ဆန်စပါးလုပ်ငန်းအတွက် စက်သုံးဆီနှင့်ဓါတ်မြေဩဇာတို့ကို လိုအပ်သည်ထက် ဝယ်ယူသိုလှောင်ခြင်း မပြုလုပ်ရန် နှင့် လိုက်နာရမည့်အချက်များကို အသိပေး

102

စော (NP News) - မတ် ၂၁
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆန်စပါးလုပ်ငန်းတွင် လိုအပ်သော စက်သုံးဆီ ဓါတ်မြေဩဇာတို့ကိုလည်း ပမာဏများစွာ လိုအပ်သည်ထက်ပို၍ ဝယ်ယူသိုလှောင်ခြင်းများ မပြုလုပ်ရန် အပါအဝင် လိုက်နာရမည့်အချက်များ ကို ယနေ့ (မတ် ၂၁ ရက်) တွင် အသိပေးထုတ်ပြန်ထားသည်။
ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်နေသော စစ်ရေးစစ်ရာအခြေအနေများကြောင့် နိုင်ငံတကာ ရေနံနှင့် ရေနံထွက်ပစ္စည်းဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက်မှုများ၊ မတည်မငြိမ်ဖြစ်မှုများ ဖြစ်ပေါ်လာသဖြင့် စက်သုံးဆီ အား ခြိုးခြံချွေတာသုံးစွဲရန် နိုင်ငံတော်အစိုးရအနေဖြင့် အသိပေးထုတ်ပြန်ထားပြီး ဆောင်ရွက်မည့် နည်းလမ်းများ ကိုလည်း ချမှတ်ကျင့်သုံး အကောင်အထည်ဖော်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါထုတ်ပြန်ချက်အတွင်း ဆန်စပါးလုပ်ငန်းနယ်ပယ်တွင် ထွန်ယက်စိုက်ပျိုးခြင်း၊ စိုက်ပျိုးရေတင်ခြင်း၊ ရေသွင်း ခြင်းလုပ်ငန်းများ၊ ရိတ်သိမ်းခြွေလှေ့ခြင်း၊ အခြောက်ခံခြင်း၊ စပါးမှ ဆန်ကြိတ်ခွဲထုတ်လုပ်ခြင်း၊ သယ်ယူ ပို့ဆောင်ခြင်းတို့တွင် စက်သုံးဆီ လိုအပ်ချက် ရှိကြောင်းနှင့် ယခုကာလတွင် အိမ်နီးချင်းနိုင်ငံများ၌လည်း ခြိုးခြံ ချွေတာသုံးစွဲမှုများကို စနစ်တကျ စီစဉ်ဆောင်ရွက်လျက်ရှိကြကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် ဆန်စပါးလုပ်ငန်းတွင် လိုအပ်သော စက်သုံးဆီ ဓါတ်မြေဩဇာတို့ကိုလည်း ပမာဏများစွာ လိုအပ်သည် ထက်ပို၍ ဝယ်ယူသိုလှောင်ခြင်းများ မပြုလုပ်ရန် နှင့် စက်သုံးဆီလိုအပ်မှုတွင် တောင်သူလယ်သမားများ၏ လိုအပ် မှုကို ဦးစားပေး ကူညီဆောင်ရွက်ပေးရန်၊ စိုက်ပျိုးရေတင်မှုလုပ်ငန်းများ၊ ရေဖြန့်ဝေမှုများ၊ ထွန်စက်များနှင့် ရိတ်သိမ်းခြွေလေ့ စက်များအတွက် လိုအပ်သော ဒီဇယ်ဆီ အချိန်မီရရှိရေးကို ဆန်စက်ပိုင်များ၊ ကုန်သည်များနှင့် ကုမ္ပဏီများအနေဖြင့် တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးရန် အကြံပြုတိုက်တွန်းထားသည်။
