မြန်မာအပါအဝင် နိုင်ငံပေါင်း ၃၇ နိုင်ငံအတွက် ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း (၁၃ဝ) ကူညီလှူဒါန်း

 701

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၈

ကမ္ဘာတဝှမ်း အစားစာအခက်အခဲဖြစ်နေချိန်တွင် အစားစာလိုအပ်နေသူများကိုကူညီထောက်ပံ့ပေးရန်အတွက် ဂျပန်နိုင်ငံက မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၃၇ နိုင်ငံအတွက် အမေရိကန်ဒေါ်လာသန်း (၁၃ဝ) ကူညီထောက်ပံ့ပေးမည့်အပေါ်ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (WFP)က ကြိုဆိုကြောင်းသတင်းထုတ်ပြန်လိုက်သည်။

ဂျပန်နိုင်ငံသည် အမေရိကန်ဒေါ်လာသန်း (၁၃ဝ)ကို အာရှတိုက်၊ အရှေ့အလယ်ပိုင်း၊ အာဖရိကတိုက်ရှိ နိုင်ငံများအတွက် ကူညီလှူဒါန်းပေးခြင်းဖြစ်ကြောင်း၊ အဆိုပါငွေကြေးများထဲမှ အမေရိကန်ဒေါ်လာ (၁၉ ဒသမ ၁ သန်း)သည် ယူကရိန်းနိုင်ငံအတွက် အစားအစာလိုအပ်ချက်ကို ကူညီထောက်ပံ့မည်ဖြစ်ကြောင်း WFP ကဆိုသည်။

ထို့ပြင် ဂျပန်နိုင်ငံသည် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှတဆင့် မြန်မာနိုင်ငံကို အစား အစာအတွက် လူသားချင်းဆိုင်ရာစာနာမှုအကူညီအဖြစ် အမေရိကန်ဒေါ်လာ (၁၃ ဒသမ ၉)သန်းကျော် ကူညီပေးမည်ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် စီးပွား ရေးအခက်အခဲနှင့် နိုင်ငံရေးအကျပ်အတည်းများကြောင့် လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်ချက်များရှိနေချိန်တွင် ဂျပန်နိုင်ငံက ကူညီလှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခဖြစ် ပွားမှု အရှိန်မြင့်တက်လာခဲ့ရာ နေရပ်စွန့်ခွာထွက်ပြေးသူအရေအတွက် မြင့်တက်လာခဲ့ပြီး လူသားချင်းဆိုင်ရာစာနာမှုအကူညီများလိုအပ်လျက်ရှိနေကြောင်းသိရသည်။

အလားတူ ဂျပန်နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံအတွက် အမေရိကန်ဒေါ်လာ (၁၂ ဒသမ ၄)သန်း၊ အီသီယိုပီးယားနိုင်ငံအတွက် အမေရိကန်ဒေါ်လာ (၃ ဒသမ ၉)သန်း၊ယီမင်နိုင်ငံအတွက် အမေရိကန်ဒေါ်လာ (၆ ဒသမ ၆) သန်း ကူညီလှူဒါန်းခဲ့ကြောင်းသိရသည်။

ထို့ပြင် ယူကရိန်း၊ ပါလက်စတိုင်း၊ ဆီးရီးယား၊ မာလီ၊ အီဂျစ်၊ ကွန်ဂိုနိုင်ငံတို့ကလည်း အကျိုးကျေးဇူးခံစားရမည်ဖြစ်ကြောင်းသိရသည်။

zawgyi version
ျမန္မာအပါအဝင္ ႏိုင္ငံေပါင္း ၃၇ ႏိုင္ငံအတြက္ ဂ်ပန္ႏိုင္ငံက အေမရိကန္ေဒၚလာ သန္း (၁၃ဝ) ကူညီလႉဒါန္း
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၈

