အမေရိကန် ကျောင်းသားလူငယ်များနှင့် ခေတ်အဆက်ဆက် ဆန္ဒပြပွဲများ (ဘာသာပြန်ဆောင်းပါး)
696
ALynn (NP News) - မေ ၁၆
ဧပြီလလယ်လောက်ကတည်းက အမေရိကန်တက္ကသိုလ်ဝင်းများအတွင်း ဂါဇာစစ်ပွဲကို ဆန့် ကျင်ကြောင်း ဆန္ဒပြမှုများပျံ့နှံ့လျက်ရှိနေသည်။ ကိုလံဘီယာတက္ကသိုလ်တွင် ကျောင်းသားများ ဖမ်း ဆီးခံရသည့်ပုံရိပ်များသည် အလားတူသမိုင်းပုံရိပ်များကို ပြန်ပြောင်းသတိရစေသည်။ သို့သော် မကြာ သေးမီက စတင်ခဲ့သော အမေရိကန်တက္ကသိုလ်များ၏ ဆန္ဒပြပွဲများသည် ၁၉၆၀ ပြည့်နှစ်များ နှောင်းပိုင်း ဗီယက်နမ်စစ်ပွဲကို ဆန့်ကျင်သည့် ကျောင်းသားဆန္ဒပြပွဲများနှင့် ၁၉၈၀ ပြည့်နှစ်များတွင် တောင် အာဖရိက အသားအရောင်ခွဲခြားမှုကိုဆန့်ကျင်သည့် ကျောင်းသားဆန္ဒပြပွဲများလောက်အထိ ကြီးကျယ် သော အနေအထားသို့ မရောက်ရှိသေးပေ။ သို့ရာတွင် နယူးယောက်တက္ကသိုလ်မှ လူမှုရေး ဘာသာရပ် နှင့် သမိုင်းဆိုင်ရာ ပါမောက္ခ Robert Cohen ၏ သုံးသပ်ချက်အရ အဆိုပါဆန္ဒပြပွဲများသည် ၂၁ ရာစု၏ အကြီးမားဆုံး ကျောင်းသားလှုပ်ရှားမှု ဖြစ်ကောင်းဖြစ်လာနိုင်ပါသည်။
ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်းကလည်း “ Occupy Wall Street လှုပ်ရှားမှု ”၏ တစ်စိတ် တစ်ပိုင်းအနေဖြင့် အီရတ်စစ်ပွဲကိုဆန့်ကျင်သည့် လူထုလှုပ်ရှားမှုများနှင့် ဂျော့ဖလွိုက်ဒ် အသတ်ခံရပြီး နောက် ဆန္ဒပြမှုများဖြစ်ပွားခဲ့ပါသည်။ သို့သော် ယင်း လှုပ်ရှားမှုများသည် များသောအားဖြင့် ကျောင်းဝင်း ပြင်ပတွင်သာ ဖြစ်ပွားခဲ့ကြသည်။
ယခုအခါ ဂါဇာစစ်ပွဲအတွင်း ပါလက်စတိုင်းတို့နှင့် တစ်သားတည်းရှိကြောင်းပြသသည့်အနေဖြင့် ကျောင်းဝင်းအတွင်း စခန်းများတည်ဆောက်ခြင်းကြောင့် ဆန္ဒပြကျောင်းသားများကို ဖမ်းဆီးခြင်း၊ အချို့ ကို ကျောင်းမှခေတ္တဆိုင်းငံ့ခြင်းများဖြင့် အရေးယူလျက်ရှိသည်။ အများစုမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူများ ဖြစ်သော်လည်း ဆိုးသွမ်းသောလူနည်းစုအုပ်စု၏ လွှမ်းမိုးခြင်းခံနေရသည်။ ဆန္ဒပြသူအချို့တွင် တက္က သိုလ်နှင့် ဆက်စပ်မှုမရှိသူများပင် ပါဝင်နေသည်။ ၎င်းတို့၏တောင်းဆိုမှုများတွင် ယခင် တောင်အာဖရိ ကတိုက်တွင် အသားအရောင်ခွဲခြားမှုကိုဆန္ဒပြခဲ့သည့် ကာလကအတိုင်း အစ္စရေးကိုထောက်ပံ့နေသည့် လုပ်ငန်းများကို ဖျက်သိမ်းပေးရန် အလားတူ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
သို့သော် ယနေ့ခေတ်နှင့် ယခင်က ဆန္ဒပြမှုများအကြား ကွဲလွဲမှုများစွာလည်းရှိနေပါသည်။ ယ နေ့ခေတ်ဆန္ဒပြပွဲများသည် အရွယ်အစားအားဖြင့် သေးငယ်သော်လည်း ယခင်ကထက် ပိုမိုလျင်မြန်စွာ ဖိနှိပ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ ဥပမာအားဖြင့် Austin ရှိ Texas တက္ကသိုလ်တွင် အုပ်ချုပ် ရေးမှူးများသည် ပါလက်စတိုင်းလိုလားသော ဆန္ဒပြပွဲအတွင်း အကြမ်းဖက်မှုလက္ခဏာများ မတွေ့ရဘဲ ရဲများကို အဓိကရုဏ်းနှိမ်နင်းရေးကိရိယာများ အသုံးပြု နှိမ်နင်းစေခဲ့သည်။ ထို့ပြင် ဖမ်းဆီးခံရသူ ၅၇ ဦး စလုံးကို နောက်ပိုင်းတွင် စွဲချက်တင်ခဲ့သည်။ ထို့ကြောင့် ယင်းဖြစ်ရပ်များသည် ကျောင်းသားများ၏ လွတ်လပ်စွာပြောဆိုခွင့်ကို ဖိနှိပ်လာသည့် လုပ်ရပ်များဖြစ်လာကြောင်း တွေ့ရသည်။
အမေရိကန် သမိုင်းတစ်လျှောက် ကျောင်းသား ဆန္ဒပြပွဲများ
