တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်

 218

ပြည့်ဖြိုး (NP News) - ‌အောက်တိုဘာ ၁၄

ပွင့်လင်းရာသီသို့ ကူပြောင်းရောက်ရှိလာပြီဖြစ်ရာ ဈေးကွက်အတွင်း ကုန်စည်များရောင်း ဝယ်ဖောက်ကားမှု ပြန်လည်မြင့်တက်လာမည်ဖြစ်သည်။ ပြည်တွင်း၌ ဒေသထွက်ကုန်များ အရောင်း အဝယ်ကောင်း နေသည့်အပြင် ဈေးကွက်လိုအပ်ချက်အရ ကုန်ဈေးနှုန်းများမှာမြင့်တက်နေဆဲဖြစ်သည်။
ပြည်တွင်းရွှေဈေးကွက်သည် ကမ္ဘာ့ရွှေဈေးကွက်အတိုင်း လိုက်ပါမြင့်တက်နေသော်လည်း အမေ ရိကန်ဒေါ်လာဈေးကျဆင်းပြီး မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်လာကြောင်းတွေ့မြင်ရသည်။ ပြည်တွင်း အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် သိန်း (၈၀)ကျပ် ဝန်းကျင်ပေါက်ဈေးဖြင့် ယခုတစ်ပတ်အတွင်း အပြောင်းအလဲမရှိခဲ့သော်လည်း အမေရိကန်ဒေါ်လာ ဈေးမှာ တစ်ဒေါ်လာလျှင် (၄၀ဝဝ) ကျပ်ဝန်းကျင် သို့ ကျဆင်းလာခြင်းဖြစ်သည်။ မြန်မာကျပ်ငွေတန်ဖိုးမြင့် တက်နေသည့်အခြေအနေသို့ ရောက်ရှိနေပြီး ထိုင်း ဘတ်ငွေနှင့် တရုတ်ယွမ်ငွေများနှင့်လဲလှယ်သော နှုန်းထားများလည်းအပြောင်းအလဲ ဖြစ်ပေါ်နေ သည်။
ပြည်တွင်းပြည်ပကုန်သွယ်ရေးလုပ်ငန်းများတွင် ပို့ကုန်မြှင့်တင်ရန်ကြိုးပမ်းလျက်ရှိရာ ပြည်တွင်း ငွေလဲ ဈေးကွက်အတွင်း၌ အမေရိကန်ဒေါ်လာ၏တန်ဖိုးများ ကျဆင်းလာခြင်းဖြစ်သည်။ ပြည်တွင်း ရွှေ ဈေးကွက်အတွင်း၌မူ ပွင့်လင်းရာသီရောက်ရှိလာသဖြင့် ရွှေတူးဖော်ရေးလုပ်ငန်းများ ပြန်လည်စတင်လာ နိုင်မည်ဖြစ်ပြီး ပြည်တွင်းရွှေဈေးကွက်အတွင်း ရွှေအသစ်များ ဝင်ရောက်မှုရှိလာနိုင်သည်။ သို့သော်လည်း ရွှေဈေးနှုန်းမှာ ကမ္ဘာ့ရွှေဈေးနှုန်းအပေါ်မှုတည်ကာ ဈေးနှုန်းများဆက်လက်မြင့်တက်နိုင်သည်။
ယခုတစ်ပတ်အတွင်း ထူးခြားချက်အနေဖြင့် သီတင်းကျွတ်ကာလပိတ်ရက်များတွင် ပြည်တွင်း ခရီးသွားလာမှုများ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်အပါအဝင်မြို့ကြီးများရှိ မိသားစုများသည် အထက် မြန်မာပြည်ဘုရားဖူးခရီးစဉ်များ၊ ငွေဆောင်၊ ချောင်းသာ အစရှိသော ပင်လယ်ကမ်းခြေခရီးစဉ်များ သွား ရောက် လည်ပတ်ကြခြင်းကြောင့် ကားလမ်းများပိတ်သည်အထိများပြားခဲ့ကြောင်းသိရသည်။
နှစ်စဉ် သီတင်းကျွတ်ရုံးပိတ်ရက်တိုင်းမှာ ခရီးသွားသူများလေ့ရှိပြီး ကားလမ်းပိတ်ဆို့မှုတွေ လည်းရှိခဲ့ပြီး ဟိုတယ်အခန်း ငှားရမ်းခနှုန်းထားတွေကလည်း ပုံမှန်အချိန်ထက် ဈေးမြင့်တက်လေ့ရှိ ကြောင်းသိရသည်။ သီတင်းကျွတ်ကာလ ခရီးသွားရာသီအတွင်း စက်သုံးဆီအရောင်းဆိုင်များ၌ လုံ လောက်စွာသုံးစွဲနိုင် ရေး ကြိုတင်စီမံထားကြောင်း စက်သုံးဆီဆိုင်များမှ စုံစမ်းသိရှိရသည်။ ပြည်ပမှ စက်သုံးဆီများ ကြိုတင်စီမံတင်သွင်းထားမှုကြောင့် သီတင်းကျွတ်ပွဲတော် ခရီးသွားရာသီအတွင်း အဓိက လမ်းမကြီးများနှင့် အဓိကမြို့ကြီးများတွင်ရှိသည့်အရောင်းဆိုင်များ၌ ကြိုတင်ဖြည့်တင်းခြင်းများ စီမံ ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်းသိရသည်။
ယခုတစ်ပတ်အတွင်း ထူးခြားချက်အနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စီးပွားရေးဈေးကွက် အတွင်း ပိုလျှံငွေများနုတ်သိမ်းရန် ညွှန်ကြားချက်တစ် ရပ်ထွက်ပေါ်ခဲ့ရာ ငွေကြေးဖောင်းပွမှုနှင့် ငွေကြေး လည်ပတ်စီးဆင်းမှုအတွက် မူဝါဒချမှတ်ခြင်းဖြစ်ကြောင်းသိရသည်။

