အရှေ့အလယ်ပိုင်းဒေသတွင် တစ်လမ်းသွားတိုက်ခိုက်ရေး ဒရုန်းတပ်ဖွဲ့သစ်ကို အမေရိကန် ဖြန့်ကြက်ချထားမည်

165

Pika (NP News) - ဒီဇင်ဘာ ၇
အရှေ့အလယ်ပိုင်းဒေသတစ်ဝန်းတွင် တစ်လမ်းသွားတိုက်ခိုက်ရေးဒရုန်းများကို ဖြန့်ကြက်ချ ထားရန်ရည်ရွယ် သည့် အထူးတပ်ဖွဲ့အသစ်တစ်ခုကို အမေရိကန်စစ်တပ်က ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း အမေရိကန်ဗဟိုကွပ်ကဲမှု ဌာနချုပ် (CENTCOM) ကထုတ်ပြန်ပြောကြားခဲ့သည်။
Task Force Scorpion Strike (TFSS) ဖွဲ့စည်းခြင်းသည် ဒေသတွင်းတွင်လှုပ်ရှား နေသော အမေရိကန်တပ်ဖွဲ့ များအတွက် ဈေးသက်သာပြီး ပိုမိုထိရောက်မှုရှိသော စွမ်းရည်များ ရယူရန်နှင့် ဖြန့်ကြက်ချထားမှုကိုအရှိန်မြှင့်တင်ရန် အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်အကြီးအကဲ ပီတီဟတ်ဆတ်က ယခုနှစ်အစောပိုင်းတွင်ထုတ်ပြန်ခဲ့သော ညွှန်ကြား ချက်တစ်ခုအရ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန်ဘက် လက်တွင် အီရတ်၊ ဆီးရီးယား နှင့်အရှေ့အလယ်ပိုင်းဒေသရှိ အခြားနေရာများတွင်ရှိသော အမေရိကန် တပ်ဖွဲ့များကို အီရန်ကျော ထောက်နောက်ခံပြု စစ်သွေးကြွအဖွဲ့များက အကြိမ်ရာချီ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါ လှုပ်ရှားမှုများထွက် ပေါ်လာခြင်း ဖြစ်သည်။ အီရန်ကျော ထောက်နောက် ခံပြုစစ်သွေးကြွအဖွဲ့များ၏ ပစ်မှတ်ထားတိုက်ခိုက်မှု များအတွင်း အမေရိကန် စစ်သား အနည်းငယ်သေဆုံးခဲ့ပြီးနောက် ပိုမိုမြန်ဆန်ကာ လိုက်လျောညီထွေရှိသော ကာကွယ်ရေးနှင့်ထိုးစစ် ဆင်ရေးဆိုင်ရာဒရုန်းဖြေရှင်းချက်များလိုအပ်ကြောင်းကို မီးမောင်းထိုးပြသလိုဖြစ်သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
CENTCOM ၏ အဆိုအရ TFSS အဖွဲ့ ဖွဲ့စည်းမှုသည် အမေရိကန်တပ်ဖွဲ့ဝင်များကို စစ်မြေပြင်တွင် လက်ရှိ ဖြစ်ပွားနေသောအခြေအနေများနှင့် ထွက်ပေါ်လာသောခြိမ်းခြောက်မှုများကိုတုံ့ ပြန်ရန် စိတ်ကြိုက်ပြင်ဆင်ထားသည့် အဆင့်မြင့်ဒရုန်း စနစ်များတပ်ဆင်ပေးရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