၁၅၀၇ ခုနှစ်က Padua တက္ကသိုလ်မှ ပါမောက္ခများသည် ကာနီဗယ်လ်ပွဲတော်ကျင်းပရန် နွေရာသီ အားလပ်ရက်ကို ဖျက်သိမ်းခဲ့ပြီး အတန်း ချိန်များကို တက်စေခဲ့သည်။ ယင်းကိုတုံ့ပြန်သည့် အနေဖြင့် ကျောင်းသားများက စာသင်ခန်းများကို ဖျက်ဆီးခြင်းအပြင် ဆရာ၊ ဆရာမများကိုပါ ရမယ်ရှာ တိုက်ခိုက် ခဲ့ကြသည်။ အစောပိုင်းကာလ ကျောင်းသား လှုပ်ရှားမှုများသည် အလုပ်ဖြစ်သည်ဟု ဆိုရမည်၊ ထို ဆူပူအုံကြွမှု ဖြစ်ပြီးကတည်းက နွေရာသီအားလပ်ရက်ကို ဖျက်သိမ်းခြင်း ထပ်မံမပြုလုပ်တော့ပေ။ ဟားဗတ်ကောလိပ်တည်ထောင်ပြီးနောက် နှစ်နှစ်အကြာကလည်း ကျောင်းအုပ် Nathaniel Eaton ၏အုပ်ချုပ်မှုကိုဆန့်ကျင်ကြောင်း ကျောင်းသားများက ဆန္ဒပြခဲ့ကြသည်။
၂၀ ရာစုတိုင်အောင် အမေရိကန်ကောလိပ်နှင့် တက္ကသိုလ်အများစုတွင် လူဖြူအမျိုးသားများ ကိုသာ ကျောင်းအပ်လက်ခံသည့် ခွဲခြားမှုမျိုးရှိခဲ့သည်။ သို့သော် ကျောင်းသားလူငယ်များက မတူကွဲပြား မှုများကို လက်ခံလာစေရေးနှင့် ကျောင်းသားထုအပေါ် ခွဲခြားဆက်ဆံခံရမှုမှ အကာအကွယ်ပေးရေးတို့ အတွက် ဆန္ဒပြလှုပ်ရှားပြီး တောင်းဆိုခဲ့ကြသည်။ ၁၉၆၀ ပြည့်နှစ်များအတွင်း နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှုများတွင်လည်း ကျောင်းသားများက ချီတက်ဆန္ဒပြခဲ့ကြသည်။
၁၉၆၀ ပြည့်နှစ်က မြောက်ကာရိုလိုင်းနား A&T ပြည်နယ်တက္ကသိုလ်တွင် လူမည်းကျောင်းသား ၄ ဦးက “ လူဖြူများသာ ”ဟု ရေးထားသော နေ့ လယ်စာကောင်တာတွင် ထိုင်သပိတ်ဆင်နွှဲ ဆန္ဒပြ ခဲ့ဖူးပြီး ယင်းလုပ်ရပ်သည် အခြားကျောင်းသား ထောင်ပေါင်းများစွာကို လူ့အခွင့်အရေးလှုပ်ရှားမှုများတွင် ပါဝင်လာအောင် လှုံ့ဆော်ပေးနိုင်ခဲ့ပါသည်။ ၁၉၆၈ စစ်တမ်းတစ်ခုတွင် ကျောင်းသား ၅ ဦးအနက် တစ်ဦး မှာ ကျောင်းပရဝဏ်အတွင်း လူမျိုးရေးခွဲခြားဆက်ဆံမှုများကို အဆုံးသတ်ရန် တောင်းဆိုခဲ့ကြသည်။ ကျောင်းသားများသည် ခွဲခြားဆက်ဆံခြင်း မူဝါဒများအဆုံးသတ်ရန် တွန်းအားပေးနိုင်ခဲ့ရုံသာမက ကောလိပ်များ၏ သင်ကြားရေးကိုပါ ပြောင်းလဲပစ်နိုင်ခဲ့သည်။ ဆန်ဖရန်စစ္စကို ပြည်နယ်တက္ကသိုလ်တွင် ၁၉၆၈ ခုနှစ်က လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများသည် နိုင်ငံ၏ ပထမဆုံး အာဖရိ ကန်- အမေရိကန် လေ့လာရေးဌာနကို တည်ထောင်ရန် အုပ်ချုပ်သူများအား အောင်မြင်စွာ ဖိအားပေး နိုင်ခဲ့ကြသည်။ ၂၀၁၅ ခုနှစ်တွင်လည်း Missouri တက္ကသိုလ်၌ လူမည်းကျောင်းသားများသည် ကျောင်း ဝင်းအတွင်း လူမျိုးရေးအရ ရန်စမှုများကိုရပ်တန့်ရန်နှင့် အသားအရောင်မရွေး ကျောင်းသားအားလုံး ပါဝင်သော ပတ်ဝန်းကျင်ကိုဖန်တီးပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြသည်။ ထို့ကြောင့် အမေရိကန် ကျောင်းသားများသည် လွန်ခဲ့သည့်ရာစုနှစ်များကတည်းက အများအကျိုးအတွက်ဖြစ်စေ၊ ၎င်းတို့၏ ရပိုင်ခွင့်များအတွက်ဖြစ်စေ ရဲဝံ့စွာ ဆန္ဒပြခဲ့ကြကြောင်း လေ့လာတွေ့ရှိရသည်။
တက္ကသိုလ်အုပ်ချုပ်ရေးဆိုင်ရာမူဝါဒများကို ဆန့်ကျင်သည့် ကျောင်းသားဆန္ဒပြပွဲများ
ယခုခေတ်တွင် ကျောင်းသား တက်ကြွလှုပ်ရှားသူများသည် အဖွဲ့အစည်းဆိုင်ရာ မူဝါဒများအပေါ် စွက်ဖက်ခွင့်များရှိကြသည်။ သို့သော် ကနဦးပိုင်းက တက်ကြွလှုပ်ရှားသူများသည် ကောလိပ်များအနေ ဖြင့် ကျောင်းသားများကို ကလေးသူငယ်များကဲ့သို့ မဆက်ဆံရန် အတင်းအကြပ်ဖျောင်းဖျသိမ်းသွင်း ခဲ့ရသေးသည်။ ၁၉၆၀ ပြည့်လွန်နှစ်များမတိုင်မီက ကောလိပ်များသည် ကျောင်းသားများ၏ဘဝကို စိတ်ကြိုက်စီမံအုပ်ချုပ်ခဲ့ကြသည်။ လက်တင်စကားစု in loco parentis ၏ အယူဝါဒအောက်တွင် “ မိဘ သဖွယ် အရာထား၍” ဟူသော အဓိပ္ပာယ်အတိုင်း ကောလိပ်များသည် ကျောင်းသားများအပေါ် မိဘများ သဖွယ် ပြုမူဆက်ဆံကြသည်။ အသက် ၁၂နှစ် အောက် ကလေးများအတွက် ဤမူဝါဒသည်အဓိပ္ပာယ် ရှိကောင်းရှိနိုင်သော်လည်း အရွယ်ရောက်ပြီးသား ကျောင်းသားများအတွက်မူ သင့်လျော်မှုရှိမနေပေ။ ထို့ကြောင့် ၁၉ နှင့် ၂၀ ရာစုများတွင် ကျောင်းသား တက်ကြွလှုပ်ရှားသူများက ၎င်းတို့၏ ဘဝများကို ထိန်းချုပ်နေသည့် ကောလိပ်များ၏ အယူဝါဒများကို တွန်းလှန်တိုက်ထုတ်ခဲ့ကြသည်။ ထို အချိန်မှစ၍ ကျောင်းသား တက်ကြွလှုပ်ရှားသူများသည် ညမထွက်ရအမိန့်၊ လွတ်လပ်စွာ ပြောဆိုခွင့် ကန့်သတ်ချက်နှင့် “ စာရိတ္တပြုပြင်ရေး ” မူဝါဒများ အပါအဝင် ၎င်းတို့၏ လွတ်လပ်ခွင့်များအပေါ် ကန့် သတ်နေမှုများကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ Loco parentis အယူဝါဒအပေါ် ဆန့်ကျင်ကြောင်း ဆယ်စုနှစ်များစွာ ဆန္ဒပြမှုများပြီးနောက် ၁၉၆၀ ပြည့် နှစ်များတွင် အဆုံးသတ်အောင်ပွဲ ရရှိခဲ့ကြသည်။ Alabama ပြည်နယ် ကောလိပ် (ယခု Alabama တက္ကသိုလ်) မှ လူမည်းကျောင်းသားများကို နိုင်ငံသားအခွင့်အရေး ဆန္ဒပြမှုများကြောင့် နှင်ထုတ်သောအခါ ကျောင်းသားများက ကောလိပ်ကို တရားစွဲခဲ့ကြသည်။ အဆိုပါကိစ္စသည် Dixon v. Alabama (၁၉၆၁) အမှုအဖြစ် အမေရိကန် တရား ရုံးချုပ်သို့ရောက်ရှိခဲ့ပြီး အဆုံးတွင် loco parentis အယူဝါဒကိုဖျက်သိမ်းကာ ကောလိပ်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာအရ ရရှိထားသော ကျောင်းသားများ၏အခွင့်အရေးကို ချိုးဖောက်ခွင့်မရှိ ဟူသော အယူအဆကို လက်ခံလာခဲ့ကြသည်။ ထိုကဲ့သို့ နိုင်ငံသားအခွင့်အရေးဆိုင်ရာ တောင်းဆိုမှုများအပြင် ကျောင်းသားများသည် တက္ကသိုလ်များ၏ အုပ်ချုပ်ရေးကဏ္ဍများတွင်လည်း ပါဝင်လှုပ်ရှား လာကြ ပါသည်။
၁၉၆၀ ပြည့်နှစ်များမှစ၍ Missouri တက္ကသိုလ်မှ ကျောင်းသား တက်ကြွလှုပ်ရှားသူများသည် အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များတွင် ပါဝင်ခွင့်ရှိရေး တောင်းဆိုခဲ့ကြသည်။ ဥပမာအားဖြင့် ၂၀၁၂ ခုနှစ်တွင် Purdue တက္ကသိုလ်မှကျောင်းသားများသည် Republican ပြည်နယ်အုပ်ချုပ်ရေးမှူး Mitch Daniels အား ကျောင်းအုပ်အဖြစ် အုပ်ချုပ်ရေးဘုတ်အဖွဲ့က ရွေးချယ်ခဲ့ခြင်းကြောင့် ဆန္ဒပြခဲ့ကြသည်။ ထို့အတူ နှစ်နှစ်အကြာတွင် ဖလော်ရီဒါ ပြည်နယ်တက္ကသိုလ် ကျောင်းသားများသည် ရီပတ်ဘလီကန် နိုင်ငံရေးသမား John Thrasherအား ၎င်းတို့၏ကျောင်းအုပ်အဖြစ်ခန့်အပ်ခြင်းကို ကန့်ကွက်ခဲ့ကြသည်။ ၂၀၁၅ ခုနှစ်တွင် တောင်ပိုင်းကယ်လီဖိုးနီးယားတက္ကသိုလ်မှ MFAကျောင်းသားများသည် စီမံခန့်ခွဲရေး အပြောင်းအလဲများကို ကန့်ကွက်ဆန္ဒပြသည့်အနေဖြင့် ကျောင်းမှနုတ်ထွက်ခဲ့ကြသည်။
ထို့ပြင် ကျောင်းသားတက်ကြွလှုပ်ရှားသူများသည် ကောလိပ်များလည်ပတ်ရေးအတွက် အထောက်အကူပြုသည့် ဝန်ထမ်းများအတွက်ပင် တိုက်ပွဲဝင်ခဲ့ကြသည်။ ၂၀ဝ၀ ပြည့်နှစ်များတွင် မိုင် ယာမီတက္ကသိုလ်နှင့် ဂျော့ချ်တောင်းတက္ကသိုလ်မှ တက်ကြွလှုပ်ရှားသူများသည် ကျောင်းစောင့်များ၏ လစာပိုမိုတိုးမြှင့်ပေးရေးအတွက် တောင်းဆိုခဲ့ကြသည်။ Tufts တက္ကသိုလ်ကျောင်းသားများသည်လည်း ၂၀၁၅ ခုနှစ်က ကျောင်းစောင့်များ အလုပ်ဖြုတ် ခံရခြင်းကိုကန့်ကွက်ရန်အတွက် အစာငတ်ခံဆန္ဒပြခဲ့ ကြသည်။ သို့ဖြစ်ပါ၍ အမေရိကန်တက္ကသိုလ်ကျောင်းသားများသည် ၎င်းတို့အဖွဲ့အစည်း၏ ဆုံးဖြတ်ချက် များ၊ မူဝါဒများတွင်ပါ အရေးတစိုက် ဆန်းစစ်ခြင်း၊ လိုအပ်ချက်များကို ထောက်ပြကန့်ကွက်ခြင်းများ ပြု လုပ်ခဲ့ကြသည်ကို တွေ့ရှိရသည်။
