အသက်နှင့်ထပ်တူ ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာ ရပ်များကို ဆက်လက်ထိန်းသိမ်းရန် တိုက်တွန်း

 193

Pearl (NP News) - အောက်တိုဘာ ၁၄
အသက်နှင့်ထပ်တူ ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာ ရပ်များကို ဆက်လက်ထိန်းသိမ်းရန်အတွက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။
ယမန်နေ့ (အောက်တိုဘာ ၁၃ရက်)က ကျင်းပခဲ့သော (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကအထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါအခမ်းအနား၌ ယနေ့ မျက်မှောက်ကာလတွင် ပွင့်လင်းလွတ်လပ်မှုနှင့် တိုးတက်လာသည့် မီဒီယာများကို အသုံးပြုပြီး ယဉ်ကျေးမှုဆိုင်ရာ ထိုးဖောက်မှုအမျိုးမျိုးသည် နယ်ပယ် အသီးသီးတွင် ထွေးရောယှက်တင် ဝင်ရောက်လာနေသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောကြားခဲ့သည်။
ထို့ကြောင့်လည်း နိုင်ငံအသီးသီးသည် မိမိတို့၏ရိုးရာအစဉ်အလာယဉ်ကျေးမှုဓလေ့စရိုက်များကို တန်ဖိုးထားထိန်း သိမ်းပြီး ရေရှည်တည်တံ့ခိုင်မြဲအောင် ကြိုးစားနေကြကြောင်း နှင့် အမျိုးသားယဉ် ကျေးမှုဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ အသက်ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုကဲ့သို့ အချိန်အခါမျိုးတွင် မျိုးဆက်သစ်လူငယ်များအပါအဝင် ပြည်သူတစ်ရပ်လုံးအတွက် အမျိုးသား ယဉ်ကျေးမှု ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှု ကိုယ်ခံစွမ်းအားများ မြင့်မားရှင်သန် နေစေရန် အနုပညာစွမ်းအားဖြင့် စေ့ဆော်မြှင့်တင်ပေးရန် တိုက်တွန်းမှာကြားလိုကြောင်းလည်း ‌ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များကို ဘိုးဘွားအဆက်ဆက် အနုပညာရှင်မျိုးဆက်အဆင့်ဆင့်တို့က ယဉ်ကျေးမှုအမွေအနှစ်အဖြစ် လက်ဆင့်ကမ်း သယ်ဆောင် ပွားများလာခဲ့ကြသည့်အတွက် ယနေ့ထက်တိုင် တည်တံ့ခိုင်မြဲနေခြင်းပင်ဖြစ် ကာ နှစ်ပေါင်းထောင်ချီသည့် မြန်မာ့သမိုင်းစဉ်တစ်လျှောက်တွင် စဉ်ဆက်မပြတ် ပေါ်ထွန်းလာခဲ့သည့် အနုပညာရှင်ကြီးများက ထိန်းသိမ်းဆင့်ပွားအမွေပေးခဲ့ခြင်းကြောင့် မြန်မာ့ယဉ်ကျေးမှုအနုပညာ ဘဏ္ဍာတိုက်ကြီးကို ပိုင်ဆိုင်ထိန်းသိမ်းထားကြသူများအဖြစ် ရပ်တည်နေနိုင်ခြင်း ဖြစ်ကြောင်း