အမေရိကန်စစ်တပ်အပေါ် သစ္စာဖောက်ခဲ့သော စစ်သားကို ထောင်ဒဏ်(၄၅)နှစ်ချမှတ်

 415

Pika (NP News) - မတ် ၅

တူရကီနိုင်ငံတွင် အမေရိကန်တပ်ဖွဲ့များတပ်စွဲထားစဥ် ၎င်း၏လေတပ် တပ်ဖွဲ့အပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ရန် စီစဥ်ခဲ့သော အမေရိကန်စစ်တပ်၏ စစ်သားဟောင်းတစ်ဦးကို နယူးယောက်မြို့ရှိ ဖက်ဒရယ် တရားသူကြီးတစ်ဦးက‌ ထောင်ဒဏ်(၄၅)နှစ် ချမှတ်ခဲ့ကြောင်းသိရသည်။

Ethan Phelan Melzer ဟုလည်း သိကြသော Etil Reggad သည် အမေရိကန်စစ်တပ် တပ်ဖွဲ့ဝင်များကို သတ်ဖြတ်ရန် ကြိုးပမ်းမှု၊ အကြမ်းဖက်အဖွဲ့များကို လက်နက်များထောက်ပံ့မှု၊ နိုင်ငံတော်ကာကွယ်ရေး သတင်း အချက်အလက်များကို တရားမဝင်ထုတ်ဖော်မှုတို့ဖြင့် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီးနောက် မတ်လ(၃)ရက်တွင် ထောင်ဒဏ် ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

ကန်တက်ကီပြည်နယ် Louisville မြို့တွင် နေထိုင်သော အသက်(၂၄)နှစ်အရွယ် Etil Reggad သည် အယ်လ်ကေးဒါးအဖွဲ့ဝင်တစ်ဦးအပြင် Order of the Nine Angeles (O9A) ဟုခေါ်သော နာဇီအဖွဲ့ထံ စစ်ဖက် ဆိုင်ရာ အရေးကြီးအချက်အလက်များကို မျှဝေခဲ့ကြောင်း အစိုးရရှေ့နေများ က ပြောကြားခဲ့သည်။

FBI အဖွဲ့လက်ထောက်ညွှန်ကြားရေးမှူး Robert Wells က "Etil Reggad ဟာ သူ့ရဲဘော်တွေနဲ့ နိုင်ငံကို သစ္စာ ဖောက်ခဲ့ပါတယ်။ နိုင်ငံရပ်ခြားမှာ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်စစ်သားတွေဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဘယ်တော့မှ ကြောက်နေစရာမလိုပါဘူး။ ငါတို့နိုင်ငံကို ကာကွယ်နေတဲ့ ရဲရင့်တဲ့ အမျိုးသားတွေ၊ အမျိုးသမီးတွေကို ပြန်လည်တိုက်ခိုက်ဖို့ စီစဥ်ခဲ့တဲ့ Etil Reggad ကို ဒီနေ့မှာတော့ စီရင်ချက် ချမှတ်ခဲ့ပါတယ်" ဟု ပြောဆိုခဲ့သည်။

Etil Reggad သည် (၂ဝ၁၈)ခုနှစ် ဝန်းကျင်တွင် အမေရိကန်စစ်တပ်သို့ဝင်ရောက်ခဲ့ပြီး (၂ဝ၁၉)ခုနှစ် အောက်တိုဘာ တွင် အီတလီနိုင်ငံတွင် တပ်စွဲရန်အတွက် စေလွှတ်ခံခဲ့ရကြောင်းသိရသည်။ Etil Reggad သည် (၂ဝ၂ဝ) ပြည့်နှစ် မေလ ဝန်းကျင်တွင် တူရကီသို့သွားမည့် သီးသန့်တပ်ဖွဲ့တစ်ခုနှင့်အတူ သွားရန် ပြန်လည်တာဝန်ပေးအပ်ခံခဲ့ရ‌ ကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။