ဘာကြောင့် တက္ကသိုလ်တွေက နိုင်ငံရေးတက်ကြွ လှုပ်ရှားမှုတွေရဲ့ အစဖြစ်နေပါသလဲ
တက္ကသိုလ်များသည် ကျောင်းသားများ၏ သင်ကြားမှုနှင့်သင်ယူမှု ဗဟိုအချက်အချာပင်ဖြစ်သည်။ ဤသည်မှာ အမေရိကန်တစ်နိုင်ငံတည်းအတွက် မဟုတ်။ ကမ္ဘာတစ်ဝန်းရှိ တက္ကသိုလ်များသည် အရွယ်ရောက်ပြီးသူများကို အဓိကထိန်းကျောင်းရာ၊ ပညာမျှဝေရာ နေရာဖြစ်နေပေသည်။
ကျောင်းသားလူငယ်အများစုသည် မည်သည့်ပြဿနာကိုမဆို ကျိုးကြောင်းဆီလျော်စွာ ကနဦး တွေးခေါ်ကြမည်ဖြစ်သည်။ သို့သော် အကယ်၍ ယင်းပြဿနာ များက ၎င်းတို့အရွယ်နှင့် တစ်ကိုယ်တည်း ရင်ဆိုင် ဖြေရှင်းရန်ဖြစ်စေ သို့မဟုတ် မည်သို့မျှ လက်လှမ်းမီအောင် ဖြေရှင်းနိုင်စွမ်းမရှိသော အခြေအနေ များ (ဥပမာ- ကြမ်းတမ်းရက်စက်သောစစ်ပွဲများကို ရပ်တန့်စေလိုသည့်အခြေအနေ) တွင်ဖြစ်စေ ဆန္ဒပြ လှုပ်ရှားမှုများကို စတင်လေ့ရှိကြသည်။ ဤသို့ဖြင့် တက္ကသိုလ်ပရဝဏ်များသည် နိုင်ငံရေး တက်ကြွလှုပ် ရှားမှုများ၏ ရှေ့တန်းဖြစ်လာခဲ့သည်။
ရှေးရိုးစွဲအမေရိကန်အသိုင်းအဝိုင်းက ထိုကဲ့သို့ တက်ကြွလှုပ်ရှားမှုများတွင် ကျောင်းသားများ ပါဝင်ခြင်းကို မလိုလားကြပေ။ လတ်တလော အမေရိကန်တက္ကသိုလ်များတွင် ဂါဇာစစ်ပွဲကိုဆန့်ကျင် ကြောင်း ဆန္ဒပြမှုများသည် တက္ကသိုလ်ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများရှိလာသည်ဟု ရှုတ်ချမှုများ လည်း ရှိလာသည်။ အမှန်တကယ်လည်း အချို့ကျောင်းသားများက ထိုဆန္ဒပြပွဲများကြောင့် လုံခြုံမှု ကင်းမဲ့သည်ဟု ခံစားလာကြရသည်။ တက္ကသိုလ်အုပ်ချုပ်ရေးပိုင်းကိုလည်း ယင်းဖြစ်ရပ်များကို ကိုင်တွယ်ရန်အတွက် ဖိအားပေးခြင်းများရှိလာပြီး ယခုအခါ ဆန္ဒပြပွဲများကို တရစပ်နှိမ်နင်းလျက် ရှိနေပါသည်။ ယခုဆန္ဒပြပွဲများသည် ယခင်ကာလများကထက် ပိုမိုလျင်မြန်စွာ နှိမ်နင်းဖြေရှင်းခံနေရ ကြောင်း အချို့က သုံးသပ်ထားကြသည်။ အကြောင်းမှာ အမေရိကန်ရွေးကောက်ပွဲနီးလာသည့် အလျောက် သမ္မတလောင်းများအနေဖြင့် ၎င်းတို့ရာထူးအတွက် အထူးအာရုံစိုက်နေရသည်။ အမေရိကန် နိုင်ငံရေးတွင် အစ္စရေးစီးပွားရေးလုပ်ငန်းရှင်များ၏ ပါဝင်ပတ်သက်မှုအခန်းကဏ္ဍက ထင်မထားလောက်အောင် ကြီးမားကျယ်ပြန့်နေသည်။ အထူးသဖြင့် အစ္စရေးလုပ်ငန်းရှင်များက ၎င်းတို့ဘက် ယိမ်းမည့်သူကို သမ္မတအဖြစ်တင်မြှောက်ရန် အစွမ်းကုန်ထောက်ပံ့ပေးနိုင်သည့်အနေအထားတွင် ရှိနေသည်။ ထို့ကြောင့် လည်း လက်ရှိသမ္မတဂျိုးဘိုင်ဒင်သည် ၎င်း၏ နောက်တစ်ကြိမ် သမ္မတသက်တမ်း သေချာစေရန်အတွက် ဂျူးဆန့်ကျင်ရေး၊ ဂါဇာစစ်ပွဲအတွင်း အစ္စရေးတို့၏ လုပ်ရပ်များကိုရှုတ်ချသော တက္ကသိုလ်ဆန္ဒပြပွဲများကို လျင်လျင်မြန်မြန် နှိမ်နင်းလာခြင်းဖြစ်ပေမည်။
အချုပ်ဆိုရလျှင် အမေရိကန်တက္ကသိုလ်များ၊ ကောလိပ်များသည် သမိုင်းတစ်လျှောက် စစ်ပွဲများ၊ ခွဲခြားဆက်ဆံမှုများ၊ လူ့အခွင့်အရေးများကဲ့သို့ ကြီးကျယ်ခမ်းနားသည့်တောင်းဆိုမှုများအတွက် တိုက်ပွဲ ဝင်ခဲ့ကြသည်။ ထို့ပြင် ၎င်းတို့၏ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်စီရင်ပိုင်ခွင့်နှင့် အခြားသော လူမှုရေး ကိစ္စများ အတွက်လည်း ရဲဝံ့စွာဆန္ဒပြခဲ့ကြသည်။ ဤသည်ကား လူငယ်များ၏ လွတ်လပ်သော အတွေး အခေါ်၊ စာနာမှု၊ အမှန်တရားအပေါ် မြတ်နိုးမှုတို့ကို ထင်ဟပ်ဖော်ပြနေသော လုပ်ရပ်များပင်ဖြစ်သည်။ မည်သည့်ခေတ်တွင်မဆို အကျပ်အတည်းနှင့် ကြုံရတိုင်း ကျောင်းသားလူငယ်များက ရှေ့မှဦးဆောင်၍ မကျေနပ်ချက်များ၊ လိုအင်များအတွက် တောင်းဆိုဆန္ဒပြခဲ့ကြသည်။ တိုင်းပြည်၏ အနာဂတ် ခေါင်း ဆောင်များဖြစ်လာမည့် ကျောင်းသားများအနေဖြင့် ထိုကဲ့သို့ နိုင်ငံရေး၊ လူမှုရေးကိစ္စရပ်များကို စိတ်ဝင်တစားရှိပြီး တက်ကြွစွာပါဝင်လှုပ်ရှားခြင်းကလည်း တိုင်းပြည်အတွက် ကောင်းမွန်သည့် လက္ခဏာတစ်ရပ် ဖြစ်ပါကြောင်းရေးသားလိုက်ရသည်။
