်နာ ရုံးက အကြံပြုထားပါတယ်။

ဒါပေမဲ့ နောက်ထပ် ချေးငွေအသစ်ကိစ္စဟာ အဖွဲ့ဝင်နိုင်ငံများအကြားတွင် အကြီးအကျယ် ကွဲလွဲနေပါတယ်။ Next Generation EU လို့ အမည်ပေးထားတဲ့ အီးယူရဲ့ ယူရို ၈ဝဝ ဘီလျံတန် Covid-19 ပြန်လည်ထူထောင်ရေးအစီအစဉ် ရှိခဲ့ဖူးပါတယ်။ ၂ဝ၂ဝ ပြည့်နှစ် ဥရောပရဲ့အနက်ရှိုင်းဆုံးစီးပွားရေးကျဆင်းမှုမှာ ခါးတောင်းကျိုက်တလွဲ ဖျင်တလွဲ ဖြစ်မှုတွေအကြောင်း ရှင်းလင်းပြတ်သားစွာ နားလည်ခဲ့ကြပြီးဖြစ်ပါတယ်။

ရှေးရိုးစွဲအစဉ်အလာသမားတွေ အားကောင်းတဲ့ ဂျာမနီလိုနိုင်ငံမျိုး အတိအလင်း ဆန့်ကျင်ပါတယ်။ ဘုံကြွေးမြီသစ် တွေဟာ ယှဉ်ပြိုင်နိုင်စွမ်းနဲ့ စီးပွားရေးတည်ငြိမ်မှုအပေါ် ခြိမ်းခြောက်မှုဖြစ်လာလိမ့်မယ်လို့ ဘာလင်နိုင်ငံခြားရေး ဝန်ကြီး ခရစ်စ်တင်းလင်ဒါ က ပြောနေပါတယ်။

(Fanicial Time., 13 December 2022,” EU struggles to counter Joe Biden’s big green push” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
အေမရိကန္၏ ကမာၻေျမစိမ္းလန္းေရး အမေတာ္ေၾကး ႏွင့္ ေငြေၾကးေဖာင္းပြမႈေလွ်ာ့ခ်ေရး အက္ဥပေဒေၾကာင့္ ဥေရာပသမဂၢ အခက္ေတြ႕ေန
Htay Oung (NP News) - ဒီဇင္ဘာ ၂ဝ

အေမရိကန္ႏိုင္ငံအတြင္း ကမာၻေျမစိမ္းလန္ေရးေထာက္ပံ့ေၾကးမ်ားကို အလုံးအရင္းနဲ႔ ထုတ္ေပးေနျခင္းဟာ (အဲဒီလို ခ်က္ခ်င္း လိုက္မလုပ္ႏိုင္တဲ့) ဥေရာပႏိုင္ငံမ်ားအတြက္ သတိေပးခ်က္ျဖစ္လာပါတယ္။ အဖြဲ႕အတြင္း ႏိုင္ငံ မ်ားရဲ႕ဖိအားေပးမႈကို ေခြၽးသိပ္တဲ့အေနနဲ႔ ဝါရွင္တန္ရဲ႕အေထာက္အပံ့မ်ားနဲ႔ဆီေလ်ာ္ၿပီး အဖြဲ႕ဝင္တိုင္းျပည္ တစ္ခု ခ်င္းအလိုက္ အကူအညီျဖစ္ေလာက္တဲ့အထိ စည္းမ်ဥ္းေတြကို ေလ်ာ့ေပါးေပးမွာျဖစ္ေၾကာင္း ဥေရာပေကာ္မရွင္ ဥကၠ႒ အာဆူလာဗြန္ဒါလီယန္က ေျပာျပတယ္လို႔ Finical Time က ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၁၃ ရက္ေန႔မွာ ေရးသား ေဖာ္ျပခဲ့ပါတယ္။