ထို့ပြင် ဆိုလာအချပ် (Solar Panel) ဖြင့် ရွှေ့ပြောင်းဆောင်ရွက်နိုင်သည့် ဆိုလာရေစုပ်နှင့် ရေတင်စက်များ၊ Solar Pump စနစ်များအား ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားနိုင်ရန်၊ တောင်သူလယ်သမားကြီးများအပါအဝင် ဆန်စက်ပိုင်၊ ကုမ္ပဏီ။ လုပ်ငန်းရှင်များမှ ဝယ်ယူစီစဉ်ဆောင်ရွက်ပြီး အသေးစား၊ အငယ်စား တောင်သူများအတွက် အငှားလိုက်ဝန်ဆောင်မှုပေးသည့် စနစ်ကို စီမံဆောင်ရွက်ပေးကြရန် ထုတ်ပြန်ချက် အရသိရသည်။
အလားတူ ရင့်မှည့်သော စပါးများအား အချိန်မီ ရိတ်သိမ်းခြွေလှေ့နိုင်ရန် လိုအပ်သည့် စက်သုံးဆီ (ဒီဇယ်ဆီ) အား ရိတ်သိမ်းခြွေလှေစက်များအတွက် ဦးစားပေး ဖြန့်ဝေပေးနိုင်ရေးကို ရပ်ကွက်၊ မြို့နယ်၊ ဌာနဆိုင်ရာများနှင့် ကြိုတင်ညှိနှိုင်း စီစဉ်ဆောင်ရွက်ပါရန် အပါအဝင် လိုအပ်ချက်ရှိပါက အသင်းချုပ်ထံသို့ အချက်အလက်များ ပေးပို့ ဆက်သွယ် ညှိနှိုင်းဆောင်ရွက်ရန် ထုတ်ပြန်ထားသည်။
ထို့ပြင် သယ်ယူပို့ဆောင်ရေးနှင့် ကြိတ်ခွဲထုတ်လုပ်ရေးအပိုင်းတွင် အမှန်တကယ် လိုအပ်သည့် အခြေအနေသို့ လျော့ချဆောင်ရွက်ရန်၊ စက်သုံးဆီအား ခြိုးခြံချွေတာသုံးစွဲရန်၊ ဆိုလာ တပ်ဆင်ထားသော ဆန်စက်များနှင့် ပူးပေါင်း၍ ကြိတ်ခွဲထုတ်လုပ်သည့် ပုံစံများ၊ ဆန်စက်များ တွင် ဆိုလာတပ်ဆင်ခြင်းများအား ကြိုတင်စီစဉ် ဆောင်ရွက်ထားရန်လည်း ပါဝင်ကြောင်းသိရသည်။
ဆက်လက်၍ နိုင်ငံတကာ ရေနံနှင့် ရေနံထွက်ပစ္စည်းများ ဈေးကွက်အတွင်း မတည်မငြိမ်ဖြစ်မှုများ၊ အချို့ နိုင်ငံများ၏ တင်ပို့ရောင်းချခြင်း ဆိုင်းငံ့ထားမှုများကြောင့် ဓါတ်မြေဩဇာ ဈေးနှုန်းများသည်လည်း မြင့်တက်နေ ကြောင်း တွေ့ရှိရပါသဖြင့် စိုက်ပျိုးရေးအတွက် အချိန်ယူ၍ ပြင်ဆင် ထုတ်လုပ်ရသော သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာ ထုတ်လုပ်သုံးစွဲမှုများအား ကြိုတင်စီစဉ် ထားရန် အကြံပြုတိုက်တွန်းထားသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် နိုင်ငံတော်အစိုးရဌာနများ၊ ကုန်သည်/ စက်မှုအသင်းချုပ် (UMFCCI) နှင့် ညီနောင်အသင်းအဖွဲ့များ၊ ကုမ္ပဏီများနှင့် ပူးပေါင်း၍ ပြင်ဆင်ညှိနှိုင်း ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် လိုအပ်ချက်များရှိပါက Viber Phone 09-400067240 ၊ 09-400067260 သို့ ဖြစ်စေ၊ Facebook Messenger မှ ဖြစ်စေ လိုအပ်ချက်များ၊ အခြေအနေများကို အချက်အလက်များ ပေးပို့တင်ပြနိုင်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