zawgyi version
အေမရိကန္ ေက်ာင္းသားလူငယ္မ်ားႏွင့္ ေခတ္အဆက္ဆက္ ဆႏၵျပပြဲမ်ား (ဘာသာျပန္ေဆာင္းပါး)
ALynn (NP News) - ေမ ၁၆
ဧၿပီလလယ္ေလာက္ကတည္းက အေမရိကန္တကၠသိုလ္ဝင္းမ်ားအတြင္း ဂါဇာစစ္ပြဲကို ဆန႔္ က်င္ေၾကာင္း ဆႏၵျပမႈမ်ားပ်ံ႕ႏွံ႔လ်က္ရွိေနသည္။ ကိုလံဘီယာတကၠသိုလ္တြင္ ေက်ာင္းသားမ်ား ဖမ္း ဆီးခံရသည့္ပုံရိပ္မ်ားသည္ အလားတူသမိုင္းပုံရိပ္မ်ားကို ျပန္ေျပာင္းသတိရေစသည္။ သို႔ေသာ္ မၾကာ ေသးမီက စတင္ခဲ့ေသာ အေမရိကန္တကၠသိုလ္မ်ား၏ ဆႏၵျပပြဲမ်ားသည္ ၁၉၆၀ ျပည့္ႏွစ္မ်ား ေႏွာင္းပိုင္း ဗီယက္နမ္စစ္ပြဲကို ဆန႔္က်င္သည့္ ေက်ာင္းသားဆႏၵျပပြဲမ်ားႏွင့္ ၁၉၈၀ ျပည့္ႏွစ္မ်ားတြင္ ေတာင္ အာဖရိက အသားအေရာင္ခြဲျခားမႈကိုဆန႔္က်င္သည့္ ေက်ာင္းသားဆႏၵျပပြဲမ်ားေလာက္အထိ ႀကီးက်ယ္ ေသာ အေနအထားသို႔ မေရာက္ရွိေသးေပ။ သို႔ရာတြင္ နယူးေယာက္တကၠသိုလ္မွ လူမႈေရး ဘာသာရပ္ ႏွင့္ သမိုင္းဆိုင္ရာ ပါေမာကၡ Robert Cohen ၏ သုံးသပ္ခ်က္အရ အဆိုပါဆႏၵျပပြဲမ်ားသည္ ၂၁ ရာစု၏ အႀကီးမားဆုံး ေက်ာင္းသားလႈပ္ရွားမႈ ျဖစ္ေကာင္းျဖစ္လာႏိုင္ပါသည္။
ၿပီးခဲ့သည့္ဆယ္စုႏွစ္မ်ားအတြင္းကလည္း “ Occupy Wall Street လႈပ္ရွားမႈ ”၏ တစ္စိတ္ တစ္ပိုင္းအေနျဖင့္ အီရတ္စစ္ပြဲကိုဆန႔္က်င္သည့္ လူထုလႈပ္ရွားမႈမ်ားႏွင့္ ေဂ်ာ့ဖလြိဳက္ဒ္ အသတ္ခံရၿပီး ေနာက္ ဆႏၵျပမႈမ်ားျဖစ္ပြားခဲ့ပါသည္။ သို႔ေသာ္ ယင္း လႈပ္ရွားမႈမ်ားသည္ မ်ားေသာအားျဖင့္ ေက်ာင္းဝင္း ျပင္ပတြင္သာ ျဖစ္ပြားခဲ့ၾကသည္။
ယခုအခါ ဂါဇာစစ္ပြဲအတြင္း ပါလက္စတိုင္းတို႔ႏွင့္ တစ္သားတည္းရွိေၾကာင္းျပသသည့္အေနျဖင့္ ေက်ာင္းဝင္းအတြင္း စခန္းမ်ားတည္ေဆာက္ျခင္းေၾကာင့္ ဆႏၵျပေက်ာင္းသားမ်ားကို ဖမ္းဆီးျခင္း၊ အခ်ိဳ႕ ကို ေက်ာင္းမွေခတၱဆိုင္းငံ့ျခင္းမ်ားျဖင့္ အေရးယူလ်က္ရွိသည္။ အမ်ားစုမွာ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူမ်ား ျဖစ္ေသာ္လည္း ဆိုးသြမ္းေသာလူနည္းစုအုပ္စု၏ လႊမ္းမိုးျခင္းခံေနရသည္။ ဆႏၵျပသူအခ်ိဳ႕တြင္ တကၠ သိုလ္ႏွင့္ ဆက္စပ္မႈမရွိသူမ်ားပင္ ပါဝင္ေနသည္။ ၎တို႔၏ေတာင္းဆိုမႈမ်ားတြင္ ယခင္ ေတာင္အာဖရိ ကတိုက္တြင္ အသားအေရာင္ခြဲျခားမႈကိုဆႏၵျပခဲ့သည့္ ကာလကအတိုင္း အစၥေရးကိုေထာက္ပံ့ေနသည့္ လုပ္ငန္းမ်ားကို ဖ်က္သိမ္းေပးရန္ အလားတူ ေတာင္းဆိုမႈမ်ား ျပဳလုပ္ခဲ့ၾကသည္။
သို႔ေသာ္ ယေန႔ေခတ္ႏွင့္ ယခင္က ဆႏၵျပမႈမ်ားအၾကား ကြဲလြဲမႈမ်ားစြာလည္းရွိေနပါသည္။ ယ ေန႔ေခတ္ဆႏၵျပပြဲမ်ားသည္ အ႐ြယ္အစားအားျဖင့္ ေသးငယ္ေသာ္လည္း ယခင္ကထက္ ပိုမိုလ်င္ျမန္စြာ ဖိႏွိပ္မႈမ်ားႏွင့္ ရင္ဆိုင္ႀကဳံေတြ႕ေနရသည္။ ဥပမာအားျဖင့္ Austin ရွိ Texas တကၠသိုလ္တြင္ အုပ္ခ်ဳပ္ ေရးမႉးမ်ားသည္ ပါလက္စတိုင္းလိုလားေသာ ဆႏၵျပပြဲအတြင္း အၾကမ္းဖက္မႈလကၡဏာမ်ား မေတြ႕ရဘဲ ရဲမ်ားကို အဓိက႐ုဏ္းႏွိမ္နင္းေရးကိရိယာမ်ား အသုံးျပဳ ႏွိမ္နင္းေစခဲ့သည္။ ထို႔ျပင္ ဖမ္းဆီးခံရသူ ၅၇ ဦး စလုံးကို ေနာက္ပိုင္းတြင္ စြဲခ်က္တင္ခဲ့သည္။ ထို႔ေၾကာင့္ ယင္းျဖစ္ရပ္မ်ားသည္ ေက်ာင္းသားမ်ား၏ လြတ္လပ္စြာေျပာဆိုခြင့္ကို ဖိႏွိပ္လာသည့္ လုပ္ရပ္မ်ားျဖစ္လာေၾကာင္း ေတြ႕ရသည္။
အေမရိကန္ သမိုင္းတစ္ေလွ်ာက္ ေက်ာင္းသား ဆႏၵျပပြဲမ်ား
