သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ စဉ်းစားထားကြောင်း စင်္ကာပူလက်ရှိဝန်ကြီးချုပ်ရဲ့ညီဖြစ်သူ လီရှင်းရန် အတည်ပြု

 808

Htay Oung (NP News) - မတ် ၅
လူအများကြား ပြောဆိုနေကြအတိုင်း သူ့အနေနဲ့ သမ္မတအဖြစ် ဝင်ရောက်အရွေးခံဖို့ စဉ်းစားနေတယ်ဆိုတဲ့ ကောလဟလဟာ သတင်းအမှန်ဖြစ်ကြောင်း တယ်လီဖုန်းနဲ့ အင်တာဗျူးမှာ လီရှင်းရန်က အတည်ပြုခဲ့တယ်လို့ သောကြာ (မတ်လ ၃) ရက်နေ့ သတင်းမှာ Bloomberg က ကိုးကားရေးသားပါတယ်။

(အသက် ၉၁ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တဲ့ စင်္ကာပူခေါင်းဆောင် လီကွမ်းယူမှာ သားသမီး ၃ ဦး ရှိပြီး လက်ရှိ ဝန်ကြီးချုပ် လီရှင်းလွန်မှာ အကြီးဆုံး သားဖြစ်ပါတယ်။ ဒုတိယ လီဝေလင်းမှာ သမီးဖြစ်ပြီး လီရှင်းရန်မှာ အငယ်ဆုံးသားဖြစ်ပါတယ်။ လီကွမ်းယူဟာ ၁၉၅၄ ခုနှစ်မှာ ပြည်သူ့လှုပ်ရှားမှုပါတီ PAP ကို ပူးတွဲ ထူထောင်ခဲ့ပြီး စင်္ကာပူနိုင်ငံရဲ့ ပထမဆုံး ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပါတယ်။ မလေးရှားနိုင်ငံက သီးခြားခွဲထုတ်ခံရတဲ့ ကျွန်းနိုင်ငံဟာ လူမျိုးရေးပဋိပက္ခများ၊ အတွေးအခေါ်ကွဲပြားများနဲ့ ဗြိတိသျှကိုလိုနီ လက်အောက်ခံနယ်မြေ ဖြစ်နေခဲ့ပြီး ၂-နှစ်မ ပြည့်မီ ၁၉၆၅ခုနှစ်မှာ လွတ်လပ်ရေးရရှိခဲ့ပါတယ်။ ရွေးကောက်ပွဲတိုင်းမှာ လီကွမ်းယူရဲ့ PAP ပါတီက အများစု အနိုင်ရရှိခဲ့ပြီး ၀င်ငွေမြင့်မားတဲ့ ဖွံံဖြိုးပြီးစင်္ကာပူနိုင်ငံအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ အဲ့ဒီအတွက် လီကွမ်ယူဟာ နိုင်ငံကို ထူထောင်သူအဖြစ် ကျယ်ပြန့်စွာ ခံစားအသိအမှတ်ပြုခံရပါတယ်။

ပြင်းထန်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ စီးပွားရေးဆိုင်ရာ ရေရှည်စီမံကိန်းများ ချမှတ်ခဲ့ပါတယ်။ “အာရှ တန်ဖိုး” ကို ထောက်ခံပြီး မိခင်ဘာသာစကားနဲ့ လူမျိုးရေးလက္ခဏာများကို ထိန်းသိမ်းစေခဲ့ပါတယ်။ အခြား တစ်ဖက်မှာတော့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို တင်းကြပ်ခြင်း၊ သပိတ် (သို့မဟုတ်) အလုပ်သမားလှုပ်ရှားမှုများကို ဥပဒေပြဋ္ဌာန်းပြီး ကန့်သတ်ချုပ်ချယ်ခဲ့ပါတယ်။ ဂျာနယ်လစ်များနဲ့ ထင်ရှားတဲ့ နိုင်ငံရေးအတိုက်အခံများအပေါ် အသရေဖျက်မှုနဲ့ အကြိမ်ကြိမ် တရားစွဲဆိုခဲ့ပါတယ်။ ဒီအတွက် အနောက်နိုင်ငံများက လီကွမ်းယူလက်ထက် စင်္ကာပူဟာ အာဏာရှင်တစ်ပိုင်းပေါင်းစပ်အစိုးရလို့ သတ်မှတ်ခံခဲ့ရပါတယ်။ လီကွမ်းယူရဲ့ ၀န်ကြီးချုပ်ရာထူးကို PAP ပါတီ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဂိုချုပ်တောင်က ၁၄ နှစ်ကြာ ဆက်ခံခဲ့ပါတယ်။ အဲ့ဒီနောက် အကြီး ဆုံးသား လီရှင်းလွန်က ၀န်ကြီးချုပ်ဖြစ်လာတဲ့အခါ #Dynastic_Politics #မင်းဆက်နိုင်ငံရေး အစိုးရအဖြစ် သမုတ် ခံရပါတယ်။

