ကမ္ဘာလုံးဆိုင်ရာ ကြွေးမြီ သတိပေးချက်ကို နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ ထုတ်ပြန်

209

Pika (NP News) - အောက်တိုဘာ ၁၄
ကမ္ဘာလုံးဆိုင်ရာ အများသူငါကြွေးမြီးသည် လာမည့်(၅)နှစ်အတွင်း ကမ္ဘာ့စီးပွားရေး အရွယ်အစားကို ကျော်လွန်သွားလိမ့်မည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF အကြီးအကဲ ခရစ္စတာလီနာဂျော်ဂျီဗာက သတိပေးပြောဆိုခဲ့သည်။ အများသူငါကြွေးမြီဆိုသည်မှာ အစိုးရများ၊ စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများမှ ချုပ် ကိုင်ထားသော စုစုပေါင်းကြွေးမြီကို ရည်ညွှန်းထားခြင်းဖြစ်သည်။ ထို့ပြင် ချေးယူမှုမြင့်တက်လာခြင်း သည် ဘဏ္ဍာရေးလိုငွေပြမှု၊ ကမ္ဘာ့အနှံ့ဖြစ်ပွားကာ ကျန်ရှိနေသော ရောဂါဆိုးများနှင့် ခေတ်မီပြီး ထွန်း သစ်စ စီးပွားရေးများတွင် အတိုးကုန်ကျစရိတ်များမြင့်တက်လာခြင်းတို့ကြောင့်ဖြစ်ကြောင်း ခရစ္စတာလီ နာဂျော်ဂျီဗာက ထုတ်ပြန်ပြောကြားခဲ့သည်။
ခရစ္စတာလီနာဂျော်ဂျီဗာက “ကမ္ဘာလုံး ဆိုင်ရာအများသူငါကြွေးမြီဟာ လာမယ့်(၂၀၂၉)ခုနှစ်မှာ ဂျီဒီပီရဲ့(၁၀ဝ)ရာခိုင်နှုန်းကို ကျော်လွန် သွားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်”ဟု သတိပေး ပြောဆိုခဲ့ သည်။ ကြွေးမြီများ မြင့်တက်လာခြင်းသည် အတိုးကုန်ကျစရိတ်များတိုးလာခြင်း၊ နှုန်းထားများ တိုးလာ ခြင်း၊ အသုံးစရိတ်ကန့်သတ်ခြင်းနှင့် ကမ္ဘာလုံး ဆိုင်ရာအစိုးရများ၏ တုန်လှုပ်ချောက်ချားမှုများကို ဖြေ လျှော့ပေးနိုင်စွမ်းကို အားနည်းလာစေလိမ့်မည် ဖြစ်ကြောင်း ခရစ္စတာလီနာဂျော်ဂျီဗာက သတိပေး ပြောဆိုခဲ့သည်။ အတိုးနှုန်းမြင့်မားနေသော်လည်း ဆက်တိုက်လိုငွေပြနေသည့် အမေရိကန်နိုင်ငံ၏ ဖက်ဒရယ်ကြွေးမြီများ မြင့်တက်လာချိန်တွင် အဆိုပါ သတိပေးချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ ယခုအောက်တိုဘာလအထိ အမေရိကန်၏ကြွေးမြီး သည် ဂျီဒီပီ၏(၁၂၅)ရာခိုင်နှုန်းဝန်းကျင် စံချိန်တင် အမေရိကန်ဒေါ်လာ(၃၇)ထရီလျံအထိရှိလာခဲ့ပြီး အကြီးဆုံးဖက်ဒရယ် အသုံးစရိတ်များထဲမှ တစ်ခုဖြစ် သည့် အတိုးပေးချေမှုနှင့်အတူ ကာကွယ်ရေး အသုံးစရိတ်ထက် ကျော်လွန်နေပြီဖြစ်ကြောင်းသိရသည်။ ထို့ပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက ချေးငွေကိုတိုးတက်မှုနှင့် ပြည်တွင်း ပရိုဂရမ် များအတွက် အရေးပါသောအရာတစ်ခုအဖြစ် ကာကွယ်ပြောဆိုထားကြောင်းသိရသည်။ မစစ်ဆေးထား သောအသုံးစရိတ်များသည် ကမ္ဘာလုံးဆိုင်ရာ ချေးငွေကုန်ကျစရိတ်ကို မြင့်တက်စေပြီး ထွန်းသစ်စ ဈေး ကွက်များကို မတည်မငြိမ်ဖြစ်စေနိုင်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က အစောပိုင်းတွင် သတိ ပေးပြောဆိုခဲ့သည်။