ကမာၻ႔ရာသီဥတုေျပာင္းလဲမႈတားဆီးဖို႔ ႐ုပ္ႂကြင္းေလာင္စာ အသုံးျပဳမႈေလ်ာ့ခ်ၿပီး သန႔္ရွင္းစက္မႈလုပ္ငန္းဖြံ႕ၿဖိဳးေရး၊ ေရရွည္တည္တန႔္တဲ့ထုတ္လုပ္မႈနဲ႔ သုံးစြဲမႈျမႇင့္တင္ေရးအတြက္ ကမာၻတစ္ဝန္း အစိမ္းေရာင္ေထာက္ပံ့ေၾကေပးဖို႔ ျမႇင့္တင္ေဆာင္႐ြက္ေနၾကပါတယ္။ ၂ဝ၂ဝ ျပည့္ႏွစ္ အေမရိကန္ဟာ အဲဒီအတြက္ ကန္ေဒၚလာ ၆၃၄ ဘီလ်ံခန႔္ သုံးစြဲ ခဲ့ၿပီး ႐ုပ္ႂကြင္းေလာင္စာအသုံးျပဳမႈေလ်ာ့ခ်ေရးအတြက္ ၇ဝ ရာခိုင္ႏႈန္း ပါဝင္ပါတယ္။

အဲဒါအျပင္ သမၼတဂ်ိဳးဘိုင္ဒင္ရဲ႕ ေဒၚလာ ၃၆၉ ဘီလ်ံတန္ ေငြေၾကးေဖာင္းပြမႈေလ်ာ့ခ်ေရး အက္ဥပေဒ (IRA) ဟာ ရာသီဥတုေျပာင္းလဲေရးတားဆီးရာမွာ ေရရွည္တည္တန႔္ဖို႔မျဖစ္ႏိုင္တဲ့ စီးပြားေရးအေျခအေနေတြကို ဖန္တီးေပးရာ ေရာက္ရွိလိမ့္မယ္လို႔ ယခုလ ေစာေစာပိုင္း ဘယ္လ္ဂ်ီယန္ ဘ႐ူးဂတ္စ္တကၠသိုလ္ေက်ာင္းသားမ်ားနဲ႔ ေတြ႕ဆုံစဥ္ အီးယူေကာ္မရွင္ဥကၠ႒က ထင္ျမင္ခ်က္ေပးပါတယ္။

အနာဂတ္ရင္းႏွီးျမႇဳပ္ႏွံဖို႔အတြက္ အေမရိကန္ကို ေျပာင္းေ႐ႊ႕ဖို႔အထိ စဥ္းစားေနၾကတဲ့ ဥေရာပ ကုန္ထုတ္လုပ္သူေတြ ဇာတ္လမ္းမ်ိဳးစုံကိုလည္း ၾကားသိေနရေၾကာင္း၊ ဆန္းသစ္တဲ့နည္းလမ္းမ်ားကို ရွာေဖြေနစဥ္ အဖြဲ႕ႀကီးအတြင္း ေထာက္ပံ့မႈေတြအေပၚ ကန႔္သတ္ခ်က္ေတြကိုေျဖေလ်ာ့ေပးဖို႔ အီးယူအေနနဲ႔ အသင့္ရွိေနေၾကာင္း ဆက္လက္ေျပာ ဆိုခဲ့ပါတယ္။

အေမရိကန္နဲ႔ အီးယူတို႔အၾကား ေစာေစာပိုင္း သံတမန္ေရးခ်ဥ္းကပ္မႈေတြဟာ ၾသဂုတ္လ အေမရိကန္ႏိုင္ငံမွာ အတည္ျပဳလိုက္တဲ့ ေငြေၾကးေဖာင္းပြမႈေလ်ာ့ခ်ေရး အက္ဥပေဒ (IRA) က ဝါရွင္တန္ရဲ႕လမ္းေၾကာင္းကို ေျပာင္းလဲဖို႔ အလုပ္မျဖစ္ေၾကာင္း ထင္ရွားတဲ့အမွတ္အသားတစ္ခုျဖစ္ပါတယ္။ အီးယူအေနနဲ႔လည္း ဂ်ိဳးဘိုင္ဒင္အစိုးရ လုပ္ေဆာင္တဲ့အတိုင္းအတာအတိုင္း လိုက္ပါေဆာင္႐ြက္ဖို႔ လက္ေတြ႕မွာ အလြန္ခက္ပါတယ္။

ေငြေၾကးေဖာင္းပြမႈ တိုက္ဖ်က္ေရးဥပေဒမွာ ေထာက္ပံ့ေၾကးမ်ားနဲ႔ အခြန္ဆိုင္းငံ့ခြင့္မ်ား ေရာေႏွာပါဝင္ေနပါတယ္။ ဒါေပမဲ့ ဥေရာပသမဂၢအဖြဲ႕ႀကီးတစ္ခုလုံးအေနနဲ႔ အခြန္ဆိုင္းငံ့ဖို႔ ျပ႒ာန္းခ်က္ ရွိမေနဘဲ တစ္ႏိုင္ငံခ်င္းစီရဲ႕ အခြန္ မူဝါဒနဲ႔သာ သက္ဆိုင္ေနပါတယ္။