Etil Reggad သည် တာဝန်အသစ်ထမ်းဆောင်ရန် လိုက်ပါလာစဥ်အချိန်အတွင်း တူရကီအခြေစိုက်စခန်း၏ ရည်ရွယ်ချက်၊ အပြင်အဆင် နှင့် လုံခြုံရေးဆိုင်ရာအသေးစိတ်အချက်အလက်များကို လေ့လာခဲ့ကြောင်း သိရသည်။ တူရကီအခြေစိုက်စခန်း၏ ရည်ရွယ်ချက်များကို လေ့လာပြီးနောက် Etil Reggad သည် ဂျီဟတ်ဝါဒီများ၊ O9A အဖွဲ့ဝင်များနှင့် သတင်းအချက်အလက်များ မျှဝေရန်အတွက် ကုဒ်ဝှက်ထားသော စာတိုပေးပို့ခြင်းကို စတင် အသုံးပြုခဲ့သည်ဟု စွပ်စွဲခံခဲ့ရကြောင်းသိရသည်။

Etil Reggad သည် ၎င်း၏တပ်ဖွဲ့ဝင်များကို ထိခိုက်စေမည့် တိုက်ခိုက်မှုများကို ထောက်ခံအားပေးခဲ့ပြီး တူရကီရှိ အမေရိကန်အခြေစိုက်စခန်း၏ ဓါတ်ပုံများ၊ အမေရိကန်စစ်တပ်၏ သတင်းအချက်အလက်များကို ပေးပို့ပေးမည်ဟု လည်း ကတိပြုခဲ့ကြောင်း အစိုးရရှေ့နေများ က ပြောကြားခဲ့သည်။

Zawgyi Version;
အေမရိကန္စစ္တပ္အေပၚ သစၥာေဖာက္ခဲ့ေသာ စစ္သားကို ေထာင္ဒဏ္(၄၅)ႏွစ္ခ်မွတ္
Pika (NP News) - မတ္ ၅

တူရကီႏိုင္ငံတြင္ အေမရိကန္တပ္ဖြဲ႕မ်ားတပ္စြဲထားစဥ္ ၎၏ေလတပ္ တပ္ဖြဲ႕အေပၚ အၾကမ္းဖက္တိုက္ခိုက္မႈမ်ား လုပ္ေဆာင္ရန္ စီစဥ္ခဲ့ေသာ အေမရိကန္စစ္တပ္၏ စစ္သားေဟာင္းတစ္ဦးကို နယူးေယာက္ၿမိဳ႕ရွိ ဖက္ဒရယ္ တရားသူႀကီးတစ္ဦးက‌ ေထာင္ဒဏ္(၄၅)ႏွစ္ ခ်မွတ္ခဲ့ေၾကာင္းသိရသည္။

Ethan Phelan Melzer ဟုလည္း သိၾကေသာ Etil Reggad သည္ အေမရိကန္စစ္တပ္ တပ္ဖြဲ႕ဝင္မ်ားကို သတ္ျဖတ္ရန္ ႀကိဳးပမ္းမႈ၊ အၾကမ္းဖက္အဖြဲ႕မ်ားကို လက္နက္မ်ားေထာက္ပံ့မႈ၊ ႏိုင္ငံေတာ္ကာကြယ္ေရး သတင္း အခ်က္အလက္မ်ားကို တရားမဝင္ထုတ္ေဖာ္မႈတို႔ျဖင့္ အျပစ္ရွိေၾကာင္း ဝန္ခံခဲ့ၿပီးေနာက္ မတ္လ(၃)ရက္တြင္ ေထာင္ဒဏ္ ခ်မွတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္းသိရသည္။

ကန္တက္ကီျပည္နယ္ Louisville ၿမိဳ႕တြင္ ေနထိုင္ေသာ အသက္(၂၄)ႏွစ္အ႐ြယ္ Etil Reggad သည္ အယ္လ္ေကးဒါးအဖြဲ႕ဝင္တစ္ဦးအျပင္ Order of the Nine Angeles (O9A) ဟုေခၚေသာ နာဇီအဖြဲ႕ထံ စစ္ဖက္ ဆိုင္ရာ အေရးႀကီးအခ်က္အလက္မ်ားကို မွ်ေဝခဲ့ေၾကာင္း အစိုးရေရွ႕ေနမ်ား က ေျပာၾကားခဲ့သည္။