၁၅၀၇ ခုႏွစ္က Padua တကၠသိုလ္မွ ပါေမာကၡမ်ားသည္ ကာနီဗယ္လ္ပြဲေတာ္က်င္းပရန္ ေႏြရာသီ အားလပ္ရက္ကို ဖ်က္သိမ္းခဲ့ၿပီး အတန္း ခ်ိန္မ်ားကို တက္ေစခဲ့သည္။ ယင္းကိုတုံ႔ျပန္သည့္ အေနျဖင့္ ေက်ာင္းသားမ်ားက စာသင္ခန္းမ်ားကို ဖ်က္ဆီးျခင္းအျပင္ ဆရာ၊ ဆရာမမ်ားကိုပါ ရမယ္ရွာ တိုက္ခိုက္ ခဲ့ၾကသည္။ အေစာပိုင္းကာလ ေက်ာင္းသား လႈပ္ရွားမႈမ်ားသည္ အလုပ္ျဖစ္သည္ဟု ဆိုရမည္၊ ထို ဆူပူအုံႂကြမႈ ျဖစ္ၿပီးကတည္းက ေႏြရာသီအားလပ္ရက္ကို ဖ်က္သိမ္းျခင္း ထပ္မံမျပဳလုပ္ေတာ့ေပ။ ဟားဗတ္ေကာလိပ္တည္ေထာင္ၿပီးေနာက္ ႏွစ္ႏွစ္အၾကာကလည္း ေက်ာင္းအုပ္ Nathaniel Eaton ၏အုပ္ခ်ဳပ္မႈကိုဆန႔္က်င္ေၾကာင္း ေက်ာင္းသားမ်ားက ဆႏၵျပခဲ့ၾကသည္။
၂၀ ရာစုတိုင္ေအာင္ အေမရိကန္ေကာလိပ္ႏွင့္ တကၠသိုလ္အမ်ားစုတြင္ လူျဖဴအမ်ိဳးသားမ်ား ကိုသာ ေက်ာင္းအပ္လက္ခံသည့္ ခြဲျခားမႈမ်ိဳးရွိခဲ့သည္။ သို႔ေသာ္ ေက်ာင္းသားလူငယ္မ်ားက မတူကြဲျပား မႈမ်ားကို လက္ခံလာေစေရးႏွင့္ ေက်ာင္းသားထုအေပၚ ခြဲျခားဆက္ဆံခံရမႈမွ အကာအကြယ္ေပးေရးတို႔ အတြက္ ဆႏၵျပလႈပ္ရွားၿပီး ေတာင္းဆိုခဲ့ၾကသည္။ ၁၉၆၀ ျပည့္ႏွစ္မ်ားအတြင္း ႏိုင္ငံသားအခြင့္အေရး လႈပ္ရွားမႈမ်ားတြင္လည္း ေက်ာင္းသားမ်ားက ခ်ီတက္ဆႏၵျပခဲ့ၾကသည္။
၁၉၆၀ ျပည့္ႏွစ္က ေျမာက္ကာ႐ိုလိုင္းနား A&T ျပည္နယ္တကၠသိုလ္တြင္ လူမည္းေက်ာင္းသား ၄ ဦးက “ လူျဖဴမ်ားသာ ”ဟု ေရးထားေသာ ေန႔ လယ္စာေကာင္တာတြင္ ထိုင္သပိတ္ဆင္ႏႊဲ ဆႏၵျပ ခဲ့ဖူးၿပီး ယင္းလုပ္ရပ္သည္ အျခားေက်ာင္းသား ေထာင္ေပါင္းမ်ားစြာကို လူ႔အခြင့္အေရးလႈပ္ရွားမႈမ်ားတြင္ ပါဝင္လာေအာင္ လႈံ႕ေဆာ္ေပးႏိုင္ခဲ့ပါသည္။ ၁၉၆၈ စစ္တမ္းတစ္ခုတြင္ ေက်ာင္းသား ၅ ဦးအနက္ တစ္ဦး မွာ ေက်ာင္းပရဝဏ္အတြင္း လူမ်ိဳးေရးခြဲျခားဆက္ဆံမႈမ်ားကို အဆုံးသတ္ရန္ ေတာင္းဆိုခဲ့ၾကသည္။ ေက်ာင္းသားမ်ားသည္ ခြဲျခားဆက္ဆံျခင္း မူဝါဒမ်ားအဆုံးသတ္ရန္ တြန္းအားေပးႏိုင္ခဲ့႐ုံသာမက ေကာလိပ္မ်ား၏ သင္ၾကားေရးကိုပါ ေျပာင္းလဲပစ္ႏိုင္ခဲ့သည္။ ဆန္ဖရန္စစၥကို ျပည္နယ္တကၠသိုလ္တြင္ ၁၉၆၈ ခုႏွစ္က လူမ်ိဳးေရးခြဲျခားမႈဆန႔္က်င္ေရး တက္ႂကြလႈပ္ရွားသူမ်ားသည္ ႏိုင္ငံ၏ ပထမဆုံး အာဖရိ ကန္- အေမရိကန္ ေလ့လာေရးဌာနကို တည္ေထာင္ရန္ အုပ္ခ်ဳပ္သူမ်ားအား ေအာင္ျမင္စြာ ဖိအားေပး ႏိုင္ခဲ့ၾကသည္။ ၂၀၁၅ ခုႏွစ္တြင္လည္း Missouri တကၠသိုလ္၌ လူမည္းေက်ာင္းသားမ်ားသည္ ေက်ာင္း ဝင္းအတြင္း လူမ်ိဳးေရးအရ ရန္စမႈမ်ားကိုရပ္တန႔္ရန္ႏွင့္ အသားအေရာင္မေ႐ြး ေက်ာင္းသားအားလုံး ပါဝင္ေသာ ပတ္ဝန္းက်င္ကိုဖန္တီးေပးဖို႔ ေတာင္းဆိုဆႏၵျပခဲ့ၾကသည္။ ထို႔ေၾကာင့္ အေမရိကန္ ေက်ာင္းသားမ်ားသည္ လြန္ခဲ့သည့္ရာစုႏွစ္မ်ားကတည္းက အမ်ားအက်ိဳးအတြက္ျဖစ္ေစ၊ ၎တို႔၏ ရပိုင္ခြင့္မ်ားအတြက္ျဖစ္ေစ ရဲဝံ့စြာ ဆႏၵျပခဲ့ၾကေၾကာင္း ေလ့လာေတြ႕ရွိရသည္။
တကၠသိုလ္အုပ္ခ်ဳပ္ေရးဆိုင္ရာမူဝါဒမ်ားကို ဆန႔္က်င္သည့္ ေက်ာင္းသားဆႏၵျပပြဲမ်ား
ယခုေခတ္တြင္ ေက်ာင္းသား တက္ႂကြလႈပ္ရွားသူမ်ားသည္ အဖြဲ႕အစည္းဆိုင္ရာ မူဝါဒမ်ားအေပၚ စြက္ဖက္ခြင့္မ်ားရွိၾကသည္။ သို႔ေသာ္ ကနဦးပိုင္းက တက္ႂကြလႈပ္ရွားသူမ်ားသည္ ေကာလိပ္မ်ားအေန ျဖင့္ ေက်ာင္းသားမ်ားကို ကေလးသူငယ္မ်ားကဲ့သို႔ မဆက္ဆံရန္ အတင္းအၾကပ္ေဖ်ာင္းဖ်သိမ္းသြင္း ခဲ့ရေသးသည္။ ၁၉၆၀ ျပည့္လြန္ႏွစ္မ်ားမတိုင္မီက ေကာလိပ္မ်ားသည္ ေက်ာင္းသားမ်ား၏ဘဝကို စိတ္ႀကိဳက္စီမံအုပ္ခ်ဳပ္ခဲ့ၾကသည္။ လက္တင္စကားစု in loco parentis ၏ အယူဝါဒေအာက္တြင္ “ မိဘ သဖြယ္ အရာထား၍” ဟူေသာ အဓိပၸာယ္အတိုင္း ေကာလိပ္မ်ားသည္ ေက်ာင္းသားမ်ားအေပၚ မိဘမ်ား သဖြယ္ ျပဳမူဆက္ဆံၾကသည္။ အသက္ ၁၂ႏွစ္ ေအာက္ ကေလးမ်ားအတြက္ ဤမူဝါဒသည္အဓိပၸာယ္ ရွိေကာင္းရွိႏိုင္ေသာ္လည္း အ႐ြယ္ေရာက္ၿပီးသား ေက်ာင္းသားမ်ားအတြက္မူ သင့္ေလ်ာ္မႈရွိမေနေပ။ ထို႔ေၾကာင့္ ၁၉ ႏွင့္ ၂၀ ရာစုမ်ားတြင္ ေက်ာင္းသား တက္ႂကြလႈပ္ရွားသူမ်ားက ၎တို႔၏ ဘဝမ်ားကို ထိန္းခ်ဳပ္ေနသည့္ ေကာလိပ္မ်ား၏ အယူဝါဒမ်ားကို တြန္းလွန္တိုက္ထုတ္ခဲ့ၾကသည္။ ထို အခ်ိန္မွစ၍ ေက်ာင္းသား တက္ႂကြလႈပ္ရွားသူမ်ားသည္ ညမထြက္ရအမိန႔္၊ လြတ္လပ္စြာ ေျပာဆိုခြင့္ ကန႔္သတ္ခ်က္ႏွင့္ “ စာရိတၱျပဳျပင္ေရး ” မူဝါဒမ်ား အပါအဝင္ ၎တို႔၏ လြတ္လပ္ခြင့္မ်ားအေပၚ ကန႔္ သတ္ေနမႈမ်ားကို ကန႔္ကြက္ဆႏၵျပခဲ့ၾကသည္။ Loco parentis အယူဝါဒအေပၚ ဆန႔္က်င္ေၾကာင္း ဆယ္စုႏွစ္မ်ားစြာ ဆႏၵျပမႈမ်ားၿပီးေနာက္ ၁၉၆၀ ျပည့္ ႏွစ္မ်ားတြင္ အဆုံးသတ္ေအာင္ပြဲ ရရွိခဲ့ၾကသည္။ Alabama ျပည္နယ္ ေကာလိပ္ (ယခု Alabama တကၠသိုလ္) မွ လူမည္းေက်ာင္းသားမ်ားကို ႏိုင္ငံသားအခြင့္အေရး ဆႏၵျပမႈမ်ားေၾကာင့္ ႏွင္ထုတ္ေသာအခါ ေက်ာင္းသားမ်ားက ေကာလိပ္ကို တရားစြဲခဲ့ၾကသည္။ အဆိုပါကိစၥသည္ Dixon v. Alabama (၁၉၆၁) အမႈအျဖစ္ အေမရိကန္ တရား ႐ုံးခ်ဳပ္သို႔ေရာက္ရွိခဲ့ၿပီး အဆုံးတြင္ loco parentis အယူဝါဒကိုဖ်က္သိမ္းကာ ေကာလိပ္မ်ားသည္ ဖြဲ႕စည္းပုံ အေျခခံဥပေဒဆိုင္ရာအရ ရရွိထားေသာ ေက်ာင္းသားမ်ား၏အခြင့္အေရးကို ခ်ိဳးေဖာက္ခြင့္မရွိ ဟူေသာ အယူအဆကို လက္ခံလာခဲ့ၾကသည္။ ထိုကဲ့သို႔ ႏိုင္ငံသားအခြင့္အေရးဆိုင္ရာ ေတာင္းဆိုမႈမ်ားအျပင္ ေက်ာင္းသားမ်ားသည္ တကၠသိုလ္မ်ား၏ အုပ္ခ်ဳပ္ေရးက႑မ်ားတြင္လည္း ပါဝင္လႈပ္ရွား လာၾက ပါသည္။
၁၉၆၀ ျပည့္ႏွစ္မ်ားမွစ၍ Missouri တကၠသိုလ္မွ ေက်ာင္းသား တက္ႂကြလႈပ္ရွားသူမ်ားသည္ အုပ္ခ်ဳပ္ေရးဆိုင္ရာ ဆုံးျဖတ္ခ်က္မ်ားတြင္ ပါဝင္ခြင့္ရွိေရး ေတာင္းဆိုခဲ့ၾကသည္။ ဥပမာအားျဖင့္ ၂၀၁၂ ခုႏွစ္တြင္ Purdue တကၠသိုလ္မွေက်ာင္းသားမ်ားသည္ Republican ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး Mitch Daniels အား ေက်ာင္းအုပ္အျဖစ္ အုပ္ခ်ဳပ္ေရးဘုတ္အဖြဲ႕က ေ႐ြးခ်ယ္ခဲ့ျခင္းေၾကာင့္ ဆႏၵျပခဲ့ၾကသည္။ ထို႔အတူ ႏွစ္ႏွစ္အၾကာတြင္ ဖေလာ္ရီဒါ ျပည္နယ္တကၠသိုလ္ ေက်ာင္းသားမ်ားသည္ ရီပတ္ဘလီကန္ ႏိုင္ငံေရးသမား John Thrasherအား ၎တို႔၏ေက်ာင္းအုပ္အျဖစ္ခန႔္အပ္ျခင္းကို ကန႔္ကြက္ခဲ့ၾကသည္။ ၂၀၁၅ ခုႏွစ္တြင္ ေတာင္ပိုင္းကယ္လီဖိုးနီးယားတကၠသိုလ္မွ MFAေက်ာင္းသားမ်ားသည္ စီမံခန႔္ခြဲေရး အေျပာင္းအလဲမ်ားကို ကန႔္ကြက္ဆႏၵျပသည့္အေနျဖင့္ ေက်ာင္းမွႏုတ္ထြက္ခဲ့ၾကသည္။
ထို႔ျပင္ ေက်ာင္းသားတက္ႂကြလႈပ္ရွားသူမ်ားသည္ ေကာလိပ္မ်ားလည္ပတ္ေရးအတြက္ အေထာက္အကူျပဳသည့္ ဝန္ထမ္းမ်ားအတြက္ပင္ တိုက္ပြဲဝင္ခဲ့ၾကသည္။ ၂၀ဝ၀ ျပည့္ႏွစ္မ်ားတြင္ မိုင္ ယာမီတကၠသိုလ္ႏွင့္ ေဂ်ာ့ခ်္ေတာင္းတကၠသိုလ္မွ တက္ႂကြလႈပ္ရွားသူမ်ားသည္ ေက်ာင္းေစာင့္မ်ား၏ လစာပိုမိုတိုးျမႇင့္ေပးေရးအတြက္ ေတာင္းဆိုခဲ့ၾကသည္။ Tufts တကၠသိုလ္ေက်ာင္းသားမ်ားသည္လည္း ၂၀၁၅ ခုႏွစ္က ေက်ာင္းေစာင့္မ်ား အလုပ္ျဖဳတ္ ခံရျခင္းကိုကန႔္ကြက္ရန္အတြက္ အစာငတ္ခံဆႏၵျပခဲ့ ၾကသည္။ သို႔ျဖစ္ပါ၍ အေမရိကန္တကၠသိုလ္ေက်ာင္းသားမ်ားသည္ ၎တို႔အဖြဲ႕အစည္း၏ ဆုံးျဖတ္ခ်က္ မ်ား၊ မူဝါဒမ်ားတြင္ပါ အေရးတစိုက္ ဆန္းစစ္ျခင္း၊ လိုအပ္ခ်က္မ်ားကို ေထာက္ျပကန႔္ကြက္ျခင္းမ်ား ျပဳ လုပ္ခဲ့ၾကသည္ကို ေတြ႕ရွိရသည္။
ဘာေၾကာင့္ တကၠသိုလ္ေတြက ႏိုင္ငံေရးတက္ႂကြ လႈပ္ရွားမႈေတြရဲ႕ အစျဖစ္ေနပါသလဲ