(ကမ္ဘာ့ရွှေဈေးကွက်အပြောင်းအလဲနှင့်
ပြည်တွင်းငွေလဲနှုန်းများ)
ကမ္ဘာ့ရွှေဈေးကွက်အတွင်း၌ ရွှေဈေးသည် ကျရိပ်မရှိဘဲ ဆက်လက်မြင့်တက်လာပြီး သမိုင်းတစ် လျှောက် အမြင့်ဆုံးဈေးနှုန်းများဖြင့် ဈေးကွက်ဖွင့်နေ ဆဲဖြစ်သည်။ ယခင်တစ်ပတ်က ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၃၈၃၀)ဝန်း ကျင်ရှိခဲ့သော်လည်း ယခုတစ်ပတ်တွင် (၃၉၂၅) ဒေါ် လာအထိ ဈေးများမြင့်တက်နေခြင်းဖြစ်သည်။ ကမ္ဘာ့ ရွှေဈေးသမိုင်းတစ်လျှောက် အမြင့်မားဆုံးဈေးများ
ဖြစ်သောကြောင့် လာမည့်ရက်ပိုင်းအတွင်း၌လည်း ဆက်လက်မြင့်တက်နိုင်ကြောင်း ခန့်မှန်းချက်များ ထွက်ပေါ်နေသည်။
ကမ္ဘာ့ရွှေဈေးသည် ‌ရွှေတစ်အောင်စလျှင် ‌ဒေါ်လာ လေးထောင်ခန့်အထိ ဆက်လက်မြင့်တက်နိုင် ကြောင်း ကျွမ်းကျင်သူများကသုံးသပ်ထားကြသည်။ ကမ္ဘာ့ရွှေဈေးမြင့်တက်ခြင်းကြောင့် ပြည်တွင်း ရွှေ ဈေးသည်လည်း တစ်ကျပ်သားလျှင် ကျပ်သိန်း (၈၀) ကျော်ပေါက်ဈေးများဖြင့် လိုက်ပါမြင့်တက်နေ သည်။ သို့သော်လည်း ပြည်တွင်း ငွေလဲဈေးကွက်အတွင်း၌ အမေရိကန်ဒေါ်လာဈေးများ သိသိသာသာ ကျဆင်းနေရာ ပြည်တွင်းရွှေဈေးမှာ သိန်း (၈၀)ဝန်းကျင်ဖြင့် တန့်နေကြောင်းသိရသည်။
အမေရိကန်ဒေါ်လာဈေးမှာ ပြင်ပပေါက်ဈေးများ အရ တစ်ဒေါ်လာလျှင် (၄၀၇၀)ကျပ်ဝန်းကျင်သို့ ရောက်ရှိနေရာ ယခုနှစ်အတွင်း အနိမ့်ဆုံးဈေးတန်း အဖြစ်ရောက်ရှိနေကြောင်းသိရသည်။ အမေရိကန် ဒေါ်လာဈေး ပြန်လည်မြင့်တက်ပါက ပြည်တွင်း ရွှေဈေးသည်လည်း လိုက်ပါမြင့်တက်နိုင်ကြောင်းသိရ သည်။ ကမ္ဘာ့ရွှေဈေးမတည်ငြိမ်မှုသည် လာမည့်ရက် ပိုင်းအတွင်း ဆက်လက်ဖြစ်ပေါ်နေနိုင်သောကြောင့် လက်ရှိအချိန်တွင်‌ ရွှေအရောင်း/အဝယ် ပြုလုပ်သူများအနေဖြင့် ရောင်းမှားဝယ်မှားမဖြစ်စေရန် သတိ ထားသင့်ကြောင်း ဝါရင့်ရွှေလုပ်ငန်းရှင်များကပြောကြားသည်။ ငွေလဲဈေးကွက်အတွင်းတွင်မူ အမေရိ ကန်ဒေါ်လာဈေးများကျဆင်းသည့်အပြင်၊ ထိုင်းဘတ် ငွေနှင့် တရုတ်ယွမ်ငွေဈေးများလည်း ကျဆင်းနေ ကြောင်းသိရသည်။
မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်လာခြင်းဖြစ်သော်လည်း ဗဟိုဘဏ်ရည်ညွှန်းဈေးနှင့် ပြင်ပပေါက် ဈေးများမှာ ကွာခြားချက်ရှိနေဆဲဖြစ်သည်။ ဗဟိုဘဏ် ရည်ညွှန်းဈေးမှာ အမေရိကန်တစ်ဒေါ်လာလျှင် (၃၆၃၃) ကျပ်၊ တရုတ်ယွမ်ငွေမှာ (၅၅၆)ကျပ်၊ ထိုင်း ဘတ်ငွေမှာ (၁၂၉)ကျပ်နှင့် အန္ဒိယရူပီးမှာ(၄၃)ကျပ် ပေါက်ဈေးအသီးသီးရှိနေသည်။ ပြင်ပငွေလဲဈေးကွက်အတွင်း၌မူ အမေရိကန်တစ်ဒေါ်လာလျှင် (၄၀၇၀) ကျပ်၊ တရုတ်တစ်ယွမ်လျှင် (၅၇၂)ကျပ်၊ ထိုင်းတစ်ဘတ်လျှင်(၁၂၅)ကျပ်၊ အန္ဒိယတစ်ရူပီး လျှင်(၄၅) ကျပ် ပေါက်ဈေး အသီးသီးရှိကြောင်းသိရသည်။ ငွေလဲဈေးကွက်တည်ငြိမ်နေခြင်းကြောင့် ပြည်တွင်းသို့ အဓိက တင်သွင်းနေသော စက်သုံးဆီနှင့် စား အုန်းဆီဈေးများ တည်ငြိမ်လျက်ရှိကြောင်းသိရသည်။
နိုင်ငံတော်မှပို့ကုန်အသားပေးမူဝါဒများ ချမှတ်ဆောင်ရွက်နေသည့်အပြင် သွင်းကုန် တင်သွင်းမှု များ ကျဆင်းနေခြင်းကြောင့် ပြည်တွင်းငွေလဲဈေးကွက်အတွင်း ငွေတန်ဖိုးများပြောင်းလဲနေခြင်းဖြစ် သည်။ ထို့ပြင်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများတွင်ကုန်သွယ်မှုပမာဏကျဆင်းနေခြင်းသည်လည်း ဈေးကွက်အတွင်း နိုင်ငံခြားငွေလိုအပ်ချက်နည်းပါးနေ ခြင်းဖြစ်သည်။

