မန္တလေးမြို့ရိုး၏အစိတ်အပိုင်းအချို့ကို ထိန်းသိမ်းရန် ကန့်သတ်တင်ဒါခေါ်ယူနေ

141

စော(NP News)-အောက်တိုဘာ ၁၆
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ အနောက်ဘက်နှင့်မြောက်ဘက်မြို့ရိုးကိုထိန်းသိမ်းရန်အတွက် (၂၀၂၆) ဘဏ္ဍာရေးနှစ်၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှု ခွဲမှုရန်ပုံငွေဖြင့် ကန့်သတ်တင်ဒါခေါ်ယူနေကြောင်း သိရသည်။
အဆိုပါခေါ်ယူသည့်လုပ်ငန်းတင်ဒါများမှာ အနောက်ဘက်မြို့ရိုး (ပြ(၁၇)မှ ကြေးမုံတံခါးကြား)ထိန်းသိမ်းခြင်း၊အနောက်ဘက်မြို့ရိုး(ကြေးမုံတံခါးမှ ထောင့်(၄)အထိ၊ ကြေးမုံမပါ) ထိန်းသိမ်းခြင်း၊ မြောက်ဘက်မြို့ရိုး(ထောင့်(၄)မှပြ(၂၅)အထိ၊ထောင့်(၄)မပါ) ထိန်းသိမ်းခြင်း၊ မြောက်ဘက်မြို့ရိုး (ပြ (၂၅)နှင့် စည်သာတံခါးကြား)ထိန်းသိမ်းခြင်းနှင့် မြောက်ဘက်မြို့ရိုး(စည်သာတံခါးမှပြ(၂၇)အထိ၊ စည်သာမပါ) ထိန်းသိမ်းခြင်းတို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြောက်ဘက်မြို့ရိုး (ပြ(၂၇)နှင့် လေးသိန်းတံခါးကြား)ထိန်းသိမ်းခြင်း၊ မြောက်ဘက်မြို့ရိုး (လေးသိန်းတံခါးမှ ပြ(၂၉)ကြား)ထိန်းသိမ်းခြင်း၊ မြောက်ဘက်မြို့ရိုး (ပြ(၂၉)မှ မန်းဦးတံခါးကြား)ထိန်းသိမ်းခြင်း၊ မြောက်ဘက်မြို့ရိုး (မန်းဦးတံခါးမှ ပြ(၃၁)ကြား)ထိန်းသိမ်းခြင်း၊ မြောက်ဘက်မြို့ရိုး (ပြ(၃၁)မှ ထောင့်(၁)ကြား)ထိန်းသိမ်းခြင်းနှင့် တောင်ဘက်+အနောက်ဘက်+မြောက်ဘက်ရှိ မီးတား(၉)ခု ထိန်းသိမ်းခြင်းတို့ပါဝင်ကြောင်း သိရသည်။
အဆိုပါတင်ဒါများကို အောက်တိုဘာ ၁၆ရက်နေ့မှ ၂၉ရက်နေ့၊ ညနေ (၄)နာရီအထိ မန္တလေးမြို့ ၊ချမ်းအေး သာစံမြို့နယ်၊ လမ်း ၇၀ ထောင့်၊ ၂၈လမ်း၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာန၊ (မန္တလေးဌာနခွဲ)တွင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် တင်ဒါပုံစံနှင့်စာရွက်စာတမ်းများကို ရှေးဟောင်းအဆောက်အအုံ ထိန်းသိမ်းမှု လုပ်ငန်းကိုစိတ်ပါဝင်စားသူများမှ အထက်ပါလိပ်စာတွင် သတ်မှတ်နှုန်းထားအတိုင်း လာရောက်ဝယ်ယူနိုင်ကြောင်း သိရသည်။

