ရုရှားနှင့် စစ်ပွဲဖြစ်ပွားလာနိုင်ခြေ မြင့်မားနေသည်ဟု ဥရောပသားအများအပြား ယုံကြည်နေ

130

Pika (NP News) - ဒီဇင်ဘာ ၇
ဥရောပသမဂ္ဂအတွင်းရှိ နိုင်ငံ(၉)နိုင်ငံ၏ နိုင်ငံသားအများစုက ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ နှင့်ရုရှားတို့ကြား စစ်ပွဲဖြစ်ပွားလာနိုင်ခြေမြင့်မားလာ နေသည်ဟုထင်မြင်နေကြကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့သည့်စစ်တမ်းတစ်ခု အရ သိရသည်။ ရုရှား-ယူကရိန်းစစ်ပွဲ အရှိန်မြင့်တက်လာခြင်းကြောင့် စစ်မီး ပိုမိုပျံ့နှံ့လာမည်ကို စိုးရိမ်မှုများရှိနေသည့် အချိန်တွင် နိုင်ငံ(၉)နိုင်ငံမှ လူပေါင်း(၁၀ဝဝဝ)နီးပါး၏ဖြေ ဆိုချက်များကိုအခြေခံပြီးထုတ်ပြန်ထားသောစစ် တမ်း ထွက်ပေါ်လာခြင်းဖြစ်သည်။
ရုရှားသည် (၂၀၃၀)ပြည့်နှစ်တွင် စစ်ပွဲအသစ်တစ်ခုကိုဖန်တီးရန်ပြင်ဆင်နေကြောင်း ပြင်သစ် ထိပ်တန်းဗိုလ် ချုပ်ကြီး ဖာဘီယန်မန်ဒွန်က ပြီးခဲ့သည့် လတွင် သတိပေးပြောဆိုခဲ့ပြီးနောက် လူအများကြား တွင် ရုရှားနှင့်စစ်ပွဲဖြစ်ပွား လာမည်ကို စိုးရိမ်စိတ်များ ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဥရောပ သမဂ္ဂက ရုရှားနှင့်စစ်ပွဲဖြစ်ပွားလိုပါက ရုရှားဘက်က တိုက်ခိုက်မှုများလုပ် ဆောင်ပေးရန် အဆင်သင့်ရှိ သည်ဟု ရုရှားသမ္မတပူတင်က ပြီးခဲ့သည့်ရက်ပိုင်း တွင် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်းလည်းသိရသည်။
မကြာသေးမီက ထုတ်ပြန်ခဲ့သော စစ်တမ်း တွင် ဖြေဆိုသူ(၅၁)ရာခိုင်နှုန်းက လာမည့်နှစ်များအတွင်း ရုရှားနှင့် ၎င်းတို့၏နိုင်ငံများအကြား စစ်ပွဲဖြစ်ပွား လာနိုင်ခြေကမြင့်မားသည် သို့မဟုတ် အလွန်မြင့်မားသည်ဟု ဖြေဆိုခဲ့ ကြကြောင်းသိရသည်။ စစ်တမ်းအဖွဲ့ Cluster 17 က ပြီးခဲ့သည့်နိုဝင်ဘာလကုန်တွင် လူပေါင်း(၉၅၅၃)ဦးကို စစ်တမ်း ကောက်ယူကာ အဆိုပါ စစ်တမ်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။ အဆိုပါစစ်တမ်းတွင်ပါဝင်ခဲ့သည့် နိုင်ငံများမှာ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ စပိန်၊ ပိုလန်၊ ပေါ်တူဂီ၊ ခရိုအေးရှား၊ ဘယ်လ်ဂျီယံနှင့် နယ်သာလန်တို့ဖြစ်ပြီး နိုင်ငံတစ်နိုင်ငံချင်းစီမှလူပေါင်း (၁၀ဝဝ)ကျော်ကို စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Zawgyi Version:
