မလေးရှား ကျန်းမာရေးဝန်ကြီးဟောင်း ခါရီဂျာမာလူဒင် ရေဒီယို DJ အဖြစ် အလုပ်စတင်

438

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၁၁
မလေးရှားကျန်းမာရေးဝန်ကြီးဟောင်း ခါရီဂျာမာလူဒင် က နိုင်ငံရဲ့ Hot FM ရေဒီယိုအသံလွှင့်ဌာနအတွက် DJ အဖြစ် အလုပ်စတင်မှာဖြစ်ကြောင်း မလေးရှားမီဒီယာများက ကြသပတေးနေ့ (ဖေဖော်ဝါရီ ၉ ရက်) မှာ ဖော်ပြခဲ့ပါ တယ်။
မစ္စတာခါရီဟာ လာမယ့် ဖေဖော်ဝါရီလ ၈ ရက်၊ ဗုဒ္ဓဟူးနေ့မှာ အသံလွှင့်ဌာနမှာ အလုပ်စတင်ဝင်ရောက်မှာဖြစ်ပြီး Bekpes Hot အပိုင်းကို ကိုင်တွယ်မှာဖြစ်တယ်လို့ သိရပါတယ်။ မစ္စတာခါရီ ဟာ Bekpes Hot ရဲ့ တယ်လီဖုန်း အင်တာဗျူးတစ်ခုဖြစ်တဲ့ Hot FM မှာ ပါဝင်နေကြောင်းကို ဖေဖော်ဝါရီလ ၉ ရက်၊ ကြသပတေးနေ့က အတည်ပြုခဲ့ ပြီး "သူဟာ တနင်္လာနေ့မှ သောကြာနေ့အထိ ရေဒီယိုကြေညာသူအဖြစ် နံနက် ၆ နာရီမှ နံနက် ၁ဝ နာရီအထိ တာဝန်ထမ်းဆောင်မှာဖြစ်တယ်" လို့ Hot FM ကို ပိုင်ဆိုင်တဲ့ Media Prima Audio မှ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Media Prima Audio ကလည်း မစ္စတာခါရီ ကို ရေဒီယို DJ လုပ်ဖို့ Instagram မှာ အိတ်ဖွင့်ပေးစာနဲ့ ကမ်းလှမ်းခဲ့ တာဖြစ်ပြီး Hot FM network content ဒါရိုက်တာ ရှဟ်ဟာရာတူဒင် က မစ္စတာခါရီ ဟာ Bekpes Hot မှာ "add colour" အကြံကောင်းများရှိခြင်းကြောင့် ၄င်းကို hosting တာဝန်များ ခွဲဝေပေးမှာဖြစ်တယ်လို့ သိရပါတယ်။
မစ္စတာခါရီ ဟာ ပြီးခဲ့တဲ့နှစ်က မလေးရှားနိုင်ငံရဲ့ ၁၅ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲ (GE15) မတိုင်ခင်အထိ နီဂီရီဆမ်ဘီလန် ပြည်နယ်၊ ရမ်ဘူမြို့အတွက် လွှတ်တော်အမတ်အဖြစ် ၃ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သို့ပေမယ့် ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလက ပါတီ ထိပ်သီးအစည်းအဝေးအပြီးမှာတော့ United Malays National Organization (UMNO) မှ ပါတီနဲ့ သမ္မတကို ဝေဖန်မှုများကြောင့် ပါတီမှ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။

Zawgyi Version;
မေလးရွား က်န္းမာေရးဝန္ႀကီးေဟာင္း ခါရီဂ်ာမာလူဒင္ ေရဒီယို DJ အျဖစ္ အလုပ္စတင္
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၁၁
မေလးရွားက်န္းမာေရးဝန္ႀကီးေဟာင္း ခါရီဂ်ာမာလူဒင္ က ႏိုင္ငံရဲ႕ Hot FM ေရဒီယိုအသံလႊင့္ဌာနအတြက္ DJ အျဖစ္ အလုပ္စတင္မွာျဖစ္ေၾကာင္း မေလးရွားမီဒီယာမ်ားက ၾကသပေတးေန႔ (ေဖေဖာ္ဝါရီ ၉ ရက္) မွာ ေဖာ္ျပခဲ့ပါ တယ္။
မစၥတာခါရီဟာ လာမယ့္ ေဖေဖာ္ဝါရီလ ၈ ရက္၊ ဗုဒၶဟူးေန႔မွာ အသံလႊင့္ဌာနမွာ အလုပ္စတင္ဝင္ေရာက္မွာျဖစ္ၿပီး Bekpes Hot အပိုင္းကို ကိုင္တြယ္မွာျဖစ္တယ္လို႔ သိရပါတယ္။ မစၥတာခါရီ ဟာ Bekpes Hot ရဲ႕ တယ္လီဖုန္း အင္တာဗ်ဴးတစ္ခုျဖစ္တဲ့ Hot FM မွာ ပါဝင္ေနေၾကာင္းကို ေဖေဖာ္ဝါရီလ ၉ ရက္၊ ၾကသပေတးေန႔က အတည္ျပဳခဲ့ ၿပီး "သူဟာ တနလၤာေန႔မွ ေသာၾကာေန႔အထိ ေရဒီယိုေၾကညာသူအျဖစ္ နံနက္ ၆ နာရီမွ နံနက္ ၁ဝ နာရီအထိ တာဝန္ထမ္းေဆာင္မွာျဖစ္တယ္" လို႔ Hot FM ကို ပိုင္ဆိုင္တဲ့ Media Prima Audio မွ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
Media Prima Audio ကလည္း မစၥတာခါရီ ကို ေရဒီယို DJ လုပ္ဖို႔ Instagram မွာ အိတ္ဖြင့္ေပးစာနဲ႔ ကမ္းလွမ္းခဲ့ တာျဖစ္ၿပီး Hot FM network content ဒါ႐ိုက္တာ ရွဟ္ဟာရာတူဒင္ က မစၥတာခါရီ ဟာ Bekpes Hot မွာ "add colour" အႀကံေကာင္းမ်ားရွိျခင္းေၾကာင့္ ၄င္းကို hosting တာဝန္မ်ား ခြဲေဝေပးမွာျဖစ္တယ္လို႔ သိရပါတယ္။
မစၥတာခါရီ ဟာ ၿပီးခဲ့တဲ့ႏွစ္က မေလးရွားႏိုင္ငံရဲ႕ ၁၅ ႀကိမ္ေျမာက္ အေထြေထြေ႐ြးေကာက္ပြဲ (GE15) မတိုင္ခင္အထိ နီဂီရီဆမ္ဘီလန္ ျပည္နယ္၊ ရမ္ဘူၿမိဳ႕အတြက္ လႊတ္ေတာ္အမတ္အျဖစ္ ၃ ႏွစ္ၾကာ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ သို႔ေပမယ့္ ၿပီးခဲ့တဲ့ႏွစ္ ဇန္နဝါရီလက ပါတီ ထိပ္သီးအစည္းအေဝးအၿပီးမွာေတာ့ United Malays National Organization (UMNO) မွ ပါတီနဲ႔ သမၼတကို ေဝဖန္မႈမ်ားေၾကာင့္ ပါတီမွ ထုတ္ပယ္ျခင္း ခံခဲ့ရပါတယ္။