ယာယီသမ္မတ နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ထံ ထိုင်းနိုင်ငံခြားရေးဝန်ကြီး လာရောက်တွေ့ဆုံ

821

သုတကျော် (NP News) - ဒီဇင်ဘာ ၇
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောထံ ထိုင်းနိုင်ငံခြားရေးဝန်ကြီး က ယနေ့ (ဒီဇင်ဘာလ ၇ ရက်) တွင် လာရောက်တွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr.Sihasak Phuangketkeow ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ရှည်လျားသည့် သမိုင်းကြောင်းရှိပြီး အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်မှု၊ နှစ်နိုင်ငံအကြား သဘောတူညီချက်များအား ဆက်လက်အကောင်အထည်ဖော် နိုင်ရေး ဆောင်ရွက်လျက်ရှိမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်နေစေရေး ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသကုန်သွယ်မှု များပြန်လည်ကောင်းမွန်ရေးအတွက် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးသည် မရှိမဖြစ်လိုအပ်သဖြင့် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြားပူးပေါင်း၍ ထိန်းသိမ်းဆောင်ရွက်သွားရန်လိုအပ်မှု အခြေအနေများ၊ နယ်စပ်ဒေသတရားမဝင်ကုန်သွယ်မှုများ မရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန်လိုအပ်မှုအခြေအနေများ၊ နှစ်နိုင်ငံနယ်စပ် ဒေသတွင်ရှိသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို လုပ်ဆောင်လျက်ရှိသည့် KK Park နှင့် ရွှေကုက္ကိုလ်တို့ရှိ အဆောက်အဦများအား မြန်မာနိုင်ငံဘက်မှ အမြစ်ပြတ် ဖြိုချဖျက်ဆီးလျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသတွင် လက်နက်ခဲယမ်းများ တရားမဝင်ရောင်းချနေမှုများကို နိုင်ငံတော်အဆင့် ပူးပေါင်းထိန်းသိမ်း ဆောင်ရွက် နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင်ယခုလအတွင်း လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ အတွင်း ထိုင်းနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်စေရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည့်အခြေအနေများနှင့် ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ထံသို့ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Sihasakm Phuangketkeow ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ရုံးအမှတ်(၁၈) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံရာ နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံမှု ပိုမို တိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေး၊ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင် စွာကျင်းပနိုင်ရန် ဥပဒေနှင့်အညီ အလေး ထားဆောင်ရွက်နေမှုနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သိရသည်။