Zawgyi Version;
ဆန္စပါးလုပ္ငန္းအတြက္ စက္သုံးဆီႏွင့္ဓါတ္ေျမဩဇာတို႔ကို လိုအပ္သည္ထက္ ဝယ္ယူသိုေလွာင္ျခင္း မျပဳလုပ္ရန္ ႏွင့္ လိုက္နာရမည့္အခ်က္မ်ားကို အသိေပး
ေစာ (NP News) - မတ္ ၂၁
ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္က ဆန္စပါးလုပ္ငန္းတြင္ လိုအပ္ေသာ စက္သုံးဆီ ဓါတ္ေျမဩဇာတို႔ကိုလည္း ပမာဏမ်ားစြာ လိုအပ္သည္ထက္ပို၍ ဝယ္ယူသိုေလွာင္ျခင္းမ်ား မျပဳလုပ္ရန္ အပါအဝင္ လိုက္နာရမည့္အခ်က္မ်ား ကို ယေန႔ (မတ္ ၂၁ ရက္) တြင္ အသိေပးထုတ္ျပန္ထားသည္။
ကမာၻ႔အေရွ႕အလယ္ပိုင္းေဒသတြင္ ျဖစ္ေပၚေနေသာ စစ္ေရးစစ္ရာအေျခအေနမ်ားေၾကာင့္ ႏိုင္ငံတကာ ေရနံႏွင့္ ေရနံထြက္ပစၥည္းေဈးကြက္အတြင္း ေဈးႏႈန္းျမင့္တက္မႈမ်ား၊ မတည္မၿငိမ္ျဖစ္မႈမ်ား ျဖစ္ေပၚလာသျဖင့္ စက္သုံးဆီ အား ၿခိဳးၿခံေခြၽတာသုံးစြဲရန္ ႏိုင္ငံေတာ္အစိုးရအေနျဖင့္ အသိေပးထုတ္ျပန္ထားၿပီး ေဆာင္႐ြက္မည့္ နည္းလမ္းမ်ား ကိုလည္း ခ်မွတ္က်င့္သုံး အေကာင္အထည္ေဖာ္လ်က္ရွိေၾကာင္း ထုတ္ျပန္ထားသည္။
အဆိုပါထုတ္ျပန္ခ်က္အတြင္း ဆန္စပါးလုပ္ငန္းနယ္ပယ္တြင္ ထြန္ယက္စိုက္ပ်ိဳးျခင္း၊ စိုက္ပ်ိဳးေရတင္ျခင္း၊ ေရသြင္း ျခင္းလုပ္ငန္းမ်ား၊ ရိတ္သိမ္းေႁခြေလွ႔ျခင္း၊ အေျခာက္ခံျခင္း၊ စပါးမွ ဆန္ႀကိတ္ခြဲထုတ္လုပ္ျခင္း၊ သယ္ယူ ပို႔ေဆာင္ျခင္းတို႔တြင္ စက္သုံးဆီ လိုအပ္ခ်က္ ရွိေၾကာင္းႏွင့္ ယခုကာလတြင္ အိမ္နီးခ်င္းႏိုင္ငံမ်ား၌လည္း ၿခိဳးၿခံ ေခြၽတာသုံးစြဲမႈမ်ားကို စနစ္တက် စီစဥ္ေဆာင္႐ြက္လ်က္ရွိၾကေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ ဆန္စပါးလုပ္ငန္းတြင္ လိုအပ္ေသာ စက္သုံးဆီ ဓါတ္ေျမဩဇာတို႔ကိုလည္း ပမာဏမ်ားစြာ လိုအပ္သည္ ထက္ပို၍ ဝယ္ယူသိုေလွာင္ျခင္းမ်ား မျပဳလုပ္ရန္ ႏွင့္ စက္သုံးဆီလိုအပ္မႈတြင္ ေတာင္သူလယ္သမားမ်ား၏ လိုအပ္ မႈကို ဦးစားေပး ကူညီေဆာင္႐ြက္ေပးရန္၊ စိုက္ပ်ိဳးေရတင္မႈလုပ္ငန္းမ်ား၊ ေရျဖန႔္ေဝမႈမ်ား၊ ထြန္စက္မ်ားႏွင့္ ရိတ္သိမ္းေႁခြေလ့ စက္မ်ားအတြက္ လိုအပ္ေသာ ဒီဇယ္ဆီ အခ်ိန္မီရရွိေရးကို ဆန္စက္ပိုင္မ်ား၊ ကုန္သည္မ်ားႏွင့္ ကုမၸဏီမ်ားအေနျဖင့္ တတ္ႏိုင္သမွ် ဝိုင္းဝန္းကူညီေပးရန္ အႀကံျပဳတိုက္တြန္းထားသည္။
