လေဖိအားကြီးရပ်ဝန်းများမှ တိုက်ခတ်လာသော လေအေးများကြောင့် ရန်ကုန် အပါအဝင် ဒေသအချို့၌ နောက်နှစ်ရက်အထိ အအေးပိုနိုင်

 1189

ယွန်း (NP News) - ဇန်နဝါရီ ၁၆

လေဖိအားကြီး ရပ်ဝန်းများမှ တိုက်ခတ်လာသော လေအေးများကြောင့် ရန်ကုန်အပါအဝင် ပြည်နယ်နှင့် တိုင်းအချို့၌ နောက်နှစ်ရက်အထိ ပုံမှန်အတိုင်း အအေးပိုနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း သိသိသာသာ အအေးပိုလာရခြင်းမှာ တရုတ်နိုင်ငံမှ လေဖိအားကြီးရပ်ဝန်းအပါအဝင် အခြားလေဖိအားကြီး ရပ်ဝန်းတို့ကြောင့်ဖြစ်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဦးလှထွန်းက NP News ကိုပြောသည်။

“ဘာဖြစ်လို့ ခုရက်တွေမှာ အအေးပိုနေတာလဲဆိုတော့ မြန်မာနိုင်ငံကို လေအေးတွေတွန်းပို့ပေးနေတဲ့ လေဖိအားကြီးရပ်ဝန်းတစ်ခုရှိတယ်။ ပြီးတော့ တရုတ်နိုင်ငံကနေလည်း လေဖိအားကြီးရပ်ဝန်းတစ်ခုရှိတယ်။ အဲဒီက လေအေးတွေအားကောင်းတဲ့ ကာလဖြစ်နေတာပေါ့လေ။ အား ကောင်းတဲ့ ကာလဖြစ်တော့ လေအေးတွေ တိုးဝင်လာမှုများတာကြောင့်လို့ ပြောရမှာပေါ့” ဟု ညွှန်ကြားရေးမှူး ဦးလှထွန်းက ဆိုသည်။

ရန်ကုန်အပါအဝင် ဒေသအချို့၌ အအေးပိုနေမှုများသည် နောက်ထပ်နှစ်ရက်ပြီးပါက ပြန်လည်ပြောင်းလဲလာနိုင်ကြောင်း ၎င်းမှ သုံးသပ်ပြောဆိုထားသည်။

“ဒီထက်ပိုပြီး အေးဖို့တော့ အခြေအနေ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဇန်နဝါရီလ နောက်ပိုင်းမှာတော့ အပူချိန်တွေ ပြန်ပြီးတိုးလာမယ့် အနေ အထားရှိတာပေါ့နော်။ ဒီထက်ပိုပြီး အေးဖို့မရှိဘူး။ လက်ရှိအနေ အထားအတိုင်းတော့ နောက်နှစ်ရက်၊ သုံးရက်လောက်တော့ အေးနေဦးမယ်ပေါ့လေ” ဟု ဦးလှထွန်းမှ ဆိုသည်။

သို့သော် ကချင်၊ စစ်ကိုင်း၊ ရှမ်း၊ ချင်း၊ ကယား နှင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် ညအပူချိန်များ လျော့နည်းနိုင်ကြောင်း သိရသည်။

Zawgyi Version;
ေလဖိအားႀကီးရပ္ဝန္းမ်ားမွ တိုက္ခတ္လာေသာ ေလေအးမ်ားေၾကာင့္ ရန္ကုန္ အပါအဝင္ ေဒသအခ်ိဳ႕၌ ေနာက္ႏွစ္ရက္အထိ အေအးပိုႏိုင္
ယြန္း (NP News) - ဇန္နဝါရီ ၁၆

ေလဖိအားႀကီး ရပ္ဝန္းမ်ားမွ တိုက္ခတ္လာေသာ ေလေအးမ်ားေၾကာင့္ ရန္ကုန္အပါအဝင္ ျပည္နယ္ႏွင့္ တိုင္းအခ်ိဳ႕၌ ေနာက္ႏွစ္ရက္အထိ ပုံမွန္အတိုင္း အေအးပိုႏိုင္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ ယခုရက္ပိုင္းအတြင္း သိသိသာသာ အေအးပိုလာရျခင္းမွာ တ႐ုတ္ႏိုင္ငံမွ ေလဖိအားႀကီးရပ္ဝန္းအပါအဝင္ အျခားေလဖိအားႀကီး ရပ္ဝန္းတို႔ေၾကာင့္ျဖစ္သည္ဟု မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာန၏ ၫႊန္ၾကားေရးမႉး ဦးလွထြန္းက NP News ကိုေျပာသည္။

“ဘာျဖစ္လို႔ ခုရက္ေတြမွာ အေအးပိုေနတာလဲဆိုေတာ့ ျမန္မာႏိုင္ငံကို ေလေအးေတြတြန္းပို႔ေပးေနတဲ့ ေလဖိအားႀကီးရပ္ဝန္းတစ္ခုရွိတယ္။ ၿပီးေတာ့ တ႐ုတ္ႏိုင္ငံကေနလည္း ေလဖိအားႀကီးရပ္ဝန္းတစ္ခုရွိတယ္။ အဲဒီက ေလေအးေတြအားေကာင္းတဲ့ ကာလျဖစ္ေနတာေပါ့ေလ။ အား ေကာင္းတဲ့ ကာလျဖစ္ေတာ့ ေလေအးေတြ တိုးဝင္လာမႈမ်ားတာေၾကာင့္လို႔ ေျပာရမွာေပါ့” ဟု ၫႊန္ၾကားေရးမႉး ဦးလွထြန္းက ဆိုသည္။

ရန္ကုန္အပါအဝင္ ေဒသအခ်ိဳ႕၌ အေအးပိုေနမႈမ်ားသည္ ေနာက္ထပ္ႏွစ္ရက္ၿပီးပါက ျပန္လည္ေျပာင္းလဲလာႏိုင္ေၾကာင္း ၎မွ သုံးသပ္ေျပာဆိုထားသည္။

“ဒီထက္ပိုၿပီး ေအးဖို႔ေတာ့ အေျခအေန မရွိပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ဇန္နဝါရီလ ေနာက္ပိုင္းမွာေတာ့ အပူခ်ိန္ေတြ ျပန္ၿပီးတိုးလာမယ့္ အေန အထားရွိတာေပါ့ေနာ္။ ဒီထက္ပိုၿပီး ေအးဖို႔မရွိဘူး။ လက္ရွိအေန အထားအတိုင္းေတာ့ ေနာက္ႏွစ္ရက္၊ သုံးရက္ေလာက္ေတာ့ ေအးေနဦးမယ္ေပါ့ေလ” ဟု ဦးလွထြန္းမွ ဆိုသည္။

သို႔ေသာ္ ကခ်င္၊ စစ္ကိုင္း၊ ရွမ္း၊ ခ်င္း၊ ကယား ႏွင့္ ျမန္မာႏိုင္ငံအထက္ပိုင္းေဒသမ်ားတြင္ ညအပူခ်ိန္မ်ား ေလ်ာ့နည္းႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.