အမေရိကန် ဖို့သ်လေဗင်ဝါ့သ်စစ်တက္ကသိုလ်ဆင်း စင်္ကာပူတပ်မတော်ရဲ့အသက်အငယ်ဆုံး ဗိုလ်မှူးချုပ်ဟောင်း တစ်ဦးဖြစ်သူ လီရှင်းလွန်မှာ ကမ္ဘာ့လုပ်ခလစာ အများဆုံးဝန်ကြီးချုပ်ဖြစ်ကြောင်း အနောက်နိုင်ငံ မီဒီယာများက ဖော်ပြကြပါတယ်။ လူမှုကွန်ရက်များအပေါ် တင်းကျပ်ခြင်း၊ အတိုက်အခံများနဲ့ နာမည်ကြီးဂျာနယ်လစ်များအပေါ် တရားစွဲရာမှာ အလွန်အလေ့အကျင့်များသူအဖြစ် ထင်ရှားပါတယ်။ စင်္ကာပူနဲ့ပတ်သက်တဲ့ အနောက်နိုင်ငံတို့ရဲ့ ရေးသားချက်များကို ဆင်ဆာလုပ် ဖုံးဖိတတ်ပါတယ်။

ညီဖြစ်သူ လီရှင်းရန်ဟာ စင်္ကာပူတပ်မတော်မှာ ရာထူး-တာ၀န်အမျိုးမျိုးဖြင့် ထမ်းဆောင်ခဲ့ဖူးပြီး ၁၉၉၄-ခုနှစ် အငြိမ်းစားကာလမတိုင်မီ ဗိုလ်မှူးချုပ်အဆင့်ရရှိခဲ့ပါတယ်။ နိုင်ငံရေးနဲ့ အသက်မွေးရန် စိတ်ပါဝင်စားခြင်း မရှိသူ အဖြစ် လူသိများတဲ့ လီရှင်းရန်ဟာ အစ်ကိုရင်းဖြစ်သူ လက်ရှိ၀န်ကြီးချုပ် လီရှင်းလွန်ရဲ့ PAP ပါတီကို အတိုက်အခံ လုပ်နေတဲ့ “စင်္ကာပူ_တိုးတက်ရေးပါတီ” PSP အဖွဲ့၀င် ဖြစ်နေတဲ့အတွက် ဖခင်ကြီး လီကွမ်းယူရဲ့ မျှော် မှန်းချက် များနဲ့ ဆန့်ကျင်သူဖြစ်နေပါတယ်။ ဒါအပြင် လီရှင်းရန်ဟာ “လီခေတ် ကုန်ဆုံးပြီ” လို့ အာဏာရ PAP ပါတီအပေါ် ဝေဖန်သူတစ်ဦးလည်း ဖြစ်နေပါတယ်။

“သူတို့ (ပြည်သူ့လှုပ်ရှားမှုပါတီ PAP) မှာ လူအပေါ် မူတည်ပြီး ကျွန်တော်ယှဉ်ပြိုင်ရင် သူတို့ အကြီးအကျယ် ဒုက္ခရောက် ရှုံးနိမ့်နိုင်တယ်ဆိုတဲ့ အမြင်ရှိကြတယ်။ လူတွေ အတော်များများ ကျွန်တော့်ဆီ လာကြတယ်။ သူတို့က ကျွန်တော့်ကို တကယ်ယှဉ်ပြိုင်စေချင်တယ်။ ဒါ ကျွန်တော် စဉ်းစားရမယ့်ကိစ္စပါ” လို့ လီရှင့်ရန်က Bloomberg ကို ပြောပါတယ်။