ေထာက္ပံ့ေၾကးမ်ားနဲ႔ပတ္သက္လာရင္ အဖြဲ႕ဝင္တစ္ႏိုင္ငံဟာ သူရရွိတဲ့ ႏိုင္ငံေတာ္အဆင့္ ေထာက္ပံ့ေၾကးေတြကို အဖြဲ႕ႀကီးအေပၚ အားနည္းခ်က္ျဖစ္ေစတဲ့ အျခားေနရာမွ ကုမၸဏီမ်ားထံ ၿပိဳင္ဘက္အျဖစ္ ေပးကမ္းျခင္း မျပဳဖို႔ စည္းမ်ဥ္းစည္းကမ္းမ်ားနဲ႔ သတ္မွတ္ထားပါတယ္။

ဒါ့အျပင္၊ ေျမာက္အေမရိက ေမာ္ေတာ္ကားမ်ားအတြက္ ေဒၚလာ ၇၅ဝဝ ခန႔္ရွိတဲ့ စားသုံးသူသက္သာခြင့္ကို ေငြေၾကးေဖာင္းပြမႈတိုက္ဖ်က္ေရးဥပေဒအရ ျပည္တြင္းထုတ္လုပ္သူမ်ားအတြက္ ေထာက္ပံ့ေပးမႈကို ကမာၻ႔ ကုန္သြယ္ေရးအဖြဲ႕ WTO က ကန႔္ကြက္ေနပါတယ္။

ဂ်ိဳးဘိုင္ဒင္အစိုးရကေတာ့ ကုန္သြယ္ေရးဆိုင္ရာ ႏိုင္ငံတကာစည္းမ်ဥ္းေတြကို လ်စ္လ်ဴရႈဖို႔ ဆႏၵရွိေနေပမယ့္ အီးယူ မူဝါဒခ်မွတ္သူ အမ်ားအျပားတို႔အေနနဲ႔ စည္းကမ္းခ်ိဳးေဖာက္ဖို႔ အလြန္ တြန႔္ဆုတ္ေနရပါတယ္။ အဲဒီအတြက္ အေမရိကန္ရဲ႕ အစိမ္းေရာင္ အမေတာ္ေၾကးမ်ားကို ကာမိဖို႔ သြင္းကုန္ပစၥည္းတိုးခ်ဲ႕ဖို႔ စိန္ေခၚမႈျဖစ္ေပၚလာရပါ တယ္။ WTO ရဲ႕ ရႈ႕ေထာင့္ဟာ အလြန္အႏၲရာယ္မ်ားၿပီး အျမင့္ဆုံး စီရင္ဆုံးျဖတ္မႈမ်ားနဲ႔ ႏိုင္ငံေရးအတားအဆီးေတြ ရင္ဆိုင္ရႏိုင္ေၾကာင္း ဘယ္လ္ဂ်ီယန္ ကင္းအင္န္စပဲယ္ဒင္း ဥပေဒအက်ိဳးေဆာင္ဖြဲ႕က ေထာက္ျပပါတယ္။

အဖြဲ႕ဝင္ႏိုင္ငံတစ္ဝွမ္းလုံးမွာရွိတဲ့ စီးပြားေရးလုပ္ငန္းမ်ားကို ခ်ဳပ္ကိုင္ထားႏိုင္တဲ့ အစိုးရမ်ားက တရားမွ်တမႈ မရွိတဲ့ အခြင့္ေကာင္းမ်ား အသုံးခ်ၿပီး သူတို႔ကုမၸဏီမ်ားအတြက္ ေပးေဆာင္ျခင္းမ်ိဳးကိုလည္း အီးယူအေနနဲ႔ တားဆီးေနရ ပါတယ္။

အေမရိကန္မွာလိုပဲ ဥေရာပရွိ ကမာၻ႔ရာသီဥတုေျပာင္းလဲမႈတားဆီးေရး အစိမ္းေရာင္နည္းပညာမ်ားမွာ ရင္းႏွီးျမႇဳပ္ႏွံ ေရးဆြဲေဆာင္ဖို႔အတြက္ ယာယီအက်ပ္အတည္းနဲ႔ အသြင္ကူးေျပာင္းေရး မူေဘာင္တစ္ခုကို ဖန္တီးၾကည့္ေနတယ္ လို႔ ဥေရာပသမဂၢ ေဈးကြက္ၿပိဳင္ဆိုင္မႈဆိုင္ရာေကာ္မရွင္နာမင္းႀကီးက ယခုလမွာ ေျပာခဲ့ဖူးပါတယ္။

