KIA ၊ MNDAA နှင့် TNLA တို့အကြား ရှမ်းမြောက်၌ သုံးပွင့်ဆိုင် နယ်မြေလုနေခြင်းကြောင့် ဒေသခံ ပြည်သူများအကြား စိုးရိမ်နေ

 12693

သုတကျော်(NP News) - မေ ၁

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် KIA၊ MNDAA နှင့် TNLAတို့အကြား သုံးပွင့်ဆိုင် နယ်မြေလု တင်းမာနေခြင်းကြောင့် ဒေသခံပြည်သူများအကြား စိုးရိမ်မှုများဖြစ်နေကြောင်း NP News က ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့တွင် ဖွင့်လှစ်ထားသည့် KIA ဆက်ဆံရေးရုံးကို ပိတ်ရန်နှင့် KIA တပ်ဖွဲ့များ ထွက်ခွာရန်အတွက် TNLA က ဧပြီလ လယ်ပိုင်းတွင် သွားရောက်ပြောကြားခဲ့သည့် ဖြစ်စဉ် တစ်ခုဖြစ်ပွားခဲ့ပြီး ကွတ်ခိုင်မြို့နှင့် တာမိုးညဲမြို့ ကြားက မော်ဟန်ကျေးရွာအုပ်စုတွင်လည်း MNDAA နှင့် TNLA ကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့ပြီး ထိခိုက်၊ ဒဏ်ရာရသူရှိခဲ့သည်။

ထို့ပြင် ဧပြီလ ၁၉ ရက်ကလည်း အဆိုပါမြို့ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနရုံးတွင် နေထိုင်နေသည့် MNDAA တပ်ဖွဲ့ဝင်များကိုMNDAA အလံဖြုတ်ရန်နှင့် ထွက်သွားရန် TNLA က ပြောဆိုရာမှတစ်ဆင့် နှစ်ဖက် တင်းမာမှု ဖြစ်ပွားခဲ့သေးသည်။

အလားတူ ကွတ်ခိုင်မြို့နယ်က KIO ထိန်းချုပ် သစ်တောနယ်မြေ ဆိုသည့် ဆိုင်းဘုတ်ကိုလည်း TNLA က ဖျက်ဆီးခဲ့ကြသေးကာ နမ္မတူမြို့နှင့် မန်တုံမြို့ဘက်တွင် KIA နှင့်PDF တပ်ဖွဲ့ဝင်များကို မြို့တွင်းတွင် စစ်ဝတ်စုံဝတ်ဆင်သွားလာခြင်းနှင့် မြို့အနီး တပ်စခန်းချခြင်းကို TNLA က တားမြစ်ခဲ့သေး ကြောင်းသိရသည်။

“တချို့ ထင်ရှားတဲ့ ဖြစ်စဉ်တွေလောက်ပဲ သိတာ။ အောက်ခြေမှာ ပွတ်တိုက်မှု ဖြစ်နေတာတွေ ရှိတယ်။ အဲဒါက ၁၀၂၇ ပြီးတည်းက စဖြစ်လာတာတွေ။ နောက်ဆုံးဟာက နမ့်ဖက်ကာရွာမှာ KIO ရုံးကို TNLA က ဖယ်ဖို့ပြောနေတာရှိတယ်။ နောက် တလောက သိလိမ့်မယ်။ KIO မီးသတ်က ရေဖြည့်တာကို TNLA က သူတို့ပိုင်နက်မို့ ချောင်းမှာ ရေမဖြည့်ရဘူးဆိုပြီး နမ့်ဖက်ကာမှာပဲ ဖြစ်တာလေ။ TNLA ဘက်က ရေဖြည့်နေတဲ့ ရွာသားတွေကို ရိုက်တယ်။ မီးသတ်ကားကိုဖျက်ဆီးတယ်။ သေနတ် ဖောက်ခြိမ်းခြောက် တယ်။ ပြီးတော့ KIA တွေ ရောက်တော့ ရိုက်တာ ဖြစ်ကြတယ်လေ။ မီဒီယာမှာ မပါတာတွေလည်း ရှိတယ်။ စောင်နေတဲ့ သဘောမျိုးပေါ့”ဟု ဖြစ်စဉ်ကို သိရှိသူဒေသခံတစ်ဦးက ဆိုသည်။

