၂ဝ၂ဝ ရွေးကောက်ပွဲတွင် တပ်မဲရုံများကို တပ်ပြင်ပ၌ထားရှိခြင်းမှာ IFES နှင့် IDEA တို့၏ အကြံပြုချက်များဖြစ်

 1185

ထွန်း အမ်တီ (NP News) - ဇန်နဝါရီ ၁၈

၂ဝ၂ဝ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ တပ်မဲရုံများကို တပ်တွင်း၌ မထားရှိဘဲ တပ်ပြင်ပရှိ မဲရုံများတွင် မဲပေးနိုင်ရန် စီစဉ်ခဲ့ခြင်းသည် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများကိုဆောင်ရွက်သည့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကြံပြုတင်ပြချက်များအတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က “၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲမသမာမှုတရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်”ဟူသည့် စာအုပ်အား မကြာသေးမီက ပုံနှိပ်ထုတ်ဝေထားခြင်းဖြစ်ပြီး အထက်ပါကဲ့သို့သော အရေးကြီးပြီး လူသိနည်းနေသည့် အကြောင်းအရာများကို အဆိုပါစာအုပ်တွင် ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။

ရွေးကောက်ပွဲဆိုင်ရာ လေ့လာစောင့်ကြည့်မှုနှင့် ရွေးကောက်ပွဲလုပ်ငန်းဆိုင်ရာ အကြံပြုထုတ်ပြန်ခြင်းများ လုပ်ဆောင်သည့် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သော International Foundation for Electoral Systems (IFES) နှင့် International Institute for Democracy and Electoral Assistance (IDEA) တို့၏ အဆိုပြုတင်ပြချက်များအရ တပ်မတော်သားများနှင့် မိသားစုဝင်များ မဲပေးရန်အတွက် မဲရုံများကို တပ်ပြင်ထုတ်စေခဲ့ခြင်းဖြစ်ကြောင်း အထက်ပါစာအုပ်၏ စာမျက်နှာ ၃၆၊ ၃၇ နှင့် ၃၈၊ စာပိုဒ်အမှတ် ၃၈၊ ၃၉၊ ၄ဝ၊ ၄၁ နှင့် ၄၄ များအရ သိရသည်။

ထိုစဉ်အခါက တပ်မတော်အကြီးအကဲများသည်လည်း NLD အစိုးရ၏ အပြစ်တင်မှု၊ ငြိုငြင်မှုနှင့် ပြည်သူလူထု၏ အမြင်စောင်းမှုများကို ရှောင်ရှားလိုသောကြောင့် တပ်မ တော်တပ်ရင်း တပ်ဖွဲ့များ၏ ဖွဲ့တည်မှု၊ လုံခြုံရေးရှုထောင့်များကို လစ်လျူရှုခဲ့ကာ လိုက်နာဆောင်ရွက်ပေးခဲ့သည်။

ယခင် UEC (ဦးလှသိန်းကော်မရှင်) ၏ တောင်းဆိုချက်အရဟု ဆိုကာ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလတွင် IFES နှင့် IDEA တို့ပူးပေါင်း၍ အကြံပြုတင်ပြချက် ၃၅၃ ချက်ပါ စာတမ်းတစ်စောင်ပြုစုခဲ့ပြီး ထိုစာတမ်းတွင် ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်၊ ဖြည့် စွက်ရန် တင်ပြထားချက်များ ပါဝင်ကြောင်း စိစစ်တွေ့ရှိရသည်ဟု လက်ရှိ UEC က ထုတ်ပြန်သော အဆိုပါစာအုပ်၌ ဖော်ပြထားသည်။

IFES နှင့် IDEA တို့၏ အကြံပြုချက်စာတမ်း၏ အမှတ်စဉ် ၁၇၇ တွင် “ANFREL 2015: တပ်မတော်သား/သူများအတွက် မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲပေးခြင်းသည် စံသတ်မှတ်ထားသော မဲရုံများနှင့် လုပ်ငန်းစဉ်များအရ ဖြစ်နိုင်သမျှ လုပ်ဆောင်ရမည်။ တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များအတွင်း ကြိုတင်မဲပေးခြင်းမျိုးကို ခွင့်မပြုသင့်ပါ” ဟူ၍ အကြံပြုထားသည်။

