စစ်ကိုင်းတွင် အိမ်ခြံမြေဈေးနှုန်းများထက်ဝက်ခန့်ဈေးကျနေ

424

ပြည့်ဖြိုး(NP News) အောက်တိုဘာ ၁၇
စစ်ကိုင်းမြို့၏လက်ရှိအိမ်ခြံမြေဈေးနှုန်းသည်၊ ၂ နှစ်အတွင်း အကျဘက်ရောက်သွားပြီး၊ လတ်တလော ပေါက်ဈေးအရ ဝယ်လက်များအတွက်ဈေးအတန်ဆုံးအနေအထားသို့ရောက်ရှိနေကြောင်း ဒေသခံများထံကသိရသည်။
၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကစ၍ အကျဘက်ရောက်သွားခြင်းဖြစ်ပြီး၊ ၂ နှစ်အတွင်း ထက်၀က်နီးပါးဈေးကျသွားသည့် မြေကွက်များပင်ရှိကြောင်း ၎င်းတို့ကဆိုသည်။
“စစ်ကိုင်းကအိမ်တွေဝိုင်းတွေဝယ်ချင်ရင် ဒီအချိန်လာဝယ်၊ ဈေးအတန်ဆုံးပဲ၊ မြို့ထဲစိတ်ချရတဲ့ ရပ်ကွက်တွေမှာတောင် သိန်းငါးရာဝန်းကျင်လောက်နဲ့ဝယ်လို့ရတယ်၊ ပေအကျယ်လည်းများများရတယ်၊ မင်းကွန်းဘက်က အိမ်ဝိုင်းတွေဆိုရင် မနှစ်ကထက်ကိုတစ်ဝက်လောက်ဈေးကျသွားတာ” ဟု စစ်ကိုင်းဒေသခံအိမ်ခြံမြေအကျိုးဆောင်တစ်ဦးကပြောသည်။
ယခင်နှစ်ကအထိ၊ ကျပ်သိန်းတစ်ထောင်ကျော်တန်ကြေးရှိသည့် အလျား ပေ ၂၀ အနံ ပေ ၆၀ ပေါ်ရှိ တစ်ထပ်တိုက်ခံအိမ်အပါအိမ်ခြံမြေဈေးနှုန်းသည်၊ လက်ရှိတွင် ကျပ်သိန်းငါးရာကျော်ဖြင့်သာအရောင်းအဝယ်ဖြစ်ကြောင်း၊ အထူးသဖြင့်၊ တိုက်ပွဲများနှင့်နီးကပ်သည့်ဒေသများတွင် ဈေးထက်ဝက်မကကျဆင်းနေကြောင်း သိရ သည်။
၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲအပြီးနောက်ပိုင်း၊ မန္တလေးမြို့တစ်ဘက်ကမ်းရှိစစ်ကိုင်းမြို့တွင်၊ ဒေသတွင်းတိုက်ပွဲများကြောင့် နယ်မြေမတည်ငြိမ်မှုဖြစ်နေပြီး၊ ခရီးသွားဝင်ရောက်မှုထက်ဝက်မက လျော့ကျသွားကြောင်း ခရီးသွားသတင်းများအရသိရသည်။
လက်ရှိတွင်လည်း၊ မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့သည့် ငလျင်ကြီးဒဏ်ကြောင့်၊ မြို့ပေါ်နေရာအနှံ့အပြားက တိုက်တာနေအိမ်အဆောက်အဦ ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးမှုတို့ဖြစ်ထားသည်။

