ပြီးခဲ့သောနှစ်အတွင်း မြန်မာနိုင်ငံ၌ ယာဉ်တိုက်မှုကြောင့် (၁)ရက်လျှင် လူ(၇)ဦးနှုန်း သေဆုံးကာ (၂၁)ဦးနှုန်း ဒဏ်ရာရရှိခဲ့

 589

မျိုးကြီး (NP News) - ဇန်နဝါရီ ၁၇

ပြီးခဲ့သော ၂ဝ၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ယာဉ်တိုက်မှုကြောင့် (၁)ရက်လျှင် လူ(၇)ဦးနှုန်းသေဆုံးခဲ့ကာ (၂၁)ဦးနှုန်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

၂ဝ၂၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်တာအတွင်း မြန်မာတစ်နိုင်ငံလုံး၌ ယာဉ်တိုက်မှုပေါင်း (၅၆၃၁)မှု ဖြစ်ပွားခဲ့ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အသိပေးထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါယာဉ်တိုက်မှုများကြောင့် လူဦးရေ(၂၇၉၅)ဦး ထိခိုက်သေဆုံးခဲ့ကာ (၇၈၅၃) ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုထားသည်။

ထို့ကြောင့် နှစ်တစ်နှစ်၏ (၃၆၅)ရက်ဖြင့် ပျှမ်းမျှတွက်ကြည့်ပါက မြန်မာနိုင်ငံတွင် (၁)ရက်လျှင် ယာဉ်တိုက်မှုပေါင်း (၁၅)မှုနှုန်းဖြစ်ပွားကာ (၇)ဦးသေဆုံးပြီး (၂၁)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူဆနိုင်သည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်များအနက် ရန်ကုန်တိုင်းအတွင်း၌ ယာဉ်တိုက်မှုဖြစ်စဉ်ပေါင်း(၉ဝဝ)ကျော်ဖြင့် တစ်နိုင်ငံလုံးတွင် အများဆုံးဖြစ်ပွားခဲ့ပြီး ဒုတိယအများဆုံးသည် ဧရာဝတီတိုင်းဖြစ်ပြီး ယာဉ်တိုက်မှုပေါင်း (၈ဝဝ)နီးပါး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော ၂ဝ၂၁ ခုနှစ် တစ်နှစ်ပတ်လုံးကာလ၌ မြန်မာနိုင်ငံတွင် ယာဉ်တိုက်မှုပေါင်း (၆၄၂ဝ)မှုဖြစ်ပွားခဲ့ကာ လူဦးရေ (၃ဝ၅၈)အထိ သေဆုံးခဲ့ပြီး (၈၃၁၁)အထိ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များက ဆိုထားသည်။

zawgyi version
ၿပီးခဲ့ေသာႏွစ္အတြင္း ျမန္မာႏိုင္ငံ၌ ယာဥ္တိုက္မႈေၾကာင့္ (၁)ရက္လွ်င္ လူ(၇)ဦးႏႈန္း ေသဆုံးကာ (၂၁)ဦးႏႈန္း ဒဏ္ရာရရွိခဲ့
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၁၇

ၿပီးခဲ့ေသာ ၂ဝ၂၂ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံ၌ ယာဥ္တိုက္မႈေၾကာင့္ (၁)ရက္လွ်င္ လူ(၇)ဦးႏႈန္းေသဆုံးခဲ့ကာ (၂၁)ဦးႏႈန္း ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။

၂ဝ၂၂ ခုႏွစ္ ဇန္နဝါရီလမွ ဒီဇင္ဘာလအထိ တစ္ႏွစ္တာအတြင္း ျမန္မာတစ္ႏိုင္ငံလုံး၌ ယာဥ္တိုက္မႈေပါင္း (၅၆၃၁)မႈ ျဖစ္ပြားခဲ့ေၾကာင္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၏ အသိေပးထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါယာဥ္တိုက္မႈမ်ားေၾကာင့္ လူဦးေရ(၂၇၉၅)ဦး ထိခိုက္ေသဆုံးခဲ့ကာ (၇၈၅၃) ဦးမွာ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း ဝန္ႀကီးဌာနက ဆိုထားသည္။

ထို႔ေၾကာင့္ ႏွစ္တစ္ႏွစ္၏ (၃၆၅)ရက္ျဖင့္ ပွ်မ္းမွ်တြက္ၾကည့္ပါက ျမန္မာႏိုင္ငံတြင္ (၁)ရက္လွ်င္ ယာဥ္တိုက္မႈေပါင္း (၁၅)မႈႏႈန္းျဖစ္ပြားကာ (၇)ဦးေသဆုံးၿပီး (၂၁)ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ယူဆႏိုင္သည္။

အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္မ်ားအနက္ ရန္ကုန္တိုင္းအတြင္း၌ ယာဥ္တိုက္မႈျဖစ္စဥ္ေပါင္း(၉ဝဝ)ေက်ာ္ျဖင့္ တစ္ႏိုင္ငံလုံးတြင္ အမ်ားဆုံးျဖစ္ပြားခဲ့ၿပီး ဒုတိယအမ်ားဆုံးသည္ ဧရာဝတီတိုင္းျဖစ္ၿပီး ယာဥ္တိုက္မႈေပါင္း (၈ဝဝ)နီးပါး ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့ေသာ ၂ဝ၂၁ ခုႏွစ္ တစ္ႏွစ္ပတ္လုံးကာလ၌ ျမန္မာႏိုင္ငံတြင္ ယာဥ္တိုက္မႈေပါင္း (၆၄၂ဝ)မႈျဖစ္ပြားခဲ့ကာ လူဦးေရ (၃ဝ၅၈)အထိ ေသဆုံးခဲ့ၿပီး (၈၃၁၁)အထိ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားက ဆိုထားသည္။

Related news

© 2021. All rights reserved.