ကမာၻတဝွမ္း အစားစာအခက္အခဲျဖစ္ေနခ်ိန္တြင္ အစားစာလိုအပ္ေနသူမ်ားကိုကူညီေထာက္ပံ့ေပးရန္အတြက္ ဂ်ပန္ႏိုင္ငံက ျမန္မာႏိုင္ငံအပါအဝင္ ႏိုင္ငံေပါင္း ၃၇ ႏိုင္ငံအတြက္ အေမရိကန္ေဒၚလာသန္း (၁၃ဝ) ကူညီေထာက္ပံ့ေပးမည့္အေပၚကုလသမဂၢ စားနပ္ရိကၡာအစီအစဥ္ (WFP)က ႀကိဳဆိုေၾကာင္းသတင္းထုတ္ျပန္လိုက္သည္။

ဂ်ပန္ႏိုင္ငံသည္ အေမရိကန္ေဒၚလာသန္း (၁၃ဝ)ကို အာရွတိုက္၊ အေရွ႕အလယ္ပိုင္း၊ အာဖရိကတိုက္ရွိ ႏိုင္ငံမ်ားအတြက္ ကူညီလႉဒါန္းေပးျခင္းျဖစ္ေၾကာင္း၊ အဆိုပါေငြေၾကးမ်ားထဲမွ အေမရိကန္ေဒၚလာ (၁၉ ဒသမ ၁ သန္း)သည္ ယူကရိန္းႏိုင္ငံအတြက္ အစားအစာလိုအပ္ခ်က္ကို ကူညီေထာက္ပံ့မည္ျဖစ္ေၾကာင္း WFP ကဆိုသည္။

ထို႔ျပင္ ဂ်ပန္ႏိုင္ငံသည္ ကမာၻ႔စားနပ္ရိကၡာအစီအစဥ္မွတဆင့္ ျမန္မာႏိုင္ငံကို အစား အစာအတြက္ လူသားခ်င္းဆိုင္ရာစာနာမႈအကူညီအျဖစ္ အေမရိကန္ေဒၚလာ (၁၃ ဒသမ ၉)သန္းေက်ာ္ ကူညီေပးမည္ျဖစ္ေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံတြင္ စီးပြား ေရးအခက္အခဲႏွင့္ ႏိုင္ငံေရးအက်ပ္အတည္းမ်ားေၾကာင့္ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီလိုအပ္ခ်က္မ်ားရွိေနခ်ိန္တြင္ ဂ်ပန္ႏိုင္ငံက ကူညီလႉဒါန္းေပးခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

ျမန္မာႏိုင္ငံတြင္ အာဏာရယူမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း လက္နက္ကိုင္ပဋိပကၡျဖစ္ ပြားမႈ အရွိန္ျမင့္တက္လာခဲ့ရာ ေနရပ္စြန႔္ခြာထြက္ေျပးသူအေရအတြက္ ျမင့္တက္လာခဲ့ၿပီး လူသားခ်င္းဆိုင္ရာစာနာမႈအကူညီမ်ားလိုအပ္လ်က္ရွိေနေၾကာင္းသိရသည္။

အလားတူ ဂ်ပန္ႏိုင္ငံသည္ အာဖဂန္နစၥတန္ႏိုင္ငံအတြက္ အေမရိကန္ေဒၚလာ (၁၂ ဒသမ ၄)သန္း၊ အီသီယိုပီးယားႏိုင္ငံအတြက္ အေမရိကန္ေဒၚလာ (၃ ဒသမ ၉)သန္း၊ယီမင္ႏိုင္ငံအတြက္ အေမရိကန္ေဒၚလာ (၆ ဒသမ ၆) သန္း ကူညီလႉဒါန္းခဲ့ေၾကာင္းသိရသည္။

ထို႔ျပင္ ယူကရိန္း၊ ပါလက္စတိုင္း၊ ဆီးရီးယား၊ မာလီ၊ အီဂ်စ္၊ ကြန္ဂိုႏိုင္ငံတို႔ကလည္း အက်ိဳးေက်းဇူးခံစားရမည္ျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.