ဒါေပမဲ့ အဖြဲ႕ဝင္ႏိုင္ငံအမ်ားအျပားတို႔မွာ ျပည္သူ႔ဘ႑ာေငြကို ဝန္ထုပ္ဝန္ပိုးျဖစ္ေစၿပီး အစိုးရရဲ႕ေငြသားေတြကို အေရးႀကီး စက္မႈလုပ္ငန္းမ်ားအျဖစ္သို႔ ေျပာင္းလဲပစ္ထာမ်ိဳးကိုလည္း ကန႔္သတ္ထားပါတယ္။ အၿပိဳင္အဆိုင္ ေထာက္ပံ့ေၾကး ေပးၾကဖို႔ဆိုတာကလည္း ေဈးႀကီး႐ုံသာျဖစ္ၿပီး ထိေရာက္မႈ မရွိႏိုင္ဘူးလို႔ သိရပါတယ္။

ဥေရာပရဲ႕တစ္ခုတည္းေသာ မူလေဈးကြက္အျဖစ္ ထိန္းသိမ္းဖို႔ဆိုရင္ အီးယူအေနနဲ႔ အစိမ္းေရာင္အကူးအေျပာင္း အတြက္ ရန္ပုံေငြ ထပ္မံပံ့ပိုးေပးႏိုင္ဖို႔ လိုအပ္ပါတယ္။

ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕ GDP ျပည္တြင္းထုတ္ကုန္ စုစုေပါင္း ၂ ရာခိုင္ႏႈန္းနဲ႔ ညီမွ်တဲ့ ယူ႐ို ၃၅ဝ ဘီလ်ံကို ဘုံအျဖစ္ ထည့္ဝင္ၾကၿပီး အဲ့ဒီရန္ပုံေငြတစ္စိတ္တစ္ပိုင္းမွ ေထာက္ပံ့ၾကဖို႔ အီးယူျပည္တြင္းေဈးကြက္ ေကာ္မရွင္နာ ႐ုံးက အႀကံျပဳထားပါတယ္။

ဒါေပမဲ့ ေနာက္ထပ္ ေခ်းေငြအသစ္ကိစၥဟာ အဖြဲ႕ဝင္ႏိုင္ငံမ်ားအၾကားတြင္ အႀကီးအက်ယ္ ကြဲလြဲေနပါတယ္။ Next Generation EU လို႔ အမည္ေပးထားတဲ့ အီးယူရဲ႕ ယူ႐ို ၈ဝဝ ဘီလ်ံတန္ Covid-19 ျပန္လည္ထူေထာင္ေရးအစီအစဥ္ ရွိခဲ့ဖူးပါတယ္။ ၂ဝ၂ဝ ျပည့္ႏွစ္ ဥေရာပရဲ႕အနက္ရႈိင္းဆုံးစီးပြားေရးက်ဆင္းမႈမွာ ခါးေတာင္းက်ိဳက္တလြဲ ဖ်င္တလြဲ ျဖစ္မႈေတြအေၾကာင္း ရွင္းလင္းျပတ္သားစြာ နားလည္ခဲ့ၾကၿပီးျဖစ္ပါတယ္။

ေရွး႐ိုးစြဲအစဥ္အလာသမားေတြ အားေကာင္းတဲ့ ဂ်ာမနီလိုႏိုင္ငံမ်ိဳး အတိအလင္း ဆန႔္က်င္ပါတယ္။ ဘုံေႂကြးၿမီသစ္ ေတြဟာ ယွဥ္ၿပိဳင္ႏိုင္စြမ္းနဲ႔ စီးပြားေရးတည္ၿငိမ္မႈအေပၚ ၿခိမ္းေျခာက္မႈျဖစ္လာလိမ့္မယ္လို႔ ဘာလင္ႏိုင္ငံျခားေရး ဝန္ႀကီး ခရစ္စ္တင္းလင္ဒါ က ေျပာေနပါတယ္။

(Fanicial Time., 13 December 2022,” EU struggles to counter Joe Biden’s big green push” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.