ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် နိုင်ငံရေး၏အစိတ်အပိုင်းဖြစ်သော်လည်း နိုင်ငံရေး၏ လက်နက်တစ်ခုမဟုတ်ဟု တပ်ချုပ်ဆို

 766

မျိုးကြီး (NP News) - ဇန်နဝါရီ ၁၅

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် နိုင်ငံရေး၏အစိတ်အပိုင်းဖြစ်သော် လည်း နိုင်ငံရေး၏ လက်နက်တစ်ခုမဟုတ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ (ဇန်နဝါရီလ ၁၅ ရက်)တွင် ကျရောက်သည့် (၇၁)နှစ်မြောက် ကယား ပြည်နယ်နေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့ရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

ပဋိပက္ခများဖြင့် သံသရာလည်နေသည့် နိုင်ငံတိုင်းအတွက် ငြိမ်းချမ်းရေးခရီးမှာ အခက်အခဲအကျပ်အတည်းများရှိစမြဲဖြစ်ပြီး ပတ်သက်သူအားလုံးအနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားသည့်ဆန္ဒ၊ ငြိမ်းချမ်းစွာစေ့စပ်ညှိနှိုင်းလိုမှုတို့ဖြင့် ကြိုးစားအားထုတ်မှသာ ခရီးပေါက်မည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် နိုင်ငံရေး၏အစိတ်အပိုင်းဖြစ်သော်လည်း နိုင်ငံရေး၏ လက်နက်တစ်ခုမဟုတ်ဘဲ နိုင်ငံတည်ဆောက်ရေးနှင့် အမျိုးသားအကျိုးစီးပွားအတွက် အဓိကဦးတည်လုပ်ဆောင်မှသာ အနာဂတ်နိုင်ငံတည်ဆောက်ရေးကို အထောက်အကူဖြစ်စေမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးပဋိပက္ခများသည် နက်နဲရှုပ်ထွေးလှပြီး မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ဆက်လက်ဆွေးနွေးညှိနှိုင်းရန်များ ကျန်ရှိနေဆဲဖြစ်သည်ကို အားလုံးကလက်ခံထားကြသည်ဟု နစကအကြီးအကဲ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

ထို့ကြောင့် တိုးတက်မှုရှိနေသည့် ငြိမ်းချမ်းရေးလမ်းစများအပေါ် တိုင်း ရင်းသားအဖွဲ့အစည်းများနှင့်သက်ဆိုင်သူအားလုံးက နိုင်ငံနှင့် ပြည်သူအကျိုးရှေးရှုကာ အပြုသဘောဖြင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်းမှာ ငြိမ်းချမ်းရေးခရီးအတွက် ပိုမိုထိရောက်စေနိုင်မည်ဟုလည်း ၎င်းက အသိပေးထားသည်။

တိုင်းရင်းသားများအကြား အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုများဖြင့် တည်ဆောက်ရာတွင် ကယားပြည်နယ်ရှိ တိုင်းရင်းသားများအနေဖြင့်လည်း အတွေးအခေါ်အယူအဆမှန်ကန်စွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းထားသည်။

ပြီးခဲ့သော ၂ဝ၂၂ ခုနှစ်အတွင်း ကယားပြည်နယ်အတွင်း၌ တပ်မတော်နှင့် ဒေသခံလက်နက်ကိုင်အဖွဲ့အစည်းများအကြား ပြင်းထန်သည့် တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ကြောင်း တွေ့ရှိရသည်။

ပုံစာ - ၂ဝ၂၂ ခုနှစ်က ကျင်းပခဲ့သည့် နှစ် (၇ဝ) ပြည့် ကယားပြည်နယ်နေ့

zawgyi version
ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားသည္ ႏိုင္ငံေရး၏အစိတ္အပိုင္းျဖစ္ေသာ္လည္း ႏိုင္ငံေရး၏ လက္နက္တစ္ခုမဟုတ္ဟု တပ္ခ်ဳပ္ဆို
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၁၅

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားသည္ ႏိုင္ငံေရး၏အစိတ္အပိုင္းျဖစ္ေသာ္ လည္း ႏိုင္ငံေရး၏ လက္နက္တစ္ခုမဟုတ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။

နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယေန႔ (ဇန္နဝါရီလ ၁၅ ရက္)တြင္ က်ေရာက္သည့္ (၇၁)ႏွစ္ေျမာက္ ကယား ျပည္နယ္ေန႔အခမ္းအနားသို႔ သဝဏ္လႊာေပးပို႔ရာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုထားျခင္းျဖစ္သည္။

ပဋိပကၡမ်ားျဖင့္ သံသရာလည္ေနသည့္ ႏိုင္ငံတိုင္းအတြက္ ၿငိမ္းခ်မ္းေရးခရီးမွာ အခက္အခဲအက်ပ္အတည္းမ်ားရွိစၿမဲျဖစ္ၿပီး ပတ္သက္သူအားလုံးအေနျဖင့္ ၿငိမ္းခ်မ္းေရးကို အမွန္တကယ္လိုလားသည့္ဆႏၵ၊ ၿငိမ္းခ်မ္းစြာေစ့စပ္ညႇိႏႈိင္းလိုမႈတို႔ျဖင့္ ႀကိဳးစားအားထုတ္မွသာ ခရီးေပါက္မည္ျဖစ္ ေၾကာင္း ၎က ဆိုသည္။

ထို႔ျပင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားသည္ ႏိုင္ငံေရး၏အစိတ္အပိုင္းျဖစ္ေသာ္လည္း ႏိုင္ငံေရး၏ လက္နက္တစ္ခုမဟုတ္ဘဲ ႏိုင္ငံတည္ေဆာက္ေရးႏွင့္ အမ်ိဳးသားအက်ိဳးစီးပြားအတြက္ အဓိကဦးတည္လုပ္ေဆာင္မွသာ အနာဂတ္ႏိုင္ငံတည္ေဆာက္ေရးကို အေထာက္အကူျဖစ္ေစမည္ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။

ျမန္မာႏိုင္ငံတြင္ ႏိုင္ငံေရးပဋိပကၡမ်ားသည္ နက္နဲရႈပ္ေထြးလွၿပီး ျမန္မာ့ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္၌ ဆက္လက္ေဆြးေႏြးညႇိႏႈိင္းရန္မ်ား က်န္ရွိေနဆဲျဖစ္သည္ကို အားလုံးကလက္ခံထားၾကသည္ဟု နစကအႀကီးအကဲ၏ သဝဏ္လႊာတြင္ ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ တိုးတက္မႈရွိေနသည့္ ၿငိမ္းခ်မ္းေရးလမ္းစမ်ားအေပၚ တိုင္း ရင္းသားအဖြဲ႕အစည္းမ်ားႏွင့္သက္ဆိုင္သူအားလုံးက ႏိုင္ငံႏွင့္ ျပည္သူအက်ိဳးေရွးရႈကာ အျပဳသေဘာျဖင့္ ပူးေပါင္းညႇိႏႈိင္းေဆာင္႐ြက္ျခင္းမွာ ၿငိမ္းခ်မ္းေရးခရီးအတြက္ ပိုမိုထိေရာက္ေစႏိုင္မည္ဟုလည္း ၎က အသိေပးထားသည္။

တိုင္းရင္းသားမ်ားအၾကား အျပန္အလွန္ေလးစားမႈ၊ နားလည္မႈ၊ ယုံၾကည္မႈမ်ားျဖင့္ တည္ေဆာက္ရာတြင္ ကယားျပည္နယ္ရွိ တိုင္းရင္းသားမ်ားအေနျဖင့္လည္း အေတြးအေခၚအယူအဆမွန္ကန္စြာျဖင့္ ပူးေပါင္းပါဝင္ေဆာင္႐ြက္ေပးရန္လည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က တိုက္တြန္းထားသည္။

ၿပီးခဲ့ေသာ ၂ဝ၂၂ ခုႏွစ္အတြင္း ကယားျပည္နယ္အတြင္း၌ တပ္မေတာ္ႏွင့္ ေဒသခံလက္နက္ကိုင္အဖြဲ႕အစည္းမ်ားအၾကား ျပင္းထန္သည့္ တိုက္ပြဲျဖစ္ပြားမႈမ်ားရွိခဲ့ေၾကာင္း ေတြ႕ရွိရသည္။

Related news

© 2021. All rights reserved.