ထို့ပြင် ဒေသတွင် သတင်းမီဒီယာများ တွင် ဖော်ပြထားချက်အရ မုံကိုးမြို့ရှိ KIA ရုံး တစ်ရုံးကို MNDAA က ဧပြီလ ၂၃ ရက်တွင် တားမြစ်စာကပ်သည့် ဖြစ်စဉ်ဖြစ်ပွားသည့်အပြင် အဆိုပါမြို့က ကချင်ရိုးရာ မနောကွင်းတွင် ခန်းမ ဆောက်လုပ်ခွင့်ကိုလည်း MNDAA က မပေးသည့် ဖြစ်စဉ်ဖြစ်ပွားနေကြောင်း သိရသည်။

“ဒေသခံတွေကတော့ ကြောက်တာပေါ့။ အချင်းချင်းကြားမှာ တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ် နေတယ်။ အခုက သုံးပွင့်ဆိုင်အခြေအနေလို့ ပြောလို့ရတာပေါ့နော်။ တစ်ဖွဲ့နဲ့နှစ်ဖွဲ့ ဖြစ်ကြတာမျိုးလည်း မဟုတ်ဘူး။ သုံးဖွဲ့က အချင်းချင်း ဖြစ်နေတာ။ တိုက်ပွဲတွေဖြစ်ရင် ထပ်ပြေးရမယ်။ အေးချမ်းတဲ့ အနေအထား ပျက်သွားမှာကို စိုးရိမ်နေကြတယ်။ အချင်းချင်းညှိမလား၊ ဘယ်လိုပုံစံသွားမလဲ မသိသေး ဘူး” ဟု ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နေထိုင်သည့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက NP News ကိုပြောသည်။

ထို့ပြင် ဒေသခံများကို မေးမြန်းထားသည့် အချက်အလက်များအရ TNLA က နမ္မတူ မြို့နယ်၊ ဘော်တွင်းရှိ KIA နှင့် PDF စခန်းတစ်ခုကို ရွှေ့ပြောင်းရန် ပြောသည်ဟု သတင်းများထွက်ပေါ်နေ ကြောင်းသိရပြီး မတ်လအတွင်းကလည်း KIA စစ်ဆေးရေးဂိတ်ကို TNLA က ဖျက်ဆီးခဲ့ သေးကြောင်းလည်း သိရသည်။

“အခုက မြေပြင်အခြေအနေအရ ရှုပ်ထွေးနေတယ်ပြောရမယ်။ ဘာလို့လဲဆိုတော့ အဲဒီ (သုံး ပွင့်ဆိုင်) အခြေအနေမှာ တပ်တွေက ကျွံနေတယ်လို့ ယူဆရတယ်။ ၁၀၂၇ အပြီးမှာ ဒါမျိုးတွေ ဖြစ်လာ တာပေါ့။ နယ်မြေတွေကိုချုပ်ကိုင်တဲ့အပိုင်းမှာ အပြည့်အဝ ချုပ်ကိုင်ချင်တာမျိုးလည်း ဖြစ်နိုင်တာပေါ့။ ကျွန်တော်ပြောပြမယ် ကွတ်ခိုင်မှာ TNLA တွေက အင်အား အများကြီး ချထားတယ်။ နောက် MNDAA ကလည်း ရှိနေတယ်။ TNLA ကလည်း သူတစ်ယောက် တည်း ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ အနေ အထားပေါ့။ ဒီလို သုံးသပ်ရမယ်” ဟု အခြား ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသခံတစ်ဦးကဆိုသည်။

လက်ရှိတွင် နယ်မြေလုနေသည့် အခြေအနေနှင့် ပတ်သက်၍ ဧပြီလ ၁၃ ရက်က ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် ကချင်လူထုစည်းဝေးပွဲ တစ်ခုသို့ KIA မှ ဗိုလ်ချုပ်ဂွမ်မော်က အွန်လိုင်းကတစ်ဆင့် ပြောကြားရာတွင် လက်ရှိနယ်မြေလုအခြေအနေနှင့် ပတ်သက်၍ နယ်မြေ အရယူမည်ဟု စိတ်မျိုးမထားရကြောင်း သဘောထားကို MNDAA နှင့် TNLA ထံပြောကြားထားပြီး ဖြစ်သည်ဟု ဆိုထားသည်။

