ပါကစ္စတန်မှာ စားသုံးသူ အညွှန်းကိန်း CPI၊ နှစ် ၅ဝ နီးပါးအတွင်း အမြင့်ဆုံးနှုန်းသို့ ခုန်တက်လာ

633

ရောင်နီ (NP News) - မတ် ၃
ပါကစ္စတန်ရဲ့စားသုံးသူစျေးနှုန်းညွှန်းကိန်း (CPI) ဟာ ဖေဖော်ဝါရီလမှာ ၃၁.၅ ရာခိုင်နှုန်းသို့ ခုန်တက်ခဲ့ကြောင်း စာရင်းအင်း ဗျူရိုက ပြောကြားပါတယ်။
အစားအစာ၊ အဖျော်ယမကာနဲ့ သယ်ယူပို့ဆောင်ရေး စျေးနှုန်းများ ၄၅ ရာခိုင်နှုန်းကျော် တက်လာခြင်းကြောင့် နှစ် ၅ဝ နီးပါးအတွင်း အမြင့်ဆုံးနှုန်းဖြစ်ပါတယ်။
သမိုင်းကြောင်းမှာ အကြီးကျယ်ဆုံး ငွေကြေးဖောင်းပွမှုဖြစ်ခဲ့တဲ့ ၁၉၇၃ - ၁၉၇၄ ဘဏ္ဍာရေးနှစ်က ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းဟာ ၃၂.၈ ရာခိုင်နှုန်းရှိခဲ့ပေမယ့် ယခုနှစ်ကတော့ ယင်းစံချိန်ကို ကျော်လွန်ပြီး အမြင့်ဆုံးနှုန်းဖြစ်ခဲ့ တယ်လို့ ပါကစ္စတန် စာရင်းအင်းဗျူရိုမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မတ်လ ၁ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ပြောကြား ခဲ့ပါတယ်။ ဈေးနှုန်းများဟာ ယခင်လထက် ၄.၃ ရာခိုင်နှုန်း တက်လာခဲ့ကြောင်း ဗျူရိုက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အစားအသောက်နဲ့ အရက်မဟုတ်သော အဖျော်ယမကာ ဈေးနှုန်းများဟာ ယမန်နှစ်ကထက် ၄၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စီးကရက်အပေါ် အခွန်တိုးမြှင့်မှုကြောင့် အရက်ယမကာနဲ့ ဆေးလိပ်ဈေး ၄၇ ဒသမ ၆ ရာခိုင်နှုန်း ခုန်တက်ခဲ့ပါတယ်။ ဇူလိုင်လမှာ ကုန်ဆုံးမယ့် ယခုဘဏ္ဍာရေးနှစ်အတွက် အပိုဝင်ငွေ ရူပီး ၁၇ဝ ဘီလျံ (အမေရိကန် ဒေါ်လာ ၆၃၉ သန်း) မြှင့်တင်ဖို့ အစိုးရက ကုန်စည်နဲ့ ဝန်ဆောင်မှုအခွန်ကို ၁၇ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်းသို့ ရုတ်သိမ်းပေးတဲ့ နောက်ဆက်တွဲဥပဒေကြမ်းကို ဖေဖော်ဝါရီလမှာ အတည်ပြုခဲ့ပါတယ်။
အစိုးရက အခွန်ငွေများ တိုးမြင့်လာခြင်းကြောင့် ဝင်ငွေများ တိုးမြင့်လာဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ နှစ်အစမှ စ ရူပီးတန်ဖိုး ၁၅ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပြီး ငွေကြေးဖောင်းပွမှုလည်း တိုးတက်ခဲ့တယ်လို့ သိရပါတယ်။
သို့ပေမယ့် "ဒါက အထွတ်အထိပ် မဟုတ်သေးဘူး။ မတ်လမှာ ပိုများမယ်လို့ ခန့်မှန်းထားပါတယ်” လို့ ပြည်တွင်း ပွဲစားကုမ္ပဏီ Ismail Iqbal Securities မှ သုတေသနအကြီးအကဲ ဖာဟန်ရုတ်ဖ် က ပြောကြားခဲ့ပါတယ်။ ရမ်ဇာန်လ နီးကပ်လာတာနဲ့အမျှ အစားအသောက်ဈေးနှုန်းတွေက ပိုမြင့်လာမယ်လို့ မျှော်လင့်ထားကြောင်း ဆိုပါတယ်။

