ဗုံးတွဲလျက်ပါသော ပုံစံတူလက်လုပ်ဒရုန်း(၉)စင်းထက်မနည်း သိမ်းဆည်းရမိခဲ့ပြီး တစ်စင်းကျရောက်ပေါက်ကွဲမှု ရန်ကုန်မြို့၌ဖြစ်ပွား

 6159

NP News - ဇန်နဝါရီ ၁၆

ဗုံးတွဲလျက်ပါသော ပုံစံတူလက်လုပ်ဒရုန်း(၉)စင်းထက်မနည်း သိမ်းဆည်းရမိခဲ့ပြီး ဒရုန်းတစ်စင်းကျရောက်ပေါက်ကွဲမှု ရန်ကုန်မြို့၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(ဇန်နဝါရီလ ၁၆ ရက်) နံနက် ၁၁ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်း ကျေးရွာရှိ လယ်ကွင်းတစ်ခုအတွင်း ဒရုန်းတစ်စင်း ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ် သော သတင်းအရင်းအမြစ်က ပြောသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိခဲ့မှု မရှိကြောင်းသိရပြီး အခင်းဖြစ်ပွားရာနေရာပတ်ဝန်းကျင်းအား လုံခြုံရေးအဖွဲ့ဝင်များက ရှင်းလင်းရှာဖွေရာတွင် လက်လုပ်ဗုံးတပ်ဆင်ထားသည့် ဒရုန်းတစ်စင်းကို ထပ်မံတွေ့ရှိခဲ့ရကြောင်း သိရသည်။

ထို့ပြင် ၎င်းကဲ့သို့ ဒရုန်းကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့သောနေရာမှ တစ်မိုင်ပတ် လည်အား ထပ်မံရှာဖွေစစ်ဆေးခဲ့ရာတွင် မှော်ဘီမြို့ ဂျိုးဖြူပိုက်လိုင်းအနီး၌ လက် လုပ်ဗုံးတစ်လုံးစီတပ်ဆင်ထားသည့် ဒရုန်း(၅)စင်းကို တွေ့ရှိသိမ်းဆည်းရမိခဲ့ ကြောင်း အထက်ပါသတင်းအရင်းအမြစ်က ဆက်လက်ပြောသည်။

ထို့ကြောင့် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အတွင်း ယနေ့တစ်ရက်တည်း၌ လက်လုပ်ဗုံးတစ်လုံးတပ်ဆင်ထားသည့် ပုံစံတူ ဒရုန်း(၇)စင်းကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ် သည်။

အလားတူ ယနေ့ နံနက်ပိုင်းတွင်လည်း ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းဘေးရှိ ရေကူးအသံလွှင့်ရုံးဝင်း အုတ်တံတိုင်းအနီးတွင် လက်လုပ်ဗုံးတပ်ဆင်ထားသည့် ဒရုန်းတစ်စင်းအားတွေ့ရှိကာ သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထို့ပြင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ အင်းယားကန်ဘောင်အနီးတွင် ယနေ့ နံနက်ပိုင်းကလည်း လက်လုပ်ဗုံးတစ်လုံး တပ်ဆင်ထားသော ဒရုန်းတစ်စင်းကို သိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သော သတင်းအရင်းအမြစ်က ဆိုသည်။

“ဟုတ်တယ်။ မှော်ဘီမှာလည်း ထပ်တွေ့တယ်။ ပျံနေတဲ့ဟာတွေကို ပစ်ချလိုက်တာပေါ့။ လုပ်ကြံတာတွေကို လျှော့ပြီးတော့ တပ်နဲ့ရဲကိုပဲ ဦးတည်ပြီးတော့ လုပ်မယ်ဆိုတဲ့သဘောပေါ်လာတာပေါ့။ အခုဟာက အဆုံးခံပြီးတော့ လုပ်တဲ့ဟာတွေ။ ဖော့တွေနဲ့ ဓာတ်ခဲတွေနဲ့ လုပ်ထားတဲ့ဟာတွေလေ။ ဒါတွေက ယာယီအားဖြင့် စမ်းသပ်တဲ့သဘောဖြစ်နိုင်တယ်။ နောက်ပြီး ထပ်လာနိုင်သေးတယ်။ သေသေချာချာ စိစစ်ကြပ်မတ်တာတွေ ရန်ကုန်မှာ လုပ်သင့်ပြီးလို့ ထင်တယ်” ဟု လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သူက မှတ်ချက်ပြုသုံးသပ်ပြောဆိုထားသည်။

