ခရီးသွားလုပ်ငန်း ပိုမိုအထောက်အကူပြုရေး သံတွဲလေဆိပ်ကို အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် အဆင့်မြှင့်တင်မည်

 577

မျိုးကြီး (NP News) - ဇန်နဝါရီ ၂၁

ခရီးသွားလုပ်ငန်းအား ပိုမိုအထောက်အကူပြုရေး ရခိုင်ပြည်နယ်ရှိ သံတွဲ (ငပလီ - မဇင်) လေဆိပ်ကို အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၎င်းက ဇန်နဝါရီလ ၂ဝ ရက်တွင် ရခိုင်ပြည်နယ် သံတွဲမြို့ရှိ Pristine Mermaid Resort ၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များနှင့်တွေ့ဆုံရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲတွင် သံတွဲလေဆိပ်ကို အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် တိုးချဲ့တည်ဆောက်နိုင်မည်ဆိုပါက ပြည်တွင်း ပြည်ပခရီးသွားများ ပိုမိုဝင်ရောက်လာနိုင်မှု၊ ရန်ကုန်-ငပလီသွားကာလမ်းအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန်လိုအပ် သည့် အခြေအနေများကို လုပ်ငန်းရှင်များက တင်ပြခဲ့ကြောင်း သိရသည်။

သံတွဲလေဆိပ်အား အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် အဆင့်မြှင့်တင်နိုင်မည်ဆိုပါက ခရီးသွားလုပ်ငန်းအတွက် ပိုမိုအထောက်အကူပြုနိုင်သဖြင့် လေဆိပ်အားအဆင့်မြှင့်တင်နိုင်ရေး နိုင်ငံတော်မှ စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆွေးနွေးပြောဆိုခဲ့သည်။

ထို့ပြင် နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များက လေကြောင်းလိုင်းပြေးဆွဲမှုများ နည်းပါးသွားသည့်အတွက် ခရီးသွားဝင်ရောက်မှုများ နည်းပါလျက်ရှိသည့်အခြေအနေများကို ထည့်သွင်းတင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါတင်ပြချက်နှင့်ပတ်သက်၍ နစကဥက္ကဋ္ဌက လေကြောင်းလိုင်းများ အမြဲမပြတ်ပြေးဆွဲစေရေးအတွက် ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများနှင့်လေ ကြောင်းလိုင်းလုပ်ငန်းများ ဆောင်ရွက်နေသူများအကြား ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း အကြံပြုဆွေးနွေးခဲ့သည်ဟု သိရသည်။

ငပလီကမ်းခြေသည် သာယာလှပသည့်ကမ်းခြေတစ်ခုဖြစ်ပြီး ပြည်ပခရီးသွားဧည့် သည်များ ချီးကျူးကြိုက်နှစ်သက်သည့် ကမ်းခြေတစ်ခုဖြစ်ကာ ကမ်းခြေသဘာဝအလှအပများ ပျက်ဆီးမှု မဖြစ်ပေါ်စေရေး ထိန်းသိမ်းကြပ်မတ်ပေးရန် လိုအပ်သည့်အခြေအနေများကိုလည်း လုပ်ငန်းရှင်များက ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

zawgyi version
ခရီးသြားလုပ္ငန္း ပိုမိုအေထာက္အကူျပဳေရး ငပလီေလဆိပ္ကို အျပည္ျပည္ဆိုင္ရာေလဆိပ္အျဖစ္ အဆင့္ျမႇင့္တင္မည္
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၂၁

ခရီးသြားလုပ္ငန္းအား ပိုမိုအေထာက္အကူျပဳေရး ရခိုင္ျပည္နယ္ရွိ ငပလီေလဆိပ္ကို အျပည္ျပည္ဆိုင္ရာေလဆိပ္အျဖစ္ အဆင့္ျမႇင့္တင္သြားမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။

၎က ဇန္နဝါရီလ ၂ဝ ရက္တြင္ ရခိုင္ျပည္နယ္ သံတြဲၿမိဳ႕ရွိ Pristine Mermaid Resort ၌ ဟိုတယ္ႏွင့္ခရီးသြားလုပ္ငန္းရွင္မ်ားႏွင့္ေတြ႕ဆုံရာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

အဆိုပါေတြ႕ဆုံပြဲတြင္ သံတြဲေလဆိပ္ကို အျပည္ျပည္ဆိုင္ရာေလဆိပ္အျဖစ္ တိုးခ်ဲ႕တည္ေဆာက္ႏိုင္မည္ဆိုပါက ျပည္တြင္း ျပည္ပခရီးသြားမ်ား ပိုမိုဝင္ေရာက္လာႏိုင္မႈ၊ ရန္ကုန္-ငပလီသြားကာလမ္းအား အဆင့္ျမႇင့္တင္ေဆာင္႐ြက္ေပးရန္လိုအပ္ သည့္ အေျခအေနမ်ားကို လုပ္ငန္းရွင္မ်ားက တင္ျပခဲ့ေၾကာင္း သိရသည္။

ငပလီေလဆိပ္အား အျပည္ျပည္ဆိုင္ရာေလဆိပ္အျဖစ္ အဆင့္ျမႇင့္တင္ႏိုင္မည္ဆိုပါက ခရီးသြားလုပ္ငန္းအတြက္ ပိုမိုအေထာက္အကူျပဳႏိုင္သျဖင့္ ေလဆိပ္အားအဆင့္ျမႇင့္တင္ႏိုင္ေရး ႏိုင္ငံေတာ္မွ စီမံေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေဆြးေႏြးေျပာဆိုခဲ့သည္။

ထို႔ျပင္ နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ထံ ဟိုတယ္ႏွင့္ခရီးသြားလုပ္ငန္းရွင္မ်ားက ေလေၾကာင္းလိုင္းေျပးဆြဲမႈမ်ား နည္းပါးသြားသည့္အတြက္ ခရီးသြားဝင္ေရာက္မႈမ်ား နည္းပါလ်က္ရွိသည့္အေျခအေနမ်ားကို ထည့္သြင္းတင္ျပခဲ့ေၾကာင္း သိရသည္။

အဆိုပါတင္ျပခ်က္ႏွင့္ပတ္သက္၍ နစကဥကၠ႒က ေလေၾကာင္းလိုင္းမ်ား အၿမဲမျပတ္ေျပးဆြဲေစေရးအတြက္ ခရီးသြားလုပ္ငန္းေဆာင္႐ြက္ေနသူမ်ားႏွင့္ေလ ေၾကာင္းလိုင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ေနသူမ်ားအၾကား ညႇိႏႈိင္းေဆာင္႐ြက္သြားရန္ လိုအပ္ေၾကာင္း အႀကံျပဳေဆြးေႏြးခဲ့သည္ဟု သိရသည္။

ငပလီကမ္းေျခသည္ သာယာလွပသည့္ကမ္းေျခတစ္ခုျဖစ္ၿပီး ျပည္ပခရီးသြားဧည့္ သည္မ်ား ခ်ီးက်ဴးႀကိဳက္ႏွစ္သက္သည့္ ကမ္းေျခတစ္ခုျဖစ္ကာ ကမ္းေျခသဘာဝအလွအပမ်ား ပ်က္ဆီးမႈ မျဖစ္ေပၚေစေရး ထိန္းသိမ္းၾကပ္မတ္ေပးရန္ လိုအပ္သည့္အေျခအေနမ်ားကိုလည္း လုပ္ငန္းရွင္မ်ားက ေဆြးေႏြးတင္ျပခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.