“ရှမ်းမြောက် ကချင် Sub-state နဲ့ ပတ်သက်ပြီး နံပါတ်တစ် ပြောချင်တာက ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ဦးတည်ချက်ပန်းတိုင်ကို တည့်မတ်စွာ သွားရမယ်လို့ပဲ ပြောချင်တယ်။ ကိုယ်တိုက်ခိုက် နိုင်လို့ စိုးမိုးထားနိုင်တဲ့နယ်မြေကို ကိုယ်အရယူလိုက်မယ်ဆိုတဲ့ စိတ်ဓာတ် မထားရဘူးလို့ သူတို့ကို သတင်း ပို့ထားပါတယ်။ မုန်ကိုး၊ ဖောင်းဆိုင်အထိ သွားပြီး ကိုးကန့် နဲ့ TNLA ကို ရှင်းရှင်းလင်းလင်း ပြောထား ပြီ” ဟု ဗိုလ်ချုပ်ဂွန်မော်က ပြောကြားသည်။

တိုက်နိုင်၍ ကာကွယ်ထားသည်ကို နားလည်သော်လည်း နယ်မြေကို ယူလိုက်ခြင်းမျိုး မလုပ်ရကြောင်းနှင့် ပိုင်ရှင်ရှိသည်ဟု သွားရောက်ပြောကြားချိန် နားမထောင်ချင်ကြကြောင်း နှင့် တစ်ချိန်က ဗြိတိသျှများ တစ်ကမ္ဘာလုံးကို တိုက်ခိုက်သိမ်းပိုက်ခဲ့သော်လည်း တစ်ချိန်တွင် ပိုင်ရှင်များကို ပြန်ပေးခဲ့ရကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

zawgyi version
KIA ၊ MNDAA ႏွင့္ TNLA တို႔အၾကား ရွမ္းေျမာက္၌ သုံးပြင့္ဆိုင္ နယ္ေျမလုေနျခင္းေၾကာင့္ ေဒသခံ ျပည္သူမ်ားအၾကား စိုးရိမ္ေန
သုတေက်ာ္(NP News) - ေမ ၁

ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ KIA၊ MNDAA ႏွင့္ TNLAတို႔အၾကား သုံးပြင့္ဆိုင္ နယ္ေျမလု တင္းမာေနျခင္းေၾကာင့္ ေဒသခံျပည္သူမ်ားအၾကား စိုးရိမ္မႈမ်ားျဖစ္ေနေၾကာင္း NP News က ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ ကြတ္ခိုင္ၿမိဳ႕တြင္ ဖြင့္လွစ္ထားသည့္ KIA ဆက္ဆံေရး႐ုံးကို ပိတ္ရန္ႏွင့္ KIA တပ္ဖြဲ႕မ်ား ထြက္ခြာရန္အတြက္ TNLA က ဧၿပီလ လယ္ပိုင္းတြင္ သြားေရာက္ေျပာၾကားခဲ့သည့္ ျဖစ္စဥ္ တစ္ခုျဖစ္ပြားခဲ့ၿပီး ကြတ္ခိုင္ၿမိဳ႕ႏွင့္ တာမိုးညဲၿမိဳ႕ ၾကားက ေမာ္ဟန္ေက်း႐ြာအုပ္စုတြင္လည္း MNDAA ႏွင့္ TNLA ၾကား ထိေတြ႕ပစ္ခတ္မႈ ျဖစ္ခဲ့ၿပီး ထိခိုက္၊ ဒဏ္ရာရသူရွိခဲ့သည္။

ထို႔ျပင္ ဧၿပီလ ၁၉ ရက္ကလည္း အဆိုပါၿမိဳ႕ရွိ ေဆာက္လုပ္ေရးဝန္ႀကီးဌာန႐ုံးတြင္ ေနထိုင္ေနသည့္ MNDAA တပ္ဖြဲ႕ဝင္မ်ားကိုMNDAA အလံျဖဳတ္ရန္ႏွင့္ ထြက္သြားရန္ TNLA က ေျပာဆိုရာမွတစ္ဆင့္ ႏွစ္ဖက္ တင္းမာမႈ ျဖစ္ပြားခဲ့ေသးသည္။

အလားတူ ကြတ္ခိုင္ၿမိဳ႕နယ္က KIO ထိန္းခ်ဳပ္ သစ္ေတာနယ္ေျမ ဆိုသည့္ ဆိုင္းဘုတ္ကိုလည္း TNLA က ဖ်က္ဆီးခဲ့ၾကေသးကာ နမၼတူၿမိဳ႕ႏွင့္ မန္တုံၿမိဳ႕ဘက္တြင္ KIA ႏွင့္PDF တပ္ဖြဲ႕ဝင္မ်ားကို ၿမိဳ႕တြင္းတြင္ စစ္ဝတ္စုံဝတ္ဆင္သြားလာျခင္းႏွင့္ ၿမိဳ႕အနီး တပ္စခန္းခ်ျခင္းကို TNLA က တားျမစ္ခဲ့ေသး ေၾကာင္းသိရသည္။