နောက်တစ်ကြိမ် သမ္မတရွေးကောက်ပွဲဟာ ယခုနှစ်မှာ ကျင်းပဖို့ ရှိနေပါတယ်။ စင်္ကာပူနိုင်ငံရဲ့ ဖွဲ့စည်းပုံဥပဒေအရ အစိုးရအဖွဲ့ အခမ်းအနားဥသျှောင်ဖြစ်တဲ့ သမ္မတဟာ အုပ်ချုပ်စီမံခန့်ခွဲရေး အခွင့်အာဏာမှာ အကန့်အသတ်ရှိပေမဲ့ အာဏာရ PAP ပါတီအတွက် နိုင်ငံတော်သမ္မတဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ သမိုင်းကြောင်းအရ အလွန် အရေးကြီးပါတယ်။

ယခင်သမ္မတဟောင်း PAP ပါတီမှ အွန်တန်ချောင်ဟာ ပြည်သူ့ဆန္ဒမဲနဲ့ ပထမဆုံး တိုက်ရိုက်ရွေးချယ်ခံရသူ ဖြစ်ပါတယ်။ သမ္မတရဲ့ အခွင့်အာဏာအရ နိုင်ငံတော် အရန်ဘဏ္ဍာငွေများအကြောင်းအချက်အလက်ရယူရန် ကြိုးစားစဉ် ကဖျက်ယဖျက်လုပ်ခံရတယ်လို့ ၂၀၂၀-ပြည့်နှစ်တုန်းက အေးရှားဝိခ်သတင်းစာနဲ့ တွေ့ဆုံစဉ် စွပ်စွဲ ဖြေဆိုဖူးပါတယ်။

လီရှင်းရန်ရဲ့ ခပ်တန်းတန်းဖြစ်နေတဲ့ အစ်ကိုကြီးဖြစ်သူ စင်္ကာပူဝန်ကြီးချုပ် လီရှင်းလွန်ဟာ အရန်ဘဏ္ဍာငွေများ အကြောင်း အွန်တန်ချောင်က မေးခွန်းထုတ်ခံရတဲ့အတွက် အတော်ကြီး စိတ်ကသိကအောက် ဖြစ်သွားရကြောင်း၊ အဲဒီလို မေးခွန်းထုတ်နိုင်သူဟာ လီရှင်းရန်သာဖြစ်နေခဲ့ရင် ဝန်ကြီးချုပ်အတွက် အိပ်မက်ဆိုးများ ဖြစ်လာနိုင် ကြောင်း၊ နောက်ခံသမိုင်းနဲ့ လွတ်လပ်တဲ့ စိတ်နေစိတ်ထားရှိသူ လီရှင်းရန်ဟာ PAP ပါတီအပေါ် အပြန်အလှန် ထိန်းကျောင်းမှု ရှိစေချင်တဲ့ မဲဆန္ဒရှင်များအတွက် အလွန်ဆွဲဆောင်မှုကောင်းတဲ့ ကိုယ်စားလှယ်လောင်းတစ်ဦး ဖြစ်နေတယ်လို့ သတင်းရင်းမြစ်တစ်ခုက Asia Sentinel ကို ပြောပြပါတယ်။

ညီအငယ် ရှင်းရန်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မည်လားဆိုတဲ့ မေးခွန်းကို အဲ့ဒီအချိန် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပါတယ်။ Bloomberg နဲ့ အင်တာဗျူးစဉ် သမ္မတနေရာကို စိတ်ပါ၀င်စားကြောင်း ထုတ်ဖော်ပြောဆိုတဲ့ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။

အဲဒီလိုပြောင်းလဲလာရခြင်းဟာ သူနဲ့ သူ့မိသားစုအပေါ် စင်ကာပူအာဏာပိုင်များရဲ့မကြာသေးမီက လုပ်ဆောင် ချက်ကြောင့် ဖွင့်ဟဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ဖွယ်ရှိပါတယ်။ ဖခင်ဖြစ်သူရဲ့နောက်ဆုံးဆန္ဒကို တရားစီရင်ရေးမှာ အလွဲသုံးစားတယ်လို့ စွပ်စွဲခံထားရသူ လီရှင်းရန်နဲ့ သူ့ရဲ့ဇနီး လီဆွတ်ဖန်တို့ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေ ကြောင်း စင်္ကာပူအကြီးတန်းဝန်ကြီးတစ်ဦးက ယခုသီတင်းပတ်မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