ထို႔ျပင္ ဆိုလာအခ်ပ္ (Solar Panel) ျဖင့္ ေ႐ႊ႕ေျပာင္းေဆာင္႐ြက္ႏိုင္သည့္ ဆိုလာေရစုပ္ႏွင့္ ေရတင္စက္မ်ား၊ Solar Pump စနစ္မ်ားအား ႀကိဳတင္ျပင္ဆင္ ေဆာင္႐ြက္ထားႏိုင္ရန္၊ ေတာင္သူလယ္သမားႀကီးမ်ားအပါအဝင္ ဆန္စက္ပိုင္၊ ကုမၸဏီ။ လုပ္ငန္းရွင္မ်ားမွ ဝယ္ယူစီစဥ္ေဆာင္႐ြက္ၿပီး အေသးစား၊ အငယ္စား ေတာင္သူမ်ားအတြက္ အငွားလိုက္ဝန္ေဆာင္မႈေပးသည့္ စနစ္ကို စီမံေဆာင္႐ြက္ေပးၾကရန္ ထုတ္ျပန္ခ်က္ အရသိရသည္။
အလားတူ ရင့္မွည့္ေသာ စပါးမ်ားအား အခ်ိန္မီ ရိတ္သိမ္းေႁခြေလွ႔ႏိုင္ရန္ လိုအပ္သည့္ စက္သုံးဆီ (ဒီဇယ္ဆီ) အား ရိတ္သိမ္းေႁခြေလွစက္မ်ားအတြက္ ဦးစားေပး ျဖန႔္ေဝေပးႏိုင္ေရးကို ရပ္ကြက္၊ ၿမိဳ႕နယ္၊ ဌာနဆိုင္ရာမ်ားႏွင့္ ႀကိဳတင္ညႇိႏႈိင္း စီစဥ္ေဆာင္႐ြက္ပါရန္ အပါအဝင္ လိုအပ္ခ်က္ရွိပါက အသင္းခ်ဳပ္ထံသို႔ အခ်က္အလက္မ်ား ေပးပို႔ ဆက္သြယ္ ညႇိႏႈိင္းေဆာင္႐ြက္ရန္ ထုတ္ျပန္ထားသည္။
ထို႔ျပင္ သယ္ယူပို႔ေဆာင္ေရးႏွင့္ ႀကိတ္ခြဲထုတ္လုပ္ေရးအပိုင္းတြင္ အမွန္တကယ္ လိုအပ္သည့္ အေျခအေနသို႔ ေလ်ာ့ခ်ေဆာင္႐ြက္ရန္၊ စက္သုံးဆီအား ၿခိဳးၿခံေခြၽတာသုံးစြဲရန္၊ ဆိုလာ တပ္ဆင္ထားေသာ ဆန္စက္မ်ားႏွင့္ ပူးေပါင္း၍ ႀကိတ္ခြဲထုတ္လုပ္သည့္ ပုံစံမ်ား၊ ဆန္စက္မ်ား တြင္ ဆိုလာတပ္ဆင္ျခင္းမ်ားအား ႀကိဳတင္စီစဥ္ ေဆာင္႐ြက္ထားရန္လည္း ပါဝင္ေၾကာင္းသိရသည္။
ဆက္လက္၍ ႏိုင္ငံတကာ ေရနံႏွင့္ ေရနံထြက္ပစၥည္းမ်ား ေဈးကြက္အတြင္း မတည္မၿငိမ္ျဖစ္မႈမ်ား၊ အခ်ိဳ႕ ႏိုင္ငံမ်ား၏ တင္ပို႔ေရာင္းခ်ျခင္း ဆိုင္းငံ့ထားမႈမ်ားေၾကာင့္ ဓါတ္ေျမဩဇာ ေဈးႏႈန္းမ်ားသည္လည္း ျမင့္တက္ေန ေၾကာင္း ေတြ႕ရွိရပါသျဖင့္ စိုက္ပ်ိဳးေရးအတြက္ အခ်ိန္ယူ၍ ျပင္ဆင္ ထုတ္လုပ္ရေသာ သဘာဝေျမဩဇာ၊ ဇီဝေျမဩဇာ ထုတ္လုပ္သုံးစြဲမႈမ်ားအား ႀကိဳတင္စီစဥ္ ထားရန္ အႀကံျပဳတိုက္တြန္းထားသည္။
ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ ႏိုင္ငံေတာ္အစိုးရဌာနမ်ား၊ ကုန္သည္/ စက္မႈအသင္းခ်ဳပ္ (UMFCCI) ႏွင့္ ညီေနာင္အသင္းအဖြဲ႕မ်ား၊ ကုမၸဏီမ်ားႏွင့္ ပူးေပါင္း၍ ျပင္ဆင္ညႇိႏႈိင္း ေဆာင္႐ြက္လ်က္ ရွိပါေၾကာင္းႏွင့္ လိုအပ္ခ်က္မ်ားရွိပါက Viber Phone 09-400067240 ၊ 09-400067260 သို႔ ျဖစ္ေစ၊ Facebook Messenger မွ ျဖစ္ေစ လိုအပ္ခ်က္မ်ား၊ အေျခအေနမ်ားကို အခ်က္အလက္မ်ား ေပးပို႔တင္ျပႏိုင္ေၾကာင္း အသိေပး ထုတ္ျပန္ထားသည္။