အီရန်က အကုန်လုံးကို ပြန်လည်တည်ဆောက်ဖို့အတွက် အချိန်(၁၀)နှစ်လောက် ယူရလိမ့်မယ်လို့ ဒေါ်နယ်ထရမ့်ပြော

216

Pika (NP News) - မတ် ၂၁
အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေကြောင့် အီရန်နိုင်ငံဟာ အကုန်လုံးကို ပြန်လည်တည်ဆောက်ဖို့အတွက် အချိန်(၁၀)နှစ်လောက်ယူရလိမ့်မယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အီရန်မှာ အစိုးရအပြောင်းအလဲက အမေရိကန်ရဲ့အဓိကရည်မှန်းချက်တစ်ခုမဟုတ်ဘူးလို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က "ကျွန်တော်တို့ကသာ စစ်ပွဲကို ကြာကြာလေးဆင်နွှဲလိုက်မယ်ဆိုရင် အီရန်က ဘယ်တော့မှပြန်လည်တည်ဆောက်လို့ရတော့မှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။
လက်ရှိအမေရိကန်က လုပ်ဆောင်နေတဲ့စစ်ဆင်ရေးတွေရဲ့အဓိကရည်မှန်းချက်က အီရန်မှာ အစိုးရအပြောင်းအလဲဖြစ်သွားဖို့ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်က အင်တာဗျူးတစ်ခုအတွင်းမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း အီရန်ကိုထိန်းချုပ်မယ့် အစိုးရအပေါ် အမေရိကန်က လွှမ်းမိုးမှုတွေ လုပ်ဆောင်သွားနိုင်ပေမယ့်လည်း အဲဒါကလည်း အဓိကအချက်တစ်ခုမဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ဟော်မုဇ်ရေလက်ကြားကို ပြန်ပွင့်အောင်လုပ်ဆောင်ဖို့ ကြိုးပမ်းမှုတွေမှာ ပါဝင်ဖို့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ငြင်းဆိုခဲ့တာနဲ့ပတ်သက်ပြီး ဒေါ်နယ်ထရမ့်က နေတိုးအဖွဲ့ကို ပြစ်တင်ဝေဖန်ခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
အီရန္က အကုန္လုံးကို ျပန္လည္တည္ေဆာက္ဖို႔အတြက္ အခ်ိန္(၁၀)ႏွစ္ေလာက္ ယူရလိမ့္မယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - မတ္ ၂၁
အစၥေရးနဲ႔ အေမရိကန္တို႔ရဲ႕ ပူးေပါင္းတိုက္ခိုက္မႈေတြေၾကာင့္ အီရန္ႏိုင္ငံဟာ အကုန္လုံးကို ျပန္လည္တည္ေဆာက္ဖို႔အတြက္ အခ်ိန္(၁၀)ႏွစ္ေလာက္ယူရလိမ့္မယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ အီရန္မွာ အစိုးရအေျပာင္းအလဲက အေမရိကန္ရဲ႕အဓိကရည္မွန္းခ်က္တစ္ခုမဟုတ္ဘူးလို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က "ကြၽန္ေတာ္တို႔ကသာ စစ္ပြဲကို ၾကာၾကာေလးဆင္ႏႊဲလိုက္မယ္ဆိုရင္ အီရန္က ဘယ္ေတာ့မွျပန္လည္တည္ေဆာက္လို႔ရေတာ့မွာ မဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
လက္ရွိအေမရိကန္က လုပ္ေဆာင္ေနတဲ့စစ္ဆင္ေရးေတြရဲ႕အဓိကရည္မွန္းခ်က္က အီရန္မွာ အစိုးရအေျပာင္းအလဲျဖစ္သြားဖို႔ မဟုတ္ဘူးလို႔ ေဒၚနယ္ထရမ့္က အင္တာဗ်ဴးတစ္ခုအတြင္းမွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဒါေပမယ့္လည္း အီရန္ကိုထိန္းခ်ဳပ္မယ့္ အစိုးရအေပၚ အေမရိကန္က လႊမ္းမိုးမႈေတြ လုပ္ေဆာင္သြားႏိုင္ေပမယ့္လည္း အဲဒါကလည္း အဓိကအခ်က္တစ္ခုမဟုတ္ဘူးလို႔ ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ေဟာ္မုဇ္ေရလက္ၾကားကို ျပန္ပြင့္ေအာင္လုပ္ေဆာင္ဖို႔ ႀကိဳးပမ္းမႈေတြမွာ ပါဝင္ဖို႔ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြက ျငင္းဆိုခဲ့တာနဲ႔ပတ္သက္ၿပီး ေဒၚနယ္ထရမ့္က ေနတိုးအဖြဲ႕ကို ျပစ္တင္ေဝဖန္ခဲ့တယ္လို႔လည္း သိရပါတယ္။