Zawgyi Version:
မႏၲေလးၿမိဳ႕႐ိုး၏အစိတ္အပိုင္းအခ်ိဳ႕ကို ထိန္းသိမ္းရန္ ကန႔္သတ္တင္ဒါေခၚယူေန
ေစာ(NP News)-ေအာက္တိုဘာ ၁၆
သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန (မႏၲေလးဌာနခြဲ)မွ အေနာက္ဘက္ႏွင့္ေျမာက္ဘက္ၿမိဳ႕႐ိုးကိုထိန္းသိမ္းရန္အတြက္ (၂၀၂၆) ဘ႑ာေရးႏွစ္၊ အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံ ခန႔္ခြဲမႈ ခြဲမႈရန္ပုံေငြျဖင့္ ကန႔္သတ္တင္ဒါေခၚယူေနေၾကာင္း သိရသည္။
အဆိုပါေခၚယူသည့္လုပ္ငန္းတင္ဒါမ်ားမွာ အေနာက္ဘက္ၿမိဳ႕႐ိုး (ျပ(၁၇)မွ ေၾကးမုံတံခါးၾကား)ထိန္းသိမ္းျခင္း၊အေနာက္ဘက္ၿမိဳ႕႐ိုး(ေၾကးမုံတံခါးမွ ေထာင့္(၄)အထိ၊ ေၾကးမုံမပါ) ထိန္းသိမ္းျခင္း၊ ေျမာက္ဘက္ၿမိဳ႕႐ိုး(ေထာင့္(၄)မွျပ(၂၅)အထိ၊ေထာင့္(၄)မပါ) ထိန္းသိမ္းျခင္း၊ ေျမာက္ဘက္ၿမိဳ႕႐ိုး (ျပ (၂၅)ႏွင့္ စည္သာတံခါးၾကား)ထိန္းသိမ္းျခင္းႏွင့္ ေျမာက္ဘက္ၿမိဳ႕႐ိုး(စည္သာတံခါးမွျပ(၂၇)အထိ၊ စည္သာမပါ) ထိန္းသိမ္းျခင္းတို႔ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ေျမာက္ဘက္ၿမိဳ႕႐ိုး (ျပ(၂၇)ႏွင့္ ေလးသိန္းတံခါးၾကား)ထိန္းသိမ္းျခင္း၊ ေျမာက္ဘက္ၿမိဳ႕႐ိုး (ေလးသိန္းတံခါးမွ ျပ(၂၉)ၾကား)ထိန္းသိမ္းျခင္း၊ ေျမာက္ဘက္ၿမိဳ႕႐ိုး (ျပ(၂၉)မွ မန္းဦးတံခါးၾကား)ထိန္းသိမ္းျခင္း၊ ေျမာက္ဘက္ၿမိဳ႕႐ိုး (မန္းဦးတံခါးမွ ျပ(၃၁)ၾကား)ထိန္းသိမ္းျခင္း၊ ေျမာက္ဘက္ၿမိဳ႕႐ိုး (ျပ(၃၁)မွ ေထာင့္(၁)ၾကား)ထိန္းသိမ္းျခင္းႏွင့္ ေတာင္ဘက္+အေနာက္ဘက္+ေျမာက္ဘက္ရွိ မီးတား(၉)ခု ထိန္းသိမ္းျခင္းတို႔ပါဝင္ေၾကာင္း သိရသည္။
အဆိုပါတင္ဒါမ်ားကို ေအာက္တိုဘာ ၁၆ရက္ေန႔မွ ၂၉ရက္ေန႔၊ ညေန (၄)နာရီအထိ မႏၲေလးၿမိဳ႕ ၊ခ်မ္းေအး သာစံၿမိဳ႕နယ္၊ လမ္း ၇၀ ေထာင့္၊ ၂၈လမ္း၊ ေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသား ျပတိုက္ဦးစီးဌာန၊ (မႏၲေလးဌာနခြဲ)တြင္ ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ တင္ဒါပုံစံႏွင့္စာ႐ြက္စာတမ္းမ်ားကို ေရွးေဟာင္းအေဆာက္အအုံ ထိန္းသိမ္းမႈ လုပ္ငန္းကိုစိတ္ပါဝင္စားသူမ်ားမွ အထက္ပါလိပ္စာတြင္ သတ္မွတ္ႏႈန္းထားအတိုင္း လာေရာက္ဝယ္ယူႏိုင္ေၾကာင္း သိရသည္။