ကမ္ဘောဒီးယားနိုင်ငံတွင် နှစ်ပေါင်း ၁၇ဝ ကျော်အတွင်း အပူချိန်အမြင့်ဆုံး စံချိန်တင်နေ

 1169

ဂျန်ဇက် (NP News) - မေ ၂

အာဆီယံဒေသအတွင်း နိုင်ငံများ၏ အပူချိန်သည် လက်ရှိအချိန်တွင် စံချိန်တင်မြင့်တက်နေပြီး ကမ္ဘောဒီးယားနိုင်ငံ ၏ လက်ရှိအပူချိန်သည် နိုင်ငံသမိုင်းတွင် နှစ်ပေါင်း ၁၇ဝ ကျော်အတွင်း အမြင့်ဆုံးကို ရောက်ရှိနေကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံနေရာအများစု၏ ယခုသီတင်းပတ်အတွင်း အပူချိန်သည် ၄၂ ဒီဂရီစင်တီဂရိတ်ရှိခဲ့ပြီး နိုင်ငံ သမိုင်းတွင် နှစ်ပေါင်း ၁၇ဝ ကျော်အတွင်း အမြင့်ဆုံးဖြစ်ခဲ့ကြောင်း ကမ္ဘောဒီးယား ရေအရင်းမြစ် နှင့် မိုးလေဝသ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ချန်သာ က ပြောသည်။

အပူချိန်မြင့်တက်မှုများကြောင့် လူသေဆုံးမှုများလည်းရှိနေပြီး ထိုင်းနိုင်ငံတွင် ဇန်နဝါရီလမှ ဧပြီလအထိ အပူချိန် မြင့်တက်မှုများကြောင့် လူပေါင်း အနည်းဆုံး ၃ဝ သေဆုံးထားကြောင်း သိရသည်။ ကမ္ဘာတဝှမ်းတွင်လည်း အပူချိန် မြင့်တက်ခြင်းကြောင့် လူသေဆုံးမှုများရှိနေသည်။

အာဆီယံဒေသအတွင်းရှိ နိုင်ငံများသည် အပူချိန်မြင့်တက်လာခြင်းကြောင့် ကျန်းမာရေးနှင့်ပတ်သက်ပြီး သက်ရောက်မှုများရှိလာမည်ကို စိုးရိမ်နေသလို အပူချိန်မြင့်တက်လာခြင်းကြောင့် လူသေဆုံးမှုများ မြင့်တက်လာ မည်ကို စိုးရိမ်နေကြောင်း သိရသည်။ ဖိလစ်ပိုင်နိုင်ငံ နှင့် မြန်မာနိုင်ငံတို့တွင်လည်း အပူချိန် စံချိန်တင် မြင့်တက် ခြင်းများဖြစ်ပေါ်ခဲ့ပြီး ဖိလစ်ပိုင်တွင် စာသင်ကျောင်းများ ပိတ်ထားရကာ အပူမြင့်တက်မှုကြောင့် အနည်းဆုံးလူ ၆ ဦး သေဆုံးထားကြောင်း သိရသည်။

Zawgyi Version;
ကေမာၻဒီးယားႏိုင္ငံတြင္ ႏွစ္ေပါင္း ၁၇ဝ ေက်ာ္အတြင္း အပူခ်ိန္အျမင့္ဆုံး စံခ်ိန္တင္ေန
ဂ်န္ဇက္ (NP News) - ေမ ၂

အာဆီယံေဒသအတြင္း ႏိုင္ငံမ်ား၏ အပူခ်ိန္သည္ လက္ရွိအခ်ိန္တြင္ စံခ်ိန္တင္ျမင့္တက္ေနၿပီး ကေမာၻဒီးယားႏိုင္ငံ ၏ လက္ရွိအပူခ်ိန္သည္ ႏိုင္ငံသမိုင္းတြင္ ႏွစ္ေပါင္း ၁၇ဝ ေက်ာ္အတြင္း အျမင့္ဆုံးကို ေရာက္ရွိေနေၾကာင္း သိရသည္။

ကေမာၻဒီးယားႏိုင္ငံေနရာအမ်ားစု၏ ယခုသီတင္းပတ္အတြင္း အပူခ်ိန္သည္ ၄၂ ဒီဂရီစင္တီဂရိတ္ရွိခဲ့ၿပီး ႏိုင္ငံ သမိုင္းတြင္ ႏွစ္ေပါင္း ၁၇ဝ ေက်ာ္အတြင္း အျမင့္ဆုံးျဖစ္ခဲ့ေၾကာင္း ကေမာၻဒီးယား ေရအရင္းျမစ္ ႏွင့္ မိုးေလဝသ ဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ခ်န္သာ က ေျပာသည္။

အပူခ်ိန္ျမင့္တက္မႈမ်ားေၾကာင့္ လူေသဆုံးမႈမ်ားလည္းရွိေနၿပီး ထိုင္းႏိုင္ငံတြင္ ဇန္နဝါရီလမွ ဧၿပီလအထိ အပူခ်ိန္ ျမင့္တက္မႈမ်ားေၾကာင့္ လူေပါင္း အနည္းဆုံး ၃ဝ ေသဆုံးထားေၾကာင္း သိရသည္။ ကမာၻတဝွမ္းတြင္လည္း အပူခ်ိန္ ျမင့္တက္ျခင္းေၾကာင့္ လူေသဆုံးမႈမ်ားရွိေနသည္။

အာဆီယံေဒသအတြင္းရွိ ႏိုင္ငံမ်ားသည္ အပူခ်ိန္ျမင့္တက္လာျခင္းေၾကာင့္ က်န္းမာေရးႏွင့္ပတ္သက္ၿပီး သက္ေရာက္မႈမ်ားရွိလာမည္ကို စိုးရိမ္ေနသလို အပူခ်ိန္ျမင့္တက္လာျခင္းေၾကာင့္ လူေသဆုံးမႈမ်ား ျမင့္တက္လာ မည္ကို စိုးရိမ္ေနေၾကာင္း သိရသည္။ ဖိလစ္ပိုင္ႏိုင္ငံ ႏွင့္ ျမန္မာႏိုင္ငံတို႔တြင္လည္း အပူခ်ိန္ စံခ်ိန္တင္ ျမင့္တက္ ျခင္းမ်ားျဖစ္ေပၚခဲ့ၿပီး ဖိလစ္ပိုင္တြင္ စာသင္ေက်ာင္းမ်ား ပိတ္ထားရကာ အပူျမင့္တက္မႈေၾကာင့္ အနည္းဆုံးလူ ၆ ဦး ေသဆုံးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.