(ဗဟိုဘဏ်၏ ပိုလျှံငွေကြေးများ နုတ်သိမ်းရန်ကြေညာချက်)
စီးပွားရေးစနစ်အတွင်းတွင် ငွေကြေးလည်ပတ်မှု အားကောင်းလာ၍ (၂၀၂၄)ခုနှစ် စက်တင်ဘာ လတွင် အတိုးနှုန်းတိုးမြှင့်ပေးခဲ့ပြီး၊ Digital သုံးစွဲမှု ပိုမိုမြင့်တက်လာသဖြင့် ဘဏ်လုပ်ငန်းစနစ်အတွင်း အပ်နှံငွေ များတိုးမြင့်လာခြင်းကြောင့် ဘဏ်များမှဗဟိုဘဏ်ရှိ သီးသန့်ငွေအပ်နှံမှုများလည်း တိုးမြင့်လာ ခဲ့ကြောင်းသိ ရသည်။ ငွေကြေးပမာဏများမှာလည်း ရည်မှန်းချက် ထက်ကျော်လွန်၍ ငွေကြေး ပမာဏ တိုးနှုန်းများမြင့်တက်လျက်ရှိပြီး ပိုလျှံငွေကြေးများဖြစ်ပေါ်နေခြင်းကြောင့် ငွေကြေးဖောင်းပွမှုဖိအားကို မဖြစ်ပေါ်စေရန်နှင့် တိုင်း ပြည်၏စီးပွားရေးတိုးတက်မှုကို အားပေးဖော်ဆောင်ရန်ရည်ရွယ်၍ စီးပွားရေး ပြန်လည်ဦးမော့လာစေရန်နှင့် နိုင်ငံတော်မှချမှတ်သောစီးပွားရေးတိုးတက်မှုနှုန်းကိုရရှိစေရန် မက်ခရို စီးပွားရေးအခြေအနေများအပေါ်သုံးသပ်လျက် အတိုးနှုန်းမြှင့်တင်မှုမပြုဘဲ၊ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်မှုရှိစေရန်ဆောင်ရွက်ခြင်း (Ex­change Rate Stability) နှင့် အနည်းဆုံးသီးသန့်ငွေ လိုအပ် ချက် အချိုးသတ်မှတ်ခြင်း (Stipulation of Mini- mum Reserve Requirement) စသည့် နည်းလမ်း များဖြင့် ငွေကြေးဖောင်းပွမှုကို ထိန်းကျောင်းဆောင်ရွက်ရန် ငွေကြေးမူဝါဒကော်မတီအစည်းအဝေးတွင် မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးထား‌ကြောင်းသိရသည်။
ငွေကြေးမူဝါဒကော်မတီအစည်းအဝေးမှ စီးပွားရေးစနစ်အတွင်း ဖြစ်ပေါ်လာမည့် ပိုလျှံငွေ ကြေး များကို ဘဏ်များ၏ဗဟိုဘဏ်တွင် မြန်မာကျပ်ငွေဖြင့် (၂၈)ရက်တာ ထိန်းသိမ်းထားရှိရမည့်အနည်းဆုံး သီး သန့်ငွေလိုအပ်ချက်ထက်ကျော်လွန်သော အတိုးပေး သည့်ပျမ်းမျှပိုလျှံသီးသန့်ငွေ (Interest on Average Excess Reserve-IOER) ပမာဏကို တိုးမြှင့်ပေးခြင်းနှင့် IOER အတိုးနှုန်းကိုလည်း ငွေကြေး ဈေးကွက်(Money Market) (၁)လ သက်တမ်း (ပျမ်း မျှ)အတိုးနှုန်းဖြင့်သတ်မှတ်ပေးခြင်းဖြင့် နုတ်သိမ်းမှု ပြုရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဤသို့ဆောင်ရွက်ခြင်း ဖြင့် အတန်အသင့်မြင့်လျက်ရှိသည့် ငွေကြေး ဖောင်းပွမှုနှုန်းနှင့် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းခြင်းကို ထိန်း ချုပ်နိုင်ခြင်း၊ ဘဏ်လုပ်ငန်းများတွင် အတိုးဝင်ငွေရရှိ မှုတိုးတက်လာပြီး ဘဏ်လုပ်ငန်းကဏ္ဍတည်ငြိမ်မှု (Banking Sector Stability)နှင့် ငွေရေးကြေးရေး တည်ငြိမ်မှု(Financial Stability)တို့ကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။
အထက်ပါအတိုင်း ဗဟိုဘဏ်၏ ငွေကြေးမူဝါဒအပြောင်းအလဲများကြောင့် လာမည့်လများ အတွင်း မြန်မာကျပ်ငွေတန်ဖိုးများ တည်ငြိမ်နေမည်ဖြစ်သည်။ သို့သော်လည်း ကုန်သွယ်မှုအရ ယခင် ကဲ့သို့ မြန်မာ ကျပ်ငွေကိုနှုန်းရှင်ဖြင့် ပြန်လည်သတ်မှတ်မှသာ ဈေး ကွက်အတွင်း ငွေကြေးလည်ပတ်မှု ပိုမို ကောင်းမွန်လာနိုင်မည်ဖြစ်သည်။ လက်ရှိတွင် ဗဟိုဘဏ်ရည် ညွှန်းဈေးနှင့် ပြင်ပပေါက်ဈေး နှစ်မျိုး ကွဲနေဆဲဖြစ်ရာ ငွေကြေးမူဝါဒများအကောင်အထည်ဖော်ရာတွင် အား နည်းချက်ဖြစ်ပေါ်စေသည်။
