မြန်မာ-တရုတ်နယ်စပ်ဂိတ်မှ နိုင်ငံအတွင်း ဝင်လာမည့် ခရီးသွားများအတွက် ကျန်းမာရေးဆိုင်ရာသတ်မှတ်ချက်ကို မြန်မာအစိုးရ ထုတ်ပြန်

 626

မျိုးကြီး (NP News) - ဇန်နဝါရီ ၁၆

မြန်မာ-တရုတ်နယ်စပ်ဂိတ် ပြန်ဖွင့်ပြီးနောက် နိုင်ငံအတွင်း ဝင်လာမည့် ခရီးသွားများအတွက် ကျန်းမာရေးဆိုင်ရာသတ်မှတ်ချက်များကို မြန်မာအစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၁၄ ရက်တွင် သုံးနှစ်နီးပါး ပိတ်ထားခဲ့သော မြန်မာ-တရုတ်နယ်စပ်ဂိတ်ဖြစ်သည့် ဆင်ဖြူဂိတ်နှင့် မန့်ဝိန်းဂိတ်တို့ကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ မြန်မာ-တရုတ်နယ်စပ်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့်ခရီးသွားများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ်ယူဆောင်လာရမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသူများအနေဖြင့် ဝင်ရောက်ချိန်မတိုင်မီ (၄၈)နာရီအတွင်း ကိုဗစ်ရောဂါကင်းရှင်းကြောင်း RT-PCR နည်းဖြင့် စစ်ဆေးထုတ်ပေးထားသည့် ဓာတ်ခွဲအဖြေကို ဝင်ထွက်ဂိတ်ရှိ ကျန်းမာရေးအရာရှိများထံ ပြသရမည်ဖြစ်သည်။

ခရီးသွားများအနေဖြင့် မြန်မာ-တရုတ်နယ်စပ်ဝင်ထွက်ဂိတ်အာဏာပိုင်နှင့် သက်ဆိုင်ရာကျန်းမာရေးဌာန၏ ညွှန်ကြားချက်များကို တိကျစွာလိုက်နာရမည်ဖြစ်ပြီး လိုက်နာရန်ပျက်ကွက်ပါက ဥပဒေအရ အရေးယူသွားမည်ဟုလည်း ဝန်ကြီးဌာန၏ သတ်မှတ်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ဆင်ဖြူဂိတ်၊ မန့်ဝိန်းဂိတ်တို့ကို ဖွင့်လှစ်ပေးခဲ့သော်လည်း ခြောက်ဘီးကား နှင့် ယာဉ်မောင်းတစ်ဦးသာ ဝင်ထွက်ခွင့်ပြုထားပြီး လူအဝင်အထွက်များကို ခွင့်ပြုပေးခြင်း မရှိသေးကြောင်း သိရသည်။

“နောက်ပိုင်း တစ်ဖက်နိုင်ငံမှာ ကိုဗစ်တွေ့ရှိမှုနှုန်းနည်းသွားရင်တော့ လူဝင်လူထွက်ကို ခွင့်ပြုပါလိမ့်မယ်။ လောလောဆယ်တော့ ခွင့်မပြုသေးပါဘူး” ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင်မှ ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက NP News ကို ပြောသည်။

မြန်မာ-တရုတ်နယ်စပ်ဂိတ်များမှတစ်ဆင့် လူအဝင်အထွက်များ ခွင့်ပြုလိုက်ပါက ခရီးသွားလုပ်ငန်းများအနေဖြင့် ပိုမိုကောင်းမွန်လာနိုင်ကြောင်း Blue Ocean Star Resort & Travel ကုမ္ပဏီမှ CEO ဦးကျော်မိုးက သုံးသပ်ပြောဆိုထားသည်။

“ကိုဗစ်ကိစ္စတို့၊ ခရီးသွားကိစ္စတို့က ကိုယ့်တစ်နိုင်ငံတည်း မကြည့်ဘဲနဲ့ အထူးသဖြင့် တရုတ်ပြည်နဲ့ပတ်သက်လို့ တရုတ်ခရီးသည်တွေဆိုရင် အိမ်နီးချင်းနိုင်ငံတွေက ဘယ်လိုမျိုး လုပ်သလဲဆိုတာမျိုး ကြည့်ရမယ်လေ။ ကြည့်ရတဲ့အခါမှာ တစ်ဖက်ကလည်း ခရီးသွားမြှင့်တင်ဖို့ပဲ၊ တစ်ဖက်ကလည်း ရောဂါထိန်းချုပ်ဖို့ပဲ ရောဂါတွေကြောက်လို့ အရမ်းထိန်းချုပ်ထားပြီဆိုရင်လည်း စီးပွားရေးအခြေအနေက နောက်ကျသွားမယ်”ဟု ဦးကျော်မိုးက သုံးသပ်ပြောဆိုထားသည်။

zawgyi version
ျမန္မာ-တ႐ုတ္နယ္စပ္ဂိတ္မွ ႏိုင္ငံအတြင္း ဝင္လာမည့္ ခရီးသြားမ်ားအတြက္ က်န္းမာေရးဆိုင္ရာသတ္မွတ္ခ်က္ကို ျမန္မာအစိုးရ ထုတ္ျပန္
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၁၆

ျမန္မာ-တ႐ုတ္နယ္စပ္ဂိတ္ ျပန္ဖြင့္ၿပီးေနာက္ ႏိုင္ငံအတြင္း ဝင္လာမည့္ ခရီးသြားမ်ားအတြက္ က်န္းမာေရးဆိုင္ရာသတ္မွတ္ခ်က္မ်ားကို ျမန္မာအစိုးရ၏ က်န္းမာေရးဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ထားသည္။