“တခ်ိဳ႕ ထင္ရွားတဲ့ ျဖစ္စဥ္ေတြေလာက္ပဲ သိတာ။ ေအာက္ေျခမွာ ပြတ္တိုက္မႈ ျဖစ္ေနတာေတြ ရွိတယ္။ အဲဒါက ၁၀၂၇ ၿပီးတည္းက စျဖစ္လာတာေတြ။ ေနာက္ဆုံးဟာက နမ့္ဖက္ကာ႐ြာမွာ KIO ႐ုံးကို TNLA က ဖယ္ဖို႔ေျပာေနတာရွိတယ္။ ေနာက္ တေလာက သိလိမ့္မယ္။ KIO မီးသတ္က ေရျဖည့္တာကို TNLA က သူတို႔ပိုင္နက္မို႔ ေခ်ာင္းမွာ ေရမျဖည့္ရဘူးဆိုၿပီး နမ့္ဖက္ကာမွာပဲ ျဖစ္တာေလ။ TNLA ဘက္က ေရျဖည့္ေနတဲ့ ႐ြာသားေတြကို ႐ိုက္တယ္။ မီးသတ္ကားကိုဖ်က္ဆီးတယ္။ ေသနတ္ ေဖာက္ၿခိမ္းေျခာက္ တယ္။ ၿပီးေတာ့ KIA ေတြ ေရာက္ေတာ့ ႐ိုက္တာ ျဖစ္ၾကတယ္ေလ။ မီဒီယာမွာ မပါတာေတြလည္း ရွိတယ္။ ေစာင္ေနတဲ့ သေဘာမ်ိဳးေပါ့”ဟု ျဖစ္စဥ္ကို သိရွိသူေဒသခံတစ္ဦးက ဆိုသည္။

ထို႔ျပင္ ေဒသတြင္ သတင္းမီဒီယာမ်ား တြင္ ေဖာ္ျပထားခ်က္အရ မုံကိုးၿမိဳ႕ရွိ KIA ႐ုံး တစ္႐ုံးကို MNDAA က ဧၿပီလ ၂၃ ရက္တြင္ တားျမစ္စာကပ္သည့္ ျဖစ္စဥ္ျဖစ္ပြားသည့္အျပင္ အဆိုပါၿမိဳ႕က ကခ်င္႐ိုးရာ မေနာကြင္းတြင္ ခန္းမ ေဆာက္လုပ္ခြင့္ကိုလည္း MNDAA က မေပးသည့္ ျဖစ္စဥ္ျဖစ္ပြားေနေၾကာင္း သိရသည္။

“ေဒသခံေတြကေတာ့ ေၾကာက္တာေပါ့။ အခ်င္းခ်င္းၾကားမွာ တိုက္ပြဲေတြ ျဖစ္လာမွာကို စိုးရိမ္ ေနတယ္။ အခုက သုံးပြင့္ဆိုင္အေျခအေနလို႔ ေျပာလို႔ရတာေပါ့ေနာ္။ တစ္ဖြဲ႕နဲ႔ႏွစ္ဖြဲ႕ ျဖစ္ၾကတာမ်ိဳးလည္း မဟုတ္ဘူး။ သုံးဖြဲ႕က အခ်င္းခ်င္း ျဖစ္ေနတာ။ တိုက္ပြဲေတြျဖစ္ရင္ ထပ္ေျပးရမယ္။ ေအးခ်မ္းတဲ့ အေနအထား ပ်က္သြားမွာကို စိုးရိမ္ေနၾကတယ္။ အခ်င္းခ်င္းညႇိမလား၊ ဘယ္လိုပုံစံသြားမလဲ မသိေသး ဘူး” ဟု ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ေနထိုင္သည့္ အမည္မေဖာ္လိုသူ ေဒသခံတစ္ဦးက NP News ကိုေျပာသည္။

ထို႔ျပင္ ေဒသခံမ်ားကို ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ TNLA က နမၼတူ ၿမိဳ႕နယ္၊ ေဘာ္တြင္းရွိ KIA ႏွင့္ PDF စခန္းတစ္ခုကို ေ႐ႊ႕ေျပာင္းရန္ ေျပာသည္ဟု သတင္းမ်ားထြက္ေပၚေန ေၾကာင္းသိရၿပီး မတ္လအတြင္းကလည္း KIA စစ္ေဆးေရးဂိတ္ကို TNLA က ဖ်က္ဆီးခဲ့ ေသးေၾကာင္းလည္း သိရသည္။