အေရွ႕အလယ္ပိုင္းေဒသတြင္ တစ္လမ္းသြားတိုက္ခိုက္ေရး ဒ႐ုန္းတပ္ဖြဲ႕သစ္ကို အေမရိကန္ ျဖန႔္ၾကက္ခ်ထားမည္
Pika (NP News) - ဒီဇင္ဘာ ၇
အေရွ႕အလယ္ပိုင္းေဒသတစ္ဝန္းတြင္ တစ္လမ္းသြားတိုက္ခိုက္ေရးဒ႐ုန္းမ်ားကို ျဖန႔္ၾကက္ခ် ထားရန္ရည္႐ြယ္ သည့္ အထူးတပ္ဖြဲ႕အသစ္တစ္ခုကို အေမရိကန္စစ္တပ္က ဖြဲ႕စည္းလိုက္ၿပီျဖစ္ေၾကာင္း အေမရိကန္ဗဟိုကြပ္ကဲမႈ ဌာနခ်ဳပ္ (CENTCOM) ကထုတ္ျပန္ေျပာၾကားခဲ့သည္။
Task Force Scorpion Strike (TFSS) ဖြဲ႕စည္းျခင္းသည္ ေဒသတြင္းတြင္လႈပ္ရွား ေနေသာ အေမရိကန္တပ္ဖြဲ႕ မ်ားအတြက္ ေဈးသက္သာၿပီး ပိုမိုထိေရာက္မႈရွိေသာ စြမ္းရည္မ်ား ရယူရန္ႏွင့္ ျဖန႔္ၾကက္ခ်ထားမႈကိုအရွိန္ျမႇင့္တင္ရန္ အေမရိကန္စစ္ဌာနခ်ဳပ္ ပင္တဂြန္အႀကီးအကဲ ပီတီဟတ္ဆတ္က ယခုႏွစ္အေစာပိုင္းတြင္ထုတ္ျပန္ခဲ့ေသာ ၫႊန္ၾကား ခ်က္တစ္ခုအရ ျဖစ္ေပၚလာျခင္းျဖစ္သည္။ အေမရိကန္သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္ဘက္ လက္တြင္ အီရတ္၊ ဆီးရီးယား ႏွင့္အေရွ႕အလယ္ပိုင္းေဒသရွိ အျခားေနရာမ်ားတြင္ရွိေသာ အေမရိကန္ တပ္ဖြဲ႕မ်ားကို အီရန္ေက်ာ ေထာက္ေနာက္ခံျပဳ စစ္ေသြးႂကြအဖြဲ႕မ်ားက အႀကိမ္ရာခ်ီ ပစ္မွတ္ထား တိုက္ခိုက္ခဲ့ၿပီးေနာက္ အဆိုပါ လႈပ္ရွားမႈမ်ားထြက္ ေပၚလာျခင္း ျဖစ္သည္။ အီရန္ေက်ာ ေထာက္ေနာက္ ခံျပဳစစ္ေသြးႂကြအဖြဲ႕မ်ား၏ ပစ္မွတ္ထားတိုက္ခိုက္မႈ မ်ားအတြင္း အေမရိကန္ စစ္သား အနည္းငယ္ေသဆုံးခဲ့ၿပီးေနာက္ ပိုမိုျမန္ဆန္ကာ လိုက္ေလ်ာညီေထြရွိေသာ ကာကြယ္ေရးႏွင့္ထိုးစစ္ ဆင္ေရးဆိုင္ရာဒ႐ုန္းေျဖရွင္းခ်က္မ်ားလိုအပ္ေၾကာင္းကို မီးေမာင္းထိုးျပသလိုျဖစ္သြားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
CENTCOM ၏ အဆိုအရ TFSS အဖြဲ႕ ဖြဲ႕စည္းမႈသည္ အေမရိကန္တပ္ဖြဲ႕ဝင္မ်ားကို စစ္ေျမျပင္တြင္ လက္ရွိ ျဖစ္ပြားေနေသာအေျခအေနမ်ားႏွင့္ ထြက္ေပၚလာေသာၿခိမ္းေျခာက္မႈမ်ားကိုတုံ႔ ျပန္ရန္ စိတ္ႀကိဳက္ျပင္ဆင္ထားသည့္ အဆင့္ျမင့္ဒ႐ုန္း စနစ္မ်ားတပ္ဆင္ေပးရန္ ဒီဇိုင္းထုတ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။