ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာထွက်ပြေးသူများအတွက် WFP က လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပြန်လည်ပေးအပ်

 482

ယွန်း (NP News) - ဇန်နဝါရီ ၁၈

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာထွက်ပြေးသူ (၃၄ဝဝဝဝ) အတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)မှ စားနပ် ရိက္ခာ (၁)လစာ ထောက်ပံ့ပေးခဲ့ကြောင်း UN Myanmar မှ ထုတ်ပြန်ထားသည်။

UN Myanmar မှ ပြီးခဲ့သည့် ဇန်နဝါရီလ(၁ဝ)ရက်က အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

၂ဝ၂၂ ခုနှစ်၊ စက်တင်ဘာလ လလယ်ပိုင်းမှစ၍ ရခိုင်ပြည် နယ်တွင် ဖြစ်ပေါ်နေသော AA နှင့် မြန်မာတပ်မတော်တို့၏ တိုက်ပွဲများပြင်းထန်နေမှုကြောင့် လူသားချင်းစာနာမှုဆိုင် ရာ အကူအညီပေးရေးများကို တားမြစ်ခဲ့ကြောင်း သိရသည်။

သို့သော် ပြီးခဲ့သည့် ဒီဇင်ဘာလ လလယ်ပိုင်းတွင် အဆိုပါကူညီခွင့်များကို ပြန်လည်ရရှိခဲ့ခြင်းကြောင့် ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ်(WFP) သည် ရခိုင်ပြည်နယ်အတွင်းရှိ နေ ရပ်စွန့်ခွာပြည်သူများအတွက် စားနပ်ရိက္ခာတစ်လစာကို ပြီးခဲ့သည့် ရက်ပိုင်းက ထောက်ပံ့ပေးခဲ့ကြောင်း UN Myanmar မှဆိုသည်။

အဆိုပါ ထောက်ပံ့မှုကို WFP မှ ရခိုင်ပြည်နယ် အလယ်ပိုင်းနှင့် မြောက်ပိုင်းရှိ နေရပ်စွန့်ခွာလူဦးရေ (၃၄ဝဝဝဝ) ကို ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထိုကဲ့သို့ ကူညီထောက်ပံ့ပေးမှု ပြန်လည်ရရှိခြင်းသည် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ စက်တင်ဘာလ လလယ်ပိုင်းမှစ၍ ကူညီထောက်ပံ့မှုမရခဲ့သည့် လူဦးရေပေါင်း (၁၃ဝဝဝဝ) အတွက် အလွန်အရေးပါသည့် ထောက်ပံ့မှုတစ်ခုဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် WFP အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ အကူအညီလိုအပ်နေသူများကို မပြတ်ကူညီခွင့်ရရှိအောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း UN Myanmar မှ ထုတ်ပြန်ထားသည်။

zawgyi version
ရခိုင္ျပည္နယ္မွ ေနရပ္စြန႔္ခြာထြက္ေျပးသူမ်ားအတြက္ WFP က လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီမ်ားျပန္လည္ေပးအပ္
ယြန္း (NP News) - ဇန္နဝါရီ ၁၈

ရခိုင္ျပည္နယ္မွ ေနရပ္စြန႔္ခြာထြက္ေျပးသူ (၃၄ဝဝဝဝ) အတြက္ ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ (WFP)မွ စားနပ္ ရိကၡာ (၁)လစာ ေထာက္ပံ့ေပးခဲ့ေၾကာင္း UN Myanmar မွ ထုတ္ျပန္ထားသည္။

UN Myanmar မွ ၿပီးခဲ့သည့္ ဇန္နဝါရီလ(၁ဝ)ရက္က အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

၂ဝ၂၂ ခုႏွစ္၊ စက္တင္ဘာလ လလယ္ပိုင္းမွစ၍ ရခိုင္ျပည္ နယ္တြင္ ျဖစ္ေပၚေနေသာ AA ႏွင့္ ျမန္မာတပ္မေတာ္တို႔၏ တိုက္ပြဲမ်ားျပင္းထန္ေနမႈေၾကာင့္ လူသားခ်င္းစာနာမႈဆိုင္ ရာ အကူအညီေပးေရးမ်ားကို တားျမစ္ခဲ့ေၾကာင္း သိရသည္။

သို႔ေသာ္ ၿပီးခဲ့သည့္ ဒီဇင္ဘာလ လလယ္ပိုင္းတြင္ အဆိုပါကူညီခြင့္မ်ားကို ျပန္လည္ရရွိခဲ့ျခင္းေၾကာင့္ ကမာၻ႔စားနပ္ ရိကၡာအစီအစဥ္(WFP) သည္ ရခိုင္ျပည္နယ္အတြင္းရွိ ေန ရပ္စြန႔္ခြာျပည္သူမ်ားအတြက္ စားနပ္ရိကၡာတစ္လစာကို ၿပီးခဲ့သည့္ ရက္ပိုင္းက ေထာက္ပံ့ေပးခဲ့ေၾကာင္း UN Myanmar မွဆိုသည္။

အဆိုပါ ေထာက္ပံ့မႈကို WFP မွ ရခိုင္ျပည္နယ္ အလယ္ပိုင္းႏွင့္ ေျမာက္ပိုင္းရွိ ေနရပ္စြန႔္ခြာလူဦးေရ (၃၄ဝဝဝဝ) ကို ေထာက္ပံ့ခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ထိုကဲ့သို႔ ကူညီေထာက္ပံ့ေပးမႈ ျပန္လည္ရရွိျခင္းသည္ ၿပီးခဲ့သည့္ ၂ဝ၂၂ ခုႏွစ္၊ စက္တင္ဘာလ လလယ္ပိုင္းမွစ၍ ကူညီေထာက္ပံ့မႈမရခဲ့သည့္ လူဦးေရေပါင္း (၁၃ဝဝဝဝ) အတြက္ အလြန္အေရးပါသည့္ ေထာက္ပံ့မႈတစ္ခုျဖစ္ ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ျပင္ WFP အေနျဖင့္ ရခိုင္ျပည္နယ္အတြင္းရွိ အကူအညီလိုအပ္ေနသူမ်ားကို မျပတ္ကူညီခြင့္ရရွိေအာင္ ႀကိဳးပမ္းသြားမည္ျဖစ္ေၾကာင္း UN Myanmar မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.