FBI အဖြဲ႕လက္ေထာက္ၫႊန္ၾကားေရးမႉး Robert Wells က "Etil Reggad ဟာ သူ႔ရဲေဘာ္ေတြနဲ႔ ႏိုင္ငံကို သစၥာ ေဖာက္ခဲ့ပါတယ္။ ႏိုင္ငံရပ္ျခားမွာ တာဝန္ထမ္းေဆာင္ေနတဲ့ အေမရိကန္စစ္သားေတြဟာ အၾကမ္းဖက္တိုက္ခိုက္မႈေတြကို ဘယ္ေတာ့မွ ေၾကာက္ေနစရာမလိုပါဘူး။ ငါတို႔ႏိုင္ငံကို ကာကြယ္ေနတဲ့ ရဲရင့္တဲ့ အမ်ိဳးသားေတြ၊ အမ်ိဳးသမီးေတြကို ျပန္လည္တိုက္ခိုက္ဖို႔ စီစဥ္ခဲ့တဲ့ Etil Reggad ကို ဒီေန႔မွာေတာ့ စီရင္ခ်က္ ခ်မွတ္ခဲ့ပါတယ္" ဟု ေျပာဆိုခဲ့သည္။

Etil Reggad သည္ (၂ဝ၁၈)ခုႏွစ္ ဝန္းက်င္တြင္ အေမရိကန္စစ္တပ္သို႔ဝင္ေရာက္ခဲ့ၿပီး (၂ဝ၁၉)ခုႏွစ္ ေအာက္တိုဘာ တြင္ အီတလီႏိုင္ငံတြင္ တပ္စြဲရန္အတြက္ ေစလႊတ္ခံခဲ့ရေၾကာင္းသိရသည္။ Etil Reggad သည္ (၂ဝ၂ဝ) ျပည့္ႏွစ္ ေမလ ဝန္းက်င္တြင္ တူရကီသို႔သြားမည့္ သီးသန႔္တပ္ဖြဲ႕တစ္ခုႏွင့္အတူ သြားရန္ ျပန္လည္တာဝန္ေပးအပ္ခံခဲ့ရ‌ ေၾကာင္း အစိုးရေရွ႕ေနမ်ားက ေျပာၾကားခဲ့သည္။

Etil Reggad သည္ တာဝန္အသစ္ထမ္းေဆာင္ရန္ လိုက္ပါလာစဥ္အခ်ိန္အတြင္း တူရကီအေျခစိုက္စခန္း၏ ရည္႐ြယ္ခ်က္၊ အျပင္အဆင္ ႏွင့္ လုံၿခဳံေရးဆိုင္ရာအေသးစိတ္အခ်က္အလက္မ်ားကို ေလ့လာခဲ့ေၾကာင္း သိရသည္။ တူရကီအေျခစိုက္စခန္း၏ ရည္႐ြယ္ခ်က္မ်ားကို ေလ့လာၿပီးေနာက္ Etil Reggad သည္ ဂ်ီဟတ္ဝါဒီမ်ား၊ O9A အဖြဲ႕ဝင္မ်ားႏွင့္ သတင္းအခ်က္အလက္မ်ား မွ်ေဝရန္အတြက္ ကုဒ္ဝွက္ထားေသာ စာတိုေပးပို႔ျခင္းကို စတင္ အသုံးျပဳခဲ့သည္ဟု စြပ္စြဲခံခဲ့ရေၾကာင္းသိရသည္။

Etil Reggad သည္ ၎၏တပ္ဖြဲ႕ဝင္မ်ားကို ထိခိုက္ေစမည့္ တိုက္ခိုက္မႈမ်ားကို ေထာက္ခံအားေပးခဲ့ၿပီး တူရကီရွိ အေမရိကန္အေျခစိုက္စခန္း၏ ဓါတ္ပုံမ်ား၊ အေမရိကန္စစ္တပ္၏ သတင္းအခ်က္အလက္မ်ားကို ေပးပို႔ေပးမည္ဟု လည္း ကတိျပဳခဲ့ေၾကာင္း အစိုးရေရွ႕ေနမ်ား က ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.