PAP ပါတီဝင် နိုင်ငံရေးသမားဝန်ကြီးရဲ့ ထုတ်ဖော်ပြောဆိုမှုတွေဟာ စင်္ကာပူအာဏာပိုင်များရဲ့ သူ့မိသားစုအပေါ် ဆက်လက် လိုက်လံနှောက်ယှက်နေမှုကို ကန့်ကွက်ဖို့အတွက် လီရှန်ယန်းကို လှုံ့ဆော်ပေးခဲ့ပါတယ်။ အစ်ကို ဖြစ်သူနဲ့ လီရှင်းရန်တို့အကြား အငြင်းပွားမှုဟာ ၂ဝ၁၇ ခုနှစ်မှာ လူသိရှင်ကြားဖြစ်လာပါတယ်။ ဇနီးနဲ့သားဖြစ်သူ အပေါ် အာဏာပိုင်များရဲ့ အရေးယူဆောင်ရွက်မှုများနောက်ကွယ် ပစ်မှတ်အစစ်အမှန်ဟာ သူ့ကို ရည်ရွယ်ခြင်းဖြစ် ကြောင်း လ်ီရှင်းရန်က ပြောလာပါတယ်။

လီကွမ်းယူရဲ့အန္တိမဆန္ဒကို အလွဲသုံးစားကြောင်း ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေဆိုတာ သူနဲ့ သူ့မိသားအပေါ် အမြဲလိုက်လံနှောက်ယှက်ဖို့ဖြစ်ကြောင်း လီရှင်းရန်က ကန့်ကွက်ပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ သမ္မတ ရာထူး အတွက် လီရှင်းရန်အနေနဲ့ အဓိက ရင်ဆိုင်ယှဉ်ပြိုင်ရမည့်သူကတော့ လက်ရှိ၀န်ကြီးချုပ်ရဲ့ ဇနီး၊ သူ့ရဲ့ မရီးအရင်း ဖြစ်သူ ဟိုချင်းဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းကြီးရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ တရုတ်နွယ်ဖွား ဟိုချင်းဟာ ၂ဝ၂ဝ ပြည့်နှစ် အယောက် ၃ဝ မြောက် ကမ္ဘာ့သြဇာအကြီးဆုံး အမျိုးသမီးဖြစ်ကြောင်း ဖီးဘီးမဂ္ဂဇင်းက ဖော်ပြခဲ့ဖူး ပါတယ်။

#စင်္ကာပူမင်းဆက်နိုင်ငံရေး #လီကွမ်းယူ #လီရှင်းလွန် #လီရှင်းရန် #ဟိုချင်း #စင်္ကာပူ၀န်ကြီးချုပ်နှင့်သမ္မတ

(The Indepandent., 04 March 2023,” Lee Hsien Yang confirms that he will consider running for President” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
သမၼတေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ စဥ္းစားထားေၾကာင္း စကၤာပူလက္ရွိဝန္ႀကီးခ်ဳပ္ရဲ႕ ညီျဖစ္သူ လီရွင္းရန္ အတည္ျပဳ
Htay Oung (NP News) - မတ္ ၅
လူအမ်ားၾကား ေျပာဆိုေနၾကအတိုင္း သူ႔အေနနဲ႔ သမၼတအျဖစ္ ဝင္ေရာက္အေ႐ြးခံဖို႔ စဥ္းစားေနတယ္ဆိုတဲ့ ေကာလဟလဟာ သတင္းအမွန္ျဖစ္ေၾကာင္း တယ္လီဖုန္းနဲ႔ အင္တာဗ်ဴးမွာ လီရွင္းရန္က အတည္ျပဳခဲ့တယ္လို႔ ေသာၾကာ (မတ္လ ၃) ရက္ေန႔ သတင္းမွာ Bloomberg က ကိုးကားေရးသားပါတယ္။