Zawgyi Version;
ပါကစၥတန္မွာ စားသုံးသူ အၫႊန္းကိန္း CPI၊ ႏွစ္ ၅ဝ နီးပါးအတြင္း အျမင့္ဆုံးႏႈန္းသို႔ ခုန္တက္လာ
ေရာင္နီ (NP News) - မတ္ ၃
ပါကစၥတန္ရဲ႕စားသုံးသူေစ်းႏႈန္းၫႊန္းကိန္း (CPI) ဟာ ေဖေဖာ္ဝါရီလမွာ ၃၁.၅ ရာခိုင္ႏႈန္းသို႔ ခုန္တက္ခဲ့ေၾကာင္း စာရင္းအင္း ဗ်ဴ႐ိုက ေျပာၾကားပါတယ္။
အစားအစာ၊ အေဖ်ာ္ယမကာနဲ႔ သယ္ယူပို႔ေဆာင္ေရး ေစ်းႏႈန္းမ်ား ၄၅ ရာခိုင္ႏႈန္းေက်ာ္ တက္လာျခင္းေၾကာင့္ ႏွစ္ ၅ဝ နီးပါးအတြင္း အျမင့္ဆုံးႏႈန္းျဖစ္ပါတယ္။
သမိုင္းေၾကာင္းမွာ အႀကီးက်ယ္ဆုံး ေငြေၾကးေဖာင္းပြမႈျဖစ္ခဲ့တဲ့ ၁၉၇၃ - ၁၉၇၄ ဘ႑ာေရးႏွစ္က ပ်မ္းမွ်ေငြေၾကး ေဖာင္းပြမႈႏႈန္းဟာ ၃၂.၈ ရာခိုင္ႏႈန္းရွိခဲ့ေပမယ့္ ယခုႏွစ္ကေတာ့ ယင္းစံခ်ိန္ကို ေက်ာ္လြန္ၿပီး အျမင့္ဆုံးႏႈန္းျဖစ္ခဲ့ တယ္လို႔ ပါကစၥတန္ စာရင္းအင္းဗ်ဴ႐ိုမွ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက မတ္လ ၁ ရက္၊ ဗုဒၶဟူးေန႔မွာ ေျပာၾကား ခဲ့ပါတယ္။ ေဈးႏႈန္းမ်ားဟာ ယခင္လထက္ ၄.၃ ရာခိုင္ႏႈန္း တက္လာခဲ့ေၾကာင္း ဗ်ဴ႐ိုက ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
အစားအေသာက္နဲ႔ အရက္မဟုတ္ေသာ အေဖ်ာ္ယမကာ ေဈးႏႈန္းမ်ားဟာ ယမန္ႏွစ္ကထက္ ၄၅ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ၿပီး စီးကရက္အေပၚ အခြန္တိုးျမႇင့္မႈေၾကာင့္ အရက္ယမကာနဲ႔ ေဆးလိပ္ေဈး ၄၇ ဒသမ ၆ ရာခိုင္ႏႈန္း ခုန္တက္ခဲ့ပါတယ္။ ဇူလိုင္လမွာ ကုန္ဆုံးမယ့္ ယခုဘ႑ာေရးႏွစ္အတြက္ အပိုဝင္ေငြ ႐ူပီး ၁၇ဝ ဘီလ်ံ (အေမရိကန္ ေဒၚလာ ၆၃၉ သန္း) ျမႇင့္တင္ဖို႔ အစိုးရက ကုန္စည္နဲ႔ ဝန္ေဆာင္မႈအခြန္ကို ၁၇ ရာခိုင္ႏႈန္းမွ ၁၈ ရာခိုင္ႏႈန္းသို႔ ႐ုတ္သိမ္းေပးတဲ့ ေနာက္ဆက္တြဲဥပေဒၾကမ္းကို ေဖေဖာ္ဝါရီလမွာ အတည္ျပဳခဲ့ပါတယ္။
အစိုးရက အခြန္ေငြမ်ား တိုးျမင့္လာျခင္းေၾကာင့္ ဝင္ေငြမ်ား တိုးျမင့္လာဖို႔ ႀကိဳးစားေနတယ္လို႔ ဆိုပါတယ္။ ႏွစ္အစမွ စ ႐ူပီးတန္ဖိုး ၁၅ ရာခိုင္ႏႈန္းနီးပါး က်ဆင္းခဲ့ၿပီး ေငြေၾကးေဖာင္းပြမႈလည္း တိုးတက္ခဲ့တယ္လို႔ သိရပါတယ္။
သို႔ေပမယ့္ "ဒါက အထြတ္အထိပ္ မဟုတ္ေသးဘူး။ မတ္လမွာ ပိုမ်ားမယ္လို႔ ခန႔္မွန္းထားပါတယ္” လို႔ ျပည္တြင္း ပြဲစားကုမၸဏီ Ismail Iqbal Securities မွ သုေတသနအႀကီးအကဲ ဖာဟန္႐ုတ္ဖ္ က ေျပာၾကားခဲ့ပါတယ္။ ရမ္ဇာန္လ နီးကပ္လာတာနဲ႔အမွ် အစားအေသာက္ေဈးႏႈန္းေတြက ပိုျမင့္လာမယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္း ဆိုပါတယ္။