ရန်ကုန်တိုင်းအတွင်း စားအုန်းဆီ အိမ်တိုင်ရာရောက် ရောင်းချမှုကို တစ်ပတ်လျှင် (၆) ရက်အထိ တိုးမြှင့်လက်ခံမည်

 110

သန့်မင်းအိမ် (NP News) - မတ် ၂၁

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၄၄) မြို့နယ်တွင် စားအုန်းဆီများကို အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချပေးနေသည့်အစီအစဉ်အား လာမည့် ဧပြီလ သင်္ကြန်ကာလ အစိုးရရုံးပိတ်ရက်များတွင် ဝယ်ယူသူများ အခက်အခဲမရှိစေရန်အတွက် အမှာစာလက်ခံသည့်ရက်ကို တစ်ပတ်လျှင် (၆) ရက်အထိ တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်တိုင်းအတွင်းရှိ အိမ်ထောင်စုများ စားအုန်းဆီကို လွယ်လွယ်ကူကူနှင့် အိမ်အရောက်ဝယ်ယူနိုင်ရန်အတွက် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ သြဂုတ်လမှစတင်ကာ အိမ်ထောင်စုတစ်စုလျှင် တစ်လစာ (၂ ပိဿာ ၅၀ ကျပ်သား) နှုန်းဖြင့် ကော်မတီမှ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါစားအုန်းဆီများ ဝယ်ယူနိုင်ရန်အတွက် ခရိုင်(၁၄) ခုနှင့် မြို့နယ် (၄၄) မြို့နယ်တွင် ခရိုင်အလိုက် Call Center များ ထားရှိပေးထားကြောင်းလည်း သိရသည်။
ယခင်က အမှာစာများကို တနင်္ဂနွေနေ့နှင့် အစိုးရရုံးပိတ်ရက်များမှအပ တစ်ပတ်လျှင် (၅) ရက်သာ လက်ခံခဲ့သော်လည်း ယခုအခါ သင်္ကြန်ရုံးပိတ်ရက်ရှည်များ ရှိနေသည့်အတွက် မတ်လ (၂၃) ရက်မှစတင်ကာ တနင်္လာနေ့မှ စနေနေ့အထိ တစ်ပတ်လျှင် (၆) ရက် တိုးမြှင့်လက်ခံပေးသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
စားအုန်းဆီ အမှာစာများကို နံနက် (၉:၀၀) နာရီမှ ညနေ (၄:၀၀) နာရီအတွင်း ဆက်သွယ်မှာယူနိုင်ပြီး၊ ငွေပေးချေမှုစနစ်အနေဖြင့် ပစ္စည်းရောက်မှ ငွေချေရမည့် (Cash on Delivery) စနစ်ဖြင့်သာ ရောင်းချပေးမည်ဖြစ်သောကြောင့် ဆီဖိုးကို ကြိုတင်ပေးချေရန် မလိုအပ်ကြောင်းလည်း အဆိုပါကော်မတီက အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။
သို့သော် ဧပြီလ (၁၁) ရက်မှ (၁၉) ရက်အထိ ကျရောက်မည့် သင်္ကြန်ရုံးပိတ်ရက်ကာလများတွင်မူ အမှာစာလက်ခံခြင်းအား ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ရန္ကုန္တိုင္းအတြင္း စားအုန္းဆီ အိမ္တိုင္ရာေရာက္ ေရာင္းခ်မႈကို တစ္ပတ္လွ်င္ (၆) ရက္အထိ တိုးျမႇင့္လက္ခံမည္
သန႔္မင္းအိမ္ (NP News) - မတ္ ၂၁
ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္ (၄၄) ၿမိဳ႕နယ္တြင္ စားအုန္းဆီမ်ားကို အိမ္တိုင္ရာေရာက္ ျဖန႔္ျဖဴးေရာင္းခ်ေပးေနသည့္အစီအစဥ္အား လာမည့္ ဧၿပီလ သၾကၤန္ကာလ အစိုးရ႐ုံးပိတ္ရက္မ်ားတြင္ ဝယ္ယူသူမ်ား အခက္အခဲမရွိေစရန္အတြက္ အမွာစာလက္ခံသည့္ရက္ကို တစ္ပတ္လွ်င္ (၆) ရက္အထိ တိုးျမႇင့္ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး စားအုန္းဆီ အိမ္တိုင္ရာေရာက္ ျဖန႔္ျဖဴးေရာင္းခ်ေရးေကာ္မတီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ရန္ကုန္တိုင္းအတြင္းရွိ အိမ္ေထာင္စုမ်ား စားအုန္းဆီကို လြယ္လြယ္ကူကူႏွင့္ အိမ္အေရာက္ဝယ္ယူႏိုင္ရန္အတြက္ ၿပီးခဲ့သည့္ ၂၀၂၄ ခုႏွစ္၊ ၾသဂုတ္လမွစတင္ကာ အိမ္ေထာင္စုတစ္စုလွ်င္ တစ္လစာ (၂ ပိႆာ ၅၀ က်ပ္သား) ႏႈန္းျဖင့္ ေကာ္မတီမွ စီစဥ္ေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။
အဆိုပါစားအုန္းဆီမ်ား ဝယ္ယူႏိုင္ရန္အတြက္ ခ႐ိုင္(၁၄) ခုႏွင့္ ၿမိဳ႕နယ္ (၄၄) ၿမိဳ႕နယ္တြင္ ခ႐ိုင္အလိုက္ Call Center မ်ား ထားရွိေပးထားေၾကာင္းလည္း သိရသည္။
ယခင္က အမွာစာမ်ားကို တနဂၤေႏြေန႔ႏွင့္ အစိုးရ႐ုံးပိတ္ရက္မ်ားမွအပ တစ္ပတ္လွ်င္ (၅) ရက္သာ လက္ခံခဲ့ေသာ္လည္း ယခုအခါ သၾကၤန္႐ုံးပိတ္ရက္ရွည္မ်ား ရွိေနသည့္အတြက္ မတ္လ (၂၃) ရက္မွစတင္ကာ တနလၤာေန႔မွ စေနေန႔အထိ တစ္ပတ္လွ်င္ (၆) ရက္ တိုးျမႇင့္လက္ခံေပးသြားမည္ျဖစ္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။
စားအုန္းဆီ အမွာစာမ်ားကို နံနက္ (၉:၀၀) နာရီမွ ညေန (၄:၀၀) နာရီအတြင္း ဆက္သြယ္မွာယူႏိုင္ၿပီး၊ ေငြေပးေခ်မႈစနစ္အေနျဖင့္ ပစၥည္းေရာက္မွ ေငြေခ်ရမည့္ (Cash on Delivery) စနစ္ျဖင့္သာ ေရာင္းခ်ေပးမည္ျဖစ္ေသာေၾကာင့္ ဆီဖိုးကို ႀကိဳတင္ေပးေခ်ရန္ မလိုအပ္ေၾကာင္းလည္း အဆိုပါေကာ္မတီက အသိေပးထုတ္ျပန္ထားေၾကာင္း သိရသည္။
သို႔ေသာ္ ဧၿပီလ (၁၁) ရက္မွ (၁၉) ရက္အထိ က်ေရာက္မည့္ သၾကၤန္႐ုံးပိတ္ရက္ကာလမ်ားတြင္မူ အမွာစာလက္ခံျခင္းအား ေခတၱရပ္နားထားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.