ကျေးရွာအုပ်ချုပ်ရေးမှူးကို ပစ်ခတ်သတ်ဖြတ်စဉ်အချိန် (၈)လသားအရွယ်ကလေးငယ်တစ်ဦး နဖူးကျည်ထိမှန်ကာ သေဆုံး

 2684

NP News - ဇန်နဝါရီ ၁၇

ကျေးရွာအုပ်ချုပ်ရေးမှူးကို ပစ်ခတ်သတ်ဖြစ်စဉ်အချိန် (၈)လသားအရွယ် ကလေးငယ်တစ်ဦး နဖူးကျည်ထိမှန်ကာ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီလ ၁၇ ရက်) နံနက် ၁၁ နာရီအချိန်ခန့်တွင် ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ချောင်းဝကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာရှိ ကွမ်းယာဆိုင်အနီးတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သေနတ်ကိုင်ဆောင်ထားသည့် လူတစ်စုသည် ချောင်းဝကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဦးခင်မောင်ဝင်းနှင့် လက်ရှိအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုးနိုင်တို့အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာရှိ သတင်းအ ရင်းအမြစ်တစ်ဦးက NP News ကို ပြောသည်။

ထိုသို့ပစ်ခတ်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူးဟောင်းနှင့် လက်ရှိအုပ်ချုပ်ရေးမှူးဖြစ်သူ နှစ်ဦးမှာ နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

၎င်းအုပ်ချုပ်ရေးမှူးများကို လက်နက်ကိုင်လူတစ်စုက သေနတ်ဖြင့် ပစ်ခတ်သတ် ဖြတ်စဉ်အချိန်တွင် ကွမ်းယာဆိုင်အနီးရှိ (၈)လသားအရွယ်ကလေးအား ကျည်ထိမှန်ခဲ့ကြောင်း ကလေးငယ်၏မိသားစုဝင်တစ်ဦးက NP News ကို အသိပေးပြောဆိုထားသည်။

“ကျွန်တော်နဲ့ဆိုရင်တော့ မြေးလေးတော်တာပေါ့။ ဖြစ်စဉ်က ကွမ်းယာဆိုင်မှာ အဲဒီကလေးကို သူ့မိခင်က ပွေ့ပြီးတော့ မတ်တတ်ရပ်နေတာပေါ့။ မတ်တတ်ရပ်နေတော့ အဲဒီ လိုက်ပစ်နေတဲ့ လူတွေဆီကနေ ကျည်ဆံထွက်လာပြီးတော့ ကလေးရဲ့နဖူးကို မှန်တာပေါ့။ အဲဒီတော့ ထန်းတပင်ဆေးရုံကို ပို့တယ်။ အဲဒီကနေ တောင်ငူဆေးရုံကို ပို့တယ်။ တောင်ငူကနေ နေပြည်တော်ကို ထပ်ပို့တယ်။ နေပြည်တော်ရောက်တော့ ဆုံးသွားတယ်”ဟု ကလေးငယ်၏ မိသားစုဝင်က ပြောသည်။

အခင်းဖြစ်ပွားခဲ့သော ရွာသာယာရွာသည် ယခင်က အေးအေးချမ်းချမ်းရှိခဲ့သော ရွာတစ်ရွာဖြစ်ပြီး ယခုကဲ့သို့ ဖြစ်ပွားခဲ့သည့်အတွက် ရွာသူရွာသားများအနေဖြင့် စိုးရိမ်ထိပ်လန့်မှုများရှိနေကြောင်းလည်း ၎င်းက မှတ်ချက်ပြုပြောဆိုထားသည်။

“ကလေးက ဖြူဖြူချောချောလေး။ ရှစ်လသားပဲ ရှိသေးတာ။ သူတို့က အရင်က မုန်းကျောက်ကြီးဘက်မှာနေတာ။ အဲဒီမှာ နယ်မြေအခြေအနေမကောင်းလို့ဆိုပြီး ဒီမှာ ဧည့်သည်အဖြစ်လာနေကြတာ။ သူ့အမေ နေအိမ်မှာ ခဏလာနေတာပေါ့။ ဟိုဘက်မှာ ကြောက်လို့ ဒီဘက်ရှောင်မှပဲ သေသွားတာပေါ့။ ရိုးရိုးလေးပြောရရင်တော့ လူလားမမြောက်သေးတဲ့ကလေး ရှစ်လသားအရွယ် ဖိတ်စင်သွားတာတော့ အဲဒီအပေါ်မှာ စိတ်မကောင်းခြင်းများစွာ ဖြစ်ရတာပေါ့” ဟု ကလေးငယ်၏ မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်သည့်ဖြစ်စဉ်များမှာ နိုင်ငံအနှံ့တွင် မကြာခဏ ဖြစ်ပွားလျက်ရှိနေသည်ကို တွေ့ရှိနေရသည်။

zawgyi version
ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးကို ပစ္ခတ္သတ္ျဖတ္စဥ္အခ်ိန္ (၈)လသားအ႐ြယ္ကေလးငယ္တစ္ဦး နဖူးက်ည္ထိမွန္ကာ ေသဆုံး
NP News - ဇန္နဝါရီ ၁၇

ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးကို ပစ္ခတ္သတ္ျဖစ္စဥ္အခ်ိန္ (၈)လသားအ႐ြယ္ ကေလးငယ္တစ္ဦး နဖူးက်ည္ထိမွန္ကာ ေသဆုံးသြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (ဇန္နဝါရီလ ၁၇ ရက္) နံနက္ ၁၁ နာရီအခ်ိန္ခန႔္တြင္ ပဲခူးတိုင္း၊ ေတာင္ငူခ႐ိုင္၊ ထန္းတပင္ၿမိဳ႕နယ္၊ ေခ်ာင္းဝေက်း႐ြာအုပ္စု၊ ႐ြာသာယာေက်း႐ြာရွိ ကြမ္းယာဆိုင္အနီးတြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ေသနတ္ကိုင္ေဆာင္ထားသည့္ လူတစ္စုသည္ ေခ်ာင္းဝေက်း႐ြာအုပ္စု၏ အုပ္ခ်ဳပ္ေရးမႉးေဟာင္းျဖစ္သူ ဦးခင္ေမာင္ဝင္းႏွင့္ လက္ရွိအုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ဦးစိုးႏိုင္တို႔အား ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း အခင္းျဖစ္ပြားရာေနရာရွိ သတင္းအ ရင္းအျမစ္တစ္ဦးက NP News ကို ေျပာသည္။

ထိုသို႔ပစ္ခတ္ခံရမႈေၾကာင့္ အုပ္ခ်ဳပ္ေရးမႉးေဟာင္းႏွင့္ လက္ရွိအုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ႏွစ္ဦးမွာ ေနရာတြင္ပင္ ေသဆုံးသြားခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။

၎အုပ္ခ်ဳပ္ေရးမႉးမ်ားကို လက္နက္ကိုင္လူတစ္စုက ေသနတ္ျဖင့္ ပစ္ခတ္သတ္ ျဖတ္စဥ္အခ်ိန္တြင္ ကြမ္းယာဆိုင္အနီးရွိ (၈)လသားအ႐ြယ္ကေလးအား က်ည္ထိမွန္ခဲ့ေၾကာင္း ကေလးငယ္၏မိသားစုဝင္တစ္ဦးက NP News ကို အသိေပးေျပာဆိုထားသည္။

“ကြၽန္ေတာ္နဲ႔ဆိုရင္ေတာ့ ေျမးေလးေတာ္တာေပါ့။ ျဖစ္စဥ္က ကြမ္းယာဆိုင္မွာ အဲဒီကေလးကို သူ႔မိခင္က ေပြ႕ၿပီးေတာ့ မတ္တတ္ရပ္ေနတာေပါ့။ မတ္တတ္ရပ္ေနေတာ့ အဲဒီ လိုက္ပစ္ေနတဲ့ လူေတြဆီကေန က်ည္ဆံထြက္လာၿပီးေတာ့ ကေလးရဲ႕နဖူးကို မွန္တာေပါ့။ အဲဒီေတာ့ ထန္းတပင္ေဆး႐ုံကို ပို႔တယ္။ အဲဒီကေန ေတာင္ငူေဆး႐ုံကို ပို႔တယ္။ ေတာင္ငူကေန ေနျပည္ေတာ္ကို ထပ္ပို႔တယ္။ ေနျပည္ေတာ္ေရာက္ေတာ့ ဆုံးသြားတယ္”ဟု ကေလးငယ္၏ မိသားစုဝင္က ေျပာသည္။

အခင္းျဖစ္ပြားခဲ့ေသာ ႐ြာသာယာ႐ြာသည္ ယခင္က ေအးေအးခ်မ္းခ်မ္းရွိခဲ့ေသာ ႐ြာတစ္႐ြာျဖစ္ၿပီး ယခုကဲ့သို႔ ျဖစ္ပြားခဲ့သည့္အတြက္ ႐ြာသူ႐ြာသားမ်ားအေနျဖင့္ စိုးရိမ္ထိပ္လန႔္မႈမ်ားရွိေနေၾကာင္းလည္း ၎က မွတ္ခ်က္ျပဳေျပာဆိုထားသည္။

“ကေလးက ျဖဴျဖဴေခ်ာေခ်ာေလး။ ရွစ္လသားပဲ ရွိေသးတာ။ သူတို႔က အရင္က မုန္းေက်ာက္ႀကီးဘက္မွာေနတာ။ အဲဒီမွာ နယ္ေျမအေျခအေနမေကာင္းလို႔ဆိုၿပီး ဒီမွာ ဧည့္သည္အျဖစ္လာေနၾကတာ။ သူ႔အေမ ေနအိမ္မွာ ခဏလာေနတာေပါ့။ ဟိုဘက္မွာ ေၾကာက္လို႔ ဒီဘက္ေရွာင္မွပဲ ေသသြားတာေပါ့။ ႐ိုး႐ိုးေလးေျပာရရင္ေတာ့ လူလားမေျမာက္ေသးတဲ့ကေလး ရွစ္လသားအ႐ြယ္ ဖိတ္စင္သြားတာေတာ့ အဲဒီအေပၚမွာ စိတ္မေကာင္းျခင္းမ်ားစြာ ျဖစ္ရတာေပါ့” ဟု ကေလးငယ္၏ မိသားစုဝင္မ်ားႏွင့္ နီးစပ္သူတစ္ဦးက ေျပာသည္။

ယခုရက္ပိုင္းအတြင္း ရပ္ကြက္၊ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးမ်ားအား ေသနတ္ျဖင့္ လုပ္ႀကံသတ္ျဖတ္သည့္ျဖစ္စဥ္မ်ားမွာ ႏိုင္ငံအႏွံ႔တြင္ မၾကာခဏ ျဖစ္ပြားလ်က္ရွိေနသည္ကို ေတြ႕ရွိေနရသည္။

Picture

thet htet aung

18/01/2023 20:27

ေအး ေအး

Picture

thet htet aung

18/01/2023 20:27

စီးစီး

Related news

© 2021. All rights reserved.