(အသက္ ၉၁ ႏွစ္အ႐ြယ္မွာ ကြယ္လြန္ခဲ့တဲ့ စကၤာပူေခါင္းေဆာင္ လီကြမ္းယူမွာ သားသမီး ၃ ဦး ရွိၿပီး လက္ရွိ ဝန္ႀကီးခ်ဳပ္ လီရွင္းလြန္မွာ အႀကီးဆုံး သားျဖစ္ပါတယ္။ ဒုတိယ လီေဝလင္းမွာ သမီးျဖစ္ၿပီး လီရွင္းရန္မွာ အငယ္ဆုံးသားျဖစ္ပါတယ္။ လီကြမ္းယူဟာ ၁၉၅၄ ခုႏွစ္မွာ ျပည္သူ႔လႈပ္ရွားမႈပါတီ PAP ကို ပူးတြဲ ထူေထာင္ခဲ့ၿပီး စကၤာပူႏိုင္ငံရဲ႕ ပထမဆုံး ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခဲ့ပါတယ္။ မေလးရွားႏိုင္ငံက သီးျခားခြဲထုတ္ခံရတဲ့ ကြၽန္းႏိုင္ငံဟာ လူမ်ိဳးေရးပဋိပကၡမ်ား၊ အေတြးအေခၚကြဲျပားမ်ားနဲ႔ ၿဗိတိသွ်ကိုလိုနီ လက္ေအာက္ခံနယ္ေျမ ျဖစ္ေနခဲ့ၿပီး ၂-ႏွစ္မ ျပည့္မီ ၁၉၆၅ခုႏွစ္မွာ လြတ္လပ္ေရးရရွိခဲ့ပါတယ္။ ေ႐ြးေကာက္ပြဲတိုင္းမွာ လီကြမ္းယူရဲ႕ PAP ပါတီက အမ်ားစု အႏိုင္ရရွိခဲ့ၿပီး ၀င္ေငြျမင့္မားတဲ့ ဖြံံၿဖိဳးၿပီးစကၤာပူႏိုင္ငံအျဖစ္ ေျပာင္းလဲႏိုင္ခဲ့ပါတယ္။ အဲ့ဒီအတြက္ လီကြမ္ယူဟာ ႏိုင္ငံကို ထူေထာင္သူအျဖစ္ က်ယ္ျပန္႔စြာ ခံစားအသိအမွတ္ျပဳခံရပါတယ္။

ျပင္းထန္တဲ့ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး၊ စီးပြားေရးဆိုင္ရာ ေရရွည္စီမံကိန္းမ်ား ခ်မွတ္ခဲ့ပါတယ္။ “အာရွ တန္ဖိုး” ကို ေထာက္ခံၿပီး မိခင္ဘာသာစကားနဲ႔ လူမ်ိဳးေရးလကၡဏာမ်ားကို ထိန္းသိမ္းေစခဲ့ပါတယ္။ အျခား တစ္ဖက္မွာေတာ့ စာနယ္ဇင္းလြတ္လပ္ခြင့္ကို တင္းၾကပ္ျခင္း၊ သပိတ္ (သို႔မဟုတ္) အလုပ္သမားလႈပ္ရွားမႈမ်ားကို ဥပေဒျပ႒ာန္းၿပီး ကန္႔သတ္ခ်ဳပ္ခ်ယ္ခဲ့ပါတယ္။ ဂ်ာနယ္လစ္မ်ားနဲ႔ ထင္ရွားတဲ့ ႏိုင္ငံေရးအတိုက္အခံမ်ားအေပၚ အသေရဖ်က္မႈနဲ႔ အႀကိမ္ႀကိမ္ တရားစြဲဆိုခဲ့ပါတယ္။ ဒီအတြက္ အေနာက္ႏိုင္ငံမ်ားက လီကြမ္းယူလက္ထက္ စကၤာပူဟာ အာဏာရွင္တစ္ပိုင္းေပါင္းစပ္အစိုးရလို႔ သတ္မွတ္ခံခဲ့ရပါတယ္။ လီကြမ္းယူရဲ႕ ၀န္ႀကီးခ်ဳပ္ရာထူးကို PAP ပါတီ အေထြေထြအတြင္းေရးမႉးျဖစ္သူ ဂိုခ်ဳပ္ေတာင္က ၁၄ ႏွစ္ၾကာ ဆက္ခံခဲ့ပါတယ္။ အဲ့ဒီေနာက္ အႀကီး ဆုံးသား လီရွင္းလြန္က ၀န္ႀကီးခ်ဳပ္ျဖစ္လာတဲ့အခါ #Dynastic_Politics #မင္းဆက္ႏိုင္ငံေရး အစိုးရအျဖစ္ သမုတ္ ခံရပါတယ္။

