ယခုဘဏ္ဍာနှစ်တွင် မဟာဓာတ်အားလိုင်းစနစ်ဖြင့် ကျေးရွာပေါင်း(၈၆ဝ)ကျော်ကို မီးရရှိအောင် ဆောင်ရွက်နိုင်ခဲ့ဟုဆို

 358

ယွန်း (NP News) - ဇန်နဝါရီ ၁၈

၂ဝ၂၂ - ၂ဝ၂၃ ဘဏ္ဍာနှစ်တွင် မဟာဓာတ်အားလိုင်းစနစ်ဖြင့် ကျေးရွာပေါင်း (၈၆၃) ရွာကို မီးရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ကျေးလက်ဖွံ့ဖြိုးရေးကြီးကြပ်မှုကော်မတီ၏ ဥက္ကဋ္ဌဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြီးခဲ့သည့် ဇန်နဝါရီလ(၁၇) ရက်တွင် ကျင်းပခဲ့သော အစည်းအဝေးတွင် အထက်ပါကဲ့သို့ အသိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။

ကော်မတီအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံချက်(MSDP) နှင့် ကျေးလက်ဒေသမဟာဗျူဟာမူဘောင်(RDSF)တွင် ပါဝင်သော လုပ်ငန်းစဉ်များနှင့်အညီ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးများကို မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်အတွင်း ကော်မတီဝင် ဝန်ကြီးဌာနများ၏ အကောင်အ ထည်ဖော်မှုကြောင့် ကျေးလက်လမ်း (၃၁၉၂/၆၉) မိုင်၊ ကျေးလက်တံတားအစင်း (၃၁၇ဝ)၊ ရေရှိရေးလုပ်ငန်းပေါင်း (၇၉၈) ခုကို ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြည် ထောင်စုဝန်ကြီးက ဆိုသည်။

ထို့ပြင် မဟာဓာတ်အားလိုင်းစနစ်ဖြင့် ကျေးရွာပေါင်း (၈၆၃)ရွာ မီးရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပြီး မဟာဓာတ်အားလိုင်း ပြင်ပအနေဖြင့် ဆိုလာ (၁ဝ၂၇)စုံကို အကောင်အထည်ဖော် ဆောင်ရွက်ပေးထားနိုင်ကြောင်း သိရသည်။

zawgyi version
ယခုဘ႑ာႏွစ္တြင္ မဟာဓာတ္အားလိုင္းစနစ္ျဖင့္ ေက်း႐ြာေပါင္း(၈၆ဝ)ေက်ာ္ကို မီးရရွိေအာင္ ေဆာင္႐ြက္ႏိုင္ခဲ့ဟုဆို
ယြန္း (NP News) - ဇန္နဝါရီ ၁၈

၂ဝ၂၂ - ၂ဝ၂၃ ဘ႑ာႏွစ္တြင္ မဟာဓာတ္အားလိုင္းစနစ္ျဖင့္ ေက်း႐ြာေပါင္း (၈၆၃) ႐ြာကို မီးရရွိေအာင္ ေဆာင္႐ြက္ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

ေက်းလက္ဖြံ႕ၿဖိဳးေရးႀကီးၾကပ္မႈေကာ္မတီ၏ ဥကၠ႒ျဖစ္သူ ျပည္ေထာင္စုဝန္ႀကီး ဦးလွမိုးက ၿပီးခဲ့သည့္ ဇန္နဝါရီလ(၁၇) ရက္တြင္ က်င္းပခဲ့ေသာ အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ အသိေပးေျပာၾကားခဲ့ျခင္း ျဖစ္သည္။

ေကာ္မတီအေနျဖင့္ ေရရွည္တည္တံ့ခိုင္ၿမဲၿပီး ဟန္ခ်က္ညီေသာ ဖြံ႕ၿဖိဳးတိုးတက္မႈ စီမံခ်က္(MSDP) ႏွင့္ ေက်းလက္ေဒသမဟာဗ်ဴဟာမူေဘာင္(RDSF)တြင္ ပါဝင္ေသာ လုပ္ငန္းစဥ္မ်ားႏွင့္အညီ ေက်းလက္ေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ဆင္းရဲမႈေလွ်ာ့ခ်ေရးမ်ားကို ျမႇင့္တင္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

၂ဝ၂၂-၂ဝ၂၃ ဘ႑ာႏွစ္အတြင္း ေကာ္မတီဝင္ ဝန္ႀကီးဌာနမ်ား၏ အေကာင္အ ထည္ေဖာ္မႈေၾကာင့္ ေက်းလက္လမ္း (၃၁၉၂/၆၉) မိုင္၊ ေက်းလက္တံတားအစင္း (၃၁၇ဝ)၊ ေရရွိေရးလုပ္ငန္းေပါင္း (၇၉၈) ခုကို ေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္း ျပည္ ေထာင္စုဝန္ႀကီးက ဆိုသည္။

ထို႔ျပင္ မဟာဓာတ္အားလိုင္းစနစ္ျဖင့္ ေက်း႐ြာေပါင္း (၈၆၃)႐ြာ မီးရရွိေအာင္ ေဆာင္႐ြက္ႏိုင္ခဲ့ၿပီး မဟာဓာတ္အားလိုင္း ျပင္ပအေနျဖင့္ ဆိုလာ (၁ဝ၂၇)စုံကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေပးထားႏိုင္ေၾကာင္း သိရသည္။

Picture

ဦးအဂၢ ဝံသ

19/01/2023 10:11

မီးက ပိုထုတ်နိုင်သလိုပဲ

Related news

© 2021. All rights reserved.