တရုတ်(တိုင်ပေ)ကျွန်းကို စစ်လက်နက်ပစ္စည်းတပ်ဆင်ပေးနေတာတွေ ချက်ချင်းရပ်တန့်ဖို့ အမေရိကန်ကို တရုတ်တိုက်တွန်း

 67

Pika (NP News) - ဒီဇင်ဘာ ၂ဝ

တရုတ်(တိုင်ပေ)ကျွန်းကို အမေရိကန်ဒေါ်လာ (၁၁ ဒသမ ၁) ဘီလျံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေ ရောင်းချပေးမယ့် အမေရိကန်ရဲ့ဆုံးဖြတ်ချက်ကို တရုတ်အစိုးရက ပြစ်တင်ရှုတ်ချခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် တရုတ်(တိုင်ပေ)ကျွန်းကို စစ်လက်နက်ပစ္စည်းတပ်ဆင်ပေးနေတာတွေကို ချက်ချင်းရပ်တန့်ဖို့ အမေရိကန်ကို တရုတ်အစိုးရက တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။
တရုတ်(တိုင်ပေ)ကျွန်းအတွက် အဆင့်မြင့်စစ်လက်နက်ပစ္စည်းတွေပါတဲ့ ပက်ကေ့ချ်အသစ်တစ်ခုကို ရောင်းချပေးဖို့ အမေရိကန်အစိုးရက မီးစိမ်းပြခဲ့ပြီးနောက် တရုတ်အစိုးရရဲ့သတိပေးချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
အမေရိကန်ရဲ့လုပ်ရပ်တွေဟာ အန္တရာယ်ရှိတဲ့လုပ်ရပ်တစ်ခုဖြစ်ပြီး တရုတ်ရဲ့အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာမျိုးဖြစ်တယ်လို့ တရုတ်အစိုးရက ဝေဖန်ပြောဆိုခဲ့ပါတယ်။
တရုတ်အစိုးရက “တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လေးစားလိုက်နာဖို့နဲ့ တရုတ်(တိုင်ပေ)ကျွန်းကို စစ်လက်နက်ပစ္စည်း တပ်ဆင်ပေးတာလိုမျိုး အန္တရာယ်ရှိတဲ့လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့ အမေရိကန်ကို ကျွန်တော်တို့ တိုက်တွန်းလိုပါတယ်” လို့ ပြောခဲ့ပါတယ်။
အမေရိကန်က မီးစိမ်းပြခဲ့တဲ့စစ်လက်နက်ပစ္စည်းရောင်းချမှုမှာ HIMARS ရော့ကတ်စနစ်တွေ၊ ဟောင်ဝစ်ဇာ အမြောက်တွေ၊ Javelin တင့်ကားဖျက်ဒုံးကျည်တွေ၊ စစ်လက်နက်ပစ္စည်းတွေ တပ်ဆင်ထားတဲ့ဒရုန်းတွေနဲ့ အခြား စစ်လက်နက်ပစ္စည်းကိရိယာတွေအတွက် အစိတ်အပိုင်းတွေ အပါအဝင် ပစ္စည်း(၈)မျိုး ပါဝင်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
တ႐ုတ္(တိုင္ေပ)ကြၽန္းကို စစ္လက္နက္ပစၥည္းတပ္ဆင္ေပးေနတာေတြ ခ်က္ခ်င္းရပ္တန႔္ဖို႔ အေမရိကန္ကို တ႐ုတ္တိုက္တြန္း
Pika (NP News) - ဒီဇင္ဘာ ၂ဝ
တ႐ုတ္(တိုင္ေပ)ကြၽန္းကို အေမရိကန္ေဒၚလာ (၁၁ ဒသမ ၁) ဘီလ်ံတန္ဖိုးရွိ စစ္လက္နက္ပစၥည္းေတြ ေရာင္းခ်ေပးမယ့္ အေမရိကန္ရဲ႕ဆုံးျဖတ္ခ်က္ကို တ႐ုတ္အစိုးရက ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔ သိရပါတယ္။
ဒါ့ျပင္ တ႐ုတ္(တိုင္ေပ)ကြၽန္းကို စစ္လက္နက္ပစၥည္းတပ္ဆင္ေပးေနတာေတြကို ခ်က္ခ်င္းရပ္တန႔္ဖို႔ အေမရိကန္ကို တ႐ုတ္အစိုးရက တိုက္တြန္းခဲ့တယ္လို႔လည္း သိရပါတယ္။
တ႐ုတ္(တိုင္ေပ)ကြၽန္းအတြက္ အဆင့္ျမင့္စစ္လက္နက္ပစၥည္းေတြပါတဲ့ ပက္ေက့ခ်္အသစ္တစ္ခုကို ေရာင္းခ်ေပးဖို႔ အေမရိကန္အစိုးရက မီးစိမ္းျပခဲ့ၿပီးေနာက္ တ႐ုတ္အစိုးရရဲ႕သတိေပးခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
အေမရိကန္ရဲ႕လုပ္ရပ္ေတြဟာ အႏၲရာယ္ရွိတဲ့လုပ္ရပ္တစ္ခုျဖစ္ၿပီး တ႐ုတ္ရဲ႕အခ်ဳပ္အျခာအာဏာကို ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္တာမ်ိဳးျဖစ္တယ္လို႔ တ႐ုတ္အစိုးရက ေဝဖန္ေျပာဆိုခဲ့ပါတယ္။
တ႐ုတ္အစိုးရက “တ႐ုတ္တစ္ႏိုင္ငံတည္းမူဝါဒကို ေလးစားလိုက္နာဖို႔နဲ႔ တ႐ုတ္(တိုင္ေပ)ကြၽန္းကို စစ္လက္နက္ပစၥည္း တပ္ဆင္ေပးတာလိုမ်ိဳး အႏၲရာယ္ရွိတဲ့လုပ္ရပ္ေတြကို ခ်က္ခ်င္းရပ္တန႔္ဖို႔ အေမရိကန္ကို ကြၽန္ေတာ္တို႔ တိုက္တြန္းလိုပါတယ္” လို႔ ေျပာခဲ့ပါတယ္။
အေမရိကန္က မီးစိမ္းျပခဲ့တဲ့စစ္လက္နက္ပစၥည္းေရာင္းခ်မႈမွာ HIMARS ေရာ့ကတ္စနစ္ေတြ၊ ေဟာင္ဝစ္ဇာ အေျမာက္ေတြ၊ Javelin တင့္ကားဖ်က္ဒုံးက်ည္ေတြ၊ စစ္လက္နက္ပစၥည္းေတြ တပ္ဆင္ထားတဲ့ဒ႐ုန္းေတြနဲ႔ အျခား စစ္လက္နက္ပစၥည္းကိရိယာေတြအတြက္ အစိတ္အပိုင္းေတြ အပါအဝင္ ပစၥည္း(၈)မ်ိဳး ပါဝင္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.