အေမရိကန္ ဖို႔သ္ေလဗင္ဝါ့သ္စစ္တကၠသိုလ္ဆင္း စကၤာပူတပ္မေတာ္ရဲ႕အသက္အငယ္ဆုံး ဗိုလ္မႉးခ်ဳပ္ေဟာင္း တစ္ဦးျဖစ္သူ လီရွင္းလြန္မွာ ကမာၻ႔လုပ္ခလစာ အမ်ားဆုံးဝန္ႀကီးခ်ဳပ္ျဖစ္ေၾကာင္း အေနာက္ႏိုင္ငံ မီဒီယာမ်ားက ေဖာ္ျပၾကပါတယ္။ လူမႈကြန္ရက္မ်ားအေပၚ တင္းက်ပ္ျခင္း၊ အတိုက္အခံမ်ားနဲ႔ နာမည္ႀကီးဂ်ာနယ္လစ္မ်ားအေပၚ တရားစြဲရာမွာ အလြန္အေလ့အက်င့္မ်ားသူအျဖစ္ ထင္ရွားပါတယ္။ စကၤာပူနဲ႔ပတ္သက္တဲ့ အေနာက္ႏိုင္ငံတို႔ရဲ႕ ေရးသားခ်က္မ်ားကို ဆင္ဆာလုပ္ ဖုံးဖိတတ္ပါတယ္။

ညီျဖစ္သူ လီရွင္းရန္ဟာ စကၤာပူတပ္မေတာ္မွာ ရာထူး-တာ၀န္အမ်ိဳးမ်ိဳးျဖင့္ ထမ္းေဆာင္ခဲ့ဖူးၿပီး ၁၉၉၄-ခုႏွစ္ အၿငိမ္းစားကာလမတိုင္မီ ဗိုလ္မႉးခ်ဳပ္အဆင့္ရရွိခဲ့ပါတယ္။ ႏိုင္ငံေရးနဲ႔ အသက္ေမြးရန္ စိတ္ပါဝင္စားျခင္း မရွိသူ အျဖစ္ လူသိမ်ားတဲ့ လီရွင္းရန္ဟာ အစ္ကိုရင္းျဖစ္သူ လက္ရွိ၀န္ႀကီးခ်ဳပ္ လီရွင္းလြန္ရဲ႕ PAP ပါတီကို အတိုက္အခံ လုပ္ေနတဲ့ “စကၤာပူ_တိုးတက္ေရးပါတီ” PSP အဖြဲ႕၀င္ ျဖစ္ေနတဲ့အတြက္ ဖခင္ႀကီး လီကြမ္းယူရဲ႕ ေမွ်ာ္ မွန္းခ်က္ မ်ားနဲ႔ ဆန္႔က်င္သူျဖစ္ေနပါတယ္။ ဒါအျပင္ လီရွင္းရန္ဟာ “လီေခတ္ ကုန္ဆုံးၿပီ” လို႔ အာဏာရ PAP ပါတီအေပၚ ေဝဖန္သူတစ္ဦးလည္း ျဖစ္ေနပါတယ္။

“သူတို႔ (ျပည္သူ႔လႈပ္ရွားမႈပါတီ PAP) မွာ လူအေပၚ မူတည္ၿပီး ကြၽန္ေတာ္ယွဥ္ၿပိဳင္ရင္ သူတို႔ အႀကီးအက်ယ္ ဒုကၡေရာက္ ရႈံးနိမ့္ႏိုင္တယ္ဆိုတဲ့ အျမင္ရွိၾကတယ္။ လူေတြ အေတာ္မ်ားမ်ား ကြၽန္ေတာ့္ဆီ လာၾကတယ္။ သူတို႔က ကြၽန္ေတာ့္ကို တကယ္ယွဥ္ၿပိဳင္ေစခ်င္တယ္။ ဒါ ကြၽန္ေတာ္ စဥ္းစားရမယ့္ကိစၥပါ” လို႔ လီရွင့္ရန္က Bloomberg ကို ေျပာပါတယ္။