ငွေကြေးစနစ် ခိုင်မာအားကောင်းမှသာ ပြည်ပမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဖြင့် ဝင်လာနိုင်မည်ဖြစ်သည်။ လာမည့်ရက်ပိုင်းအတွင်း ငွေကြေး ဈေးကွက်ကို ဆက်လက်စောင့်ကြည့်ရ မည်ဖြစ်ပြီး ဗဟိုဘဏ်၏အခန်းကဏ္ဍမှာ ဆက်လက်အရေးပါနေဦးမည်ဖြစ်သည်။

(သီတင်းကျွတ်ကာလ ခရီးသွားများပြားခြင်းနှင့် ပွဲတော်များ)
သီတင်းကျွတ်ကာလပိတ်ရက်များကြောင့် နယ်ပြန်သူများနှင့် ဘုရာဖူးခရီးထွက်သူများ များပြား ခဲ့ရာ အမြန်လမ်းတွင် ကားလမ်းပိတ်သည့်ဖြစ်စဉ်များကြုံတွေ့ခဲ့ရကြောင်း ခရီးသွားသူများထံမှသိရ သည်။ ခရီးထွက်သူများပြားခဲ့သော်လည်း စက်သုံးဆီများမှာ ကြို တင်လုံလောက်စွာတင်သွင်းထားခြင်း ကြောင့် အခက်အခဲနည်းပါးကြောင်းသိရသည်။ ပြည်ပမှ စက်သုံးဆီများ ကြိုတင်စီမံတင်သွင်းထားမှု ကြောင့် သီတင်းကျွတ်ပွဲတော် ခရီးသွားရာသီအတွင်း အဓိကလမ်းမကြီးများနှင့် အဓိကမြို့ကြီးများတွင်ရှိ သည့်အရောင်းဆိုင်များ၌ ကြိုတင်ဖြည့်တင်းခြင်းများ စီမံဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပွင့်လင်းရာသီကာလအတွင်း ပွဲတော်ကာလများနှင့် သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုး ရေး၊ စက်မှုဇုန်နှင့် ကုန်ထုတ်လုပ်ငန်းများအတွက် လုံလောက်စွာသုံးစွဲနိုင်ကြောင်းသိရသည်။ လက်ရှိ တွင် ပြည်တွင်း၌ နိုင်ငံခြားငွေလဲလှယ်နှုန်းကျဆင်းလာမှုကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် လည်း ကျဆင်း လျက်ရှိကြောင်းသိရသည်။ သီတင်းကျွတ်ရုံးပိတ်ရက် ကာလတွင် ရန်ကုန်မှနယ်သို့ အလည်အပတ်ခရီးသွား ရောက်ကြသူများရှိပြီး နေထိုင်ရာဇာတိကိုပြန်သူများ လည်းရှိသောကြောင့် အမြန်လမ်းတွင် ကား အများအပြားပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
သီတင်းကျွတ်ပိတ်ရက်ကာလတွင် ချောင်းသာ၊ ငွေဆောင်၊ ပုဂံဒေသသို့ သွားရောက်လည်ပတ် မည့် သူများပြီး ဟိုတယ်ဘွတ်ကင် ရယူမှုအများအပြားရှိခဲ့ သည့်အပြင် ကလောနှင့်တောင်ကြီးသို့လည်း သွားရောက်လည်ပတ်ရန် ဟိုတယ်အခန်းကြိုတင်ငှားရမ်းမှု များရှိနေခဲ့ကြောင်းသိရသည်။ နှစ်စဉ် သီ တင်းကျွတ် ရုံးပိတ်ရက်တိုင်းတွင် ခရီးသွားသူများလေ့ရှိပြီး ကား ပိတ်ဆို့မှုတွေလည်းရှိခဲ့ပြီး ဟိုတယ် အခန်းငှားရမ်းခ နှုန်းထားများသည်လည်း ပုံမှန်အချိန်ထက် ဈေးမြင့်တက်လေ့ရှိကြောင်းသိရသည်။ ပွင့် လင်းရာသီ ပြန်လည်ရောက်ရှိလာပြီဖြစ်ရာ ပွဲတော်များလည်း ပြန်လည်ကျင်းပလာပြီဖြစ်ပြီး ရန်ကုန် မြို့ တွင် ပုစွန်တောင် ရေကျော်ပွဲဈေးနှင့်ပြည်သူ့ရင်ပြင်တွင် MSME ဈေးရောင်းပွဲတော်များကျင်းပခဲ့ကြ သည်။
ဈေးရောင်းပွဲတော်များသည် ကုန်စည်‌ရောင်းဝယ်မှု မြင့်တက်စေသည့်အပြင် ပြည်သူများအကြား စိတ်ပျော်ရွှင်မှုကိုဖန်တီးပေးနိုင်သည်။ လာမည့် ပွင့် လင်းရာသီတွင် ပြည်တွင်း၌ ဘုရားပွဲတော်များ ပျော် ပွဲရွှင်ပွဲ ပွဲလမ်းသဘင်များ ပြန်လည်များပြားလာနိုင်ပြီး ကုန်စည်စီးဆင်းမှုများလည်း ပြန်လည်မြင်တွေ့ လာနိုင်ကြောင်းသိရသည်။ ရာသီပေါ်သီးနှံများ ပေါ်ထွက်လာခြင်းနှင့် မိုးစပါးများထွက်ရှိလာခြင်းတို့ ကြောင့် ကျေးလက်နေပြည်သူများအကြား ဝင်ငွေရရှိလာမည်ဖြစ်ရာ မြန်မာနိုင်ငံအနှံ့အပြားတွင် အလှူ မင်္ဂလာပွဲလမ်းများ ပြန်လည်မြင်တွေ့လာနိုင်ကြောင်းသိရသည်။

