တိုင်းနှင့်ပြည်နယ် (၄)ခုမှ ဝန်ကြီးချုပ်များကို အနားပေးကာ အစားထိုးခန့်အပ်မှုများကို နစက ပြုလုပ်

 2270

မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၁

တိုင်းနှင့်ပြည်နယ် (၄)ခုမှ ဝန်ကြီးချုပ်များကို အနားပေးကာ အစားထိုးခန့်အပ်မှုများကို ယနေ့(ဖေဖော်ဝါရီ ၁ ရက်) တွင် နစကမှ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

နစကသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းအား တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း ကြေညာထားသည်။

အဆိုပါ မွန်ပြည်နယ်ဝန်ကြီးချုပ်၏နေရာတွင် သယံဇာတရေးရာဝန်ကြီး ဦးအောင်ကြည်သိန်းက ဝန်ကြီးချုပ်အသစ်အဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း နစကမှ ကြေညာထားသည်။

ထို့ပြင် မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် ဦးမျိုးအောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးထိန်လင်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးအောင်ဇော်အေးတို့ကို နစကမှ ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ကြေညာထားသည်။

နစကအစိုးရလက်ထက်တွင် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဖြစ်သော ဦးမောင်ကို၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဖြစ်သော ဒေါက်တာအောင်ကျော်မင်း တို့သည် နစကအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရကြောင်း သိရသည်။

အလားတူ ယနေ့တွင် နစကမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (၃)ဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အဖွဲ့ဝင်တစ်ဦး တို့ကိုလည်း တာဝန်မှအနားယူခွင့်ပြုလိုက်ကြောင်း ကြေညာထားသည်။

ထို့ပြင် နစကမှ ပြုလုပ်ခဲ့သော အပြောင်းအလဲများထဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ အပြောင်းအလဲပြုလုပ်ခဲ့ပြီး ဦးစစ်အေးက ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း သိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ အပြောင်းအလဲကို နစကမှ ထပ်မံပြုလုပ်ခဲ့ပြီး ဥက္ကဋ္ဌအသစ်အဖြစ် ဒေါက်တာဌေးအောင်က တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
တိုင္းႏွင့္ျပည္နယ္ (၄)ခုမွ ဝန္ႀကီးခ်ဳပ္မ်ားကို အနားေပးကာ အစားထိုးခန႔္အပ္မႈမ်ားကို နစက ျပဳလုပ္
မ်ိဳးႀကီး (NP News) - ေဖေဖာ္ဝါရီ ၁

တိုင္းႏွင့္ျပည္နယ္ (၄)ခုမွ ဝန္ႀကီးခ်ဳပ္မ်ားကို အနားေပးကာ အစားထိုးခန႔္အပ္မႈမ်ားကို ယေန႔(ေဖေဖာ္ဝါရီ ၁ ရက္) တြင္ နစကမွ ျပဳလုပ္ခဲ့ေၾကာင္း သတင္းရရွိသည္။

နစကသည္ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၄၁၉ အရ မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးေဇာ္လင္းထြန္းအား တာဝန္မွ အနားယူခြင့္ျပဳလိုက္ေၾကာင္း ေၾကညာထားသည္။

အဆိုပါ မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္၏ေနရာတြင္ သယံဇာတေရးရာဝန္ႀကီး ဦးေအာင္ၾကည္သိန္းက ဝန္ႀကီးခ်ဳပ္အသစ္အျဖစ္ တာဝန္ထမ္းေဆာင္မည္ျဖစ္ေၾကာင္း နစကမွ ေၾကညာထားသည္။

ထို႔ျပင္ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္အျဖစ္ ဦးမ်ိဳးေအာင္၊ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္အျဖစ္ ဦးထိန္လင္းႏွင့္ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္အျဖစ္ ဦးေအာင္ေဇာ္ေအးတို႔ကို နစကမွ ခန႔္အပ္တာဝန္ေပးလိုက္ေၾကာင္း ေၾကညာထားသည္။

နစကအစိုးရလက္ထက္တြင္ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ေဟာင္းျဖစ္ေသာ ဦးေမာင္ကို၊ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္းျဖစ္ေသာ ေဒါက္တာေအာင္ေက်ာ္မင္း တို႔သည္ နစကအဖြဲ႕ဝင္မ်ားအျဖစ္ တာဝန္ေပးအပ္ျခင္း ခံခဲ့ရေၾကာင္း သိရသည္။

အလားတူ ယေန႔တြင္ နစကမွ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္ (၃)ဦး၊ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္မွ အဖြဲ႕ဝင္တစ္ဦး တို႔ကိုလည္း တာဝန္မွအနားယူခြင့္ျပဳလိုက္ေၾကာင္း ေၾကညာထားသည္။

ထို႔ျပင္ နစကမွ ျပဳလုပ္ခဲ့ေသာ အေျပာင္းအလဲမ်ားထဲတြင္ ျပည္ေထာင္စုရာထူးဝန္အဖြဲ႕ဥကၠ႒ အေျပာင္းအလဲျပဳလုပ္ခဲ့ၿပီး ဦးစစ္ေအးက ဥကၠ႒အျဖစ္ တာဝန္ထမ္းေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ဥကၠ႒ အေျပာင္းအလဲကို နစကမွ ထပ္မံျပဳလုပ္ခဲ့ၿပီး ဥကၠ႒အသစ္အျဖစ္ ေဒါက္တာေဌးေအာင္က တာဝန္ယူမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.