Zawgyi Version:
ကမာၻလုံးဆိုင္ရာ ေႂကြးၿမီ သတိေပးခ်က္ကို ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕ ထုတ္ျပန္
Pika (NP News) - ေအာက္တိုဘာ ၁၄
ကမာၻလုံးဆိုင္ရာ အမ်ားသူငါေႂကြးၿမီးသည္ လာမည့္(၅)ႏွစ္အတြင္း ကမာၻ႔စီးပြားေရး အ႐ြယ္အစားကို ေက်ာ္လြန္သြားလိမ့္မည္ဟု ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕ IMF အႀကီးအကဲ ခရစၥတာလီနာေဂ်ာ္ဂ်ီဗာက သတိေပးေျပာဆိုခဲ့သည္။ အမ်ားသူငါေႂကြးၿမီဆိုသည္မွာ အစိုးရမ်ား၊ စီးပြားေရးလုပ္ငန္းမ်ားႏွင့္ အိမ္ေထာင္စုမ်ားမွ ခ်ဳပ္ ကိုင္ထားေသာ စုစုေပါင္းေႂကြးၿမီကို ရည္ၫႊန္းထားျခင္းျဖစ္သည္။ ထို႔ျပင္ ေခ်းယူမႈျမင့္တက္လာျခင္း သည္ ဘ႑ာေရးလိုေငြျပမႈ၊ ကမာၻ႔အႏွံ႔ျဖစ္ပြားကာ က်န္ရွိေနေသာ ေရာဂါဆိုးမ်ားႏွင့္ ေခတ္မီၿပီး ထြန္း သစ္စ စီးပြားေရးမ်ားတြင္ အတိုးကုန္က်စရိတ္မ်ားျမင့္တက္လာျခင္းတို႔ေၾကာင့္ျဖစ္ေၾကာင္း ခရစၥတာလီ နာေဂ်ာ္ဂ်ီဗာက ထုတ္ျပန္ေျပာၾကားခဲ့သည္။
ခရစၥတာလီနာေဂ်ာ္ဂ်ီဗာက “ကမာၻလုံး ဆိုင္ရာအမ်ားသူငါေႂကြးၿမီဟာ လာမယ့္(၂၀၂၉)ခုႏွစ္မွာ ဂ်ီဒီပီရဲ႕(၁၀ဝ)ရာခိုင္ႏႈန္းကို ေက်ာ္လြန္ သြားလိမ့္မယ္လို႔ ခန႔္မွန္းထားပါတယ္”ဟု သတိေပး ေျပာဆိုခဲ့ သည္။ ေႂကြးၿမီမ်ား ျမင့္တက္လာျခင္းသည္ အတိုးကုန္က်စရိတ္မ်ားတိုးလာျခင္း၊ ႏႈန္းထားမ်ား တိုးလာ ျခင္း၊ အသုံးစရိတ္ကန႔္သတ္ျခင္းႏွင့္ ကမာၻလုံး ဆိုင္ရာအစိုးရမ်ား၏ တုန္လႈပ္ေခ်ာက္ခ်ားမႈမ်ားကို ေျဖ ေလွ်ာ့ေပးႏိုင္စြမ္းကို အားနည္းလာေစလိမ့္မည္ ျဖစ္ေၾကာင္း ခရစၥတာလီနာေဂ်ာ္ဂ်ီဗာက သတိေပး ေျပာဆိုခဲ့သည္။ အတိုးႏႈန္းျမင့္မားေနေသာ္လည္း ဆက္တိုက္လိုေငြျပေနသည့္ အေမရိကန္ႏိုင္ငံ၏ ဖက္ဒရယ္ေႂကြးၿမီမ်ား ျမင့္တက္လာခ်ိန္တြင္ အဆိုပါ သတိေပးခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။ ယခုေအာက္တိုဘာလအထိ အေမရိကန္၏ေႂကြးၿမီး သည္ ဂ်ီဒီပီ၏(၁၂၅)ရာခိုင္ႏႈန္းဝန္းက်င္ စံခ်ိန္တင္ အေမရိကန္ေဒၚလာ(၃၇)ထရီလ်ံအထိရွိလာခဲ့ၿပီး အႀကီးဆုံးဖက္ဒရယ္ အသုံးစရိတ္မ်ားထဲမွ တစ္ခုျဖစ္ သည့္ အတိုးေပးေခ်မႈႏွင့္အတူ ကာကြယ္ေရး အသုံးစရိတ္ထက္ ေက်ာ္လြန္ေနၿပီျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္အစိုးရက ေခ်းေငြကိုတိုးတက္မႈႏွင့္ ျပည္တြင္း ပ႐ိုဂရမ္ မ်ားအတြက္ အေရးပါေသာအရာတစ္ခုအျဖစ္ ကာကြယ္ေျပာဆိုထားေၾကာင္းသိရသည္။ မစစ္ေဆးထား ေသာအသုံးစရိတ္မ်ားသည္ ကမာၻလုံးဆိုင္ရာ ေခ်းေငြကုန္က်စရိတ္ကို ျမင့္တက္ေစၿပီး ထြန္းသစ္စ ေဈး ကြက္မ်ားကို မတည္မၿငိမ္ျဖစ္ေစႏိုင္ေၾကာင္း ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕က အေစာပိုင္းတြင္ သတိ ေပးေျပာဆိုခဲ့သည္။