Zawgyi Version:
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရး ေဈးကြက္သုံးသပ္ခ်က္
ျပည့္ၿဖိဳး (NP News) - ‌ေအာက္တိုဘာ ၁၄
ပြင့္လင္းရာသီသို႔ ကူေျပာင္းေရာက္ရွိလာၿပီျဖစ္ရာ ေဈးကြက္အတြင္း ကုန္စည္မ်ားေရာင္း ဝယ္ေဖာက္ကားမႈ ျပန္လည္ျမင့္တက္လာမည္ျဖစ္သည္။ ျပည္တြင္း၌ ေဒသထြက္ကုန္မ်ား အေရာင္း အဝယ္ေကာင္း ေနသည့္အျပင္ ေဈးကြက္လိုအပ္ခ်က္အရ ကုန္ေဈးႏႈန္းမ်ားမွာျမင့္တက္ေနဆဲျဖစ္သည္။
ျပည္တြင္းေ႐ႊေဈးကြက္သည္ ကမာၻ႔ေ႐ႊေဈးကြက္အတိုင္း လိုက္ပါျမင့္တက္ေနေသာ္လည္း အေမ ရိကန္ေဒၚလာေဈးက်ဆင္းၿပီး ျမန္မာက်ပ္ေငြတန္ဖိုးျမင့္တက္လာေၾကာင္းေတြ႕ျမင္ရသည္။ ျပည္တြင္း အေခါက္ေ႐ႊေဈးမွာ တစ္က်ပ္သားလွ်င္ သိန္း (၈၀)က်ပ္ ဝန္းက်င္ေပါက္ေဈးျဖင့္ ယခုတစ္ပတ္အတြင္း အေျပာင္းအလဲမရွိခဲ့ေသာ္လည္း အေမရိကန္ေဒၚလာ ေဈးမွာ တစ္ေဒၚလာလွ်င္ (၄၀ဝဝ) က်ပ္ဝန္းက်င္ သို႔ က်ဆင္းလာျခင္းျဖစ္သည္။ ျမန္မာက်ပ္ေငြတန္ဖိုးျမင့္ တက္ေနသည့္အေျခအေနသို႔ ေရာက္ရွိေနၿပီး ထိုင္း ဘတ္ေငြႏွင့္ တ႐ုတ္ယြမ္ေငြမ်ားႏွင့္လဲလွယ္ေသာ ႏႈန္းထားမ်ားလည္းအေျပာင္းအလဲ ျဖစ္ေပၚေန သည္။
ျပည္တြင္းျပည္ပကုန္သြယ္ေရးလုပ္ငန္းမ်ားတြင္ ပို႔ကုန္ျမႇင့္တင္ရန္ႀကိဳးပမ္းလ်က္ရွိရာ ျပည္တြင္း ေငြလဲ ေဈးကြက္အတြင္း၌ အေမရိကန္ေဒၚလာ၏တန္ဖိုးမ်ား က်ဆင္းလာျခင္းျဖစ္သည္။ ျပည္တြင္း ေ႐ႊ ေဈးကြက္အတြင္း၌မူ ပြင့္လင္းရာသီေရာက္ရွိလာသျဖင့္ ေ႐ႊတူးေဖာ္ေရးလုပ္ငန္းမ်ား ျပန္လည္စတင္လာ ႏိုင္မည္ျဖစ္ၿပီး ျပည္တြင္းေ႐ႊေဈးကြက္အတြင္း ေ႐ႊအသစ္မ်ား ဝင္ေရာက္မႈရွိလာႏိုင္သည္။ သို႔ေသာ္လည္း ေ႐ႊေဈးႏႈန္းမွာ ကမာၻ႔ေ႐ႊေဈးႏႈန္းအေပၚမႈတည္ကာ ေဈးႏႈန္းမ်ားဆက္လက္ျမင့္တက္ႏိုင္သည္။
ယခုတစ္ပတ္အတြင္း ထူးျခားခ်က္အေနျဖင့္ သီတင္းကြၽတ္ကာလပိတ္ရက္မ်ားတြင္ ျပည္တြင္း ခရီးသြားလာမႈမ်ား ျမင့္တက္ခဲ့ျခင္းျဖစ္သည္။ ရန္ကုန္အပါအဝင္ၿမိဳ႕ႀကီးမ်ားရွိ မိသားစုမ်ားသည္ အထက္ ျမန္မာျပည္ဘုရားဖူးခရီးစဥ္မ်ား၊ ေငြေဆာင္၊ ေခ်ာင္းသာ အစရွိေသာ ပင္လယ္ကမ္းေျခခရီးစဥ္မ်ား သြား ေရာက္ လည္ပတ္ၾကျခင္းေၾကာင့္ ကားလမ္းမ်ားပိတ္သည္အထိမ်ားျပားခဲ့ေၾကာင္းသိရသည္။
ႏွစ္စဥ္ သီတင္းကြၽတ္႐ုံးပိတ္ရက္တိုင္းမွာ ခရီးသြားသူမ်ားေလ့ရွိၿပီး ကားလမ္းပိတ္ဆို႔မႈေတြ လည္းရွိခဲ့ၿပီး ဟိုတယ္အခန္း ငွားရမ္းခႏႈန္းထားေတြကလည္း ပုံမွန္အခ်ိန္ထက္ ေဈးျမင့္တက္ေလ့ရွိ ေၾကာင္းသိရသည္။ သီတင္းကြၽတ္ကာလ ခရီးသြားရာသီအတြင္း စက္သုံးဆီအေရာင္းဆိုင္မ်ား၌ လုံ ေလာက္စြာသုံးစြဲႏိုင္ ေရး ႀကိဳတင္စီမံထားေၾကာင္း စက္သုံးဆီဆိုင္မ်ားမွ စုံစမ္းသိရွိရသည္။ ျပည္ပမွ စက္သုံးဆီမ်ား ႀကိဳတင္စီမံတင္သြင္းထားမႈေၾကာင့္ သီတင္းကြၽတ္ပြဲေတာ္ ခရီးသြားရာသီအတြင္း အဓိက လမ္းမႀကီးမ်ားႏွင့္ အဓိကၿမိဳ႕ႀကီးမ်ားတြင္ရွိသည့္အေရာင္းဆိုင္မ်ား၌ ႀကိဳတင္ျဖည့္တင္းျခင္းမ်ား စီမံ ေဆာင္႐ြက္ထားရွိၿပီး ျဖစ္ေၾကာင္းသိရသည္။