Zawgyi Version:
ယာယီသမၼတ ႏွင့္ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ထံ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီး လာေရာက္ေတြ႕ဆုံ
သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၇
ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ႏွင့္ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဦးညိဳေစာထံ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီး က ယေန႔ (ဒီဇင္ဘာလ ၇ ရက္) တြင္ လာေရာက္ေတြ႕ဆုံခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ထံ ထိုင္းႏိုင္ငံ၊ ႏိုင္ငံျခားေရးဝန္ႀကီး H.E. Mr.Sihasak Phuangketkeow ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕က မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမ၌ လာေရာက္ဂါရဝျပဳေတြ႕ဆုံခဲ့ျခင္းျဖစ္သည္။
ထိုသို႔ေတြ႕ဆုံရာတြင္ ျမန္မာႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔သည္ ရွည္လ်ားသည့္ သမိုင္းေၾကာင္းရွိၿပီး အိမ္နီးခ်င္းေကာင္း၊ မိတ္ေဆြေကာင္းႏိုင္ငံမ်ားျဖစ္မႈ၊ ႏွစ္ႏိုင္ငံအၾကား သေဘာတူညီခ်က္မ်ားအား ဆက္လက္အေကာင္အထည္ေဖာ္ ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိမႈႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား တိုးတက္ေကာင္းမြန္ေနေစေရး ဆက္လက္ေဆာင္႐ြက္သြားမည့္အေျခအေနမ်ား၊ ႏွစ္ႏိုင္ငံနယ္စပ္ေဒသကုန္သြယ္မႈ မ်ားျပန္လည္ေကာင္းမြန္ေရးအတြက္ နယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းေရးသည္ မရွိမျဖစ္လိုအပ္သျဖင့္ ႏွစ္ႏိုင္ငံအစိုးရႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကားပူးေပါင္း၍ ထိန္းသိမ္းေဆာင္႐ြက္သြားရန္လိုအပ္မႈ အေျခအေနမ်ား၊ နယ္စပ္ေဒသတရားမဝင္ကုန္သြယ္မႈမ်ား မရွိေစေရး ထိန္းသိမ္းေဆာင္႐ြက္ရန္လိုအပ္မႈအေျခအေနမ်ား၊ ႏွစ္ႏိုင္ငံနယ္စပ္ ေဒသတြင္ရွိသည့္ အြန္လိုင္းလိမ္လည္ေလာင္းကစားမႈမ်ားကို လုပ္ေဆာင္လ်က္ရွိသည့္ KK Park ႏွင့္ ေ႐ႊကုကၠိဳလ္တို႔ရွိ အေဆာက္အဦမ်ားအား ျမန္မာႏိုင္ငံဘက္မွ အျမစ္ျပတ္ ၿဖိဳခ်ဖ်က္ဆီးလ်က္ရွိမႈအေျခအေနမ်ား၊ ႏွစ္ႏိုင္ငံနယ္စပ္ေဒသတြင္ လက္နက္ခဲယမ္းမ်ား တရားမဝင္ေရာင္းခ်ေနမႈမ်ားကို ႏိုင္ငံေတာ္အဆင့္ ပူးေပါင္းထိန္းသိမ္း ေဆာင္႐ြက္ ႏိုင္မည့္အေျခအေနမ်ား၊ ျမန္မာႏိုင္ငံအေနျဖင့္ အာဆီယံအဖြဲ႕အတြင္း ပူးေပါင္း ေဆာင္႐ြက္လ်က္ရွိသည့္အေျခအေနမ်ား၊ ျမန္မာႏိုင္ငံတြင္ယခုလအတြင္း လြတ္လပ္ၿပီး တရားမွ်တသည့္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ က်င္းပျပဳလုပ္ႏိုင္ေရး ႀကိဳတင္ျပင္ဆင္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိမႈႏွင့္ ၂၀၂၆ ခုႏွစ္ ဇန္နဝါရီလ အတြင္း ထိုင္းႏိုင္ငံ၌ ေ႐ြးေကာက္ပြဲက်င္းပျပဳလုပ္သြားမည့္ အေျခအေနမ်ား၊ ႏွစ္ႏိုင္ငံ အၾကား ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား တိုးတက္ေကာင္းမြန္ေစေရး ဆက္လက္ ႀကိဳးပမ္းေဆာင္႐ြက္သြားမည့္အေျခအေနမ်ားႏွင့္ ရင္းရင္းႏွီးႏွီး ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။
ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဦးညိဳေစာ ထံသို႔ ထိုင္းႏိုင္ငံ၊ ႏိုင္ငံျခားေရးဝန္ႀကီး H.E.Mr. Sihasakm Phuangketkeow ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕က မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံး၊ ႐ုံးအမွတ္(၁၈) ဧည့္ခန္းမ၌ လာေရာက္ေတြ႕ဆုံရာ ႏွစ္ႏိုင္ငံအၾကားခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ သံတမန္ဆက္ဆံမႈ ပိုမို တိုးတက္ခိုင္မာေစေရး၊ ႏွစ္ႏိုင္ငံနယ္စပ္ေဒသတည္ၿငိမ္ေရး၊ ႏွစ္ႏိုင္ငံ ကုန္သြယ္ေရး၊ စီးပြားေရးပူးေပါင္းေဆာင္႐ြက္ေရးႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး၊ ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားအား အေကာင္အထည္ေဖာ္ေဆာင္႐ြက္မႈမ်ား၊ လြတ္လပ္ၿပီးတရားမွ်တသည့္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲ ေအာင္ျမင္ စြာက်င္းပႏိုင္ရန္ ဥပေဒႏွင့္အညီ အေလး ထားေဆာင္႐ြက္ေနမႈႏွင့္ ေဒသတြင္းႏွင့္ ႏိုင္ငံတကာ မ်က္ႏွာစာတြင္ အျပဳသေဘာေဆာင္ေသာ ပူးေပါင္းေဆာင္႐ြက္မႈမ်ား အရွိန္ျမႇင့္တင္ေဆာင္႐ြက္သြားမည့္ ကိစၥရပ္မ်ားႏွင့္ စပ္လ်ဥ္း၍ ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ ေဆြးေႏြးၾကေၾကာင္း သိရသည္။