အမှတ်စဉ် ၁၇၈ တွင် “ANFREL 2017: ထိန်းချုပ်ထားသည့် အနေအထားပတ် ဝန်းကျင်တွင် မဲပေးခြင်းသည် မဲဆန္ဒရှင်များ၏ အခွင့်အရေးကို လွတ်လပ်စွာ ကျင့် သုံးခြင်းကို ထိခိုက်နိုင်ပါသည်။ ထိန်းချုပ်ထားသည့် အနေအထား ပတ်ဝန်းကျင် (စစ်တပ်စခန်းများ) ထက် လွတ်လပ်စွာရွေးချယ်ခြင်းမှာ သက်သောင့်သက်သာရှိမှသာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် စစ်တပ်စခန်းများတွင် မဲရုံများထားရှိခြင်း မပြုသင့်ပါ။ သို့မဟုတ် မဲရုံကို စစ်စခန်း၏ ဂိတ်ပေါက်ပြင်ပတွင် ထားရှိနိုင်ပါ သည်။” ဟူ၍လည်းကောင်း အကြံပြုထားသည်။

အမှတ်စဉ် ၁၇၉ တွင် “ANFREL 2018: တပ်မတော်သားများ၏ မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲပေးခြင်း - ကြိုတင်မဲပေးရန် နေ့ရက်နှင့် နေရာများကို ကြိုတင်ကြေညာထားခြင်းဖြင့် ပွင့်လင်းမြင်သာမှုကို အားကောင်းစေမည်။ ယင်းသို့ ကြေငြာခြင်းကြောင့် မီဒီယာနှင့် စောင့်ကြည့်လေ့လာသူများစသည့် ရွေးကောက်ပွဲနှင့် သက်ဆိုင်သူများလည်း ၎င်းတို့၏ အခန်း ကဏ္ဍတာဝန်ကို အသီးသီး ထမ်းဆောင်နိုင်မည် ဖြစ်သည်။” ဟူ၍လည်းကောင်း အကြံပြုထားကြောင်း ယခင် UEC ၏ အစည်းအဝေးမှတ်တမ်းများအရ လက်ရှိ UEC က စိစစ်တွေ့ရှိရသည်ဟု ဆိုထားသည်။

ဦးလှသိန်းကော်မရှင်သည် ၂ဝ၁၉ ခုနှစ် အောက်တိုဘာလ ၃ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၅/၂ဝ၁၉)၊ (၅၆/၂ဝ၁၉) နှင့် (၅၇/၂ဝ၁၉) တို့ကို ထုတ်ပြန်၍ တပ်မဲရုံများကို တပ်ရင်းတပ်ဖွဲ့များ၏ ပြင်ပတွင် သတ်မှတ်စေခဲ့သည်။

ထို့အတူ အဆိုပါစာအုပ်၏ စာမျက်နှာ ၃၈၊ စာပိုဒ်အမှတ် ၄၄ အရ ယင်းတပ်တွင်း မဲကိစ္စ၊ မဲရုံကိစ္စ၊ ကြိုတင်မဲကိစ္စများအတွက် ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ခြင်းများတွင် သမ္မတဟောင်း ဦးဝင်းမြင့်၏ လမ်းညွှန်ချက်များလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

zawgyi version
၂ဝ၂ဝ ေ႐ြးေကာက္ပြဲတြင္ တပ္မဲ႐ုံမ်ားကို တပ္ျပင္ပ၌ထားရွိျခင္းမွာ IFES ႏွင့္ IDEA တို႔၏ အႀကံျပဳခ်က္မ်ားျဖစ္
ထြန္း အမ္တီ (NP News) - ဇန္နဝါရီ ၁၈

၂ဝ၂ဝ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲ၌ တပ္မဲ႐ုံမ်ားကို တပ္တြင္း၌ မထားရွိဘဲ တပ္ျပင္ပရွိ မဲ႐ုံမ်ားတြင္ မဲေပးႏိုင္ရန္ စီစဥ္ခဲ့ျခင္းသည္ ေ႐ြးေကာက္ပြဲဆိုင္ရာ လုပ္ငန္းမ်ားကိုေဆာင္႐ြက္သည့္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား၏ အႀကံျပဳတင္ျပခ်က္မ်ားအတိုင္း ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က “၂ဝ၂ဝ ျပည့္ႏွစ္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲ မဲမသမာမႈတရားမဲ့ျပဳက်င့္မႈမ်ားအေပၚ စုံစမ္းစစ္ေဆးေတြ႕ရွိခ်က္”ဟူသည့္ စာအုပ္အား မၾကာေသးမီက ပုံႏွိပ္ထုတ္ေဝထားျခင္းျဖစ္ၿပီး အထက္ပါကဲ့သို႔ေသာ အေရးႀကီးၿပီး လူသိနည္းေနသည့္ အေၾကာင္းအရာမ်ားကို အဆိုပါစာအုပ္တြင္ ထည့္သြင္းေဖာ္ျပထားသည္ကို ေတြ႕ရသည္။