ယခုတစ္ပတ္အတြင္း ထူးျခားခ်က္အေနျဖင့္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က စီးပြားေရးေဈးကြက္ အတြင္း ပိုလွ်ံေငြမ်ားႏုတ္သိမ္းရန္ ၫႊန္ၾကားခ်က္တစ္ ရပ္ထြက္ေပၚခဲ့ရာ ေငြေၾကးေဖာင္းပြမႈႏွင့္ ေငြေၾကး လည္ပတ္စီးဆင္းမႈအတြက္ မူဝါဒခ်မွတ္ျခင္းျဖစ္ေၾကာင္းသိရသည္။

(ကမာၻ႔ေ႐ႊေဈးကြက္အေျပာင္းအလဲႏွင့္
ျပည္တြင္းေငြလဲႏႈန္းမ်ား)
ကမာၻ႔ေ႐ႊေဈးကြက္အတြင္း၌ ေ႐ႊေဈးသည္ က်ရိပ္မရွိဘဲ ဆက္လက္ျမင့္တက္လာၿပီး သမိုင္းတစ္ ေလွ်ာက္ အျမင့္ဆုံးေဈးႏႈန္းမ်ားျဖင့္ ေဈးကြက္ဖြင့္ေန ဆဲျဖစ္သည္။ ယခင္တစ္ပတ္က ကမာၻ႔ေ႐ႊေဈးသည္ တစ္ေအာင္စလွ်င္ အေမရိကန္ေဒၚလာ (၃၈၃၀)ဝန္း က်င္ရွိခဲ့ေသာ္လည္း ယခုတစ္ပတ္တြင္ (၃၉၂၅) ေဒၚ လာအထိ ေဈးမ်ားျမင့္တက္ေနျခင္းျဖစ္သည္။ ကမာၻ႔ ေ႐ႊေဈးသမိုင္းတစ္ေလွ်ာက္ အျမင့္မားဆုံးေဈးမ်ား
ျဖစ္ေသာေၾကာင့္ လာမည့္ရက္ပိုင္းအတြင္း၌လည္း ဆက္လက္ျမင့္တက္ႏိုင္ေၾကာင္း ခန႔္မွန္းခ်က္မ်ား ထြက္ေပၚေနသည္။
ကမာၻ႔ေ႐ႊေဈးသည္ ‌ေ႐ႊတစ္ေအာင္စလွ်င္ ‌ေဒၚလာ ေလးေထာင္ခန႔္အထိ ဆက္လက္ျမင့္တက္ႏိုင္ ေၾကာင္း ကြၽမ္းက်င္သူမ်ားကသုံးသပ္ထားၾကသည္။ ကမာၻ႔ေ႐ႊေဈးျမင့္တက္ျခင္းေၾကာင့္ ျပည္တြင္း ေ႐ႊ ေဈးသည္လည္း တစ္က်ပ္သားလွ်င္ က်ပ္သိန္း (၈၀) ေက်ာ္ေပါက္ေဈးမ်ားျဖင့္ လိုက္ပါျမင့္တက္ေန သည္။ သို႔ေသာ္လည္း ျပည္တြင္း ေငြလဲေဈးကြက္အတြင္း၌ အေမရိကန္ေဒၚလာေဈးမ်ား သိသိသာသာ က်ဆင္းေနရာ ျပည္တြင္းေ႐ႊေဈးမွာ သိန္း (၈၀)ဝန္းက်င္ျဖင့္ တန႔္ေနေၾကာင္းသိရသည္။
အေမရိကန္ေဒၚလာေဈးမွာ ျပင္ပေပါက္ေဈးမ်ား အရ တစ္ေဒၚလာလွ်င္ (၄၀၇၀)က်ပ္ဝန္းက်င္သို႔ ေရာက္ရွိေနရာ ယခုႏွစ္အတြင္း အနိမ့္ဆုံးေဈးတန္း အျဖစ္ေရာက္ရွိေနေၾကာင္းသိရသည္။ အေမရိကန္ ေဒၚလာေဈး ျပန္လည္ျမင့္တက္ပါက ျပည္တြင္း ေ႐ႊေဈးသည္လည္း လိုက္ပါျမင့္တက္ႏိုင္ေၾကာင္းသိရ သည္။ ကမာၻ႔ေ႐ႊေဈးမတည္ၿငိမ္မႈသည္ လာမည့္ရက္ ပိုင္းအတြင္း ဆက္လက္ျဖစ္ေပၚေနႏိုင္ေသာေၾကာင့္ လက္ရွိအခ်ိန္တြင္‌ ေ႐ႊအေရာင္း/အဝယ္ ျပဳလုပ္သူမ်ားအေနျဖင့္ ေရာင္းမွားဝယ္မွားမျဖစ္ေစရန္ သတိ ထားသင့္ေၾကာင္း ဝါရင့္ေ႐ႊလုပ္ငန္းရွင္မ်ားကေျပာၾကားသည္။ ေငြလဲေဈးကြက္အတြင္းတြင္မူ အေမရိ ကန္ေဒၚလာေဈးမ်ားက်ဆင္းသည့္အျပင္၊ ထိုင္းဘတ္ ေငြႏွင့္ တ႐ုတ္ယြမ္ေငြေဈးမ်ားလည္း က်ဆင္းေန ေၾကာင္းသိရသည္။
ျမန္မာက်ပ္ေငြတန္ဖိုးျမင့္တက္လာျခင္းျဖစ္ေသာ္လည္း ဗဟိုဘဏ္ရည္ၫႊန္းေဈးႏွင့္ ျပင္ပေပါက္ ေဈးမ်ားမွာ ကြာျခားခ်က္ရွိေနဆဲျဖစ္သည္။ ဗဟိုဘဏ္ ရည္ၫႊန္းေဈးမွာ အေမရိကန္တစ္ေဒၚလာလွ်င္ (၃၆၃၃) က်ပ္၊ တ႐ုတ္ယြမ္ေငြမွာ (၅၅၆)က်ပ္၊ ထိုင္း ဘတ္ေငြမွာ (၁၂၉)က်ပ္ႏွင့္ အႏၵိယ႐ူပီးမွာ(၄၃)က်ပ္ ေပါက္ေဈးအသီးသီးရွိေနသည္။ ျပင္ပေငြလဲေဈးကြက္အတြင္း၌မူ အေမရိကန္တစ္ေဒၚလာလွ်င္ (၄၀၇၀) က်ပ္၊ တ႐ုတ္တစ္ယြမ္လွ်င္ (၅၇၂)က်ပ္၊ ထိုင္းတစ္ဘတ္လွ်င္(၁၂၅)က်ပ္၊ အႏၵိယတစ္႐ူပီး လွ်င္(၄၅) က်ပ္ ေပါက္ေဈး အသီးသီးရွိေၾကာင္းသိရသည္။ ေငြလဲေဈးကြက္တည္ၿငိမ္ေနျခင္းေၾကာင့္ ျပည္တြင္းသို႔ အဓိက တင္သြင္းေနေသာ စက္သုံးဆီႏွင့္ စား အုန္းဆီေဈးမ်ား တည္ၿငိမ္လ်က္ရွိေၾကာင္းသိရသည္။
ႏိုင္ငံေတာ္မွပို႔ကုန္အသားေပးမူဝါဒမ်ား ခ်မွတ္ေဆာင္႐ြက္ေနသည့္အျပင္ သြင္းကုန္ တင္သြင္းမႈ မ်ား က်ဆင္းေနျခင္းေၾကာင့္ ျပည္တြင္းေငြလဲေဈးကြက္အတြင္း ေငြတန္ဖိုးမ်ားေျပာင္းလဲေနျခင္းျဖစ္ သည္။ ထို႔ျပင္နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမ်ားတြင္ကုန္သြယ္မႈပမာဏက်ဆင္းေနျခင္းသည္လည္း ေဈးကြက္အတြင္း ႏိုင္ငံျခားေငြလိုအပ္ခ်က္နည္းပါးေန ျခင္းျဖစ္သည္။

