နစက ကောင်စီဝင်များ အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး အရပ်သားကောင်စီဝင် အဟောင်းများ ဗဟိုအကြံပေးအဖွဲ့တွင် ပါဝင်

 4955

မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ယနေ့(ဖေဖော်ဝါရီ ၁ ရက်)တွင် နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြင်ဆင်ဖွဲ့စည်းလိုက်သည်။

ယခင်က နစကကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် စုစုပေါင်း(၁၉)ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ရာမှ ယနေ့ ပြင်ဆင်ဖွဲ့စည်းလိုက်သည့် နစကအဖွဲ့တွင် စုစုပေါင်း(၂ဝ)ဦး အထိ တိုးမြှင့်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ယခု ပြင်ဆင်ဖွဲ့စည်းလိုက်သည့် နစကအဖွဲ့တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်ဘက်မှ (၉)ဦး ပါဝင်ခဲ့ပြီး အရပ်ဘက်မှ (၁၁) ဦးအထိ ပါဝင်ခဲ့ကြောင်း နစကထံမှ သိရသည်။

လက်ရှိ နစကအဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်က အဖွဲ့ဝင်အဖြစ် ပါဝင်လာသည်ကို တွေ့ရှိရပြီး လွှတ်တော်အမတ်ဟောင်းဖြစ်သည့် ဒေါ်ဒွဲဘူကလည်း နစကအဖွဲ့ဝင်အဖြစ် ပါဝင်လာခဲ့ကြောင်း သိရသည်။

ထို့အပြင် နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ကိုလည်း ယနေ့တွင် အဖွဲ့ဝင်(၉)ဦးဖြင့် ထပ်မံဖွဲ့စည်းလိုက်သည်။

နစကလက်ထက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဟောင်း ဦးစောထွန်းအောင်မြင့်သည် ဗဟိုအကြံအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်လာခဲ့ပြီး ယခင်နစကအဖွဲ့ဝင် အရပ်သားများဖြစ်သည့် ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်တို့သည် အဆိုပါဗဟိုအကြံပေးအဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ပါဝင်လာခဲ့ကြောင်း တွေ့ရသည်။

Zawgyi Version;
နစက ေကာင္စီဝင္မ်ား အေျပာင္းအလဲျဖစ္ေပၚခဲ့ၿပီး အရပ္သားေကာင္စီဝင္ အေဟာင္းမ်ား ဗဟိုအႀကံေပးအဖြဲ႕တြင္ ပါဝင္
မ်ိဳးႀကီး (NP News) - ေဖေဖာ္ဝါရီ ၁

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီကို ယေန႔(ေဖေဖာ္ဝါရီ ၁ ရက္)တြင္ နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ျပင္ဆင္ဖြဲ႕စည္းလိုက္သည္။

ယခင္က နစကကို ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ အပါအဝင္ စုစုေပါင္း(၁၉)ဦးျဖင့္ ဖြဲ႕စည္းေဆာင္႐ြက္ခဲ့ရာမွ ယေန႔ ျပင္ဆင္ဖြဲ႕စည္းလိုက္သည့္ နစကအဖြဲ႕တြင္ စုစုေပါင္း(၂ဝ)ဦး အထိ တိုးျမႇင့္ဖြဲ႕စည္းလိုက္ေၾကာင္း သိရသည္။

ယခု ျပင္ဆင္ဖြဲ႕စည္းလိုက္သည့္ နစကအဖြဲ႕တြင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္အပါအဝင္ စစ္ဘက္မွ (၉)ဦး ပါဝင္ခဲ့ၿပီး အရပ္ဘက္မွ (၁၁) ဦးအထိ ပါဝင္ခဲ့ေၾကာင္း နစကထံမွ သိရသည္။

လက္ရွိ နစကအဖြဲ႕တြင္ ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း ဦးဝဏၰေမာင္လြင္က အဖြဲ႕ဝင္အျဖစ္ ပါဝင္လာသည္ကို ေတြ႕ရွိရၿပီး လႊတ္ေတာ္အမတ္ေဟာင္းျဖစ္သည့္ ေဒၚဒြဲဘူကလည္း နစကအဖြဲ႕ဝင္အျဖစ္ ပါဝင္လာခဲ့ေၾကာင္း သိရသည္။

ထို႔အျပင္ နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဗဟိုအႀကံေပးအဖြဲ႕ကိုလည္း ယေန႔တြင္ အဖြဲ႕ဝင္(၉)ဦးျဖင့္ ထပ္မံဖြဲ႕စည္းလိုက္သည္။

နစကလက္ထက္ တိုင္းရင္းသားလူမ်ိဳးမ်ားေရးရာဝန္ႀကီးေဟာင္း ဦးေစာထြန္းေအာင္ျမင့္သည္ ဗဟိုအႀကံအဖြဲ႕တြင္ အဖြဲ႕ေခါင္းေဆာင္အျဖစ္ ပါဝင္လာခဲ့ၿပီး ယခင္နစကအဖြဲ႕ဝင္ အရပ္သားမ်ားျဖစ္သည့္ ဦးသိန္းၫြန႔္၊ ဦးခင္ေမာင္ေဆြ၊ ေဒၚေအးႏုစိန္တို႔သည္ အဆိုပါဗဟိုအႀကံေပးအဖြဲ႕တြင္ အဖြဲ႕ဝင္မ်ားအျဖစ္ ပါဝင္လာခဲ့ေၾကာင္း ေတြ႕ရသည္။

Related news

© 2021. All rights reserved.