ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ဆွေးနွေးမှုများနှင့် အစီရင်ခံစာများတွင် စိစစ်အတည်ပြုနိုင်ခြင်း မရှိသော အချက်အလက်များကို အသုံးပြုထားဟုဆို

 263

သက်ပိုင်( NP News) - အောက်တိုဘာ ၁၄

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ဆွေးနွေးမှုများနှင့် အစီရင်ခံစာများတွင် စိစစ်အတည်ပြုနိုင်ခြင်း မရှိသော အချက်အလက်များကို အသုံးပြုထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဂျီနီဗာမြို့တွင် စက်တင်ဘာလ (၈) ရက်မှ အောက်တိုဘာလ (၈) ရက်အထိ ကျင်းပခဲ့သည့် လူ့အခွင့်အရေးကောင်စီ၏ (၆၀) ကြိမ်မြောက် အစည်းအဝေးကာလအတွင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၏ အစီရင်ခံစာနှင့် မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားဆိုသည့်အဖွဲ့၏ အစီရင်ခံစာတို့အပေါ် ပေါင်းစပ်အပြန်အလှန်ဆွေးနွေးမှုကိုပြုလုပ်ခဲ့ကြပြီး ယခုအကြိမ်တွင်လည်း ယခင်အကြိမ်များနည်းတူ သက်ဆိုင်သည့်နိုင်ငံမှ ကိုယ်စားလှယ်အား ပါဝင်ခွင့်မပြုဘဲ ကျင်းပခဲ့ခြင်းသည် လူ့အခွင့်အရေးကောင်စီ၏ အခြေခံမူများဖြစ်သည့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့နှင့် သွေဖည်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် လူ့အခွင့်အရေးကောင်စီ၏ ဆွေးနွေးမှုများနှင့် အစီရင်ခံစာများတွင် စိစစ်အတည်ပြုနိုင်ခြင်းမရှိသော အချက်အလက်များကို အများအားဖြင့် အသုံးပြုထားပြီး မြန်မာအစိုးရအပေါ် ထပ်တလဲလဲစွပ်စွဲချက်များသာ ပါဝင်နေသည်ကို တွေ့ရှိရကြောင်းနှင့် ဤကဲ့သို့ စိစစ်အတည်ပြု၍မရသော ယုတ္တိမရှိသည့်အချက်အလက်များကို အခြေခံကာ အခြေအမြစ်မရှိသော စွပ်စွဲချက်များကို အကြိမ်ကြိမ် ထပ်တလဲလဲပြုလုပ်လျက်ရှိကြောင်း တွေ့ရှိရကြောင်း သိရသည်။
ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးမျက်နှာစာတွင် အရေးကြီးဆုံးသော ယန္တရားတစ်ရပ်ဖြစ်သည့် လူ့အခွင့်အရေးကောင်စီသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုတွင် ဖြစ်ပေါ်နေသောအခြေအနေများကို လက်တွေ့ကျကျ၊ ဘက်လိုက်မှုကင်းကင်းဖြင့် ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်သုံးသပ်ခြင်းမပြုဘဲ ဘက်လိုက်ပြီး တစ်ဖက်စောင်းနင်းသော အချက်အလက်များကိုသာ အမှန်အဖြစ် ယူဆကာ ဆောင်ရွက်နေဆဲဖြစ်သည်ကို သတိပြုမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ဤကဲ့သို့သော အခြေအမြစ်မရှိသည့် စွပ်စွဲချက်များနှင့် ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်သည့်ဆွေးနွေးချက်များကို ပြတ်သားစွာ ကန့်ကွက်ပယ်ချပြီး နိုင်ငံတော်က ဆက်လက်ဆောင်ရွက်နေသည့်လုပ်ငန်းများကို မျက်ခြည်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင် (၂၀၂၅) ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်မှစ၍ အဆင့်ဆင့်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲရလဒ်အရ အနိုင်ရရှိလာမည့် နိုင်ငံရေးပါတီထံသို့ နိုင်ငံ့တာဝန်ကို ပခုံးလွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပြီး မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့် ပြည်တွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တိုင်းပြည်သာယာဝပြောရေးတို့ကို ဆက်လက်ဆောင်ရွက်လျက် မြန်မာနိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို မြှင့်တင်ကာကွယ်သွားမည်ဖြစ်ကြောင်း ထပ်လောင်း အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version:
ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီ၏ ေဆြးေႏြးမႈမ်ားႏွင့္ အစီရင္ခံစာမ်ားတြင္ စိစစ္အတည္ျပဳႏိုင္ျခင္း မရွိေသာ အခ်က္အလက္မ်ားကို အသုံးျပဳထားဟုဆို
သက္ပိုင္( NP News) - ေအာက္တိုဘာ ၁၄
ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီ၏ ေဆြးေႏြးမႈမ်ားႏွင့္ အစီရင္ခံစာမ်ားတြင္ စိစစ္အတည္ျပဳႏိုင္ျခင္း မရွိေသာ အခ်က္အလက္မ်ားကို အသုံးျပဳထားေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ဂ်ီနီဗာၿမိဳ႕တြင္ စက္တင္ဘာလ (၈) ရက္မွ ေအာက္တိုဘာလ (၈) ရက္အထိ က်င္းပခဲ့သည့္ လူ႔အခြင့္အေရးေကာင္စီ၏ (၆၀) ႀကိမ္ေျမာက္ အစည္းအေဝးကာလအတြင္း ကုလသမဂၢလူ႔အခြင့္အေရးဆိုင္ရာမဟာမင္းႀကီး၏ အစီရင္ခံစာႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာလြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရးယႏၲရားဆိုသည့္အဖြဲ႕၏ အစီရင္ခံစာတို႔အေပၚ ေပါင္းစပ္အျပန္အလွန္ေဆြးေႏြးမႈကိုျပဳလုပ္ခဲ့ၾကၿပီး ယခုအႀကိမ္တြင္လည္း ယခင္အႀကိမ္မ်ားနည္းတူ သက္ဆိုင္သည့္ႏိုင္ငံမွ ကိုယ္စားလွယ္အား ပါဝင္ခြင့္မျပဳဘဲ က်င္းပခဲ့ျခင္းသည္ လူ႔အခြင့္အေရးေကာင္စီ၏ အေျခခံမူမ်ားျဖစ္သည့္ အျပဳသေဘာေဆာင္သည့္ ေဆြးေႏြးမႈႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈတို႔ႏွင့္ ေသြဖည္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔အျပင္ လူ႔အခြင့္အေရးေကာင္စီ၏ ေဆြးေႏြးမႈမ်ားႏွင့္ အစီရင္ခံစာမ်ားတြင္ စိစစ္အတည္ျပဳႏိုင္ျခင္းမရွိေသာ အခ်က္အလက္မ်ားကို အမ်ားအားျဖင့္ အသုံးျပဳထားၿပီး ျမန္မာအစိုးရအေပၚ ထပ္တလဲလဲစြပ္စြဲခ်က္မ်ားသာ ပါဝင္ေနသည္ကို ေတြ႕ရွိရေၾကာင္းႏွင့္ ဤကဲ့သို႔ စိစစ္အတည္ျပဳ၍မရေသာ ယုတၱိမရွိသည့္အခ်က္အလက္မ်ားကို အေျခခံကာ အေျခအျမစ္မရွိေသာ စြပ္စြဲခ်က္မ်ားကို အႀကိမ္ႀကိမ္ ထပ္တလဲလဲျပဳလုပ္လ်က္ရွိေၾကာင္း ေတြ႕ရွိရေၾကာင္း သိရသည္။
ကုလသမဂၢ၏ လူ႔အခြင့္အေရးကာကြယ္ျမႇင့္တင္ေရးမ်က္ႏွာစာတြင္ အေရးႀကီးဆုံးေသာ ယႏၲရားတစ္ရပ္ျဖစ္သည့္ လူ႔အခြင့္အေရးေကာင္စီသည္ ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံတစ္ခုတြင္ ျဖစ္ေပၚေနေသာအေျခအေနမ်ားကို လက္ေတြ႕က်က်၊ ဘက္လိုက္မႈကင္းကင္းျဖင့္ ဓမၼဓိ႒ာန္က်က် ရႈျမင္သုံးသပ္ျခင္းမျပဳဘဲ ဘက္လိုက္ၿပီး တစ္ဖက္ေစာင္းနင္းေသာ အခ်က္အလက္မ်ားကိုသာ အမွန္အျဖစ္ ယူဆကာ ေဆာင္႐ြက္ေနဆဲျဖစ္သည္ကို သတိျပဳမိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔ေၾကာင့္ ျမန္မာႏိုင္ငံအေနျဖင့္ ဤကဲ့သို႔ေသာ အေျခအျမစ္မရွိသည့္ စြပ္စြဲခ်က္မ်ားႏွင့္ ျပည္တြင္းေရးကိုဝင္ေရာက္စြက္ဖက္သည့္ေဆြးေႏြးခ်က္မ်ားကို ျပတ္သားစြာ ကန႔္ကြက္ပယ္ခ်ၿပီး ႏိုင္ငံေတာ္က ဆက္လက္ေဆာင္႐ြက္ေနသည့္လုပ္ငန္းမ်ားကို မ်က္ျခည္မျပတ္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔အျပင္ (၂၀၂၅) ခုႏွစ္ ဒီဇင္ဘာလ (၂၈) ရက္မွစ၍ အဆင့္ဆင့္က်င္းပမည့္ အေထြေထြ ေ႐ြးေကာက္ပြဲရလဒ္အရ အႏိုင္ရရွိလာမည့္ ႏိုင္ငံေရးပါတီထံသို႔ ႏိုင္ငံ့တာဝန္ကို ပခုံးလႊဲေျပာင္းေပးအပ္သြားမည္ျဖစ္ၿပီး ျမန္မာဦးေဆာင္သည့္ ျမန္မာ့ကိုယ္ပိုင္လုပ္ငန္းစဥ္ျဖင့္ ျပည္တြင္းၿငိမ္းခ်မ္းေရး၊ တည္ၿငိမ္ေရး၊ တိုင္းျပည္သာယာဝေျပာေရးတို႔ကို ဆက္လက္ေဆာင္႐ြက္လ်က္ ျမန္မာႏိုင္ငံသားမ်ား၏ အေျခခံအခြင့္အေရးမ်ားကို ျမႇင့္တင္ကာကြယ္သြားမည္ျဖစ္ေၾကာင္း ထပ္ေလာင္း အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.