လည်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့ကြောင့် ဝါရင့်သမ္ဘာရင့်အနုပညာရှင်ကြီးများကလည်း ခေတ်အဆက်ဆက်တွင် ပေါ်ထွန်းခဲ့ သည့် ဘိုးဘွားဆရာသခင် အနုပညာရှင်ကြီးများ၏ အစဉ်အလာကောင်းများနှင့်အညီ အမွေဆက်ခံထိန်း သိမ်းထားသည့် အနုပညာဘဏ္ဍာတိုက်ကြီး ပိုမိုခိုင်ခံ့ဝင့်ကြွား တန်ဖိုးကြီးမားလာစေရေး ပြုစုပျိုးထောင်ပေးရင်းဖြင့် နောင်လာနောက်သား မျိုးဆက်သစ်အနုပညာရှင်များအတွက် အနုပညာအမွေပေးကြရန် မေတ္တာရပ်ခံ တိုက်တွန်းထားသည်။
ထို့ပြင် မိမိတို့ အသက်နှင့်ထပ်တူ ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များ ဆတက်ထမ်းပိုး တိုးတက်ရှင်သန် ထွန်းကားပြန့်ပွားစေရအောင် ဆက်လက်ထိန်းသိမ်းမြှင့်တင်ပေးနိုင်ရန် မိမိတို့၏ ပြည့်စုံကြွယ်ဝလှသည့် အတွေ့အကြုံများ၊ တန်ဖိုးမဖြတ်နိုင်သည့် အနုပညာစွမ်းအားများကို မျိုးဆက်သစ်လူငယ်များအား ပညာဖြန့်ဝေပေးနိုင်ရန် လည်း ပြောကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
အသက္ႏွင့္ထပ္တူ ထိန္းသိမ္းေစာင့္ေရွာက္လာခဲ့သည့္ ျမန္မာ့႐ိုးရာယဥ္ေက်းမႈ အႏုသုခုမပညာ ရပ္မ်ားကို ဆက္လက္ထိန္းသိမ္းရန္ တိုက္တြန္း
Pearl (NP News) - ေအာက္တိုဘာ ၁၄
အသက္ႏွင့္ထပ္တူ ထိန္းသိမ္းေစာင့္ေရွာက္လာခဲ့သည့္ ျမန္မာ့႐ိုးရာယဥ္ေက်းမႈ အႏုသုခုမပညာ ရပ္မ်ားကို ဆက္လက္ထိန္းသိမ္းရန္အတြက္ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာ ေရးေကာ္မရွင္ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က တိုက္တြန္းေျပာၾကားခဲ့သည္။
ယမန္ေန႔ (ေအာက္တိုဘာ ၁၃ရက္)က က်င္းပခဲ့ေသာ (၂၆) ႀကိမ္ေျမာက္ ျမန္မာ့႐ိုးရာယဥ္ေက်းမႈ အဆို၊ အက၊ အေရး၊ အတီးၿပိဳင္ပြဲ ဂုဏ္ျပဳမွတ္တမ္းလႊာေပးအပ္ပြဲႏွင့္ ဂုဏ္ျပဳညစာစားပြဲအခမ္းအနားတြင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ကအထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
အဆိုပါအခမ္းအနား၌ ယေန႔ မ်က္ေမွာက္ကာလတြင္ ပြင့္လင္းလြတ္လပ္မႈႏွင့္ တိုးတက္လာသည့္ မီဒီယာမ်ားကို အသုံးျပဳၿပီး ယဥ္ေက်းမႈဆိုင္ရာ ထိုးေဖာက္မႈအမ်ိဳးမ်ိဳးသည္ နယ္ပယ္ အသီးသီးတြင္ ေထြးေရာယွက္တင္ ဝင္ေရာက္လာေနသည္ကို အားလုံးအသိပင္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ကေျပာၾကားခဲ့သည္။
