(၃)နှစ်နီးပါးကြာ ပိတ်ထားတဲ့ တာချီလိတ်-မယ်ဆိုင် တံတားနယ်စပ်စစ်ဆေးရေးဂိတ်ကိုပြန်လည်ဖွင့်လှစ်

827

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂ဝ
ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ် မဲဆိုင်မြို့ရှိ ထိုင်း နဲ့ မြန်မာနယ်စပ် တံတားစစ်ဆေးရေးဂိတ်ကို သုံးနှစ်ကြာပိတ်ခဲ့ပြီးနောက် ယနေ့ (ဖေဖော်ဝါရီလ ၂ဝ ရက်)မှာ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း ထိုင်းသတင်းများမှာဖော်ပြထားပါတယ်။
အဆိုပါ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ နဲ့ မြန်မာနိုင်ငံ တာချီလိတ်မြို့တို့ကို ဆက်သွယ်ပေးတဲ့ ထိုင်း- မြန်မာချစ်ကြည်ရေးတံတား နယ်စပ်စစ်ဆေးရေးဂိတ်ကို နံနက် ၇နာရီခွဲမှာ ဖွင့်လှစ်ခဲ့ပြီး ချင်းရိုင်ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး Somwang Boonrayong နဲ့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်တို့က ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။
နယ်စပ်စစ်ရေးဂိတ်ကို ယခင်က နံနက် ၆နာရီခွဲမှ ည ၉နာရီအထိဖွင့်လှစ်ပေးခဲ့ပေမယ့် လက်ရှိမှာတော့ နံနက် ၆နာရီခွဲကနေ ညနေ ၆နာရီခွဲအထိ ဖွင့်လှစ်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပြဿနာကြောင့် အဆိုပါနယ်စပ်စစ်ဆေးရေးဂိတ်ကို ၂ဝ၂ဝ ခုနှစ်၊ မတ်လ ၂၃ ရက်က ပိတ်ထားခဲ့ရကြောင်း သိရပါတယ်။ ချင်းရိုင်ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးက အဆိုပါနယ်စပ်စစ်ဆေးရေးဂိတ်ပြန်လည်ဖွင့်လှစ်လိုက်ခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးပိုမိုကောင်းမွန်လာမှာဖြစ်ကြောင်း၊ နိုင်ငံကူးလက်မှတ်မရှိတဲ့ထိုင်းနိုင်ငံသားတွေဟာ မယ်ဆိုင်အုပ်ချုပ်ရေးမှူးးရုံးခွင့်ပြုချက်နဲ့ နယ်စပ်စစ်ဆေးရေးဂိတ်ကိုဖြတ်သန်းနိုင်မှာဖြစ်ကြောင်း ပြောပါတယ်။
မြန်မာနိုင်ငံ တာချီလိတ်မြို့ကိုသွားရောက်လိုတဲ့ ထိုင်းနိုင်ငံသားများဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်ခံရခြင်းမရှိကြောင်း စမ်းသပ်ခံရမှာဖြစ်သလို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံထားတဲ့ လက်မှတ်ပြရမှာဖြစ်ကြောင်း သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးနဲ့ပတ်သက်ပြီး digital vaccination certificates ကို လက်ခံမှာမဟုတ်ဘူးလို့သိရပါတယ်။

zawgyi version
(၃)ႏွစ္နီးပါးၾကာ ပိတ္ထားတဲ့ တာခ်ီလိတ္ - မယ္ဆိုင္ တံတားနယ္စပ္စစ္ေဆးေရးဂိတ္ကိုျပန္လည္ဖြင့္လွစ္
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂ဝ
ထိုင္းႏိုင္ငံ ခ်င္း႐ိုင္ျပည္နယ္ မဲဆိုင္ၿမိဳ႕ရွိ ထိုင္း နဲ႔ ျမန္မာနယ္စပ္ တံတားစစ္ေဆးေရးဂိတ္ကို သုံးႏွစ္ၾကာပိတ္ခဲ့ၿပီးေနာက္ ယေန႔ (ေဖေဖာ္ဝါရီလ ၂ဝ ရက္)မွာ ျပန္လည္ဖြင့္လွစ္လိုက္ေၾကာင္း ထိုင္းသတင္းမ်ားမွာေဖာ္ျပထားပါတယ္။
အဆိုပါ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ နဲ႔ ျမန္မာႏိုင္ငံ တာခ်ီလိတ္ၿမိဳ႕တို႔ကို ဆက္သြယ္ေပးတဲ့ ထိုင္း- ျမန္မာခ်စ္ၾကည္ေရးတံတား နယ္စပ္စစ္ေဆးေရးဂိတ္ကို နံနက္ ၇နာရီခြဲမွာ ဖြင့္လွစ္ခဲ့ၿပီး ခ်င္း႐ိုင္ျပည္နယ္ဒုတိယအုပ္ခ်ဳပ္ေရးမႉး Somwang Boonrayong နဲ႔ တာခ်ီလိတ္ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးမင္းႏိုင္တို႔က ဖြင့္လွစ္ေပးခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။
နယ္စပ္စစ္ေရးဂိတ္ကို ယခင္က နံနက္ ၆နာရီခြဲမွ ည ၉နာရီအထိဖြင့္လွစ္ေပးခဲ့ေပမယ့္ လက္ရွိမွာေတာ့ နံနက္ ၆နာရီခြဲကေန ညေန ၆နာရီခြဲအထိ ဖြင့္လွစ္ေပးသြားမွာျဖစ္ေၾကာင္း သိရပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါျပႆနာေၾကာင့္ အဆိုပါနယ္စပ္စစ္ေဆးေရးဂိတ္ကို ၂ဝ၂ဝ ခုႏွစ္၊ မတ္လ ၂၃ ရက္က ပိတ္ထားခဲ့ရေၾကာင္း သိရပါတယ္။ ခ်င္း႐ိုင္ျပည္နယ္ဒုတိယအုပ္ခ်ဳပ္ေရးမႉးက အဆိုပါနယ္စပ္စစ္ေဆးေရးဂိတ္ျပန္လည္ဖြင့္လွစ္လိုက္ျခင္းေၾကာင့္ နယ္စပ္ကုန္သြယ္ေရးပိုမိုေကာင္းမြန္လာမွာျဖစ္ေၾကာင္း၊ ႏိုင္ငံကူးလက္မွတ္မရွိတဲ့ထိုင္းႏိုင္ငံသားေတြဟာ မယ္ဆိုင္အုပ္ခ်ဳပ္ေရးမႉးး႐ုံးခြင့္ျပဳခ်က္နဲ႔ နယ္စပ္စစ္ေဆးေရးဂိတ္ကိုျဖတ္သန္းႏိုင္မွာျဖစ္ေၾကာင္း ေျပာပါတယ္။
ျမန္မာႏိုင္ငံ တာခ်ီလိတ္ၿမိဳ႕ကိုသြားေရာက္လိုတဲ့ ထိုင္းႏိုင္ငံသားမ်ားဟာ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ ကူးစက္ခံရျခင္းမရွိေၾကာင္း စမ္းသပ္ခံရမွာျဖစ္သလို ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးထိုးႏွံထားတဲ့ လက္မွတ္ျပရမွာျဖစ္ေၾကာင္း သိရပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးနဲ႔ပတ္သက္ၿပီး digital vaccination certificates ကို လက္ခံမွာမဟုတ္ဘူးလို႔သိရပါတယ္။