စစ်ဘေးရှောင် ပြည်သူအများစု စားဝတ်နေရေးအတွက် ရောက်သည့်နေရာတွင် ရေတိုအဆင်ပြေရေး ရုန်းကန်နေကြရရှာ
501
သန့်ဇင် (NP News) - အောက်တိုဘာ ၃ဝ
ကာလအတန်ကြာ နေရပ်စွန့်ခွာပြီးနောက် စစ်ဘေးရှောင်ပြည်သူအများစုမှာ စားဝတ်နေရေး အတွက် ရောက်သည့်နေရာတွင် ရေတိုအဆင်ပြေရေးအတွက်သာ ရုန်းကန်နေကြရပြီး ရေရှည်စီးပွားရေးများလုပ်ကိုင်ရန် နာလန်မထူဖြစ်နေကြောင်း စစ်ဘေးရှောင်ပြည်သူများက NP News သို့ပြောသည်။
လက်နက်ကိုင်များ၏ တိုက်ပွဲဖော်ဆောင်မှုများကြောင့် ဒေသခံပြည်သူများနေရပ်စွန့်ခွာကာ အရပ်တစ်ပါးသို့ စစ်ဘေးရှောင်ကြရာတွင် အများစုမှာ ရင်းနီးကျွမ်းဝင်ရာအရပ်ဒေသတွင် နေထိုင်ရခြင်းမဟုတ်သောကြောင့် အခက်အခဲများစွာတွေ့ကြုံကြရခြင်းဖြစ်သည်။
“တချို့ကတော့ ကျပန်းလည်းလုပ်မှာပေါ့။ သူတို့မှာရွေးချယ်ခွင့်မှမရှိတာ။ တချို့လူတွေကတော့ အရောင်းအဝယ်တွေလုပ်တယ်။ ဥညူငညန ကနေပေါ့။ အဲဒီလိုမျိုးတွေတော့ရှိတယ်။ ကိုယ့်ဒေသ အစား အစာကို ပြန်ရောင်းတဲ့ လူတွေလည်းရှိတယ်။ တချို့ကျတော့လည်း ဆိုင်အသေးလေး ဖွင့်ထားတယ်။ တချို့ကတော့ ကိုယ်လုပ်တတ်တဲ့ ရှမ်းရိုးရာအစားအစာတွေ လုပ်ရောင်းတာတွေရှိတယ်။ တချို့လည်း အဆင်ပြေတဲ့လူရှိသလို မပြေတဲ့လူလည်းရှိတယ်။ ကိုယ့်အချင်းချင်းအားပေးကြပေါ့။ အဲဒီလိုမျိုးတွေ လည်း ရှိတယ်။ အဆင်မပြေတဲ့လူတွေလည်း မပြေပါဘူး” ဟု ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ဘေးရှောင် လာခဲ့သော ပြည်သူတစ်ဦးက ပြောသည်။
ဒေသအစားအစားများပြန်လည်ရောင်းချရာတွင်လည်း ဆိုင်ခန်းခဈေးမြင့်မားခြင်းနှင် ကုန်ဈေး နှုန်းမြင့်မားခြင်းကြောင့် အရင်းအနှီးများစွာကုန်ကျ သဖြင့် ရေရှည်စီးပွားရေးလုပ်ကိုင်ရာတွင် အဆင်မပြေမှုများလည်းရှိနေကြောင်း သိရသည်။
“ အခုဆိုရင် အိမ်ငှားခတွေက အိမ်ရှင်မျက်နှာကို တစ်ချိန်လုံးကြည့်နေကြရတာ။ ဒီအိမ်မှာငှား နေရင်းနဲ့ ဆက်မငှားပေးတော့ဘူးဆိုရင် ဒုက္ခရောက် ကြမှာလေ။ အိမ်ငှားရင်လည်း (၂)လစာတို့(၃)လစာ တို့ အဲဒီလိုမျိုးတွေရှိတယ်။ တတ်နိုင်တဲ့လူတွေဆိုရင် (၆)လစာချုပ် ထားတဲ့လူတွေရှိတယ်။ (၆)လပြည့် လို့ ရှိရင် စိတ်ပြန်ပူရတယ်။ ငါတို့ကို ဆက်မငှားပေးတော့ ဘူးလား။ အဲဒီလိုမျိုးတွေရှိတယ်။ တချို့က လည်း (၆) လစာငှားပြီးတော့ ဆိုင်တွေဖွင့်တယ်။ အဲဒါတွေက လည်း တတ်နိုင်တဲ့ လူတွေပေါ့။ မတတ် နိုင်တဲ့လူတွေကတော့ တစ်လစာပေါ့။ တစ်လချင်းစီတော့သိပ်မရှိပါဘူး။ အနည်းဆုံး(၃)လလောက်တော့ ချုပ်ကြရတယ်။ တချို့ကလည်း ဆိုင်ကယ်တွေ ကားတွေရှိတော့လည်း ရောင်းပြီးအရင်းအနီးပြန်လုပ် ကြတာပေါ့” ဟု ၎င်းကဆိုသည်။
စစ်ဘေးရှောင်ပြည်သူအများအပြားမှာ အိမ်ငှားခရရှိရန်ပင် ကြိုးစား ရုန်းကန်နေကြရကြောင်း အခြားစစ် ဘေးရှောင်အမျိုးသားတစ်ဦးက ဆိုသည်။
“ အလုပ်ကတော့ လုပ်နေရတယ်။ က လေးတွေအတွက် ကျောင်းစရိတ်ရှာနိုင်ဖို့အတွက် လုံးပန်း ရတာပေါ့။ အဓိကတော့ စားဝတ်နေရေး ခက်ခဲသွားတယ်။ ရှာရတာကအစ ခက်ခဲတယ်ပေါ့။ အဓိက တော့ ငွေကြေးရှာရတာခက်ခဲတယ်။ အပြိုင် အဆိုင်ဖြစ်တယ်။ နေစရာကတော့ တော်တော်လေး ခက်ခဲ တယ် ။ ဖြစ်နိုင်ရင်တော့ ငြိမ်းချမ်းရေး ပြန်ဖြစ်ဖို့ ပဲမျှော်လင့်တယ်။ ဒါမှလည်း အားလုံးက အရင်လိုပြန်တည်ဆောက်နိုင်မယ့် အနေအထားတစ်ခုလိုဖြစ်လာမယ်” ဟု ၎င်းကဆိုသည်။
စစ်ဘေးရှောင်ပြည်သူများအနက် အခြေခံ လူတန်းစားများမှာ အသက်ရှင်သန်ရပ်တည်ရေးအတွက် အရှက်ကိုပင်မငဲ့ပဲ အကူအညီတောင်းကြရ ခြင်းများရှိနေကြောင်းလည်း သိရသည်။
“ရေတိုစီးပွားရေးလေးတွေတော့ လုပ်နေကြပါပြီ။ အခြေခံလူတန်းစားကတော့ ဝန်ထမ်းပဲလုပ် နေကြတယ်။ လူလတ်တန်းစားတွေကတော့ သူတို့ ကျန်တဲ့ဟာလေးတွေနဲ့ တစ်နိုင်တစ်ပိုင် လေးတွေ တော့ လုပ်နေကြရတာတွေရှိတယ်။ ကျွန်တော်တို့အပါ အဝင်ပေါ့။ အခြေခံ လူတန်းစာတွေကတော့ အဆင်မပြေတော့ဘူးဆိုရင် အကူအညီတောင်းရတယ်။ စစ်ဘေးရှောင်စခန်းတွေကိုသွားနေတာမျိုးတို့ အခြား နေရာတွေကို အကူအညီတောင်းတာမျိုးတို့ပေါ့။ တစ်နိုင်တစ်ပိုင်လေးတွေတော့ သွားနေကြပါတယ်။ အဆင်ပြေလားဆိုတော့ အဆင်မပြေပါဘူး”ဟု ၎င်းက ပြောသည်။
လူမှုကွန်ရက်စာမျက်နှာများတွင်လည်း စစ်ဘေးရှောင်များ၏ အခက်အခဲများကိုစာနာသည့် ဒေသခံများက ၎င်းတို့၏လုပ်ငန်းများတွင် ခေါ်ယူ အလုပ်ပေးခြင်း၊ စစ်ဘေးရှောင်ပြည်သူအချင်းချင်း အလုပ်အကိုင်အခွင့်အလမ်းများ ပြန်လည်ပြောကြား ခြင်း၊ ငှားရမ်းခလျှော့ယူခြင်းစသဖြင့် ပြည်သူအချင်းချင်းအကြား ဖေးမကူညီမှုများလည်း တွေ့နေရသည်။
zawgyi version