႐ုရွားႏွင့္ စစ္ပြဲျဖစ္ပြားလာႏိုင္ေျခ ျမင့္မားေနသည္ဟု ဥေရာပသားအမ်ားအျပား ယုံၾကည္ေန
Pika (NP News) - ဒီဇင္ဘာ ၇
ဥေရာပသမဂၢအတြင္းရွိ ႏိုင္ငံ(၉)ႏိုင္ငံ၏ ႏိုင္ငံသားအမ်ားစုက ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ား ႏွင့္႐ုရွားတို႔ၾကား စစ္ပြဲျဖစ္ပြားလာႏိုင္ေျချမင့္မားလာ ေနသည္ဟုထင္ျမင္ေနၾကေၾကာင္း မၾကာေသးမီက ထုတ္ျပန္ခဲ့သည့္စစ္တမ္းတစ္ခု အရ သိရသည္။ ႐ုရွား-ယူကရိန္းစစ္ပြဲ အရွိန္ျမင့္တက္လာျခင္းေၾကာင့္ စစ္မီး ပိုမိုပ်ံ႕ႏွံ႔လာမည္ကို စိုးရိမ္မႈမ်ားရွိေနသည့္ အခ်ိန္တြင္ ႏိုင္ငံ(၉)ႏိုင္ငံမွ လူေပါင္း(၁၀ဝဝဝ)နီးပါး၏ေျဖ ဆိုခ်က္မ်ားကိုအေျခခံၿပီးထုတ္ျပန္ထားေသာစစ္ တမ္း ထြက္ေပၚလာျခင္းျဖစ္သည္။
႐ုရွားသည္ (၂၀၃၀)ျပည့္ႏွစ္တြင္ စစ္ပြဲအသစ္တစ္ခုကိုဖန္တီးရန္ျပင္ဆင္ေနေၾကာင္း ျပင္သစ္ ထိပ္တန္းဗိုလ္ ခ်ဳပ္ႀကီး ဖာဘီယန္မန္ဒြန္က ၿပီးခဲ့သည့္ လတြင္ သတိေပးေျပာဆိုခဲ့ၿပီးေနာက္ လူအမ်ားၾကား တြင္ ႐ုရွားႏွင့္စစ္ပြဲျဖစ္ပြား လာမည္ကို စိုးရိမ္စိတ္မ်ား ပိုမိုျမင့္တက္လာခဲ့ျခင္းျဖစ္သည္။ ထို႔ျပင္ ဥေရာပ သမဂၢက ႐ုရွားႏွင့္စစ္ပြဲျဖစ္ပြားလိုပါက ႐ုရွားဘက္က တိုက္ခိုက္မႈမ်ားလုပ္ ေဆာင္ေပးရန္ အဆင္သင့္ရွိ သည္ဟု ႐ုရွားသမၼတပူတင္က ၿပီးခဲ့သည့္ရက္ပိုင္း တြင္ ၿခိမ္းေျခာက္ေျပာဆိုခဲ့ေၾကာင္းလည္းသိရသည္။
မၾကာေသးမီက ထုတ္ျပန္ခဲ့ေသာ စစ္တမ္း တြင္ ေျဖဆိုသူ(၅၁)ရာခိုင္ႏႈန္းက လာမည့္ႏွစ္မ်ားအတြင္း ႐ုရွားႏွင့္ ၎တို႔၏ႏိုင္ငံမ်ားအၾကား စစ္ပြဲျဖစ္ပြား လာႏိုင္ေျခကျမင့္မားသည္ သို႔မဟုတ္ အလြန္ျမင့္မားသည္ဟု ေျဖဆိုခဲ့ ၾကေၾကာင္းသိရသည္။ စစ္တမ္းအဖြဲ႕ Cluster 17 က ၿပီးခဲ့သည့္ႏိုဝင္ဘာလကုန္တြင္ လူေပါင္း(၉၅၅၃)ဦးကို စစ္တမ္း ေကာက္ယူကာ အဆိုပါ စစ္တမ္းကို ထုတ္ျပန္ခဲ့ျခင္းျဖစ္ေၾကာင္းလည္းသိရသည္။ အဆိုပါစစ္တမ္းတြင္ပါဝင္ခဲ့သည့္ ႏိုင္ငံမ်ားမွာ ျပင္သစ္၊ ဂ်ာမနီ၊ အီတလီ၊ စပိန္၊ ပိုလန္၊ ေပၚတူဂီ၊ ခ႐ိုေအးရွား၊ ဘယ္လ္ဂ်ီယံႏွင့္ နယ္သာလန္တို႔ျဖစ္ၿပီး ႏိုင္ငံတစ္ႏိုင္ငံခ်င္းစီမွလူေပါင္း (၁၀ဝဝ)ေက်ာ္ကို စစ္တမ္းေကာက္ယူခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။