ယနေ့ တစ်ရက်တည်းတွင် ရန်ကုန်မြို့၌ တွေ့ရှိသိမ်းဆည်းရမိခဲ့သော ဒရုန်းများမှာ ပုံစံတူများဖြစ်ပြီး ဒရုန်းတစ်စင်းလျှင် လက်လုပ်ဗုံးတစ်လုံးစီ တပ်ဆင်ထားကြောင်း သိရှိရသည်။

ပြီးခဲ့သော လပိုင်းများအတွင်းက စစ်ကိုင်း၊ မကွေး၊ ကရင်၊ ကချင်တို့တွင် အစိုးရဌာနဆိုင်ရာ အဆောက်အဦးများ၊ လုံခြုံရေးအဖွဲ့ဝင်များ တပ်စွဲထားသည့်နေရာများကို ဒရုန်းဖြင့် ဗုံးပစ်ချတိုက်ခိုက်သည့် ဖြစ်စဉ်များ မကြာခဏဖြစ်ပွားထားသည်ကို တွေ့ရှိခဲ့ရသည်။

zawgyi version
ဗုံးတြဲလ်က္ပါေသာ ပုံစံတူလက္လုပ္ဒ႐ုန္း(၉)စင္းထက္မနည္း သိမ္းဆည္းရမိခဲ့ၿပီး တစ္စင္းက်ေရာက္ေပါက္ကြဲမႈ ရန္ကုန္ၿမိဳ႕၌ျဖစ္ပြား
NP News - ဇန္နဝါရီ ၁၆

ဗုံးတြဲလ်က္ပါေသာ ပုံစံတူလက္လုပ္ဒ႐ုန္း(၉)စင္းထက္မနည္း သိမ္းဆည္းရမိခဲ့ၿပီး ဒ႐ုန္းတစ္စင္းက်ေရာက္ေပါက္ကြဲမႈ ရန္ကုန္ၿမိဳ႕၌ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(ဇန္နဝါရီလ ၁၆ ရက္) နံနက္ ၁၁ နာရီအခ်ိန္ခန႔္တြင္ ရန္ကုန္တိုင္း၊ ေမွာ္ဘီၿမိဳ႕နယ္၊ ေအာက္ဝါးနက္ေခ်ာင္း ေက်း႐ြာရွိ လယ္ကြင္းတစ္ခုအတြင္း ဒ႐ုန္းတစ္စင္း က်ေရာက္ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္နီးစပ္ ေသာ သတင္းအရင္းအျမစ္က ေျပာသည္။

အဆိုပါ ေပါက္ကြဲမႈေၾကာင့္ လူထိခိုက္ဒဏ္ရာရရွိခဲ့မႈ မရွိေၾကာင္းသိရၿပီး အခင္းျဖစ္ပြားရာေနရာပတ္ဝန္းက်င္းအား လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ရွင္းလင္းရွာေဖြရာတြင္ လက္လုပ္ဗုံးတပ္ဆင္ထားသည့္ ဒ႐ုန္းတစ္စင္းကို ထပ္မံေတြ႕ရွိခဲ့ရေၾကာင္း သိရသည္။

ထို႔ျပင္ ၎ကဲ့သို႔ ဒ႐ုန္းက်ေရာက္ေပါက္ကြဲမႈျဖစ္ပြားခဲ့ေသာေနရာမွ တစ္မိုင္ပတ္ လည္အား ထပ္မံရွာေဖြစစ္ေဆးခဲ့ရာတြင္ ေမွာ္ဘီၿမိဳ႕ ဂ်ိဳးျဖဴပိုက္လိုင္းအနီး၌ လက္ လုပ္ဗုံးတစ္လုံးစီတပ္ဆင္ထားသည့္ ဒ႐ုန္း(၅)စင္းကို ေတြ႕ရွိသိမ္းဆည္းရမိခဲ့ ေၾကာင္း အထက္ပါသတင္းအရင္းအျမစ္က ဆက္လက္ေျပာသည္။