ဇန္နဝါရီလ ၁၄ ရက္တြင္ သုံးႏွစ္နီးပါး ပိတ္ထားခဲ့ေသာ ျမန္မာ-တ႐ုတ္နယ္စပ္ဂိတ္ျဖစ္သည့္ ဆင္ျဖဴဂိတ္ႏွင့္ မန႔္ဝိန္းဂိတ္တို႔ကို ျပန္လည္ဖြင့္လွစ္ေပးခဲ့သည္။

အဆိုပါ ျမန္မာ-တ႐ုတ္နယ္စပ္ဂိတ္မ်ားမွတစ္ဆင့္ ျမန္မာႏိုင္ငံသို႔ ဝင္ေရာက္မည့္ခရီးသြားမ်ားအေနျဖင့္ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆး အႀကိမ္ျပည့္ထိုးႏွံၿပီးစီးေၾကာင္း သက္ေသခံလက္မွတ္ယူေဆာင္လာရမည္ျဖစ္ေၾကာင္း ဝန္ႀကီးဌာနက ဆိုသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံသို႔ ဝင္ေရာက္လာသူမ်ားအေနျဖင့္ ဝင္ေရာက္ခ်ိန္မတိုင္မီ (၄၈)နာရီအတြင္း ကိုဗစ္ေရာဂါကင္းရွင္းေၾကာင္း RT-PCR နည္းျဖင့္ စစ္ေဆးထုတ္ေပးထားသည့္ ဓာတ္ခြဲအေျဖကို ဝင္ထြက္ဂိတ္ရွိ က်န္းမာေရးအရာရွိမ်ားထံ ျပသရမည္ျဖစ္သည္။

ခရီးသြားမ်ားအေနျဖင့္ ျမန္မာ-တ႐ုတ္နယ္စပ္ဝင္ထြက္ဂိတ္အာဏာပိုင္ႏွင့္ သက္ဆိုင္ရာက်န္းမာေရးဌာန၏ ၫႊန္ၾကားခ်က္မ်ားကို တိက်စြာလိုက္နာရမည္ျဖစ္ၿပီး လိုက္နာရန္ပ်က္ကြက္ပါက ဥပေဒအရ အေရးယူသြားမည္ဟုလည္း ဝန္ႀကီးဌာန၏ သတ္မွတ္ခ်က္တြင္ ေဖာ္ျပထားသည္။

လက္ရွိတြင္ ဆင္ျဖဴဂိတ္၊ မန႔္ဝိန္းဂိတ္တို႔ကို ဖြင့္လွစ္ေပးခဲ့ေသာ္လည္း ေျခာက္ဘီးကား ႏွင့္ ယာဥ္ေမာင္းတစ္ဦးသာ ဝင္ထြက္ခြင့္ျပဳထားၿပီး လူအဝင္အထြက္မ်ားကို ခြင့္ျပဳေပးျခင္း မရွိေသးေၾကာင္း သိရသည္။

“ေနာက္ပိုင္း တစ္ဖက္ႏိုင္ငံမွာ ကိုဗစ္ေတြ႕ရွိမႈႏႈန္းနည္းသြားရင္ေတာ့ လူဝင္လူထြက္ကို ခြင့္ျပဳပါလိမ့္မယ္။ ေလာေလာဆယ္ေတာ့ ခြင့္မျပဳေသးပါဘူး” ဟု မူဆယ္ဆန္စပါးကုန္စည္ဒိုင္မွ ဒုတိယဥကၠ႒ ဦးမင္းသိန္းက NP News ကို ေျပာသည္။

ျမန္မာ-တ႐ုတ္နယ္စပ္ဂိတ္မ်ားမွတစ္ဆင့္ လူအဝင္အထြက္မ်ား ခြင့္ျပဳလိုက္ပါက ခရီးသြားလုပ္ငန္းမ်ားအေနျဖင့္ ပိုမိုေကာင္းမြန္လာႏိုင္ေၾကာင္း Blue Ocean Star Resort & Travel ကုမၸဏီမွ CEO ဦးေက်ာ္မိုးက သုံးသပ္ေျပာဆိုထားသည္။

“ကိုဗစ္ကိစၥတို႔၊ ခရီးသြားကိစၥတို႔က ကိုယ့္တစ္ႏိုင္ငံတည္း မၾကည့္ဘဲနဲ႔ အထူးသျဖင့္ တ႐ုတ္ျပည္နဲ႔ပတ္သက္လို႔ တ႐ုတ္ခရီးသည္ေတြဆိုရင္ အိမ္နီးခ်င္းႏိုင္ငံေတြက ဘယ္လိုမ်ိဳး လုပ္သလဲဆိုတာမ်ိဳး ၾကည့္ရမယ္ေလ။ ၾကည့္ရတဲ့အခါမွာ တစ္ဖက္ကလည္း ခရီးသြားျမႇင့္တင္ဖို႔ပဲ၊ တစ္ဖက္ကလည္း ေရာဂါထိန္းခ်ဳပ္ဖို႔ပဲ ေရာဂါေတြေၾကာက္လို႔ အရမ္းထိန္းခ်ဳပ္ထားၿပီဆိုရင္လည္း စီးပြားေရးအေျခအေနက ေနာက္က်သြားမယ္”ဟု ဦးေက်ာ္မိုးက သုံးသပ္ေျပာဆိုထားသည္။

Related news

© 2021. All rights reserved.