Zawgyi Version:
စစ္ကိုင္းတြင္ အိမ္ၿခံေျမေဈးႏႈန္းမ်ားထက္ဝက္ခန႔္ေဈးက်ေန
ျပည့္ၿဖိဳး(NP News) ေအာက္တိုဘာ ၁၇
စစ္ကိုင္းၿမိဳ႕၏လက္ရွိအိမ္ၿခံေျမေဈးႏႈန္းသည္၊ ၂ ႏွစ္အတြင္း အက်ဘက္ေရာက္သြားၿပီး၊ လတ္တေလာ ေပါက္ေဈးအရ ဝယ္လက္မ်ားအတြက္ေဈးအတန္ဆုံးအေနအထားသို႔ေရာက္ရွိေနေၾကာင္း ေဒသခံမ်ားထံကသိရသည္။
၂၀၂၃ ခုႏွစ္ ႏွစ္ကုန္ပိုင္းကစ၍ အက်ဘက္ေရာက္သြားျခင္းျဖစ္ၿပီး၊ ၂ ႏွစ္အတြင္း ထက္၀က္နီးပါးေဈးက်သြားသည့္ ေျမကြက္မ်ားပင္ရွိေၾကာင္း ၎တို႔ကဆိုသည္။
“စစ္ကိုင္းကအိမ္ေတြဝိုင္းေတြဝယ္ခ်င္ရင္ ဒီအခ်ိန္လာဝယ္၊ ေဈးအတန္ဆုံးပဲ၊ ၿမိဳ႕ထဲစိတ္ခ်ရတဲ့ ရပ္ကြက္ေတြမွာေတာင္ သိန္းငါးရာဝန္းက်င္ေလာက္နဲ႔ဝယ္လို႔ရတယ္၊ ေပအက်ယ္လည္းမ်ားမ်ားရတယ္၊ မင္းကြန္းဘက္က အိမ္ဝိုင္းေတြဆိုရင္ မႏွစ္ကထက္ကိုတစ္ဝက္ေလာက္ေဈးက်သြားတာ” ဟု စစ္ကိုင္းေဒသခံအိမ္ၿခံေျမအက်ိဳးေဆာင္တစ္ဦးကေျပာသည္။
ယခင္ႏွစ္ကအထိ၊ က်ပ္သိန္းတစ္ေထာင္ေက်ာ္တန္ေၾကးရွိသည့္ အလ်ား ေပ ၂၀ အနံ ေပ ၆၀ ေပၚရွိ တစ္ထပ္တိုက္ခံအိမ္အပါအိမ္ၿခံေျမေဈးႏႈန္းသည္၊ လက္ရွိတြင္ က်ပ္သိန္းငါးရာေက်ာ္ျဖင့္သာအေရာင္းအဝယ္ျဖစ္ေၾကာင္း၊ အထူးသျဖင့္၊ တိုက္ပြဲမ်ားႏွင့္နီးကပ္သည့္ေဒသမ်ားတြင္ ေဈးထက္ဝက္မကက်ဆင္းေနေၾကာင္း သိရ သည္။
၂၀၂၁ ခုႏွစ္ ႏိုင္ငံေရးအေျပာင္းအလဲအၿပီးေနာက္ပိုင္း၊ မႏၲေလးၿမိဳ႕တစ္ဘက္ကမ္းရွိစစ္ကိုင္းၿမိဳ႕တြင္၊ ေဒသတြင္းတိုက္ပြဲမ်ားေၾကာင့္ နယ္ေျမမတည္ၿငိမ္မႈျဖစ္ေနၿပီး၊ ခရီးသြားဝင္ေရာက္မႈထက္ဝက္မက ေလ်ာ့က်သြားေၾကာင္း ခရီးသြားသတင္းမ်ားအရသိရသည္။
လက္ရွိတြင္လည္း၊ မတ္လ ၂၈ ရက္ေန႔ကလႈပ္ခတ္ခဲ့သည့္ ငလ်င္ႀကီးဒဏ္ေၾကာင့္၊ ၿမိဳ႕ေပၚေနရာအႏွံ႔အျပားက တိုက္တာေနအိမ္အေဆာက္အဦ ဆိုးဆိုး႐ြား႐ြားထိခိုက္ပ်က္စီးမႈတို႔ျဖစ္ထားသည္။