(ဗဟိုဘဏ္၏ ပိုလွ်ံေငြေၾကးမ်ား ႏုတ္သိမ္းရန္ေၾကညာခ်က္)
စီးပြားေရးစနစ္အတြင္းတြင္ ေငြေၾကးလည္ပတ္မႈ အားေကာင္းလာ၍ (၂၀၂၄)ခုႏွစ္ စက္တင္ဘာ လတြင္ အတိုးႏႈန္းတိုးျမႇင့္ေပးခဲ့ၿပီး၊ Digital သုံးစြဲမႈ ပိုမိုျမင့္တက္လာသျဖင့္ ဘဏ္လုပ္ငန္းစနစ္အတြင္း အပ္ႏွံေငြ မ်ားတိုးျမင့္လာျခင္းေၾကာင့္ ဘဏ္မ်ားမွဗဟိုဘဏ္ရွိ သီးသန႔္ေငြအပ္ႏွံမႈမ်ားလည္း တိုးျမင့္လာ ခဲ့ေၾကာင္းသိ ရသည္။ ေငြေၾကးပမာဏမ်ားမွာလည္း ရည္မွန္းခ်က္ ထက္ေက်ာ္လြန္၍ ေငြေၾကး ပမာဏ တိုးႏႈန္းမ်ားျမင့္တက္လ်က္ရွိၿပီး ပိုလွ်ံေငြေၾကးမ်ားျဖစ္ေပၚေနျခင္းေၾကာင့္ ေငြေၾကးေဖာင္းပြမႈဖိအားကို မျဖစ္ေပၚေစရန္ႏွင့္ တိုင္း ျပည္၏စီးပြားေရးတိုးတက္မႈကို အားေပးေဖာ္ေဆာင္ရန္ရည္႐ြယ္၍ စီးပြားေရး ျပန္လည္ဦးေမာ့လာေစရန္ႏွင့္ ႏိုင္ငံေတာ္မွခ်မွတ္ေသာစီးပြားေရးတိုးတက္မႈႏႈန္းကိုရရွိေစရန္ မက္ခ႐ို စီးပြားေရးအေျခအေနမ်ားအေပၚသုံးသပ္လ်က္ အတိုးႏႈန္းျမႇင့္တင္မႈမျပဳဘဲ၊ ႏိုင္ငံျခားေငြလဲလွယ္ႏႈန္း တည္ၿငိမ္မႈရွိေစရန္ေဆာင္႐ြက္ျခင္း (Ex­change Rate Stability) ႏွင့္ အနည္းဆုံးသီးသန႔္ေငြ လိုအပ္ ခ်က္ အခ်ိဳးသတ္မွတ္ျခင္း (Stipulation of Mini- mum Reserve Requirement) စသည့္ နည္းလမ္း မ်ားျဖင့္ ေငြေၾကးေဖာင္းပြမႈကို ထိန္းေက်ာင္းေဆာင္႐ြက္ရန္ ေငြေၾကးမူဝါဒေကာ္မတီအစည္းအေဝးတြင္ မူဝါဒပိုင္းဆိုင္ရာ ေဆြးေႏြးထား‌ေၾကာင္းသိရသည္။
ေငြေၾကးမူဝါဒေကာ္မတီအစည္းအေဝးမွ စီးပြားေရးစနစ္အတြင္း ျဖစ္ေပၚလာမည့္ ပိုလွ်ံေငြ ေၾကး မ်ားကို ဘဏ္မ်ား၏ဗဟိုဘဏ္တြင္ ျမန္မာက်ပ္ေငြျဖင့္ (၂၈)ရက္တာ ထိန္းသိမ္းထားရွိရမည့္အနည္းဆုံး သီး သန႔္ေငြလိုအပ္ခ်က္ထက္ေက်ာ္လြန္ေသာ အတိုးေပး သည့္ပ်မ္းမွ်ပိုလွ်ံသီးသန႔္ေငြ (Interest on Average Excess Reserve-IOER) ပမာဏကို တိုးျမႇင့္ေပးျခင္းႏွင့္ IOER အတိုးႏႈန္းကိုလည္း ေငြေၾကး ေဈးကြက္(Money Market) (၁)လ သက္တမ္း (ပ်မ္း မွ်)အတိုးႏႈန္းျဖင့္သတ္မွတ္ေပးျခင္းျဖင့္ ႏုတ္သိမ္းမႈ ျပဳရန္ဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္။ ဤသို႔ေဆာင္႐ြက္ျခင္း ျဖင့္ အတန္အသင့္ျမင့္လ်က္ရွိသည့္ ေငြေၾကး ေဖာင္းပြမႈႏႈန္းႏွင့္ ျမန္မာက်ပ္ေငြတန္ဖိုးက်ဆင္းျခင္းကို ထိန္း ခ်ဳပ္ႏိုင္ျခင္း၊ ဘဏ္လုပ္ငန္းမ်ားတြင္ အတိုးဝင္ေငြရရွိ မႈတိုးတက္လာၿပီး ဘဏ္လုပ္ငန္းက႑တည္ၿငိမ္မႈ (Banking Sector Stability)ႏွင့္ ေငြေရးေၾကးေရး တည္ၿငိမ္မႈ(Financial Stability)တို႔ကို မ်ားစြာအေထာက္အကူျပဳေစမည္ျဖစ္ေၾကာင္း သိရသည္။
အထက္ပါအတိုင္း ဗဟိုဘဏ္၏ ေငြေၾကးမူဝါဒအေျပာင္းအလဲမ်ားေၾကာင့္ လာမည့္လမ်ား အတြင္း ျမန္မာက်ပ္ေငြတန္ဖိုးမ်ား တည္ၿငိမ္ေနမည္ျဖစ္သည္။ သို႔ေသာ္လည္း ကုန္သြယ္မႈအရ ယခင္ ကဲ့သို႔ ျမန္မာ က်ပ္ေငြကိုႏႈန္းရွင္ျဖင့္ ျပန္လည္သတ္မွတ္မွသာ ေဈး ကြက္အတြင္း ေငြေၾကးလည္ပတ္မႈ ပိုမို ေကာင္းမြန္လာႏိုင္မည္ျဖစ္သည္။ လက္ရွိတြင္ ဗဟိုဘဏ္ရည္ ၫႊန္းေဈးႏွင့္ ျပင္ပေပါက္ေဈး ႏွစ္မ်ိဳး ကြဲေနဆဲျဖစ္ရာ ေငြေၾကးမူဝါဒမ်ားအေကာင္အထည္ေဖာ္ရာတြင္ အား နည္းခ်က္ျဖစ္ေပၚေစသည္။