ေနာက္တစ္ႀကိမ္ သမၼတေ႐ြးေကာက္ပြဲဟာ ယခုႏွစ္မွာ က်င္းပဖို႔ ရွိေနပါတယ္။ စကၤာပူႏိုင္ငံရဲ႕ ဖြဲ႕စည္းပုံဥပေဒအရ အစိုးရအဖြဲ႕ အခမ္းအနားဥေသွ်ာင္ျဖစ္တဲ့ သမၼတဟာ အုပ္ခ်ဳပ္စီမံခန္႔ခြဲေရး အခြင့္အာဏာမွာ အကန္႔အသတ္ရွိေပမဲ့ အာဏာရ PAP ပါတီအတြက္ ႏိုင္ငံေတာ္သမၼတဟာ ဘယ္သူဘယ္ဝါျဖစ္တယ္ဆိုတာ သမိုင္းေၾကာင္းအရ အလြန္ အေရးႀကီးပါတယ္။

ယခင္သမၼတေဟာင္း PAP ပါတီမွ အြန္တန္ေခ်ာင္ဟာ ျပည္သူ႔ဆႏၵမဲနဲ႔ ပထမဆုံး တိုက္႐ိုက္ေ႐ြးခ်ယ္ခံရသူ ျဖစ္ပါတယ္။ သမၼတရဲ႕ အခြင့္အာဏာအရ ႏိုင္ငံေတာ္ အရန္ဘ႑ာေငြမ်ားအေၾကာင္းအခ်က္အလက္ရယူရန္ ႀကိဳးစားစဥ္ ကဖ်က္ယဖ်က္လုပ္ခံရတယ္လို႔ ၂၀၂၀-ျပည့္ႏွစ္တုန္းက ေအးရွားဝိခ္သတင္းစာနဲ႔ ေတြ႕ဆုံစဥ္ စြပ္စြဲ ေျဖဆိုဖူးပါတယ္။

လီရွင္းရန္ရဲ႕ ခပ္တန္းတန္းျဖစ္ေနတဲ့ အစ္ကိုႀကီးျဖစ္သူ စကၤာပူဝန္ႀကီးခ်ဳပ္ လီရွင္းလြန္ဟာ အရန္ဘ႑ာေငြမ်ား အေၾကာင္း အြန္တန္ေခ်ာင္က ေမးခြန္းထုတ္ခံရတဲ့အတြက္ အေတာ္ႀကီး စိတ္ကသိကေအာက္ ျဖစ္သြားရေၾကာင္း၊ အဲဒီလို ေမးခြန္းထုတ္ႏိုင္သူဟာ လီရွင္းရန္သာျဖစ္ေနခဲ့ရင္ ဝန္ႀကီးခ်ဳပ္အတြက္ အိပ္မက္ဆိုးမ်ား ျဖစ္လာႏိုင္ ေၾကာင္း၊ ေနာက္ခံသမိုင္းနဲ႔ လြတ္လပ္တဲ့ စိတ္ေနစိတ္ထားရွိသူ လီရွင္းရန္ဟာ PAP ပါတီအေပၚ အျပန္အလွန္ ထိန္းေက်ာင္းမႈ ရွိေစခ်င္တဲ့ မဲဆႏၵရွင္မ်ားအတြက္ အလြန္ဆြဲေဆာင္မႈေကာင္းတဲ့ ကိုယ္စားလွယ္ေလာင္းတစ္ဦး ျဖစ္ေနတယ္လို႔ သတင္းရင္းျမစ္တစ္ခုက Asia Sentinel ကို ေျပာျပပါတယ္။

ညီအငယ္ ရွင္းရန္ဟာ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလတုန္းက သမၼတေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္မည္လားဆိုတဲ့ ေမးခြန္းကို အဲ့ဒီအခ်ိန္ မွတ္ခ်က္ေပးရန္ ျငင္းဆိုခဲ့ပါတယ္။ Bloomberg နဲ႔ အင္တာဗ်ဴးစဥ္ သမၼတေနရာကို စိတ္ပါ၀င္စားေၾကာင္း ထုတ္ေဖာ္ေျပာဆိုတဲ့ ပထမဆုံး အႀကိမ္ျဖစ္ပါတယ္။