ထို႔ေၾကာင့္လည္း ႏိုင္ငံအသီးသီးသည္ မိမိတို႔၏႐ိုးရာအစဥ္အလာယဥ္ေက်းမႈဓေလ့စ႐ိုက္မ်ားကို တန္ဖိုးထားထိန္း သိမ္းၿပီး ေရရွည္တည္တံ့ခိုင္ၿမဲေအာင္ ႀကိဳးစားေနၾကေၾကာင္း ႏွင့္ အမ်ိဳးသားယဥ္ ေက်းမႈဆိုသည္မွာ ႏိုင္ငံတစ္ႏိုင္ငံ၊ လူမ်ိဳးတစ္မ်ိဳး၏ အသက္ပင္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
ယခုကဲ့သို႔ အခ်ိန္အခါမ်ိဳးတြင္ မ်ိဳးဆက္သစ္လူငယ္မ်ားအပါအဝင္ ျပည္သူတစ္ရပ္လုံးအတြက္ အမ်ိဳးသား ယဥ္ေက်းမႈ ထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္မႈ ကိုယ္ခံစြမ္းအားမ်ား ျမင့္မားရွင္သန္ ေနေစရန္ အႏုပညာစြမ္းအားျဖင့္ ေစ့ေဆာ္ျမႇင့္တင္ေပးရန္ တိုက္တြန္းမွာၾကားလိုေၾကာင္းလည္း ‌ေျပာၾကားခဲ့သည္။
ထို႔ျပင္ ျမန္မာ့႐ိုးရာယဥ္ေက်းမႈ အႏုသုခုမပညာရပ္မ်ားကို ဘိုးဘြားအဆက္ဆက္ အႏုပညာရွင္မ်ိဳးဆက္အဆင့္ဆင့္တို႔က ယဥ္ေက်းမႈအေမြအႏွစ္အျဖစ္ လက္ဆင့္ကမ္း သယ္ေဆာင္ ပြားမ်ားလာခဲ့ၾကသည့္အတြက္ ယေန႔ထက္တိုင္ တည္တံ့ခိုင္ၿမဲေနျခင္းပင္ျဖစ္ ကာ ႏွစ္ေပါင္းေထာင္ခ်ီသည့္ ျမန္မာ့သမိုင္းစဥ္တစ္ေလွ်ာက္တြင္ စဥ္ဆက္မျပတ္ ေပၚထြန္းလာခဲ့သည့္ အႏုပညာရွင္ႀကီးမ်ားက ထိန္းသိမ္းဆင့္ပြားအေမြေပးခဲ့ျခင္းေၾကာင့္ ျမန္မာ့ယဥ္ေက်းမႈအႏုပညာ ဘ႑ာတိုက္ႀကီးကို ပိုင္ဆိုင္ထိန္းသိမ္းထားၾကသူမ်ားအျဖစ္ ရပ္တည္ေနႏိုင္ျခင္း ျဖစ္ေၾကာင္း လည္း ထည့္သြင္းေျပာၾကားခဲ့သည္။
ထို႔ေၾကာင့္ ဝါရင့္သမာၻရင့္အႏုပညာရွင္ႀကီးမ်ားကလည္း ေခတ္အဆက္ဆက္တြင္ ေပၚထြန္းခဲ့ သည့္ ဘိုးဘြားဆရာသခင္ အႏုပညာရွင္ႀကီးမ်ား၏ အစဥ္အလာေကာင္းမ်ားႏွင့္အညီ အေမြဆက္ခံထိန္း သိမ္းထားသည့္ အႏုပညာဘ႑ာတိုက္ႀကီး ပိုမိုခိုင္ခံ့ဝင့္ႂကြား တန္ဖိုးႀကီးမားလာေစေရး ျပဳစုပ်ိဳးေထာင္ေပးရင္းျဖင့္ ေနာင္လာေနာက္သား မ်ိဳးဆက္သစ္အႏုပညာရွင္မ်ားအတြက္ အႏုပညာအေမြေပးၾကရန္ ေမတၱာရပ္ခံ တိုက္တြန္းထားသည္။
ထို႔ျပင္ မိမိတို႔ အသက္ႏွင့္ထပ္တူ ထိန္းသိမ္းေစာင့္ေရွာက္လာခဲ့သည့္ ျမန္မာ့႐ိုးရာယဥ္ေက်းမႈ အႏုသုခုမပညာရပ္မ်ား ဆတက္ထမ္းပိုး တိုးတက္ရွင္သန္ ထြန္းကားျပန႔္ပြားေစရေအာင္ ဆက္လက္ထိန္းသိမ္းျမႇင့္တင္ေပးႏိုင္ရန္ မိမိတို႔၏ ျပည့္စုံႂကြယ္ဝလွသည့္ အေတြ႕အႀကဳံမ်ား၊ တန္ဖိုးမျဖတ္ႏိုင္သည့္ အႏုပညာစြမ္းအားမ်ားကို မ်ိဳးဆက္သစ္လူငယ္မ်ားအား ပညာျဖန႔္ေဝေပးႏိုင္ရန္ လည္း ေျပာၾကားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.