ေ႐ြးေကာက္ပြဲဆိုင္ရာ ေလ့လာေစာင့္ၾကည့္မႈႏွင့္ ေ႐ြးေကာက္ပြဲလုပ္ငန္းဆိုင္ရာ အႀကံျပဳထုတ္ျပန္ျခင္းမ်ား လုပ္ေဆာင္သည့္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားျဖစ္ေသာ International Foundation for Electoral Systems (IFES) ႏွင့္ International Institute for Democracy and Electoral Assistance (IDEA) တို႔၏ အဆိုျပဳတင္ျပခ်က္မ်ားအရ တပ္မေတာ္သားမ်ားႏွင့္ မိသားစုဝင္မ်ား မဲေပးရန္အတြက္ မဲ႐ုံမ်ားကို တပ္ျပင္ထုတ္ေစခဲ့ျခင္းျဖစ္ေၾကာင္း အထက္ပါစာအုပ္၏ စာမ်က္ႏွာ ၃၆၊ ၃၇ ႏွင့္ ၃၈၊ စာပိုဒ္အမွတ္ ၃၈၊ ၃၉၊ ၄ဝ၊ ၄၁ ႏွင့္ ၄၄ မ်ားအရ သိရသည္။

ထိုစဥ္အခါက တပ္မေတာ္အႀကီးအကဲမ်ားသည္လည္း NLD အစိုးရ၏ အျပစ္တင္မႈ၊ ၿငိဳျငင္မႈႏွင့္ ျပည္သူလူထု၏ အျမင္ေစာင္းမႈမ်ားကို ေရွာင္ရွားလိုေသာေၾကာင့္ တပ္မ ေတာ္တပ္ရင္း တပ္ဖြဲ႕မ်ား၏ ဖြဲ႕တည္မႈ၊ လုံၿခဳံေရးရႈေထာင့္မ်ားကို လစ္လ်ဴရႈခဲ့ကာ လိုက္နာေဆာင္႐ြက္ေပးခဲ့သည္။

ယခင္ UEC (ဦးလွသိန္းေကာ္မရွင္) ၏ ေတာင္းဆိုခ်က္အရဟု ဆိုကာ ၂ဝ၁၉ ခုႏွစ္ ဇန္နဝါရီလတြင္ IFES ႏွင့္ IDEA တို႔ပူးေပါင္း၍ အႀကံျပဳတင္ျပခ်က္ ၃၅၃ ခ်က္ပါ စာတမ္းတစ္ေစာင္ျပဳစုခဲ့ၿပီး ထိုစာတမ္းတြင္ ဥပေဒ၊ နည္းဥပေဒမ်ား ျပင္ဆင္၊ ျဖည့္ စြက္ရန္ တင္ျပထားခ်က္မ်ား ပါဝင္ေၾကာင္း စိစစ္ေတြ႕ရွိရသည္ဟု လက္ရွိ UEC က ထုတ္ျပန္ေသာ အဆိုပါစာအုပ္၌ ေဖာ္ျပထားသည္။

IFES ႏွင့္ IDEA တို႔၏ အႀကံျပဳခ်က္စာတမ္း၏ အမွတ္စဥ္ ၁၇၇ တြင္ “ANFREL 2015: တပ္မေတာ္သား/သူမ်ားအတြက္ မဲဆႏၵနယ္ျပင္ပ ႀကိဳတင္မဲေပးျခင္းသည္ စံသတ္မွတ္ထားေသာ မဲ႐ုံမ်ားႏွင့္ လုပ္ငန္းစဥ္မ်ားအရ ျဖစ္ႏိုင္သမွ် လုပ္ေဆာင္ရမည္။ တပ္မေတာ္ တပ္ရင္း၊ တပ္ဖြဲ႕မ်ားအတြင္း ႀကိဳတင္မဲေပးျခင္းမ်ိဳးကို ခြင့္မျပဳသင့္ပါ” ဟူ၍ အႀကံျပဳထားသည္။