ထို႔ေၾကာင့္ ရန္ကုန္တိုင္း၊ ေမွာ္ဘီၿမိဳ႕နယ္အတြင္း ယေန႔တစ္ရက္တည္း၌ လက္လုပ္ဗုံးတစ္လုံးတပ္ဆင္ထားသည့္ ပုံစံတူ ဒ႐ုန္း(၇)စင္းကို သိမ္းဆည္းရမိခဲ့ျခင္းျဖစ္ သည္။

အလားတူ ယေန႔ နံနက္ပိုင္းတြင္လည္း ရန္ကုန္တိုင္း၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ သံသုမာလမ္းေဘးရွိ ေရကူးအသံလႊင့္႐ုံးဝင္း အုတ္တံတိုင္းအနီးတြင္ လက္လုပ္ဗုံးတပ္ဆင္ထားသည့္ ဒ႐ုန္းတစ္စင္းအားေတြ႕ရွိကာ သိမ္းဆည္းရမိခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။

ထို႔ျပင္ ရန္ကုန္တိုင္း၊ ကမာ႐ြတ္ၿမိဳ႕နယ္ရွိ အင္းယားကန္ေဘာင္အနီးတြင္ ယေန႔ နံနက္ပိုင္းကလည္း လက္လုပ္ဗုံးတစ္လုံး တပ္ဆင္ထားေသာ ဒ႐ုန္းတစ္စင္းကို သိမ္းဆည္းရမိခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္က ဆိုသည္။

“ဟုတ္တယ္။ ေမွာ္ဘီမွာလည္း ထပ္ေတြ႕တယ္။ ပ်ံေနတဲ့ဟာေတြကို ပစ္ခ်လိုက္တာေပါ့။ လုပ္ႀကံတာေတြကို ေလွ်ာ့ၿပီးေတာ့ တပ္နဲ႔ရဲကိုပဲ ဦးတည္ၿပီးေတာ့ လုပ္မယ္ဆိုတဲ့သေဘာေပၚလာတာေပါ့။ အခုဟာက အဆုံးခံၿပီးေတာ့ လုပ္တဲ့ဟာေတြ။ ေဖာ့ေတြနဲ႔ ဓာတ္ခဲေတြနဲ႔ လုပ္ထားတဲ့ဟာေတြေလ။ ဒါေတြက ယာယီအားျဖင့္ စမ္းသပ္တဲ့သေဘာျဖစ္ႏိုင္တယ္။ ေနာက္ၿပီး ထပ္လာႏိုင္ေသးတယ္။ ေသေသခ်ာခ်ာ စိစစ္ၾကပ္မတ္တာေတြ ရန္ကုန္မွာ လုပ္သင့္ၿပီးလို႔ ထင္တယ္” ဟု လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္နီးစပ္သူက မွတ္ခ်က္ျပဳသုံးသပ္ေျပာဆိုထားသည္။

ယေန႔ တစ္ရက္တည္းတြင္ ရန္ကုန္ၿမိဳ႕၌ ေတြ႕ရွိသိမ္းဆည္းရမိခဲ့ေသာ ဒ႐ုန္းမ်ားမွာ ပုံစံတူမ်ားျဖစ္ၿပီး ဒ႐ုန္းတစ္စင္းလွ်င္ လက္လုပ္ဗုံးတစ္လုံးစီ တပ္ဆင္ထားေၾကာင္း သိရွိရသည္။

ၿပီးခဲ့ေသာ လပိုင္းမ်ားအတြင္းက စစ္ကိုင္း၊ မေကြး၊ ကရင္၊ ကခ်င္တို႔တြင္ အစိုးရဌာနဆိုင္ရာ အေဆာက္အဦးမ်ား၊ လုံၿခဳံေရးအဖြဲ႕ဝင္မ်ား တပ္စြဲထားသည့္ေနရာမ်ားကို ဒ႐ုန္းျဖင့္ ဗုံးပစ္ခ်တိုက္ခိုက္သည့္ ျဖစ္စဥ္မ်ား မၾကာခဏျဖစ္ပြားထားသည္ကို ေတြ႕ရွိခဲ့ရသည္။

Related news

© 2021. All rights reserved.