မတ်လအတွင်း စက်သုံးဆီလုပ်ငန်းရှင်များသို့ အမေရိကန်ဒေါ်လာ (၉၆) သန်း ရောင်းချပေးခဲ့

344

Pearl (NP News) - မတ် ၂၁
မတ်လအတွင်း ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များသို့ အမေရိကန်ဒေါ်လာ (၉၆) သန်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း FX Market Online Trading Platform တွင် သွင်းကုန်လုပ်ငန်းရှင် များနှင့် နိုင်ငံခြားငွေ လိုအပ်သူများမှ အမေရိကန်ဒေါ်လာ ၂၅၇.၇၈ သန်း၊ တရုတ်ယွမ် ၁၀၃.၇၀ သန်း၊ ထိုင်းဘတ် ၈၂၆.၄၂ သန်း နှင့် အိန္ဒိယရူပီး ၁၁.၉၉ သန်း အရောင်းအဝယ် ပြုလုပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ ဈေးကွက်အတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ ၃.၈၄ သန်း၊ တရုတ်ယွမ် ၀.၇၇ သန်းနှင့် ထိုင်းဘတ် ၃၇.၇၆ သန်းတို့အား ဝင်ရောက်ရောင်းချပေးခဲ့ပြီး မတ်လအတွင်းတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များသို့ စုစုပေါင်း အမေရိကန်ဒေါ်လာ ၉၆ သန်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဈေးကွက်အတွင်း နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့သည့် ကုန်စည်များမှာ စားသုံးဆီ၊ စက်သုံးဆီ၊ ဓာတ်မြေဩဇာ ၊ ဆေးဝါး နှင့် ဆေးဝါးကုန်ကြမ်းပစ္စည်းများ၊ စက်မှုကုန်ကြမ်း၊ စားသုံးကုန်စည်၊ မုယော ၊ တိရိစ္ဆာန်အစာ၊ ထုပ်ပိုးပစ္စည်း ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း၊ ကတ္တရာ၊ မီးဖိုချောင်သုံးဂက်စ်၊ ကား/ဆိုင်ကယ် အပိုပစ္စည်း၊ အင်ဂျင်ဝိုင်၊ စိုက်ပျိုးရေး လုပ်ငန်းသုံးပစ္စည်းများ ၊ ပိုးသတ်ဆေး၊ လူသုံးကုန်ပစ္စည်းများ၊ ဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ အခြားကုန်ပစ္စည်းများ နှင့် NonTrade Transation များဖြစ်ကြောင်း သိရသည်။

Zawgyi Version;
မတ္လအတြင္း စက္သုံးဆီလုပ္ငန္းရွင္မ်ားသို႔ အေမရိကန္ေဒၚလာ (၉၆) သန္း ေရာင္းခ်ေပးခဲ့
Pearl (NP News) - မတ္ ၂၁
မတ္လအတြင္း ဗဟိုဘဏ္မွ စက္သုံးဆီလုပ္ငန္းရွင္မ်ားသို႔ အေမရိကန္ေဒၚလာ (၉၆) သန္း ေရာင္းခ်ေပးခဲ့ေၾကာင္း သိရသည္။
၂၀၂၆ ခုႏွစ္၊ မတ္လအတြင္း FX Market Online Trading Platform တြင္ သြင္းကုန္လုပ္ငန္းရွင္ မ်ားႏွင့္ ႏိုင္ငံျခားေငြ လိုအပ္သူမ်ားမွ အေမရိကန္ေဒၚလာ ၂၅၇.၇၈ သန္း၊ တ႐ုတ္ယြမ္ ၁၀၃.၇၀ သန္း၊ ထိုင္းဘတ္ ၈၂၆.၄၂ သန္း ႏွင့္ အိႏၵိယ႐ူပီး ၁၁.၉၉ သန္း အေရာင္းအဝယ္ ျပဳလုပ္ခဲ့ ေၾကာင္း သိရသည္။
အဆိုပါ ေဈးကြက္အတြင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ အေမရိကန္ေဒၚလာ ၃.၈၄ သန္း၊ တ႐ုတ္ယြမ္ ၀.၇၇ သန္းႏွင့္ ထိုင္းဘတ္ ၃၇.၇၆ သန္းတို႔အား ဝင္ေရာက္ေရာင္းခ်ေပးခဲ့ၿပီး မတ္လအတြင္းတြင္ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္မွ စက္သုံးဆီလုပ္ငန္းရွင္မ်ားသို႔ စုစုေပါင္း အေမရိကန္ေဒၚလာ ၉၆ သန္း ေရာင္းခ်ေပးခဲ့ေၾကာင္း သိရသည္။
ေဈးကြက္အတြင္း ႏိုင္ငံျခားေငြ ဝယ္ယူရရွိခဲ့သည့္ ကုန္စည္မ်ားမွာ စားသုံးဆီ၊ စက္သုံးဆီ၊ ဓာတ္ေျမဩဇာ ၊ ေဆးဝါး ႏွင့္ ေဆးဝါးကုန္ၾကမ္းပစၥည္းမ်ား၊ စက္မႈကုန္ၾကမ္း၊ စားသုံးကုန္စည္၊ မုေယာ ၊ တိရိစာၦန္အစာ၊ ထုပ္ပိုးပစၥည္း ၊ ေဆာက္လုပ္ေရး လုပ္ငန္းသုံးပစၥည္း၊ ကတၱရာ၊ မီးဖိုေခ်ာင္သုံးဂက္စ္၊ ကား/ဆိုင္ကယ္ အပိုပစၥည္း၊ အင္ဂ်င္ဝိုင္၊ စိုက္ပ်ိဳးေရး လုပ္ငန္းသုံးပစၥည္းမ်ား ၊ ပိုးသတ္ေဆး၊ လူသုံးကုန္ပစၥည္းမ်ား၊ ဆက္သြယ္ေရးလုပ္ငန္းသုံးပစၥည္းမ်ား၊ အီလက္ထေရာနစ္ပစၥည္းမ်ား၊ အျခားကုန္ပစၥည္းမ်ား ႏွင့္ NonTrade Transation မ်ားျဖစ္ေၾကာင္း သိရသည္။