ေငြေၾကးစနစ္ ခိုင္မာအားေကာင္းမွသာ ျပည္ပမွ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ား အလုံးအရင္းျဖင့္ ဝင္လာႏိုင္မည္ျဖစ္သည္။ လာမည့္ရက္ပိုင္းအတြင္း ေငြေၾကး ေဈးကြက္ကို ဆက္လက္ေစာင့္ၾကည့္ရ မည္ျဖစ္ၿပီး ဗဟိုဘဏ္၏အခန္းက႑မွာ ဆက္လက္အေရးပါေနဦးမည္ျဖစ္သည္။

(သီတင္းကြၽတ္ကာလ ခရီးသြားမ်ားျပားျခင္းႏွင့္ ပြဲေတာ္မ်ား)
သီတင္းကြၽတ္ကာလပိတ္ရက္မ်ားေၾကာင့္ နယ္ျပန္သူမ်ားႏွင့္ ဘုရာဖူးခရီးထြက္သူမ်ား မ်ားျပား ခဲ့ရာ အျမန္လမ္းတြင္ ကားလမ္းပိတ္သည့္ျဖစ္စဥ္မ်ားႀကဳံေတြ႕ခဲ့ရေၾကာင္း ခရီးသြားသူမ်ားထံမွသိရ သည္။ ခရီးထြက္သူမ်ားျပားခဲ့ေသာ္လည္း စက္သုံးဆီမ်ားမွာ ႀကိဳ တင္လုံေလာက္စြာတင္သြင္းထားျခင္း ေၾကာင့္ အခက္အခဲနည္းပါးေၾကာင္းသိရသည္။ ျပည္ပမွ စက္သုံးဆီမ်ား ႀကိဳတင္စီမံတင္သြင္းထားမႈ ေၾကာင့္ သီတင္းကြၽတ္ပြဲေတာ္ ခရီးသြားရာသီအတြင္း အဓိကလမ္းမႀကီးမ်ားႏွင့္ အဓိကၿမိဳ႕ႀကီးမ်ားတြင္ရွိ သည့္အေရာင္းဆိုင္မ်ား၌ ႀကိဳတင္ျဖည့္တင္းျခင္းမ်ား စီမံေဆာင္႐ြက္ထားရွိၿပီးျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ပြင့္လင္းရာသီကာလအတြင္း ပြဲေတာ္ကာလမ်ားႏွင့္ သယ္ယူပို႔ေဆာင္ေရး၊ စိုက္ပ်ိဳး ေရး၊ စက္မႈဇုန္ႏွင့္ ကုန္ထုတ္လုပ္ငန္းမ်ားအတြက္ လုံေလာက္စြာသုံးစြဲႏိုင္ေၾကာင္းသိရသည္။ လက္ရွိ တြင္ ျပည္တြင္း၌ ႏိုင္ငံျခားေငြလဲလွယ္ႏႈန္းက်ဆင္းလာမႈေၾကာင့္ ျပည္တြင္းစက္သုံးဆီေဈးႏႈန္းသည္ လည္း က်ဆင္း လ်က္ရွိေၾကာင္းသိရသည္။ သီတင္းကြၽတ္႐ုံးပိတ္ရက္ ကာလတြင္ ရန္ကုန္မွနယ္သို႔ အလည္အပတ္ခရီးသြား ေရာက္ၾကသူမ်ားရွိၿပီး ေနထိုင္ရာဇာတိကိုျပန္သူမ်ား လည္းရွိေသာေၾကာင့္ အျမန္လမ္းတြင္ ကား အမ်ားအျပားပိတ္ဆို႔မႈျဖစ္ပြားခဲ့ေၾကာင္းသိရသည္။
သီတင္းကြၽတ္ပိတ္ရက္ကာလတြင္ ေခ်ာင္းသာ၊ ေငြေဆာင္၊ ပုဂံေဒသသို႔ သြားေရာက္လည္ပတ္ မည့္ သူမ်ားၿပီး ဟိုတယ္ဘြတ္ကင္ ရယူမႈအမ်ားအျပားရွိခဲ့ သည့္အျပင္ ကေလာႏွင့္ေတာင္ႀကီးသို႔လည္း သြားေရာက္လည္ပတ္ရန္ ဟိုတယ္အခန္းႀကိဳတင္ငွားရမ္းမႈ မ်ားရွိေနခဲ့ေၾကာင္းသိရသည္။ ႏွစ္စဥ္ သီ တင္းကြၽတ္ ႐ုံးပိတ္ရက္တိုင္းတြင္ ခရီးသြားသူမ်ားေလ့ရွိၿပီး ကား ပိတ္ဆို႔မႈေတြလည္းရွိခဲ့ၿပီး ဟိုတယ္ အခန္းငွားရမ္းခ ႏႈန္းထားမ်ားသည္လည္း ပုံမွန္အခ်ိန္ထက္ ေဈးျမင့္တက္ေလ့ရွိေၾကာင္းသိရသည္။ ပြင့္ လင္းရာသီ ျပန္လည္ေရာက္ရွိလာၿပီျဖစ္ရာ ပြဲေတာ္မ်ားလည္း ျပန္လည္က်င္းပလာၿပီျဖစ္ၿပီး ရန္ကုန္ ၿမိဳ႕ တြင္ ပုစြန္ေတာင္ ေရေက်ာ္ပြဲေဈးႏွင့္ျပည္သူ႔ရင္ျပင္တြင္ MSME ေဈးေရာင္းပြဲေတာ္မ်ားက်င္းပခဲ့ၾက သည္။
ေဈးေရာင္းပြဲေတာ္မ်ားသည္ ကုန္စည္‌ေရာင္းဝယ္မႈ ျမင့္တက္ေစသည့္အျပင္ ျပည္သူမ်ားအၾကား စိတ္ေပ်ာ္႐ႊင္မႈကိုဖန္တီးေပးႏိုင္သည္။ လာမည့္ ပြင့္ လင္းရာသီတြင္ ျပည္တြင္း၌ ဘုရားပြဲေတာ္မ်ား ေပ်ာ္ ပြဲ႐ႊင္ပြဲ ပြဲလမ္းသဘင္မ်ား ျပန္လည္မ်ားျပားလာႏိုင္ၿပီး ကုန္စည္စီးဆင္းမႈမ်ားလည္း ျပန္လည္ျမင္ေတြ႕ လာႏိုင္ေၾကာင္းသိရသည္။ ရာသီေပၚသီးႏွံမ်ား ေပၚထြက္လာျခင္းႏွင့္ မိုးစပါးမ်ားထြက္ရွိလာျခင္းတို႔ ေၾကာင့္ ေက်းလက္ေနျပည္သူမ်ားအၾကား ဝင္ေငြရရွိလာမည္ျဖစ္ရာ ျမန္မာႏိုင္ငံအႏွံ႔အျပားတြင္ အလႉ မဂၤလာပြဲလမ္းမ်ား ျပန္လည္ျမင္ေတြ႕လာႏိုင္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.