အမွတ္စဥ္ ၁၇၈ တြင္ “ANFREL 2017: ထိန္းခ်ဳပ္ထားသည့္ အေနအထားပတ္ ဝန္းက်င္တြင္ မဲေပးျခင္းသည္ မဲဆႏၵရွင္မ်ား၏ အခြင့္အေရးကို လြတ္လပ္စြာ က်င့္ သုံးျခင္းကို ထိခိုက္ႏိုင္ပါသည္။ ထိန္းခ်ဳပ္ထားသည့္ အေနအထား ပတ္ဝန္းက်င္ (စစ္တပ္စခန္းမ်ား) ထက္ လြတ္လပ္စြာေ႐ြးခ်ယ္ျခင္းမွာ သက္ေသာင့္သက္သာရွိမွသာ ေဆာင္႐ြက္ႏိုင္မည္ျဖစ္သည္။ ထို႔ေၾကာင့္ စစ္တပ္စခန္းမ်ားတြင္ မဲ႐ုံမ်ားထားရွိျခင္း မျပဳသင့္ပါ။ သို႔မဟုတ္ မဲ႐ုံကို စစ္စခန္း၏ ဂိတ္ေပါက္ျပင္ပတြင္ ထားရွိႏိုင္ပါ သည္။” ဟူ၍လည္းေကာင္း အႀကံျပဳထားသည္။

အမွတ္စဥ္ ၁၇၉ တြင္ “ANFREL 2018: တပ္မေတာ္သားမ်ား၏ မဲဆႏၵနယ္ျပင္ပ ႀကိဳတင္မဲေပးျခင္း - ႀကိဳတင္မဲေပးရန္ ေန႔ရက္ႏွင့္ ေနရာမ်ားကို ႀကိဳတင္ေၾကညာထားျခင္းျဖင့္ ပြင့္လင္းျမင္သာမႈကို အားေကာင္းေစမည္။ ယင္းသို႔ ေၾကျငာျခင္းေၾကာင့္ မီဒီယာႏွင့္ ေစာင့္ၾကည့္ေလ့လာသူမ်ားစသည့္ ေ႐ြးေကာက္ပြဲႏွင့္ သက္ဆိုင္သူမ်ားလည္း ၎တို႔၏ အခန္း က႑တာဝန္ကို အသီးသီး ထမ္းေဆာင္ႏိုင္မည္ ျဖစ္သည္။” ဟူ၍လည္းေကာင္း အႀကံျပဳထားေၾကာင္း ယခင္ UEC ၏ အစည္းအေဝးမွတ္တမ္းမ်ားအရ လက္ရွိ UEC က စိစစ္ေတြ႕ရွိရသည္ဟု ဆိုထားသည္။

ဦးလွသိန္းေကာ္မရွင္သည္ ၂ဝ၁၉ ခုႏွစ္ ေအာက္တိုဘာလ ၃ ရက္ ေန႔စြဲပါ အမိန႔္ေၾကာ္ျငာစာအမွတ္ (၅၅/၂ဝ၁၉)၊ (၅၆/၂ဝ၁၉) ႏွင့္ (၅၇/၂ဝ၁၉) တို႔ကို ထုတ္ျပန္၍ တပ္မဲ႐ုံမ်ားကို တပ္ရင္းတပ္ဖြဲ႕မ်ား၏ ျပင္ပတြင္ သတ္မွတ္ေစခဲ့သည္။

ထို႔အတူ အဆိုပါစာအုပ္၏ စာမ်က္ႏွာ ၃၈၊ စာပိုဒ္အမွတ္ ၄၄ အရ ယင္းတပ္တြင္း မဲကိစၥ၊ မဲ႐ုံကိစၥ၊ ႀကိဳတင္မဲကိစၥမ်ားအတြက္ ဥပေဒ၊ နည္းဥပေဒမ်ား ျပင္ဆင္ျခင္းမ်ားတြင္ သမၼတေဟာင္း ဦးဝင္းျမင့္၏ လမ္းၫႊန္ခ်က္မ်ားလည္း ပါဝင္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.