အဲဒီလိုေျပာင္းလဲလာရျခင္းဟာ သူနဲ႔ သူ႔မိသားစုအေပၚ စင္ကာပူအာဏာပိုင္မ်ားရဲ႕မၾကာေသးမီက လုပ္ေဆာင္ ခ်က္ေၾကာင့္ ဖြင့္ဟဖို႔ ဆုံးျဖတ္ခဲ့ျခင္း ျဖစ္ဖြယ္ရွိပါတယ္။ ဖခင္ျဖစ္သူရဲ႕ေနာက္ဆုံးဆႏၵကို တရားစီရင္ေရးမွာ အလြဲသုံးစားတယ္လို႔ စြပ္စြဲခံထားရသူ လီရွင္းရန္နဲ႔ သူ႔ရဲ႕ဇနီး လီဆြတ္ဖန္တို႔ကို ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးေန ေၾကာင္း စကၤာပူအႀကီးတန္းဝန္ႀကီးတစ္ဦးက ယခုသီတင္းပတ္မွာ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

PAP ပါတီဝင္ ႏိုင္ငံေရးသမားဝန္ႀကီးရဲ႕ ထုတ္ေဖာ္ေျပာဆိုမႈေတြဟာ စကၤာပူအာဏာပိုင္မ်ားရဲ႕ သူ႔မိသားစုအေပၚ ဆက္လက္ လိုက္လံေႏွာက္ယွက္ေနမႈကို ကန႔္ကြက္ဖို႔အတြက္ လီရွန္ယန္းကို လႈံ႕ေဆာ္ေပးခဲ့ပါတယ္။ အစ္ကို ျဖစ္သူနဲ႔ လီရွင္းရန္တို႔အၾကား အျငင္းပြားမႈဟာ ၂ဝ၁၇ ခုႏွစ္မွာ လူသိရွင္ၾကားျဖစ္လာပါတယ္။ ဇနီးနဲ႔သားျဖစ္သူ အေပၚ အာဏာပိုင္မ်ားရဲ႕ အေရးယူေဆာင္႐ြက္မႈမ်ားေနာက္ကြယ္ ပစ္မွတ္အစစ္အမွန္ဟာ သူ႔ကို ရည္႐ြယ္ျခင္းျဖစ္ ေၾကာင္း လ္ီရွင္းရန္က ေျပာလာပါတယ္။

လီကြမ္းယူရဲ႕အႏၲိမဆႏၵကို အလြဲသုံးစားေၾကာင္း ရဲတပ္ဖြဲ႕ရဲ႕ စုံစမ္းစစ္ေဆးမႈေတြဆိုတာ သူနဲ႔ သူ႔မိသားအေပၚ အၿမဲလိုက္လံေႏွာက္ယွက္ဖို႔ျဖစ္ေၾကာင္း လီရွင္းရန္က ကန္႔ကြက္ပါတယ္။ လာမယ့္ေ႐ြးေကာက္ပြဲမွာ သမၼတ ရာထူး အတြက္ လီရွင္းရန္အေနနဲ႔ အဓိက ရင္ဆိုင္ယွဥ္ၿပိဳင္ရမည့္သူကေတာ့ လက္ရွိ၀န္ႀကီးခ်ဳပ္ရဲ႕ ဇနီး၊ သူ႔ရဲ႕ မရီးအရင္း ျဖစ္သူ ဟိုခ်င္းျဖစ္ပါတယ္။ စီးပြားေရးလုပ္ငန္းႀကီးရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္သူ တ႐ုတ္ႏြယ္ဖြား ဟိုခ်င္းဟာ ၂ဝ၂ဝ ျပည့္ႏွစ္ အေယာက္ ၃ဝ ေျမာက္ ကမာၻ႔ၾသဇာအႀကီးဆုံး အမ်ိဳးသမီးျဖစ္ေၾကာင္း ဖီးဘီးမဂၢဇင္းက ေဖာ္ျပခဲ့ဖူး ပါတယ္။

#စကၤာပူမင္းဆက္ႏိုင္ငံေရး #လီကြမ္းယူ #လီရွင္းလြန္ #လီရွင္းရန္ #ဟိုခ်င္း #စကၤာပူ၀န္ႀကီးခ်ဳပ္ႏွင့္သမၼတ

(The Indepandent., 04 March 2023,” Lee Hsien Yang confirms that he will consider running for President” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.