တကၠသိုလ္မ်ားသည္ ေက်ာင္းသားမ်ား၏ သင္ၾကားမႈႏွင့္သင္ယူမႈ ဗဟိုအခ်က္အခ်ာပင္ျဖစ္သည္။ ဤသည္မွာ အေမရိကန္တစ္ႏိုင္ငံတည္းအတြက္ မဟုတ္။ ကမာၻတစ္ဝန္းရွိ တကၠသိုလ္မ်ားသည္ အ႐ြယ္ေရာက္ၿပီးသူမ်ားကို အဓိကထိန္းေက်ာင္းရာ၊ ပညာမွ်ေဝရာ ေနရာျဖစ္ေနေပသည္။
ေက်ာင္းသားလူငယ္အမ်ားစုသည္ မည္သည့္ျပႆနာကိုမဆို က်ိဳးေၾကာင္းဆီေလ်ာ္စြာ ကနဦး ေတြးေခၚၾကမည္ျဖစ္သည္။ သို႔ေသာ္ အကယ္၍ ယင္းျပႆနာ မ်ားက ၎တို႔အ႐ြယ္ႏွင့္ တစ္ကိုယ္တည္း ရင္ဆိုင္ ေျဖရွင္းရန္ျဖစ္ေစ သို႔မဟုတ္ မည္သို႔မွ် လက္လွမ္းမီေအာင္ ေျဖရွင္းႏိုင္စြမ္းမရွိေသာ အေျခအေန မ်ား (ဥပမာ- ၾကမ္းတမ္းရက္စက္ေသာစစ္ပြဲမ်ားကို ရပ္တန႔္ေစလိုသည့္အေျခအေန) တြင္ျဖစ္ေစ ဆႏၵျပ လႈပ္ရွားမႈမ်ားကို စတင္ေလ့ရွိၾကသည္။ ဤသို႔ျဖင့္ တကၠသိုလ္ပရဝဏ္မ်ားသည္ ႏိုင္ငံေရး တက္ႂကြလႈပ္ ရွားမႈမ်ား၏ ေရွ႕တန္းျဖစ္လာခဲ့သည္။
ေရွး႐ိုးစြဲအေမရိကန္အသိုင္းအဝိုင္းက ထိုကဲ့သို႔ တက္ႂကြလႈပ္ရွားမႈမ်ားတြင္ ေက်ာင္းသားမ်ား ပါဝင္ျခင္းကို မလိုလားၾကေပ။ လတ္တေလာ အေမရိကန္တကၠသိုလ္မ်ားတြင္ ဂါဇာစစ္ပြဲကိုဆန႔္က်င္ ေၾကာင္း ဆႏၵျပမႈမ်ားသည္ တကၠသိုလ္ပတ္ဝန္းက်င္အေပၚ ထိခိုက္မႈမ်ားရွိလာသည္ဟု ရႈတ္ခ်မႈမ်ား လည္း ရွိလာသည္။ အမွန္တကယ္လည္း အခ်ိဳ႕ေက်ာင္းသားမ်ားက ထိုဆႏၵျပပြဲမ်ားေၾကာင့္ လုံၿခဳံမႈ ကင္းမဲ့သည္ဟု ခံစားလာၾကရသည္။ တကၠသိုလ္အုပ္ခ်ဳပ္ေရးပိုင္းကိုလည္း ယင္းျဖစ္ရပ္မ်ားကို ကိုင္တြယ္ရန္အတြက္ ဖိအားေပးျခင္းမ်ားရွိလာၿပီး ယခုအခါ ဆႏၵျပပြဲမ်ားကို တရစပ္ႏွိမ္နင္းလ်က္ ရွိေနပါသည္။ ယခုဆႏၵျပပြဲမ်ားသည္ ယခင္ကာလမ်ားကထက္ ပိုမိုလ်င္ျမန္စြာ ႏွိမ္နင္းေျဖရွင္းခံေနရ ေၾကာင္း အခ်ိဳ႕က သုံးသပ္ထားၾကသည္။ အေၾကာင္းမွာ အေမရိကန္ေ႐ြးေကာက္ပြဲနီးလာသည့္ အေလ်ာက္ သမၼတေလာင္းမ်ားအေနျဖင့္ ၎တို႔ရာထူးအတြက္ အထူးအာ႐ုံစိုက္ေနရသည္။ အေမရိကန္ ႏိုင္ငံေရးတြင္ အစၥေရးစီးပြားေရးလုပ္ငန္းရွင္မ်ား၏ ပါဝင္ပတ္သက္မႈအခန္းက႑က ထင္မထားေလာက္ေအာင္ ႀကီးမားက်ယ္ျပန႔္ေနသည္။ အထူးသျဖင့္ အစၥေရးလုပ္ငန္းရွင္မ်ားက ၎တို႔ဘက္ ယိမ္းမည့္သူကို သမၼတအျဖစ္တင္ေျမႇာက္ရန္ အစြမ္းကုန္ေထာက္ပံ့ေပးႏိုင္သည့္အေနအထားတြင္ ရွိေနသည္။ ထို႔ေၾကာင့္ လည္း လက္ရွိသမၼတဂ်ိဳးဘိုင္ဒင္သည္ ၎၏ ေနာက္တစ္ႀကိမ္ သမၼတသက္တမ္း ေသခ်ာေစရန္အတြက္ ဂ်ဴးဆန႔္က်င္ေရး၊ ဂါဇာစစ္ပြဲအတြင္း အစၥေရးတို႔၏ လုပ္ရပ္မ်ားကိုရႈတ္ခ်ေသာ တကၠသိုလ္ဆႏၵျပပြဲမ်ားကို လ်င္လ်င္ျမန္ျမန္ ႏွိမ္နင္းလာျခင္းျဖစ္ေပမည္။
အခ်ဳပ္ဆိုရလွ်င္ အေမရိကန္တကၠသိုလ္မ်ား၊ ေကာလိပ္မ်ားသည္ သမိုင္းတစ္ေလွ်ာက္ စစ္ပြဲမ်ား၊ ခြဲျခားဆက္ဆံမႈမ်ား၊ လူ႔အခြင့္အေရးမ်ားကဲ့သို႔ ႀကီးက်ယ္ခမ္းနားသည့္ေတာင္းဆိုမႈမ်ားအတြက္ တိုက္ပြဲ ဝင္ခဲ့ၾကသည္။ ထို႔ျပင္ ၎တို႔၏ ကိုယ္ပိုင္လြတ္လပ္ခြင့္၊ ကိုယ္ပိုင္စီရင္ပိုင္ခြင့္ႏွင့္ အျခားေသာ လူမႈေရး ကိစၥမ်ား အတြက္လည္း ရဲဝံ့စြာဆႏၵျပခဲ့ၾကသည္။ ဤသည္ကား လူငယ္မ်ား၏ လြတ္လပ္ေသာ အေတြး အေခၚ၊ စာနာမႈ၊ အမွန္တရားအေပၚ ျမတ္ႏိုးမႈတို႔ကို ထင္ဟပ္ေဖာ္ျပေနေသာ လုပ္ရပ္မ်ားပင္ျဖစ္သည္။ မည္သည့္ေခတ္တြင္မဆို အက်ပ္အတည္းႏွင့္ ႀကဳံရတိုင္း ေက်ာင္းသားလူငယ္မ်ားက ေရွ႕မွဦးေဆာင္၍ မေက်နပ္ခ်က္မ်ား၊ လိုအင္မ်ားအတြက္ ေတာင္းဆိုဆႏၵျပခဲ့ၾကသည္။ တိုင္းျပည္၏ အနာဂတ္ ေခါင္း ေဆာင္မ်ားျဖစ္လာမည့္ ေက်ာင္းသားမ်ားအေနျဖင့္ ထိုကဲ့သို႔ ႏိုင္ငံေရး၊ လူမႈေရးကိစၥရပ္မ်ားကို စိတ္ဝင္တစားရွိၿပီး တက္ႂကြစြာပါဝင္လႈပ္ရွားျခင္းကလည္း တိုင္းျပည္အတြက္ ေကာင္းမြန္သည့္ လကၡဏာတစ္ရပ္ ျဖစ္ပါေၾကာင္းေရးသားလိုက္ရသည္။