စစ္ေဘးေရွာင္ ျပည္သူအမ်ားစု စားဝတ္ေနေရးအတြက္ ေရာက္သည့္ေနရာတြင္ ေရတိုအဆင္ေျပေရး ႐ုန္းကန္ေနၾကရရွာ
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၃ဝ
ကာလအတန္ၾကာ ေနရပ္စြန႔္ခြာၿပီးေနာက္ စစ္ေဘးေရွာင္ျပည္သူအမ်ားစုမွာ စားဝတ္ေနေရး အတြက္ ေရာက္သည့္ေနရာတြင္ ေရတိုအဆင္ေျပေရးအတြက္သာ ႐ုန္းကန္ေနၾကရၿပီး ေရရွည္စီးပြားေရးမ်ားလုပ္ကိုင္ရန္ နာလန္မထူျဖစ္ေနေၾကာင္း စစ္ေဘးေရွာင္ျပည္သူမ်ားက NP News သို႔ေျပာသည္။
လက္နက္ကိုင္မ်ား၏ တိုက္ပြဲေဖာ္ေဆာင္မႈမ်ားေၾကာင့္ ေဒသခံျပည္သူမ်ားေနရပ္စြန႔္ခြာကာ အရပ္တစ္ပါးသို႔ စစ္ေဘးေရွာင္ၾကရာတြင္ အမ်ားစုမွာ ရင္းနီးကြၽမ္းဝင္ရာအရပ္ေဒသတြင္ ေနထိုင္ရျခင္းမဟုတ္ေသာေၾကာင့္ အခက္အခဲမ်ားစြာေတြ႕ႀကဳံၾကရျခင္းျဖစ္သည္။
“တခ်ိဳ႕ကေတာ့ က်ပန္းလည္းလုပ္မွာေပါ့။ သူတို႔မွာေ႐ြးခ်ယ္ခြင့္မွမရွိတာ။ တခ်ိဳ႕လူေတြကေတာ့ အေရာင္းအဝယ္ေတြလုပ္တယ္။ ဥညဴငညန ကေနေပါ့။ အဲဒီလိုမ်ိဳးေတြေတာ့ရွိတယ္။ ကိုယ့္ေဒသ အစား အစာကို ျပန္ေရာင္းတဲ့ လူေတြလည္းရွိတယ္။ တခ်ိဳ႕က်ေတာ့လည္း ဆိုင္အေသးေလး ဖြင့္ထားတယ္။ တခ်ိဳ႕ကေတာ့ ကိုယ္လုပ္တတ္တဲ့ ရွမ္း႐ိုးရာအစားအစာေတြ လုပ္ေရာင္းတာေတြရွိတယ္။ တခ်ိဳ႕လည္း အဆင္ေျပတဲ့လူရွိသလို မေျပတဲ့လူလည္းရွိတယ္။ ကိုယ့္အခ်င္းခ်င္းအားေပးၾကေပါ့။ အဲဒီလိုမ်ိဳးေတြ လည္း ရွိတယ္။ အဆင္မေျပတဲ့လူေတြလည္း မေျပပါဘူး” ဟု ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ စစ္ေဘးေရွာင္ လာခဲ့ေသာ ျပည္သူတစ္ဦးက ေျပာသည္။
ေဒသအစားအစားမ်ားျပန္လည္ေရာင္းခ်ရာတြင္လည္း ဆိုင္ခန္းခေဈးျမင့္မားျခင္းႏွင္ ကုန္ေဈး ႏႈန္းျမင့္မားျခင္းေၾကာင့္ အရင္းအႏွီးမ်ားစြာကုန္က် သျဖင့္ ေရရွည္စီးပြားေရးလုပ္ကိုင္ရာတြင္ အဆင္မေျပမႈမ်ားလည္းရွိေနေၾကာင္း သိရသည္။
“ အခုဆိုရင္ အိမ္ငွားခေတြက အိမ္ရွင္မ်က္ႏွာကို တစ္ခ်ိန္လုံးၾကည့္ေနၾကရတာ။ ဒီအိမ္မွာငွား ေနရင္းနဲ႔ ဆက္မငွားေပးေတာ့ဘူးဆိုရင္ ဒုကၡေရာက္ ၾကမွာေလ။ အိမ္ငွားရင္လည္း (၂)လစာတို႔(၃)လစာ တို႔ အဲဒီလိုမ်ိဳးေတြရွိတယ္။ တတ္ႏိုင္တဲ့လူေတြဆိုရင္ (၆)လစာခ်ဳပ္ ထားတဲ့လူေတြရွိတယ္။ (၆)လျပည့္ လို႔ ရွိရင္ စိတ္ျပန္ပူရတယ္။ ငါတို႔ကို ဆက္မငွားေပးေတာ့ ဘူးလား။ အဲဒီလိုမ်ိဳးေတြရွိတယ္။ တခ်ိဳ႕က လည္း (၆) လစာငွားၿပီးေတာ့ ဆိုင္ေတြဖြင့္တယ္။ အဲဒါေတြက လည္း တတ္ႏိုင္တဲ့ လူေတြေပါ့။ မတတ္ ႏိုင္တဲ့လူေတြကေတာ့ တစ္လစာေပါ့။ တစ္လခ်င္းစီေတာ့သိပ္မရွိပါဘူး။ အနည္းဆုံး(၃)လေလာက္ေတာ့ ခ်ဳပ္ၾကရတယ္။ တခ်ိဳ႕ကလည္း ဆိုင္ကယ္ေတြ ကားေတြရွိေတာ့လည္း ေရာင္းၿပီးအရင္းအနီးျပန္လုပ္ ၾကတာေပါ့” ဟု ၎ကဆိုသည္။
စစ္ေဘးေရွာင္ျပည္သူအမ်ားအျပားမွာ အိမ္ငွားခရရွိရန္ပင္ ႀကိဳးစား ႐ုန္းကန္ေနၾကရေၾကာင္း အျခားစစ္ ေဘးေရွာင္အမ်ိဳးသားတစ္ဦးက ဆိုသည္။
“ အလုပ္ကေတာ့ လုပ္ေနရတယ္။ က ေလးေတြအတြက္ ေက်ာင္းစရိတ္ရွာႏိုင္ဖို႔အတြက္ လုံးပန္း ရတာေပါ့။ အဓိကေတာ့ စားဝတ္ေနေရး ခက္ခဲသြားတယ္။ ရွာရတာကအစ ခက္ခဲတယ္ေပါ့။ အဓိက ေတာ့ ေငြေၾကးရွာရတာခက္ခဲတယ္။ အၿပိဳင္ အဆိုင္ျဖစ္တယ္။ ေနစရာကေတာ့ ေတာ္ေတာ္ေလး ခက္ခဲ တယ္ ။ ျဖစ္ႏိုင္ရင္ေတာ့ ၿငိမ္းခ်မ္းေရး ျပန္ျဖစ္ဖို႔ ပဲေမွ်ာ္လင့္တယ္။ ဒါမွလည္း အားလုံးက အရင္လိုျပန္တည္ေဆာက္ႏိုင္မယ့္ အေနအထားတစ္ခုလိုျဖစ္လာမယ္” ဟု ၎ကဆိုသည္။
စစ္ေဘးေရွာင္ျပည္သူမ်ားအနက္ အေျခခံ လူတန္းစားမ်ားမွာ အသက္ရွင္သန္ရပ္တည္ေရးအတြက္ အရွက္ကိုပင္မငဲ့ပဲ အကူအညီေတာင္းၾကရ ျခင္းမ်ားရွိေနေၾကာင္းလည္း သိရသည္။
“ေရတိုစီးပြားေရးေလးေတြေတာ့ လုပ္ေနၾကပါၿပီ။ အေျခခံလူတန္းစားကေတာ့ ဝန္ထမ္းပဲလုပ္ ေနၾကတယ္။ လူလတ္တန္းစားေတြကေတာ့ သူတို႔ က်န္တဲ့ဟာေလးေတြနဲ႔ တစ္ႏိုင္တစ္ပိုင္ ေလးေတြ ေတာ့ လုပ္ေနၾကရတာေတြရွိတယ္။ ကြၽန္ေတာ္တို႔အပါ အဝင္ေပါ့။ အေျခခံ လူတန္းစာေတြကေတာ့ အဆင္မေျပေတာ့ဘူးဆိုရင္ အကူအညီေတာင္းရတယ္။ စစ္ေဘးေရွာင္စခန္းေတြကိုသြားေနတာမ်ိဳးတို႔ အျခား ေနရာေတြကို အကူအညီေတာင္းတာမ်ိဳးတို႔ေပါ့။ တစ္ႏိုင္တစ္ပိုင္ေလးေတြေတာ့ သြားေနၾကပါတယ္။ အဆင္ေျပလားဆိုေတာ့ အဆင္မေျပပါဘူး”ဟု ၎က ေျပာသည္။
လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္လည္း စစ္ေဘးေရွာင္မ်ား၏ အခက္အခဲမ်ားကိုစာနာသည့္ ေဒသခံမ်ားက ၎တို႔၏လုပ္ငန္းမ်ားတြင္ ေခၚယူ အလုပ္ေပးျခင္း၊ စစ္ေဘးေရွာင္ျပည္သူအခ်င္းခ်င္း အလုပ္အကိုင္အခြင့္အလမ္းမ်ား ျပန္လည္ေျပာၾကား ျခင္း၊ ငွားရမ္းခေလွ်ာ့ယူျခင္းစသျဖင့္ ျပည္သူအခ်င္းခ်င္းအၾကား ေဖးမကူညီမႈမ်ားလည္း ေတြ႕ေနရသည္။