“အခုက ေျမျပင္အေျခအေနအရ ရႈပ္ေထြးေနတယ္ေျပာရမယ္။ ဘာလို႔လဲဆိုေတာ့ အဲဒီ (သုံး ပြင့္ဆိုင္) အေျခအေနမွာ တပ္ေတြက ကြၽံေနတယ္လို႔ ယူဆရတယ္။ ၁၀၂၇ အၿပီးမွာ ဒါမ်ိဳးေတြ ျဖစ္လာ တာေပါ့။ နယ္ေျမေတြကိုခ်ဳပ္ကိုင္တဲ့အပိုင္းမွာ အျပည့္အဝ ခ်ဳပ္ကိုင္ခ်င္တာမ်ိဳးလည္း ျဖစ္ႏိုင္တာေပါ့။ ကြၽန္ေတာ္ေျပာျပမယ္ ကြတ္ခိုင္မွာ TNLA ေတြက အင္အား အမ်ားႀကီး ခ်ထားတယ္။ ေနာက္ MNDAA ကလည္း ရွိေနတယ္။ TNLA ကလည္း သူတစ္ေယာက္ တည္း ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနတဲ့ အေန အထားေပါ့။ ဒီလို သုံးသပ္ရမယ္” ဟု အျခား ရွမ္းျပည္နယ္ေျမာက္ပိုင္း ေဒသခံတစ္ဦးကဆိုသည္။

လက္ရွိတြင္ နယ္ေျမလုေနသည့္ အေျခအေနႏွင့္ ပတ္သက္၍ ဧၿပီလ ၁၃ ရက္က ထိုင္းႏိုင္ငံတြင္ ျပဳလုပ္သည့္ ကခ်င္လူထုစည္းေဝးပြဲ တစ္ခုသို႔ KIA မွ ဗိုလ္ခ်ဳပ္ဂြမ္ေမာ္က အြန္လိုင္းကတစ္ဆင့္ ေျပာၾကားရာတြင္ လက္ရွိနယ္ေျမလုအေျခအေနႏွင့္ ပတ္သက္၍ နယ္ေျမ အရယူမည္ဟု စိတ္မ်ိဳးမထားရေၾကာင္း သေဘာထားကို MNDAA ႏွင့္ TNLA ထံေျပာၾကားထားၿပီး ျဖစ္သည္ဟု ဆိုထားသည္။

“ရွမ္းေျမာက္ ကခ်င္ Sub-state နဲ႔ ပတ္သက္ၿပီး နံပါတ္တစ္ ေျပာခ်င္တာက ကြၽန္ေတာ္တို႔ဟာ ကြၽန္ေတာ္တို႔ရဲ႕ ဦးတည္ခ်က္ပန္းတိုင္ကို တည့္မတ္စြာ သြားရမယ္လို႔ပဲ ေျပာခ်င္တယ္။ ကိုယ္တိုက္ခိုက္ ႏိုင္လို႔ စိုးမိုးထားႏိုင္တဲ့နယ္ေျမကို ကိုယ္အရယူလိုက္မယ္ဆိုတဲ့ စိတ္ဓာတ္ မထားရဘူးလို႔ သူတို႔ကို သတင္း ပို႔ထားပါတယ္။ မုန္ကိုး၊ ေဖာင္းဆိုင္အထိ သြားၿပီး ကိုးကန႔္ နဲ႔ TNLA ကို ရွင္းရွင္းလင္းလင္း ေျပာထား ၿပီ” ဟု ဗိုလ္ခ်ဳပ္ဂြန္ေမာ္က ေျပာၾကားသည္။

တိုက္ႏိုင္၍ ကာကြယ္ထားသည္ကို နားလည္ေသာ္လည္း နယ္ေျမကို ယူလိုက္ျခင္းမ်ိဳး မလုပ္ရေၾကာင္းႏွင့္ ပိုင္ရွင္ရွိသည္ဟု သြားေရာက္ေျပာၾကားခ်ိန္ နားမေထာင္ခ်င္ၾကေၾကာင္း ႏွင့္ တစ္ခ်ိန္က ၿဗိတိသွ်မ်ား တစ္ကမာၻလုံးကို တိုက္ခိုက္သိမ္းပိုက္ခဲ့ေသာ္လည္း တစ္ခ်ိန္တြင္ ပိုင္ရွင္မ်ားကို ျပန္ေပးခဲ့ရေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.